• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ထိုင်းအထက်လွှတ်တော်အမတ်ကို မူးယစ်မှောင်ခိုမှုနှင့် ငွေကြေးခဝါချမှုဖြင့် တရားစွဲဆို

by ဧရာဝတီ
17 December 2023
in သတင်း
A A
ထိုင်းအထက်လွှတ်တော်အမတ်ကို မူးယစ်မှောင်ခိုမှုနှင့် ငွေကြေးခဝါချမှုဖြင့် တရားစွဲဆို

ဥပကစ် ပချာရီယန်ကွန်နှင့် ထွန်းမင်းလတ်

1.5k
VIEWS
Share on FacebookShare on Twitter

ထိုင်းအစိုးရရှေ့နေများသည် အထက်လွှတ်တော်အမတ်တဦးကို မူးယစ်မှောင်ခိုမှု၊ ငွေကြေးခဝါချမှုနှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်ဂိုဏ်းနှင့် ပတ်သက်မှု အပါအဝင် စွဲချက် ခြောက်ခုဖြင့် တရားစွဲဆိုလိုက်ကြောင်း ရှေ့နေချုပ်ရုံးမှ ဒီဇင်ဘာလ ၁၅ ရက်နေ့က ထုတ်ပြန်ချက်အရ သိရသည်။

အထက်လွှတ်တော်အမတ် ဥပကစ် ပါချာရီယန်ကွန်သည် ဘန်ကောက်မှ ရာဇဝတ်တရားရုံးသို့ ရောက်သောအခါ စွဲချက်များအားလုံးကို ငြင်းဆိုပြီး ဘတ်ငွေ ၁၀ သန်း (ဒေါ်လာ ၂၈၆,၀၀၀) အာမခံဖြင့် လွှတ်ထားပေးခံရသည်။

ဥပကစ်၏အမှုသည် မြန်မာစစ်ကောင်စီနှင့်၊ အထူးသဖြင့် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် ရင်းနှီးသည်ဟု ကျော်ကြားသူ ထွန်းမင်းလတ်အမှုနှင့် ပတ်သက်နေသည်။ ထိုစစ်ခေါင်းဆောင်သည် ရွေးကောက်ခံ ဒေါ်အောင်ဆန်းစုကြည်အစိုးရကို ၂၀၂၁ ခုနှစ်တွင်အာဏာသိမ်းသည့် ခေါင်းဆောင်ဖြစ်သည်။

၎င်းတို့အားလုံးနှင့် ပတ်သက်သောအမှုများတွင် မူးယစ်ဆေးမှောင်ခိုလုပ်ငန်းမှ ငွေများကို ထွန်းမင်းလတ်နှင့် ဥပကစ်တို့ ထိန်းချုပ်ထားသည့် လျှပ်စစ်ဓာတ်အားကုမ္ပဏီမှတဆင့် ငွေကြေးခဝါချသည် ဆိုသည့် စွပ်စွဲချက် ပါဝင်သည်။ သို့သော် ဥပကစ်က ထိုလုပ်ငန်းမှ ၎င်း၏ ရှယ်ယာများကို သူ ၂၀၁၉ ခုနှစ်တွင် အထက်လွှတ်တော်အမတ် ဖြစ်သောအခါ ရောင်းချပြီးဖြစ်ကြောင်း ပြောသည်။

မြန်မာသည် မက်သာဖက်တမင်းကဲ့သို့သော မူးယစ်ဆေးများကို အဓိက ထုတ်လုပ်တင်ပို့သည့် နိုင်ငံဖြစ်ပြီး ထိုမူးယစ်ဆေးအများစုသည် ထိုင်းနိုင်ငံတွင်း သုံစွဲမှုနှင့် တဆင့်တင်ပို့ရန်အတွက် ဖြစ်သည်။

ဥပကစ်နှင့် ထွန်းမင်းလတ်တို့သည် မြန်မာတွင် ကာစီနိုလုပ်ငန်းတခုနှင့် ထိုင်း ဓာတ်အားပေးကုမ္ပဏီတခု အပါအဝင် ကုမ္ပဏီအများအပြားတွင် ရှယ်ယာများပိုင်ဆိုင်သည်ဟု ထိုင်းနှင့် မြန်မာ မီဒီယာများက ဖော်ပြသည်။

ထွန်းမင်းလတ်သည် မြန်မာစစ်ကောင်စီအတွက် လက်နက်ပွဲစားဖြစ်သည်ဟု မြန်မာမှ လွတ်လပ်သော မီဒီယာများနှင့် တက်ကြွလှုပ်ရှားသူအဖွဲ့များက ပြောသည်။ အမေရိကန် ပြည်ထောင်စုသည် ထွန်းမင်းလတ်၊ သူ၏ဇနီးနှင့် သူ၏ကုမ္ပဏီအများအပြားအား စစ်ကောင်စီကို ထောက်ခံမှုဖြင့် အရေးယူပိတ်ဆို့ထားသည်။ အာဏာသိမ်းခြင်းနှင့် နောက်ဆက်တွဲ အကြမ်းဖက်ဖိနှိပ်မှုများကြောင့် စစ်ကောင်စီကို အမေရိကန်ပြည်ထောင်စုက မဆက်ဆံပေ။

ထွန်းမင်းလတ်ကို မူးယစ်ဆေးမှောင်ခိုမှုနှင့် ငွေကြေးခဝါချမှုဖြင့် လွန်ခဲ့သောနှစ် စက်တင်ဘာလက ထိုင်းတွင် ဖမ်းဆီးထားသည်။ သူနှင့်အတူ အဖမ်းခံရသူများတွင် ဥပကစ်၏ သားမက် ထိုင်း-အမေရိကန် ဒီးန် ဂူတူလာ အပါအဝင် ထိုင်းနိုင်ငံသား သုံးဦး ပါဝင်သည်။ ၎င်းတို့က အပြစ်မရှိကြောင်း ယခုနှစ် ဇန်နဝါရီလတွင် ပြောသော်လည်း တရားရင်ဆိုင်ရန် ဆက်လက် ဖမ်းဆီးခံထားရသည်။

လွန်ခဲ့သောလများအတွင် ဥပကစ်၏ အိမ်အများအပြားကို ရှာဖွေစစ်ဆေးပြီး တရားမဝင် ရရှိထားသည်ဟု သံသယရှိသည့် ဘတ် သန်း ၄၀၀ (ဒေါ်လာ ၁၁ ဒသမ ၅သန်း) တန် ပိုင်ဆိုင်မှုများကို သိမ်းဆည်းထားကြောင်း ထိုင်းနိုင်ငံ မူးယစ်ဆေးထိန်းချုပ်ရေးအဖွဲ့က ကြေညာသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
2k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
69
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
52

ဥပကစ်အမှုအတွက် အထောက်အထားများကို သုံးရန် တရားရုံးက မေလ ၁၃ ရက်နေ့တွင် ချိန်းဆိုထားသည်။

ကိုးကား ။ ။ AP သတင်း Thai senator indicted on narcotics trafficking, money laundering charges

You may also like these stories:

မြန်မာအရေးနှင့် ထိုင်းဝန်ကြီးချုပ်သစ် အဆက်ပြတ်နေသည်

ထိုင်းအတိုက်အခံအမတ်ကို ဥပကစ် တရားစွဲ

ထွန်းမင်းလတ်နှင့် လုပ်ဖော်ကိုင်ဘက် ထိုင်းအထက်လွှတ်တော်အမတ်ကို စွဲချက်ပြန်တင်

သမီးအမည် မူးယစ်ဆေးမှုနှင့် ငွေကြေးခဝါချမှုမှ ပယ်ဖျက်ပေးရန် စစ်ခေါင်းဆောင်က ထိုင်းကိုတောင်းဆို

ခရိုနီ ထွန်းမင်းလတ်နှင့် ပတ်သက်မှုမရှိဟု ထိုင်းလွှတ်တော်အမတ် ငြင်းဆို

Your Thoughts …
Tags: ငွေကြေးခဝါချမှုစစ်ကောင်စီထိုင်းထွန်းမင်းလတ်နိုင်ငံဖြတ်ကျော်ရာဇဝတ်ဂိုဏ်းမူးယစ်ဆေးဝါးလက်နက်ပွဲစားအရေးယူပိတ်ဆို့မှုဥပကစ် ပါချာရီယန်ကွန်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
စစ်ကောင်စီ သန်းခေါင်စာရင်းကို ကူညီမည်ဆိုသည်မှာ သတင်းမှားဟု ကုလသမဂ္ဂ ပြော

စစ်ကောင်စီ သန်းခေါင်စာရင်းကို ကူညီမည်ဆိုသည်မှာ သတင်းမှားဟု ကုလသမဂ္ဂ ပြော

ဖမ်းမိသည့် လေယာဉ်မှူး စကားက သေဆုံးရသူများ၏ မိသားစုများ ဒေါသကို ဆွ

ဖမ်းမိသည့် လေယာဉ်မှူး စကားက သေဆုံးရသူများ၏ မိသားစုများ ဒေါသကို ဆွ

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.9k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved