• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အစ္စရေးဝန်ကြီးဌာနများနှင့် လက်နက်လုပ်ငန်း မြန်မာစစ်ကောင်စီကို စစ်ပစ္စည်းများ ရောင်းချနေ

by ဧရာဝတီ
12 June 2023
in သတင်း
A A
၂၀၁၉ ခုနှစ်အတွင်း ကျင်းပခဲ့သည့် အစ္စရေးလက်နက်ပြပွဲတပွဲတွင် မြန်မာစစ်ဗိုလ်ချုပ်တဦးကို တွေ့ရစဉ်/Haaretz

၂၀၁၉ ခုနှစ်အတွင်း ကျင်းပခဲ့သည့် အစ္စရေးလက်နက်ပြပွဲတပွဲတွင် မြန်မာစစ်ဗိုလ်ချုပ်တဦးကို တွေ့ရစဉ်/Haaretz

9.1k
VIEWS
Share on FacebookShare on Twitter

အစ္စရေး လက်နက်ထုတ်လုပ်ရေးလုပ်ငန်း CAA Industries ၊ ကာကွယ်ရေးနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနများက မြန်မာစစ်တပ်၏ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို အားပေးကူညီနေသည်ဆိုသည့် စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးပေးရန် လူ့အခွင့်အရေးရှေ့နေတဦး ဦးဆောင်သည့်အဖွဲ့တခုက အစ္စရေး ရှေ့နေချုပ်ကို တိုက်တွန်းလိုက်သည်။

အစ္စရေးနိုင်ငံသား ၆၀ ကျော်ကိုယ်စား အီတေးမက်က ဇွန်လ ၆ ရက်နေ့တွင် အထက်ပါအတိုင်းတောင်းဆိုပြီး CAA က ၂၀၁၉ ခုနှစ်တွင် မြန်မာစစ်တပ်၏ လက်နက်ငယ်များကို အဆင့်မြှင့်တင်ရန် ပုံသွင်းမိုလ် ကိရိယာများ တင်ပို့ခြင်း အတွက် ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုသည်။

စစ်ကောင်စီ၏ တရားမဝင် စီးပွားရေးများနှင့် အခြားလုပ်ဆောင်မှုများကို စောင့်ကြည့်နေသည့် Justice for Myanmar (JFM) ၏ အစီရင်ခံစာတစောင်အရ ထိုလှုပ်ရှားမှုပေါ်ပေါက်လာသည်။

JFM သည် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ ရက်စွဲပါ သင်္ဘောတင်ပို့မှု မှတ်တမ်းကို ဖေါ်ထုတ်ပြီး ထိုမှတ်တမ်းက CAA သည် လက်နက်ငယ်များကို အဆင့်မြှင့်တင်ရန် ပုံသွင်းမိုလ်နှင့် ကိရိယာများ အမေရိကန် ဒေါ်လာ ၅ သန်းဖိုး တင်ပို့ခဲ့ကြောင်း ပြသနေသည်။

CAA သည် ထိုပစ္စည်းများကို ထိုင်းတွင် ငွေကြေးခဝါချမှု၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုနှင့် မူးယစ်မှောင်ခိုမှုများဖြင့် ဖမ်းဆီးတရားစွဲဆိုခံနေရသည့် မြန်မာလက်နက်ပွဲစား ထွန်းမင်းလတ်ပိုင် Star Sapphire Trading ကုမ္ပဏီသို့ ပေးပို့ခြင်းဖြစ်သည်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
416
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
149
တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
63

Star Sapphire Trading သည် အစ္စရေးမှ လက်နက်ထုတ်လုပ်သော လုပ်ငန်းကြီးများဖြစ်သည့် Israel Aerospace Industries၊ Elbit Systems နှင့် Israel Shipyards တို့၏ မြန်မာဆိုင်ရာ တဦးတည်း ကိုယ်စားလှယ်ဖြစ်ပြီး ထိုလုပ်ငန်း ၃ ခုနှင့် အစ္စရေး ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနအရာရှိများ ပါဝင်သော အဂတိလိုက်စားမှုနှင့် လာဘ်ပေးလာဘ်ယူမှုများကို ရာဇဝတ်ကြောင်းအရ စုံစမ်းပေးရန် ၂၀၂၂ ခုနှစ်တွင် လျှောက်ထားခံရသည်။

လွန်ခဲ့သောနှစ်တွင် Star Sapphire Trading သည် မြန်မာစစ်တပ်၏ စစ်လက်နက်ပစ္စည်း ဝယ်ယူရေး ညွှန်ကြားရေးမှူးရုံးကို လေယာဉ်၊ ရေကြောင်းနှင့် အခြားစစ်လက်နက်ပစ္စည်းပေးသွင်းရန် မှတ်ပုံတင်ခဲ့ကြောင်း ပေါက်ကြားလာသည့် စာရွက်စာတမ်းများကို ကိုးကားပြီး JFM က ဖေါ်ပြသည်။

Star Sapphire Trading နှင့် ထွန်းမင်းလတ်ကို အမေရိကန် ပြည်ထောင်စုနှင့် ဗြိတိန်တို့က အရေးယူပိတ်ဆို့ထားပြီး ဖြစ်သည်။ အမေရိကန် ပြည်ထောင်စုသည် Star Sapphire Trading ၏ လုပ်ငန်းခွဲဖြစ်သော စင်္ကာပူမှ Star Sapphire Group Pte Ltd နှင့် ထွန်းမင်းလတ်၏ ဇနီး ဝင်းမင်းစိုးကိုလည်း ပိတ်ဆို့အရေးယူထားသည်။

မြန်မာစစ်တပ်က ရိုဟင်ဂျာများကို ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်အပြီး အစ္စရေး တရားရုံးချုပ်က မြန်မာသို့ လက်နက် ရောင်းချမှု ပိတ်ပင်သည့် လျှို့ဝှက်အမိန့်ကို ၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် ထုတ်ပြန်သည်။

NASDAQ စာရင်းဝင် အစ္စရေး စပိုင်ဆော့ဖ်ဝဲလ်လုပ်ငန်း Cognyte Software Ltd နှင့် ကာကွယ်ရေးနှင့် နိုင်ငံခြားရေးအရာရှိများသည် မြန်မာစစ်တပ်က လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများကို ကူညီခဲ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် စုံစမ်းစစ်ဆေးပေးရန် အစ္စရေးရှေ့နေချုပ်ထံ ယခုနှစ် ဇန်နဝါရီလကလည်း တောင်းဆိုကြသည်။

လူထုအုံကြွမှုကို နှိမ်နင်းရန် လက်နက်များ ထုတ်လုပ်ရေး မြန်မာစစ်တပ်ကို ကူညီသည့် ပစ္စည်းများ တင်ပို့ရန် အစ္စရေး စစ်လက်နက် ကုမ္ပဏီများကို ခွင့်ပြုသည့် လိုင်စင်ထုတ်ပေးခြင်းအတွက် အစ္စရေးအစိုးရကို ရှုတ်ချကြောင်း အီတေးမက်က ယခုတောင်းဆိုသည့် စာတွင် ဖေါ်ပြထားသည်။

“ထို့ကြောင့် CAA နှင့် ထိုအရှုပ်တော်ပုံတွင် ပါဝင်သည့် အစ္စရေး အရာရှိများကို ရာဇဝတ်ကြောင်း စုံစမ်းစစ်ဆေးရန် တောင်းဆိုသည့်အပြင် CAA ကို ချထားပေးသည့် လိုင်စင်ကိုလည်း ရုတ်သိမ်းရန် မိမိတို့တောင်းဆိုသည်” ဟု အထက်ပါ ရှေ့နေက ဖေါ်ပြသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ By Hein Htoo Zan ၏ Israeli Ministries, Arms Firm Accused of Supplying Myanmar Junta War Machine ကို ဘာသာပြန်သည်။)

You may also like these stories:

တရုတ်နယ်စပ်က ရိုင်ဖယ်များနှင့် အားမာန်ပြည့်လာသည့် တပ်ဖွဲ့သစ်များ

ဒုံးကျည်နှင့်ဒရုန်း ရရှိရေး စစ်ကောင်စီက အီရန်ဘက် ခြေဦးလှည့်နေ

စစ်ပွဲ အလှည့်အပြောင်းဖြစ်လာစေရေး PDF များ လက်နက်များ ရရှိလာနေ

မြန်မာနှင့်နှိုင်းလျှင် အင်ဒိုနီးရှားစစ်တပ်အတွက် ဂုဏ်ယူကြောင်း ကာကွယ်ရေးဝန်ကြီး ပြော

တော်လှန်ရေး အင်အားစုကို နှိမ်နင်းရန် စစ်ကောင်စီ တပ်မလုံလောက်

Your Thoughts …
Tags: CAA IndustriesStar Sapphireစစ်ပစ္စည်းများ ရောင်းချထွန်းမင်းလတ်မြန်မာစစ်ကောင်စီအစ္စရေး ရှေ့နေချုပ်အစ္စရေး လက်နက်လုပ်ငန်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

လက်နက်ပွဲစား ထွန်းမင်းလတ် ပြန်လွတ်

လက်နက်ပွဲစား ထွန်းမင်းလတ် ပြန်လွတ်

by ဧရာဝတီ
30 January 2024
6.1k

ထိုင်းနိုင်ငံတွင် မူးယစ်ဆေးဝါးမှု၊ ငွေကြေးခဝါချမှု၊ နယ်စပ်ဖြတ်ကျော် ပြစ်မှုများဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသူ လက်နက်ပွဲစား ခရိုနီ ဒေါက်တာ ထွန်းမင်းလတ်အား ထိုင်းတရားရုံးက တရားသေလွှတ်ပေးလိုက်ကြောင်း The Nation သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

အီရန်က မြန်မာစစ်ကောင်စီကို လက်နက် ထပ်ရောင်းမှာ စိုးရိမ်ရ

အီရန်က မြန်မာစစ်ကောင်စီကို လက်နက် ထပ်ရောင်းမှာ စိုးရိမ်ရ

by ဧရာဝတီ
27 June 2024
2.8k

အီရန်သည် ဆီးရီးယားနှင့် ယီမင်မှ ပြည်တွင်းစစ်များတွင် ပါဝင်သည့် အုပ်စုများနှင့် ယူကရိန်းကျူးကျော်မှုနောက်ပိုင်း ရုရှားသို့ လက်နက်များရောင်းချသည်ဟု စွပ်စွဲခံရသည်။

ထိုင်းအထက်လွှတ်တော်အမတ်ကို မူးယစ်မှောင်ခိုမှုနှင့် ငွေကြေးခဝါချမှုဖြင့် တရားစွဲဆို

ထိုင်းအထက်လွှတ်တော်အမတ်ကို မူးယစ်မှောင်ခိုမှုနှင့် ငွေကြေးခဝါချမှုဖြင့် တရားစွဲဆို

by ဧရာဝတီ
17 December 2023
1.5k

၎င်းတို့အားလုံးနှင့် ပတ်သက်သောအမှုများတွင် မူးယစ်ဆေးမှောင်ခိုလုပ်ငန်းမှ ငွေများကို ထွန်းမင်းလတ်နှင့် ဥပကစ်တို့ ထိန်းချုပ်ထားသည့် လျှပ်စစ်ဓာတ်အားကုမ္ပဏီမှတဆင့် ငွေကြေးခဝါချသည် ဆိုသည့် စွပ်စွဲချက် ပါဝင်သည်။

မြန်မာအရေးနှင့် ထိုင်းဝန်ကြီးချုပ်သစ် အဆက်ပြတ်နေသည်

မြန်မာအရေးနှင့် ထိုင်းဝန်ကြီးချုပ်သစ် အဆက်ပြတ်နေသည်

by Jitsiree Thongnoi
3 October 2023
1.5k

ထိုင်းအစိုးရသစ်၏ ဦးစားပေးသည် စီးပွားရေးဖြစ်သော်လည်း မြန်မာအပါအဝင် နိုင်ငံခြားရေးမူဝါဒ ပြဿနာ အများအပြားအပေါ် ရပ်တည်ချက် ဖော်ပြရန်လည်း မလွှဲမရှောင်သာ လိုအပ်လာသည်။

ဒေသတွင်း တည်ငြိမ်မှုကို ရွှေကုက္ကို ခြိမ်းခြောက်လာနေ

ဒေသတွင်း တည်ငြိမ်မှုကို ရွှေကုက္ကို ခြိမ်းခြောက်လာနေ

by အောင်ဇော်
28 February 2023
19.5k

ဘန်ကောက်ရှိ သံရုံးများသည် ရွှေကုက္ကိုမှ ၎င်းတို့နိုင်ငံသားများကို ကယ်တင်ရန် အလုပ်ရှုပ်နေကြသည်။

၂၀၁၉ ဘန်ကောက်လက်နက်ပြပွဲသို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တက်ရောက်ရာ ထွန်းမင်းလတ် (လည်စီးအဝါ ဝတ်ဆင်ထားသူ) လိုက်ပါလာခဲ့သည်

ထွန်းမင်းလတ်နဲ့ မင်းအောင်လှိုင်မိသားစု ဘယ်လိုရင်းနှီးသလဲ

by ဧရာဝတီ
16 January 2023
13.9k

ထွန်းမင်းလတ်သည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်မိသားစု၏ အစောဆုံး စီးပွားဖက်တဦးဖြစ်ခဲ့ကြောင်း ဧရာဝတီ၏ သတင်းရင်းမြစ်များက ဆိုကြသည်။

Next Post
ဇွန် ၆ရက်က ဖွဲ့စည်းသည့် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ / IEC

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်း

စစ်ကောင်စီသည် ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှု အပါအဝင် ဒါဇင်နှင့်ချီသည့် အမှုများဖြင့် တရားစွဲထားပြီး လတ်တလောတွင် ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံထားရသည်

စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သွားတွေ့

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved