• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ထိုင်းအတိုက်အခံအမတ်ကို ဥပကစ် တရားစွဲ

by ဧရာဝတီ
22 February 2023
in သတင်း
A A
ထိုင်းအတိုက်အခံပါတီ Move Forward Party မှ ပါလီမန် ကိုယ်စားလှယ်ကို ရန်ဆီမန် ရုမ်း

ထိုင်းအတိုက်အခံပါတီ Move Forward Party မှ ပါလီမန် ကိုယ်စားလှယ်ကို ရန်ဆီမန် ရုမ်း

10k
VIEWS
Share on FacebookShare on Twitter

လွန်ခဲ့သောအပတ်က ထိုင်းပါလီမန်အတွင်း ဆွေးနွေးမှုအပြီး အတိုက်အခံပါတီ Move Forward Party မှ ပါလီမန် ကိုယ်စားလှယ် ရန်ဆီမန်ရုမ်းကို အထက်လွှတ်တော်အမတ် ဥပကစ် ပါချာရီယန်ကွန်းက ဘတ် သန်း ၁၀၀ တန် အသရေဖျက်မှုဖြင့် တရားစွဲဆိုလိုက်သည်။ တချိန်တည်းတွင် ရန်ဆီမန်က ဥပကစ်သည် ပိုင်ဆိုင်မှုများကို ကြေညာစဉ်က လိမ်လည်ခဲ့ကြောင်း တနင်္လာနေ့တွင် ထပ်မံ စွပ်စွဲခဲ့သည်။

တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်မှုအပေါ် ကိုင်တွယ်ရန် ပျက်ကွက်ခဲ့သည်အား အစိုးရကို မေးခွန်းထုတ်သည့် ဆွေးနွေးမှုအတွင်း ရန်ဆီမန်က ထိုင်းအက္ခရာ အော ဖြင့် စ စာလုံးပေါင်းသည့် အထက်လွှတ်တော်အမတ် ဥပကစ်သည် ငွေကြေးခဝါချမှုနှင့် ပတ်သက်ခြင်း ရှိ မရှိလည်း မေးခွန်းထုတ်သည်။

RelatedPosts

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

21 May 2025
104
တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

21 May 2025
946
တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

21 May 2025
22

ထိုဆွေးနွေးမှုပြီးဆုံးသောအခါ ရန်ဆီမန်ကို ဘတ် သန်း ၁၀၀ လျှော်ကြေးရလိုသည့် အသရေဖျက်မှုဖြင့် တရားစွဲဆိုစေရန် ဥပကစ်က သူ၏ ရှေ့နေကို ညွှန်ကြားလိုက်သည်။

သို့သော် အတိုက်အခံ အောက်လွှတ်တော်ကိုယ်စားလှယ် ရန်ဆီမန်က တွန့်ဆုတ်သွားခြင်းမရှိဘဲ သတင်းစာရှင်းလင်းပွဲကျင်းပကာ ဥပကစ်သည် အထက်လွှတ်တော်ကိုယ်စားလှယ် ရာထူးရယူသည့်အခါ ပိုင်ဆိုင်မှုများကို လိမ်လည်ကြေညာခဲ့ဖွယ်ရှိကြောင်း ပြောကြားလိုက်သည်။

ဥပကစ်သည် အမေရိကန် ဒေါ်လာ ၈.၁၅ သန်း (ဘတ် ၂၈၀.၁ သန်း) တန်သည့် ဟိုတယ်လုပ်ငန်းကို သူပြောသည့်အတိုင်း လွှဲပြောင်းရောင်းချခဲ့ခြင်း မရှိကြောင်း ရန်ဆီမန်ပြောသည်။ ထို့ကြောင့် ဥပကစ်၏ ဘဏ်စာရင်းမှ ဒေါ်လာ ၈.၁၅ သန်း၏ ရင်းမြစ်ကို မေးခွန်းထုတ်စရာဖြစ်လာသည်။

ထိုင်းအထက်လွှတ်တော်အမတ် ဥပကစ် နှင့် ထွန်းမင်းလတ်

ပါလီမန် ဆွေးနွေးမှုအတွင်း ရန်ဆီမန်က ထိုဟိုတယ်ရောင်းချမှုသည် အထက်လွှတ်တော်ကိုယ်စားလှယ်များကို တားမြစ်ထားသည်အား ဖောက်ဖျက်ကျူးလွန်ပြီး ဖုံးကွယ်ခြင်း ဖြစ်ပါက အမျိုးသား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်ကြားမည်ဖြစ်ကြောင်းနှင့် ထိုမြေကို “အော” ပိုင်ဆိုင်နိုင်ကြောင်း ပြောသည်။

အဆက်အသွယ်ကောင်းသော မြန်မာနိုင်ငံသား ထွန်းမင်းလတ်အား မူးယစ်မှောင်ခိုမှုနှင့် ငွေကြေးခဝါချမှုဖြင့် ဖမ်းဆီးသူ တာဝန်ခံ စုံစမ်းစစ်ဆေးသူများကို မည်သည့်အတွက် အပြောင်းအရွှေ့လုပ်သနည်း ဟုလည်း ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာထံမှ ရှင်းလင်းချက်ကိုလည်း တောင်းခံသည်။

ထွန်းမင်းလတ်ကို ထိုင်းနိုင်ငံသား ၃ ဦးနှင့်အတူ လွန်ခဲ့သော စက်တင်ဘာလက ဖမ်းဆီးခဲ့သည်။ ဥပကစ်က မြန်မာလုပ်ငန်းရှင် ထွန်းမင်းလတ် အဖမ်းခံရပြီးနောက် ထွန်းမင်းလတ်နှင့် သူ့အကြား နီးကပ်သောဆက်ဆံရေး မရှိကြောင်း ငြင်းဆန်သည်။

ညီညွတ်သောထိုင်းနိုင်ငံ (UTN) ပါတီဝင် ဝန်ကြီးချုပ်ရုံးဝန်ကြီး သန်နာခွန် ဝန်ဘွန်းကောင်ချနာက ပါတီနှင့် ပါတီဝင်ဖြစ်သော ဗိုလ်ချုပ်ကြီး ပရာယွတ်သည် မည်သည့် မသမာသည့် စီးပွားရေးလုပ်ငန်းနှင့်မျှ မပတ်သက်ကြောင်း တနင်္လာနေ့တွင်ပြောသည်။ ပါတီအနေဖြင့် ပါလီမန်ဆွေးနွေးမှုသည် အာဏာကို အပြန်အလှန် ထိန်းကြောင်းကြီးကြပ်သည့် စနစ်၏ အစိတ်အပိုင်းဖြစ်သောကြောင့် တရားစွဲလိုခြင်း မရှိကြောင်း ပြောသည်။ သို့သော် ပါတီသည် အခြေအမြစ်မရှိသော စွပ်စွဲချက်များကို သည်းခံမည် မဟုတ်ကြောင်း သူပြောသည်။

တချိန်တည်းတွင် ဥပကစ်က သူသည် တရားမဝင်လုပ်ငန်းများတွင် ပတ်သက်ခဲ့သည်ဟု သွယ်ဝိုက် စွပ်စွဲသောကြောင့်ဟုဆိုကာ Inside Thailand ရုပ်သံသတင်းအစီအစဉ် တင်ဆက်သူများဖြစ်သော ဒါနိုင် အကီမာဟာဆာဝပ် နှင့် အမော်ရက် မဟစ်သီရွတ် တို့ကို ဘတ်သန်း ၅၀ လျှော်ကြေးတောင်းသည့် အသရေဖျက်မှုဖြင့် အမှုဖွင့်ရန် သူ၏ရှေ့နေကို ညွှန်ကြားခဲ့သည်။

ဥပကစ်က သူ၏သိက္ခာကို ကာကွယ်ရန် အမှု ၃ ခုစွဲထားပြီးဖြစ်ကြောင်း သူ၏ရှေ့နေ ရောင်ဆက် ဆပ်ဆန်းဆရီက ပြောသည်။ အခြားအမှုတခုမှာ ရာဇဝတ်မှု သားကောင်းများ ကူညီရေး ကလပ် Crime Victims Assistance Club ဥက္ကဋ္ဌ အက်ချာရီယာ ရောင်ဂရက်တန်နာပေါင် ကို စွဲဆိုသည့် အမှုဖြစ်သည်။

ကိုးကား။ ။ Bangkok Post သတင်း MP casts doubts over Upakit’s assets

You may also like these stories:

ထိုင်းအထက်လွှတ်တော်အမတ်နှင့် မြန်မာခရိုနီ နက်ရှိုင်းစွာ ပတ်သက်ပုံ ထိုင်းပါလီမန်တွင် ဆွေးနွေး

ထိုင်းသိမ်းသော ထွန်းမင်းလတ် ပိုင်ဆိုင်မှုများထဲ စစ်ခေါင်းဆောင်သားသမီးပိုင်များ ပါဟု ဆို

ထွန်းမင်းလတ်နဲ့ မင်းအောင်လှိုင်မိသားစု ဘယ်လိုရင်းနှီးသလဲ

အပြစ်မရှိကြောင်း ထိုင်းတရားရုံးတွင် ထွန်းမင်းလတ် ငြင်း

Your Thoughts …
Tags: Move Forward Partyထိုင်းပါလီမန်ဆွေးနွေးမှုထိုင်းအထက်လွှတ်တော်အမတ်ထွန်းမင်းလတ်ပါလီမန်ကိုယ်စားလှယ် ရန်ဆီမန်ရုမ်းဝန်ကြီးချုပ် ပရာယွတ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

လက်နက်ပွဲစား ထွန်းမင်းလတ် ပြန်လွတ်

လက်နက်ပွဲစား ထွန်းမင်းလတ် ပြန်လွတ်

by ဧရာဝတီ
30 January 2024
6.1k

ထိုင်းနိုင်ငံတွင် မူးယစ်ဆေးဝါးမှု၊ ငွေကြေးခဝါချမှု၊ နယ်စပ်ဖြတ်ကျော် ပြစ်မှုများဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသူ လက်နက်ပွဲစား ခရိုနီ ဒေါက်တာ ထွန်းမင်းလတ်အား ထိုင်းတရားရုံးက တရားသေလွှတ်ပေးလိုက်ကြောင်း The Nation သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

ထိုင်းနိုင်ငံတွင် တရားမျှတမှုသည် လူတိုင်းအတွက် မဟုတ်

ထိုင်းနိုင်ငံတွင် တရားမျှတမှုသည် လူတိုင်းအတွက် မဟုတ်

by Zachary Abuza
21 March 2024
4.3k

တော်ဝင်ဝါဒီ အထက်လွှာများနှင့် စစ်တပ်သည် ပြည်သူ့ဆန္ဒကို အပြည့်အဝ အာခံနိုင်မည် မဟုတ်ပေ။

ထိုင်းအထက်လွှတ်တော်အမတ်ကို မူးယစ်မှောင်ခိုမှုနှင့် ငွေကြေးခဝါချမှုဖြင့် တရားစွဲဆို

ထိုင်းအထက်လွှတ်တော်အမတ်ကို မူးယစ်မှောင်ခိုမှုနှင့် ငွေကြေးခဝါချမှုဖြင့် တရားစွဲဆို

by ဧရာဝတီ
17 December 2023
1.5k

၎င်းတို့အားလုံးနှင့် ပတ်သက်သောအမှုများတွင် မူးယစ်ဆေးမှောင်ခိုလုပ်ငန်းမှ ငွေများကို ထွန်းမင်းလတ်နှင့် ဥပကစ်တို့ ထိန်းချုပ်ထားသည့် လျှပ်စစ်ဓာတ်အားကုမ္ပဏီမှတဆင့် ငွေကြေးခဝါချသည် ဆိုသည့် စွပ်စွဲချက် ပါဝင်သည်။

မြန်မာအရေးနှင့် ထိုင်းဝန်ကြီးချုပ်သစ် အဆက်ပြတ်နေသည်

မြန်မာအရေးနှင့် ထိုင်းဝန်ကြီးချုပ်သစ် အဆက်ပြတ်နေသည်

by Jitsiree Thongnoi
3 October 2023
1.4k

ထိုင်းအစိုးရသစ်၏ ဦးစားပေးသည် စီးပွားရေးဖြစ်သော်လည်း မြန်မာအပါအဝင် နိုင်ငံခြားရေးမူဝါဒ ပြဿနာ အများအပြားအပေါ် ရပ်တည်ချက် ဖော်ပြရန်လည်း မလွှဲမရှောင်သာ လိုအပ်လာသည်။

၂၀၁၉ ခုနှစ်အတွင်း ကျင်းပခဲ့သည့် အစ္စရေးလက်နက်ပြပွဲတပွဲတွင် မြန်မာစစ်ဗိုလ်ချုပ်တဦးကို တွေ့ရစဉ်/Haaretz

အစ္စရေးဝန်ကြီးဌာနများနှင့် လက်နက်လုပ်ငန်း မြန်မာစစ်ကောင်စီကို စစ်ပစ္စည်းများ ရောင်းချနေ

by ဧရာဝတီ
12 June 2023
9.1k

စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးပေးရန် လူ့အခွင့်အရေးရှေ့နေတဦး ဦးဆောင်သည့်အဖွဲ့တခုက အစ္စရေး ရှေ့နေချုပ်ကို တိုက်တွန်းလိုက်သည်။

ဒေသတွင်း တည်ငြိမ်မှုကို ရွှေကုက္ကို ခြိမ်းခြောက်လာနေ

ဒေသတွင်း တည်ငြိမ်မှုကို ရွှေကုက္ကို ခြိမ်းခြောက်လာနေ

by အောင်ဇော်
28 February 2023
19.5k

ဘန်ကောက်ရှိ သံရုံးများသည် ရွှေကုက္ကိုမှ ၎င်းတို့နိုင်ငံသားများကို ကယ်တင်ရန် အလုပ်ရှုပ်နေကြသည်။

Next Post
ကွယ်လွန်ကြပြီးဖြစ်သည့် ဖခင်ဖြစ်သူနှင့် ယောက္ခမတို့ကို ပေးအပ်သော ဘွဲ့များအား လက်ခံနေသည့် သမ္မတဟောင်း ဦးထင်ကျော်ကို ရုပ်သံဖန်သားပြင်တွင် မြင်ရစဉ်

ယူမည့်သူ မရှိသည့် ဘွဲ့များကို စစ်ကောင်စီ အတင်းလိုက်ပေးနေ

ဖားကန့်မြို့ရှိ စက်သုံးဆီဆိုင် တဆိုင်

ဖားကန့်၌ ဆန်နှင့် စက်သုံးဆီသွင်းခွင့် စစ်ကောင်စီပိတ်၍ ပြတ်လပ်မှုများ ဖြစ်နေ

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

2 days ago
3.5k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.4k

Most Read

  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate