• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာအခြေစိုက် အွန်လိုင်းငွေလိမ်ဂိုဏ်းလက်မှ ဖိလစ်ပိုင် ၈ ဦး လွတ်မြောက်

by ဧရာဝတီ
14 February 2023
in သတင်း
A A
မြန်မာအခြေစိုက် အွန်လိုင်းငွေလိမ်ဂိုဏ်းလက်မှ ဖိလစ်ပိုင် ၈ ဦးကို ကယ်တယ်နိုင်ခဲ့ဟု DFA ထုတ်ပြန်  /  DFA

မြန်မာအခြေစိုက် အွန်လိုင်းငွေလိမ်ဂိုဏ်းလက်မှ ဖိလစ်ပိုင် ၈ ဦးကို ကယ်တယ်နိုင်ခဲ့ဟု DFA ထုတ်ပြန် / DFA

1.8k
VIEWS
Share on FacebookShare on Twitter

မြန်မာနယ်စပ်တွင် အခြေစိုက်လှုပ်ရှားနေသည့် အွန်လိုင်းမှ ငွေကြေးလိမ်လည်သည့်ဂိုဏ်းတွင် လူကုန်းခံရသူ ဖိလစ်ပိုင် ၈ ဦးကို ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန (DFA) က ထုတ်ပြန်ခဲ့သည်။

လူကုန်ကူးခံရသူ ၈ ဦးအနက် အမျိုးသား ၄ ဦးမှာ ဒူဘိုင်းမှတဆင့် ချိတ်ဆက်မှုဖြင့် ထိုင်းနိုင်ငံတွင် စားသုံးသူများအား ကူညီပေးရေး ဝန်ဆောင်မှုလုပ်ငန်းတွင် လုပ်ကိုင်ရန်ဆိုကာ စည်းရုံးခေါ်ယူခံရပြီးနောက် ထိုင်းနိုင်ငံမှ တဆင့် မြန်မာနိုင်ငံ နယ်စပ်ရှိ အွန်လိုင်းငွေကြေးလိမ်လည်သည့် လုပ်ငန်းများတွင် အတင်းအကျပ် ခိုင်းစေခံခဲ့ရခြင်း ဖြစ်ကြောင်း၊ အခြား အမျိုးသမီး ၄ ဦးမှာမူ ထိုင်းနိုင်ငံမှတဆင့် မြန်မာနိုင်ငံသို့ တရားမဝင် ပို့ဆောင်စဉ် လမ်းခု လတ်၌ ထိုင်းနိုင်ငံက ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် အဆိုပါ လူကုန်ကူးခံရသူ ၈ ဦးလုံး ဖေဖော်ဝါရီ ၁၃ ရက် နံနက်ပိုင်းက ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့သို့ ပြန်လည် ရောက်ရှိလာပြီ ဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဌာနက ဆိုထားသည်။

ယမန်နှစ် ဒီဇင်ဘာလအတွင်းကလည်း ထိုင်း-မြန်မာနယ်စပ်၊ မြို့ဝတီမြို့နယ်အတွင်းရှိ KK Park တွင် အွန်လိုင်းငွေကြေး လုပ်ငန်းများ၌ ဖိအားပေးစေခိုင်းခံရပြီး ကိုယ်ထိလက်ရောက်ကျူးလွန်မှုများပါ ကြုံတွေ့ခဲ့ရသည့် မလေးရှားနိုင်ငံသား ၆ ဦးအား ကယ်တင်နိုင်ခဲ့သေးသည်။

ကရင်နယ်ခြားစောင့်တပ်(BGF) ထိန်းချုပ်ထားရာ မြဝတီမြို့နယ်အတွင်းရှိ တရုတ်ရာဇဝတ်ဂိုဏ်များ၏ တရားမဝင် အွန်လိုင်း ငွေကြေးလိမ်လည်သည့် လုပ်ငန်းများတွင် လူကုန်ကူးမှုများနှင့် အဓမ္မခိုင်းစေမှု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ် လျက် ရှိသော်လည်း မြန်မာအာဏာသိမ်း စစ်ကောင်စီသည် တစုံတရာ စုံစမ်းစစ်ဆေး အယူရေးမှုများ မရှိသေးဘဲ လျစ်လျူ ရှုထားသည်။

လက်ရှိတွင်လည်း အဆိုပါ အွန်လိုင်းမှတဆင့် ငွေကြေးလိမ်လည်သည့် လုပ်ငန်းများတွင် လုပ်ကိုင်ရန် လစာပမာဏများစွာ ဖြင့် မက်လုံးပေးပြီး အလုပ်ခေါ်ယူမှုများ လူမှုကွန်ရက်စာမျက်နှာ၌ များစွာတွေ့နေရသည်။

မြန်မာအခြေစိုက် အွန်လိုင်းငွေလိမ်ဂိုဏ်းလက်မှ ဖိလစ်ပိုင် ၈ ဦးကို ကယ်တယ်နိုင်ခဲ့ဟု DFA ထုတ်ပြန် / DFA

မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယား၊ လာအိုနိုင်ငံတို့တွင် တရုတ်ရာဇဝတ်ဂိုဏ်းများ ပါဝင်သည့် အွန်လိုင်းမှ ငွေကြေးလိမ်လည် သည့် လုပ်ငန်းများတွင် ဒေသတွင်းနိုင်ငံများ ဖြစ်သော အိန္ဒိယ၊ ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ဟောင်ကောင် စသည့် နိုင်ငံသားများ လူကုန်ကူးခံရမှုများနှင့် တရားမဝင် ငွေကြေးလုပ်ငန်းများ၌ အတင်းအကျပ် စေခိုင်းခံရမှုများ ရှိနေ ကြောင်းလည်း သက်ဆိုင်ရာအာဏာပိုင်များက ထုတ်ဖော် ပြောဆိုထားသည်။

အထူးသဖြင့် မြန်မာစစ်တပ် လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) ထိန်းချုပ်ရာ မြဝတီမြို့နယ် အတွင်းရှိ ရွှေကုက္ကိုလ်ဒေသနှင့် KK Park ဟုခေါ်ဆိုသော စီမံကိန်းဧရိယာတို့တွင် တရုတ်ရာဇဝတ်ဂိုဏ်းများနှင့် ဒေသတွင်း လက်နက်ကိုင်အဖွဲ့တို့ ပူးပေါင်းကာ အွန်လိုင်းမှတဆင့် ငွေကြေးလိမ်လည်သည့် ရာဇဝတ်မှုများစွာ ကျူးလွန်လျက် ရှိနေပြီး နိုင်ငံခြားသားများအပြင် မြန်မာလူငယ်များပါ အတင်းအကျပ် စေခိုင်းခံရသည့် ဖြစ်စဉ်များ ရှိနေသည်။

ယမန်နှစ် ဒီဇင်ဘာလအတွင်းကလည်း ဝ တပ်ဖွဲ့ (UWSA) ထိန်းချုပ်ရာ မိုင်းပေါက်မြို့နယ်အတွင်းရှိ တရုတ်နိုင်ငံသားပိုင် အွန်လိုင်း ငွေကြေးလိမ်လည်သည့် လုပ်ငန်းတခုတွင် မြန်မာနိုင်ငံသား ၁၉ ဦး ရောင်းစားခံခဲ့ရပြီး လျော်ကြေးပေးပြီးမှသာ အချို့ ပြန်လည် လွတ်မြောက်လာခဲ့သည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
88
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
32
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
98

မြဝတီမြို့နယ်အတွင်းရှိ တရုတ်ရာဇဝတ်ဂိုဏ်းများ၏ တရားမဝင် ငွေကြေးလိမ်လည်မှု လုပ်ငန်းများတွင် လူကုန်ကူးခံရပြီး အဓမ္မခိုင်းစေခံနေရသူများထဲ မလေးရှားနိုင်ငံသား အများအပြားလည်း ပါဝင်ကြောင်းနှင့် ၎င်းတို့အား ကယ်တင်နိုင်ရေးနှင့် ရာဇဝတ်မှုများအား ကိုင်တွယ်ဖြေရှင်းရေးအတွက် ဒေသတွင်းနိုင်ငံများက ဝင်ရောက်ကယ်တင်မှုများ လုပ်ဆောင်နိုင်ခြင်း မရှိသည့်အတွက် ကုလသမဂ္ဂမှ ကြားဝင်ဖြေရှင်းပေးရန်လည်း မလေးရှားနိုင်ငံ နိုင်ငံတကာလူသားချင်းစာနာမှုအဖွဲ့ (MHO) က ယမန်နှစ် အောက်တိုဘာလအတွင်းက ထုတ်ဖော်တောင်းဆိုထားသည်။

You may also like these stories:

အွန်လိုင်းငွေလိမ်မှုများ အရှေ့တောင်အာရှ သံတမန်ရေး ထိခိုက်နိုင်ကြောင်း မလေးရှား သတိပေး

တရုတ်မြေအောက်လောကနဲ့ သောင်ရင်းမြစ်ဘေးက နယ်စပ်ဖြတ်ကျော် ရာဇဝတ်လုပ်ငန်းများ

ရွှေတြိဂံက အခြားဒုစရိုက်လုပ်ငန်းများ

မြန်မာလူကုန်ကူးမှု ကုလသမဂ္ဂ ကြားဝင်ရန် မလေးရှား NGO များ တောင်းဆို

Your Thoughts …
Tags: BGFKK Parkထိုင်း- မြန်မာနယ်စပ်ဖိလစ်ပိုင်အွန်လိုင်း ငွေကြေးလိမ်လည်မှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

ခွဲထွက်မည့် BGF အား ဒုတပ်ချုပ် စည်းရုံးမှု မအောင်မြင်

ခွဲထွက်မည့် BGF အား ဒုတပ်ချုပ် စည်းရုံးမှု မအောင်မြင်

by ဧရာဝတီ
24 January 2024
21.8k

ဇန်နဝါရီ ၂၁ ရက်မှစတင်ကာ BGF တပ်များအနေဖြင့် စစ်တပ်နှင့်ပူးတွဲစစ်ဆင်ရေးဝင်နေသည့် ရှေ့တန်းစခန်းများမှ ပြန်လည်ဆုတ်ခွာခဲ့ကာ ဌာနချုပ်ရှိရာ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်ဒေသနှင့် တပ်ရင်းစခန်းများတွင် ပြန်လည်စုဖွဲ့ထားပြီး တစုံတရာ ထပ်မံ ညွှန်ကြားမှု မရှိသေးကြောင်း

စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

by Bertil Lintner
6 December 2023
20k

မြန်မာစစ်တပ်ပြိုကွဲကာ ခုခံတော်လှန်ရေး၏ နောက်ဆုံးပန်းတိုင် ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီသို့ ဦးတည်စေမည့် လမ်းကြောင်းသို့ နိုင်ငံကို ပို့ဆောင်နိုင်စေမည်လား။

ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၁)

ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၁)

by ဧရာဝတီ
27 November 2023
18.8k

KK Park မြို့သစ်သည် ကရင်ပြည်နယ်၊ မြဝတီမြို့နယ် မယ်ထော်သလေး ကျေးရွာအနီးတွင် တည်ရှိပြီး ထိုင်းနိုင်ငံ၊ တာခ်ခရိုင်၊ မဲဆောက်မြို့နယ် အစွန်က မယ်ကုရွာနှင့် သောင်ရင်းမြစ်သာခြားသည်။

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

by Paskorn Jumlongrach
22 April 2024
16.9k

စစ်ကောင်စီ ဆုံးရှုံးသည့်သတင်းများကို ဒီမိုကရေစီလိုလားသောနိုင်ငံများနှင့် အဖွဲ့များက ကြိုဆိုကြသော်လည်း မြဝတီ ကျဆုံးခြင်းကြောင့် ဖြစ်ပေါ်လာမည်များနှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုများ ဖြစ်စေသည်။

စောချစ်သူကို လမ်းပြခဲ့သူ

စောချစ်သူကို လမ်းပြခဲ့သူ

by စောနေတိုး
30 January 2025
16.7k

စောချစ်သူအား ယခုလို ကျော်ကြားလာစေရန် လမ်းပြပေးခဲ့သူမှာ ဗိုလ်ချုပ် မောင်မောင်အုန်းနှင့် စစ်ထောက်လှမ်းရေး ဟောင်းများပင်။

Next Post
တူရကီ အရှေ့တောင်ပိုင်း ဟာတေတွင် ငလျင်ကြောင့် ပြိုကျနေသည့် အဆောက်အအုံများကို ဖေဖော်ဝါရီလ ၈ ရက်နေ့က တွေ့ရစဉ်  / AFP

ဂျပန် ငလျင်အတွေ့အကြုံနှင့် တူရကီအတွက် ခက်ခဲသောသင်ခန်းစာများ

၂၀၁၈ ခုနှစ် မတ်လ ၂၇ ရက် နေပြည်တော် စစ်ရေးပြပွဲ

စစ်တပ်ထိပ်ပိုင်း အကွဲအပြဲ ဘာကြောင့် မဖြစ်လဲ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved