• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

ဒေသတွင်း တည်ငြိမ်မှုကို ရွှေကုက္ကို ခြိမ်းခြောက်လာနေ

by အောင်ဇော်
28 February 2023
in သူ့အတွေး သူ့အမြင်
A A
ဒေသတွင်း တည်ငြိမ်မှုကို ရွှေကုက္ကို ခြိမ်းခြောက်လာနေ

ဒေသတွင်း တည်ငြိမ်မှုကို ရွှေကုက္ကို ခြိမ်းခြောက်လာနေ

19.5k
VIEWS
Share on FacebookShare on Twitter

၂၀၂၁ ခုနှစ်တွင် မြန်မာစစ်တပ်က အာဏာသိမ်းလိုက်ခြင်းသည် လူသားချင်းစာနာမှု အကျပ်အတည်းကို ဖြစ်စေရုံသာမ တရားဥပဒေစိုးမိုးမှုကိုလည်း ပျက်ပြားစေသည်။ ထို့ပြင် လုံခြုံရေးအခြေအနေကို အပတ်စဉ် ပိုမို ဆိုးရွားလာစေသည်။ ဥပဒေကင်းမဲ့မှု ကြီးမားလာခြင်းနှင့်အတူ စစ်အာဏာသိမ်းမှုသည် ထိုင်းနယ်စပ်တလျှောက်မှ ဆိုက်ဘာရာဇဝတ်မှုများ၊ လူကုန်ကူးမှုများနှင့် လက်နက်မှောင်ခိုမှုများအတွက် လွတ်လပ်ခွင့်ပေးလိုက်သည်။ ထိုင်းနိုင်ငံ၊ မဲဆောက်တဘက်ကမ်း ကရင်ပြည်နယ် ရွှေကုက္ကိုမှ တရုတ် ရာဇဝတ်ဂိုဏ်းများနှင့် ရာဇဝတ်သားများသည် စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်နေသည့် ဖရိုဖရဲအခြေအနေများကို အခွင့်ကောင်းယူပြီး ရာဇဝတ်လုပ်ငန်းများကို တိုးချဲ့နေသည်။

မဲဆောက်မြို့မြောက်ဘက်ရှိ ရွှေကုက္ကိုသည် အွန်လိုင်းလောင်းကစားလုပ်ငန်း၊ ငွေကြေးလိမ်လည်မှုနှင့် လူကုန်ကူးမှုများ စသည့် ရာဇဝတ်လုပ်ငန်း အချက်အခြာဒေသအဖြစ် အမည်ဆိုးကျော်ကြားနေသည်။

ရွှေကုက္ကိုကို မြန်မာ၏ ဆီလီကွန်တောင်ကြားအဖြစ် ကြော်ငြာသော်လည်း အာဏာသိမ်းပြီးနောက်တွင် ၎င်း၏ နည်းပညာကျွမ်းကျင်မှုများနှင့် အခြေခံအဆောက်အအုံများသည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများကို အားပေးနေသည်။ ထိုရာဇဝတ်မှု သားကောင်များအနက် ထိုင်းနိုင်ငံတွင် လစာငွေမြင့်မားစွာရသည့် အလုပ်များဖြင့် ဖျားယောင်းခေါ်ယူခံရသော နိုင်ငံခြားသားများ ပါဝင်သည်။

လွန်ခဲ့သောနှစ်က အလုပ်ရရန် ထိုင်းနိုင်ငံသို့ ခရီးသွားသော ဖိလစ်ပိုင်များ၊ မလေးရှားများ၊ အင်ဒိုနီးရှားများ၊ အိန္ဒိယသားများ၊ ထိုင်းများ၊ ထိုင်ဝမ်သားများ၊ ဘင်္ဂလားဒေ့ရှ်များ၊ ဘရာဇီးများ၊ ကင်ညာသားများ၊ ကိုလံဘီယာသားများနှင့် ဟောင်ကောင်သားများသည် ရွှေကုက္ကိုသို့ လူမှောင်ခိုကူးခံရသည်။

မလေးရှားနှင့် အိန္ဒိယ သားကောင်များကို လူကုန်ကူးသည့် အချက်အခြာအဖြစ် သတင်းများတွင် မကြာသေးမီက ဖော်ပြလာသော ကေကေဥယျာဉ် (KK Park) ကမူ တောင်ဘက် ကီလိုမီတာ ၂၀ မျှသာ ဝေးသည်။

ရွှေကုက္ကိုနှင့် ကေကေဥယျာဉ်တွင် သားကောင်များသည် ဖမ်းဆီးချုပ်နှောင်ခံရပြီး အွန်လိုင်းငွေကြေး လိမ်လည်သူအဖြစ် ရာဇဝတ်ဂိုဏ်းများအတွက် အတင်းအကျပ် စေခိုင်းခံရသည်။ ထိုသို့လုပ်ရန် ငြင်းဆန်သူများသည် ရုပ်ပိုင်းဆိုင်ရာ ဒဏ်ပေးမှုများ၊ ထို့ထက် ပိုမိုဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ခံရသည်။ သားကောင်များ၏ မိသားစုများသည် ၎င်းတို့လွတ်မြောက်ရေးအတွက် ခြိမ်းခြောက် ငွေတောင်းခံရသည်။

မြန်မာနိုင်ငံရှိ ကေကေဥယျာဉ်တွင် အွန်လိုင်းငွေကြေး လိမ်လည်မှုနှင့် ဆက်နွှယ်နေသည်ဟုဆိုကာ ထိုင်ဝမ်သို့ပြန်လာသည့် ထိုင်ဝမ်နိုင်ငံသား သုံးဦးကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လအတွင်းက ဖမ်းဆီးထားစဉ် / CIB

ရွှေကုက္ကိုနှင့် ကေကေဥယျာဉ်တွင် သားကောင်များသည် ဖမ်းဆီးချုပ်နှောင်ခံရပြီး အွန်လိုင်းငွေကြေး လိမ်လည်သူအဖြစ် ရာဇဝတ်ဂိုဏ်းများအတွက် အတင်းအကျပ် စေခိုင်းခံရသည်။

ဘန်ကောက်ရှိ သံရုံးများသည် ရွှေကုက္ကိုမှ ၎င်းတို့နိုင်ငံသားများကို ကယ်တင်ရန် အလုပ်ရှုပ်နေကြသည်။ ထိုင်းနိုင်ငံ၏မြို့တော်ရှိ သံတမန်အသိုက်အဝန်းတွင် ယခုဆိုလျှင် ရွှေကုက္ကိုဟူသည့် အမည်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက အစိုးရဖြုတ်ချခံရပြီးနောက် ထောင်အတွင်းအကျဉ်းကျနေသည့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေရာတွင် အစားထိုးဝင်ရောက်လာသည်။ ရွှေကုက္ကိုသည် ဒေသတွင်း သတင်းစာခေါင်းစဉ်များတွင် ငွေကြေးလိမ်လည်မှု၊ ပြန်ပေးဆွဲမှုနှင့် လူကုန်ကူးမှု အချက်အခြာနေရာအဖြစ် ပါဝင်လာနေပြီး လူကုန်ကူးခံသားကောင်များနှင့် မိသားစုများက ပြဿနာကို အရေးပေါ်တုံ့ပြန်ရန် ဖိအားပေးမှုအား အစိုးရများ ပိုမိုခံလာရသည်။

ရွှေကုက္ကိုသည် ကရင်သူပုန်ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သည့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) ၏ ထိန်းချုပ်မှုအောက်တွင် ရှိသည်။ လွန်ခဲ့သော နှစ်အတန်ကြာက မြန်မာစစ်တပ်နှင့် အပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့သောကြောင့် သူ၏ ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော် (DKBA) ခွဲထွက်အဖွဲ့သည် မြန်မာစစ်တပ်၏ တစိတ်တပိုင်း ကွပ်ကဲမှုအောက်မှ ကရင်နယ်ခြားစောင့်တပ် ဖြစ်လာခဲ့သည်။

၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့က ရွှေကုက္ကိုတွင် ကျင်းပသည့် BGF ကိုးနှစ်မြောက် အခမ်းအနားမှ နယ်ခြားစောင့်တပ် အကြီးအကဲ ဗိုလ်မှူးကြီး စောချစ်သူ / ဧရာဝတီ

၁၉၉၀ ပြည့်နှစ်များအလယ်တွင် ကရင်တိုင်းရင်းသား လက်နက်ကိုင်များသည် ထိုစဉ်က ကော့မူးရာဟုခေါ်သည့် ရွှေကုက္ကိုပတ်ဝန်းကျင်တွင် မြန်မာစစ်တပ်နှင့် ပြင်းထန်သော တိုက်ပွဲများ တိုက်ခိုက်ခဲ့ကြသည်။ ကော့မူးရာ စစ်မြေပြင်သည် မြန်မာနိုင်ငံသားများနှင့် တိုက်ပွဲသတင်းယူရန် လာရောက်ကြသော နိုင်ငံခြား သတင်းထောက်များအကြား အမည်ဆိုးကျော်ကြားသည်။

ထိုသို့ စစ်ဒဏ်ခံနေရသော နယ်စပ်ဒေသသည် တနေ့တွင် မြန်မာစစ်တပ်နှင့် ငြိမ်းချမ်းရေးရယူပြီး စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်မည်၊ တရုတ်မြေအောက်လောကမှ ကြီးမားသောအရင်းအနှီးများ ဖိတ်ခေါ်ထားသည့် ကရင်ခွဲထွက်အဖွဲ့၏ ထိန်းချုပ်မှုအောက် ရောက်လာမည်ဟု မည်သူမျှ မထင်ခဲ့ကြပေ။ ယခုလက်ရှိတွင် နေပြည်တော် စစ်ကောင်စီသည် မြန်မာအထူးရာဇဝတ်ဇုန်ဟု ခေါ်နိုင်သည့် ထိုဒေသကို လက်လှမ်းမမီပေ။

ထိုသို့ စစ်ဒဏ်ခံနေရသော နယ်စပ်ဒေသသည် တနေ့တွင် မြန်မာစစ်တပ်နှင့် ငြိမ်းချမ်းရေးရယူပြီး စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်မည်၊ တရုတ်မြေအောက်လောကမှ ကြီးမားသောအရင်းအနှီးများ ဖိတ်ခေါ်ထားသည့် ကရင်ခွဲထွက်အဖွဲ့၏ ထိန်းချုပ်မှုအောက် ရောက်လာမည်ဟု မည်သူမျှ မထင်ခဲ့ကြပေ။

၂၀၁၇ ခုနှစ်တွင် စောချစ်သူသည် ကမ္ဘောဒီးယားနိုင်ငံသား ခံယူထားသည့် တရုတ်နိုင်ငံသား ရှာကျင့်ကျောင် ပိုင်ဆိုင်သည့် Yatai International နှင့် ဖက်စပ်လုပ်ငန်းထူထောင်ခဲ့သည်။

ရလဒ်မှာ ရွှေကုက္ကိုတွင် ဒေါ်လာ ၁၅ ဘီလီယံတန် အထူးစီးပွားရေးဇုန် (SEZ) ကို တည်ဆောက်မည့် တရုတ်ရင်းနှီးမြှုပ်နှံမှုအတွက် ဗန်းပြလုပ်ငန်းဖြစ်သည့် ကရင် BGF ၏ ချစ်လင်းမြိုင်ကုမ္ပဏီ ပေါ်ပေါက်လာခြင်းသာ ဖြစ်သည်။ ထိုစီမံကိန်းကို လေဆိပ်တခု၊ စက်မှုဇုန်၊ အိမ်ရာစီမံကိန်း၊ ဖျော်ဖြေရေးဥယျာဉ်၊ ဟိုတယ်များနှင့် အခြားအဆောက်အအုံများပါဝင်သည့် အဆင့်မြင့်နည်းပညာ အချက်အခြာဒေသအဖြစ် ပုံဖော်သည်။

တချိန်က ကျွဲနွားမှောင်ခိုများနှင့် ကရင်နယ်ခြားစောင့်တပ်များ၏ ယင်ကောင်ပေါသော ကျေးရွာလေးတခု ဖြစ်ခဲ့သည့် ရွှေကုက္ကိုသို့ တရုတ်ရင်းနှီးမြှုပ်နှံသူများ၊ အလုပ်သမားများနှင့် လောင်းကစားသမားများ အစုအပြုံလိုက် ဝင်ရောက်လာသောကြောင့် ကရင်ပြည်နယ် တရုတ်တန်းအဖြစ် ပြောင်းလဲသွားသည်။ ရှာကျင့်ကျောင်သည် ထိုဒေသကို အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုများ ပြုလုပ်ရာ ရာဇဝတ်မှုအချက်အခြာဒေသအဖြစ် ပြောင်းလဲသွားစေရာတွင် တာဝန်ရှိသူတဦးဖြစ်သည်။

၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ရွှေကုက္ကိုမြို့သစ်စီမံကိန်း ပထမဆင့်ဖြစ်သော ဒေါ်လာ ၂၂ ဒသမ ၅ သန်းကုန်ကျမည့် မြေ ၁၀ ဒသမ ၃ ဟက်တာ (၂၅ ဒသမ ၄ ဧက) တွင် အဆင့်မြင့်လူနေအိမ် ၅၉ လုံး တည်ဆောက်ရေးကို အတည်ပြုခဲ့သည်။ သို့သော် တည်ဆောက်ရေးလုပ်ငန်းများသည် ထိုအတိုင်းအတာထက် ကျော်လွန်နေသည်။ ၂၀၀၀ ပြည့်နှစ်များက အိပ်မောကျနေသည့် မြိုတမြို့ဖြစ်သော မဲဆောက်သည် ဇိမ်ခံ မော်တော်ယာဉ်များ၊ ဈေးမြင့်သော စားသောက်ဆိုင်များနှင့် ဟိုတယ်များဖြင့် စည်ကားနေသော မြို့တမြို့ဖြစ်လာပြီး ဘန်ကောက်နှင့်လေယာဉ်ခရီးစဉ် အများစုမှာ ကြိုတင်မှာယူမှု အပြည့်ဖြစ်နေသည်။

ရွှေကုက္ကိုမြို့သစ်စီမံကိန်းသည် တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့်လမ်းအစီအစဉ် (BRI) ၏ အစိတ်အပိုင်းဖြစ်သည်ဟု တည်ဆောက်သူများက ကနဦးတွင် ပြောကြားခဲ့သော်လည်း ထိုစီမံကိန်းကို ဒေါ်အောင်ဆန်းစုကြည် အစိုးရက စုံစမ်းစစ်ဆေးသောအခါ ဘေဂျင်းက ထိုအစီအစဉ်သည် ၎င်းတို့နှင့် သက်ဆိုင်ခြင်းမရှိဟု ဆိုသည်။

ရွှေကုက္ကိုမြို့သစ်စီမံကိန်းသည် တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့်လမ်းအစီအစဉ် (BRI) ၏ အစိတ်အပိုင်းဖြစ်သည်ဟု တည်ဆောက်သူများက ကနဦးတွင် ပြောကြားခဲ့သော်လည်း ထိုစီမံကိန်းကို ဒေါ်အောင်ဆန်းစုကြည် အစိုးရက စုံစမ်းစစ်ဆေးသောအခါ ဘေဂျင်းက ထိုအစီအစဉ်သည် ၎င်းတို့နှင့် သက်ဆိုင်ခြင်းမရှိဟု ဆိုသည်။

၂၀၂၀ ပြည့်နှစ်တွင် ရန်ကုန်ရှိ တရုတ်သံရုံးက ကရင်ပြည်နယ်မှ အငြင်းပွားဖွယ်ရာ မြို့သစ်စီမံကိန်းနှင့် ပတ်သက်သည့် မသမာမှုများကို အစိုးရက စုံစမ်းစစ်ဆေးခြင်းအား ထောက်ခံကြောင်းပြောသည်။ ထိုင်းနိုင်ငံက ရွှေကုက္ကိုသို့ လျှပ်စစ်ဓာတ်အားနှင့် ဆက်သွယ်ရေးဝန်ဆောင်မှုများ ဖြတ်တောက်ခဲ့သည်။ သို့သော် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီး ရက်သတ္တပတ် အတန်ကြာသောအခါ လျှပ်စစ်ဓာတ်အားနှင့် အင်တာနက်ဝန်ဆောင်မှုများ ပြန်လည်ချိတ်ဆက်ပေးခဲ့သည်။

တရုတ်နိုင်ငံသားများသည် မဲဆောက်သို့ ဆက်လက် ဝင်ရောက်နေသည်။ ထိုသူများအနက် တရုတ်နိုင်ငံတွင် ဝရမ်းပြေးဖြစ်နေပြီး ကမ္ဘောဒီးယားနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူ၊ ကာစီနိုလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံထားသည့် ရှာကျင့်ကျောင်လည်း ပါဝင်သည်။ ဒိုင်လန် ရှာ ဟုလည်းခေါ်သော ရှာကျင့်ကျောင်သည် Yatai International Holding Group ၏ ဥက္ကဋ္ဌဖြစ်သည်။

ထိုင်းအာဏာပိုင်များက ထိုဘီလျံနာ ဝရမ်းပြေးကို အွန်လိုင်းလောင်းကစား လုပ်ငန်းကြောင့် ၂၀၂၂ ခုနှစ်၊ သြဂုတ်လတွင် ဖမ်းဆီးခဲ့သော်လည်း Yatai က ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကို မထိခိုက်ကြောင်း ပြောသည်။ တရားမဝင် ဝင်ရောက်လာသော တရုတ်ထောင်ပေါင်းများစွာသည် ရွှေကုက္ကိုတွင် ဆက်လက် နေထိုင်နေကြပြီး ထိုမြို့မှ အွန်လိုင်းလောင်းကစား လုပ်ငန်းများသည် စည်ကားနေဆဲ ဖြစ်သည်။

မြန်မာစစ်တပ်သည် ၎င်းတို့၏ မဟာမိတ်များနှင့် ခရိုနီများကို ထိုင်းနှင့် တရုတ် နယ်စပ်မြို့များတွင် ဟိုတယ်များ၊ ကလပ်များနှင့် ကာစီနိုများ ဖွင့်ခွင့်ပေးသည်။ ထိုလုပ်ငန်းလုပ်ကိုင်သူများက စစ်တပ်ကို နှစ်စဉ်ကြေးများ ပေးကြသည်။

ထိုသူများတွင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် မိသားစုအပါအဝင် ထိပ်တန်းဗိုလ်ချုပ်များနှင့် တိုက်ရိုက်အဆက်အသွယ်ရှိသူ၊ ဘန်ကောက်တွင် လွန်ခဲ့သောနှစ်က ဖမ်းဆီးခံရသည့် လက်နက်မှောင်ခိုနှင့် မူးယစ်မှောင်ခို မြန်မာခရိုနီ စီးပွားရေးသမား ထွန်းမင်းလတ်လည်း ပါဝင်သည်။

ထွန်းမင်းလတ်သည် Star Sapphire Group ကို စီမံပြီး ရှမ်းပြည်မြောက်ပိုင်း နယ်စပ်မြို့ဖြစ်သော တာချီလိတ်တွင် ဟိုတယ်နှင့် ကာစီနိုအများအပြား ဖွင့်လှစ်ထားသည်။ သူ၏ Allure Resort သည် ထိုင်းနှင့်တရုတ် လောင်းကစားသမားများအတွက် ကာစီနို၊ ဈေးဝယ်ခြင်းနှင့် အခြားဖျော်ဖြေရေးလုပ်ငန်းများ လုပ်ကိုင်သည်။

ရွှေကုက္ကိုရှိ တရုတ် ကျောထောက်နောက်ခံပြု ဟိုတယ်တခု / ဧရာဝတီ

မင်းအောင်လှိုင် အပါအဝင် အဆင့်မြင့်ဗိုလ်ချုပ်များနှင့် ထွန်းမင်းလတ်အကြား နက်ရှိုင်းသော အဆက်အသွယ် ရှိသောကြောင့် သူသည် နယ်စပ်တွင် အကျိုးအမြတ်များပြီး တရားမဝင် စီးပွားရေးလုပ်ငန်းလုပ်ရန် လွတ်လပ်ခွင့်ရသည်။ သူ၏ကုမ္ပဏီသည် စစ်တပ်ကို နှစ်စဉ်ကြေးများပေးပြီး စစ်ကောင်စီခေါင်းဆောင်နှင့် မိသားစုကို ငွေကြေးအမြောက်အများ ပေးသည်။ စစ်ကောင်စီ ခေါင်းဆောင်များသည် ထိုင်းတွင် ဖမ်းဆီးခံနေရသော ထွန်းမင်းလတ် လွတ်မြောက်ရေးအတွက် ကြိုးစားနေသည်ဟု သတင်းများထွက်နေသည်။

တရုတ် နိုင်ငံတကာရာဇဝတ်ဂိုဏ်းများသည် ရွှေတြိဂံဟုခေါ်သည့် ရှမ်းပြည်နယ် နယ်စပ်တွင် ဟိုတယ်နှင့် ကာစီနို လုပ်ငန်းများ လုပ်ကိုင်ကြသည်။ ၎င်းတို့၏ ဒေသခံ စီးပွားဖက်များတွင် နယ်ခြားစောင့်တပ်များ၊ ပြည်သူ့စစ်များနှင့် သူပုန်အုပ်စုများ ပါဝင်သည်။ ထိုအဖွဲ့များသည် စစ်အာဏာသိမ်းမှု ခိုင်မာလာပြီး တရားမဝင်ငွေကြေးရရန် အခွင့်အလမ်းသစ်များနှင့်အတူ ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျု (USIP) ၏ အဆိုအရသိရသည်။

စစ်ကောင်စီ၏ ဘဏ္ဍာတိုက်အတွင်းသို့ ရွှေကုက္ကိုမှ အခွန်မည်မျှ စီးဆင်းနေသည်ကို မသိရပေ။ သို့သော် ထိုနယ်စပ်မြို့ရှိ ရာဇဝတ်သားများထံမှ ရရှိသောငွေသည် ပြည်သူများကိုဖိနှိပ်ရန် လက်နက်ဝယ်နိုင်သည့် စွမ်းရည်ကို မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။

စစ်ကောင်စီ၏ ဘဏ္ဍာတိုက်အတွင်းသို့ ရွှေကုက္ကိုမှ အခွန်မည်မျှ စီးဆင်းနေသည်ကို မသိရပေ။ သို့သော် ထိုနယ်စပ်မြို့ရှိ ရာဇဝတ်သားများထံမှ ရရှိသောငွေသည် ပြည်သူများကိုဖိနှိပ်ရန် လက်နက်ဝယ်နိုင်သည့် စွမ်းရည်ကို မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။

အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ် နယ်စပ်တွင် ကာစီနိုစီမံကိန်းသစ်များ မှိုလိုပေါက်လာသည်။

တချိန်တည်းတွင် စစ်ကောင်စီသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုမြောက်သော လူအများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းနှင့် အတိုက်အခံများကို အငြင်းပွားဖွယ်ရာ ဖမ်းဆီးခြင်းများကြောင့် ပြစ်တင်ရှုတ်ချခံနေရသည်။ ထိုရာဇဝတ်မှုများသည် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများမှ နယ်စပ်ဒေသများအထိ ကျယ်ပြန့်နေသောကြောင့် စစ်ကောင်စီက နိုင်ငံတကာ ရာဇဝတ်မှုများကို ဖြိုခွဲမည်ဟု မျှော်လင့်နေခြင်းသည် လက်တွေ့မကျပေ။

နယ်ခြားစောင့်တပ် ကိုးနှစ်မြောက် အခမ်းအနား တက်ရောက်ရန် ရွှေကုက္ကိုသို့ ရှာကျင့်ကျောင်နှင့်အဖွဲ့ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လက ရောက်ရှိလာစဉ် / ဧရာဝတီ

လက်တွေ့တွင် တရုတ်ရာဇဝတ် သူဌေးများသည် နေပြည်တော်မှ ထိပ်တန်းဗိုလ်ချုပ်များကို အကြီးအကျယ် လာဘ်ထိုးပြီး ပေါက်ရောက်သည်ဟု ယူဆရသည်။ စစ်ကောင်စီသည် အားပြိုင်နေသော ကရင်ပြည်နယ်အပေါ် ထိန်းချုပ်မှုကို ထိုနယ်မြေမှ ဝင်ငွေညှစ်ရန် အသုံးချနေသည်။

အခြားနေရာများတွင်လည်း စစ်ကောင်စီသည် နိုင်ငံသားများ၏ နေအိမ်များကို လုယက်၊ ကလေးငယ်များကို ပစ်ခတ်၊ အတိုက်အခံများကို သေသည်အထိ ညှဉ်းပန်းနှိပ်စက်၊ ကျေးရွာများကို မီးရှို့၊ ခုခံတော်လှန်ရေး အင်အားစုများကို ဗုံးခွဲပြီး အရပ်သားများကို တိုက်လေယာဉ်များနှင့် တိုက်ခိုက်နေသည်။

စစ်အာဏာသိမ်းမှုသည် နယ်စပ်နှင့် အခြားဒေသများတွင် ပြင်းထန်သည့် မတည်ငြိမ်မှုများကို ဖြစ်စေပြီး လူအများအပြား ထွက်ပြေးခြင်း၊ စီးပွားရေးပြိုလဲခြင်း၊ လူသားတို့အဖို့ အဖြစ်ဆိုးနှင့် အိမ်နီးချင်းများအတွက် လုံခြုံရေးကို စိုးရိမ်ပူပန်ခြင်းတို့ ဖြစ်စေသည်။

မြန်မာပြည်တွင်းဖြစ် ရာဇဝတ်သားများ နေပြည်တော်တွင် ရုံးစိုက်ကြသည်။ တချိန်တည်းတွင် နိုင်ငံစုံ တရုတ် ရာဇဝတ်ဂိုဏ်းများသည် ထိုင်း-မြန်မာနယ်စပ်တွင် လွတ်လပ်စွာ လှုပ်ရှားနေပြီး ဒေသတွင်း ပြင်းထန်သော လုံခြုံရေးခြိမ်းခြောက်မှု ဖြစ်စေသည်။

ရွှေကုက္ကိုနှင့် အခြားကာစီနိုများမှ ရာဇဝတ်လုပ်ငန်းများသည် နေပြည်တော် စစ်ကောင်စီနှင့် တိုက်ရိုက် ပတ်သက်နေသောကြောင့် တရုတ်၊ အိန္ဒိယနှင့် ထိုင်းအပါအဝင် မြန်မာနှင့် နယ်နိမိတ်ထိစပ်နေသည့် နိုင်ငံအစိုးရများအနေဖြင့် ထိုကိစ္စကို အနီးကပ်စောင့်ကြည့်ရမည့် အချိန်ဖြစ်သည်။ မြန်မာမှ ရာဇဝတ်ကောင်များသည် ဒေသတခုလုံးမှ နိုင်ငံများအတွက် လေးနက်သော ခြိမ်းခြောက်မှု ဖြစ်နေသောကြောင့် ၎င်းတို့ကို လွှတ်မထားသင့်ပေ။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ Aung Zaw ၏ Shwe Kokko: How Myanmar’s Crime Hub is Destabilizing the Region ကို ဆီလျော်အောင် ဘာသာပြန် ဖော်ပြသည်။ အောင်ဇော်သည် ဧရာဝတီ သတင်းဌာနကို တည်ထောင်သူနှင့် အယ်ဒီတာချုပ် ဖြစ်သည်။)

You may also like these stories:

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
52
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
42
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
272

နာမည်ဆိုးထွက်နေတဲ့ KK Park က KNU ထိန်းချုပ်နယ်မြေတွင် ဖြစ်

မြန်မာအခြေစိုက် အွန်လိုင်းငွေလိမ်ဂိုဏ်းလက်မှ ဖိလစ်ပိုင် ၈ ဦး လွတ်မြောက်

တရုတ်မြေအောက်လောကနဲ့ သောင်ရင်းမြစ်ဘေးက နယ်စပ်ဖြတ်ကျော် ရာဇဝတ်လုပ်ငန်းများ

အိန္ဒိယ လူကုန်ကူးခံရသူများပြောသည့် မြဝတီမှ ‘ရေထောင်’

အွန်လိုင်းငွေလိမ်မှုများ အရှေ့တောင်အာရှ သံတမန်ရေး ထိခိုက်နိုင်ကြောင်း မလေးရှား သတိပေး

ကင်ညာနိုင်ငံသား အများအပြား မြန်မာတွင် လူကုန်ကူးခံရ

ရွှေကုက္ကိုလ်စီမံကိန်း တရုတ်လုပ်ငန်းရှင် ထိုင်းဖမ်းဆီး၊ စီမံကိန်းထိခိုက်မည်မဟုတ်ဟု BGF ပြော

Your Thoughts …
Tags: BGFBRIDKBAYatai Internationalကရင်ပြည်နယ်ကေကေဥယျာဉ်ကော့မူးရာစစ်ကောင်စီစစ်အာဏာသိမ်းမှုစောချစ်သူဆိုက်ဘာရာဇဝတ်မှုတရုတ်ထိုင်းထွန်းမင်းလတ်နယ်စပ်ဒေသပြန်ပေးဆွဲမှုမဲဆောက်မြို့ရင်းနှီးမြှုပ်နှံမှုရာဇဝတ်ဂိုဏ်းရွှေကုက္ကိုရှာကျင့်ကျောင်လက်နက်မှောင်ခိုမှုလူကုန်ကူးမှုအထူးစီးပွားရေးဇုန်အွန်လိုင်းငွေကြေး လိမ်လည်မှု
အောင်ဇော်

အောင်ဇော်

အောင်ဇော်သည် ဧရာဝတီ သတင်းဌာနကို တည်ထောင်သူနှင့် အယ်ဒီတာချုပ် ဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ခင်ဦး NLD အမတ် ဒေါက်တာ ဝင်းအောင်ကို ၂၀၂၀ ရွေးကောက်ပွဲအပြီးကာလတွင် တွေ့ရစဉ်

ခင်ဦး NLD အမတ်၏ ဇနီးနှင့်သမီးအပါဝင် အဖမ်းခံရသူများ အဆက်အသွယ် ပြတ်နေ

ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် Huanya ဆိုသည့် တရုတ်ကုမ္ပဏီတို့ မြဝတီအနီး အိမ်ရာစီမံကိန်းတခု ပူးပေါင်းလုပ်ကိုင်ကြောင်း လက်မှတ်ရေးထိုးပွဲနှင့် အုတ်မြစ်ချပွဲ အခမ်းအနား

ရာဇဝတ်ဂိုဏ်း၊ စစ်ကောင်စီတို့နှင့် ပတ်သက်သူများကို KNU ခေါင်းဆောင် မရွေးရန် တိုက်တွန်း

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

23 hours ago
1.4k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved