• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

စောချစ်သူကို လမ်းပြခဲ့သူ

by စောနေတိုး
30 January 2025
in ဆောင်းပါး
A A
စောချစ်သူကို လမ်းပြခဲ့သူ

ဗိုလ်မှူးကြီး စောချစ်သူ / ဧရာဝတီ

16.7k
VIEWS
Share on FacebookShare on Twitter

မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုဒေသတွင် တရုတ်မင်းသား ဝမ်ရှင်း လူကုန်ကူးခံရသည့် သတင်းနှင့်အတူ ရွှေကုက္ကိုသတင်းသည် လည်း ဟိုလေးတကျော်ကျော် ဖြစ်လာခဲ့ပြန်သည်။

ရွှေကုက္ကိုအရေးအား အာဆီယံကပင် ဖြေရှင်းပေးရန် တရုတ်အစိုးရ တောင်းဆိုလာသလို ရွှေကုက္ကိုနှင့်အတူ နာမည်ကြီး လာသူမှာ နယ်ခြားစောင့်တပ် (BGF) ဗိုလ်မှူးချုပ် စောချစ်သူ ဖြစ်သည်။ ဗိုလ်မှူးချုပ် စောချစ်သူသည် ကရင်ပြည်နယ် နယ် ခြားစောင့်တပ်များ၏ အတွင်းရေးမှူးလည်း ဖြစ်သည်။

စောချစ်သူအား ယခုလို ကျော်ကြားလာစေရန် လမ်းပြပေးခဲ့သူမှာ ဗိုလ်ချုပ် မောင်မောင်အုန်းနှင့် စစ်ထောက်လှမ်းရေး ဟောင်းများပင်။

နိုင်ငံရေး စစ်ရေး လေ့လာသူ ကရင်တိုင်းရင်းသားတဦးက “ဗိုလ်ချစ်သူက အစက သူ့မှာ အဆက်အသွယ် မရှိဘူး။ ဗိုလ်ချုပ် မောင်မောင်အုန်းကနေ တရုတ်ပြည်ကို အလည်အပတ်ခရီးဆိုပြီး ခေါ်သွားပြီးမှ ဒီလူတွေနဲ့ မိတ်ဆက်ပေးတာ” ဟု ဆိုသည်။

ဗိုလ်ချုပ် မောင်မောင်အုန်း ချိတ်ဆက်ပေးမှုဖြင့် တရုတ်- မြန်မာနယ်စပ်တွင် မြင်ခဲ့ရသော ကာစီနိုစီးပွားရေးလုပ်ငန်းများမှာ စောချစ်သူအတွက် အထူးစိတ်ဝင်စားစရာ ဖြစ်ခဲ့သည်။

စောချစ်သူသည် တရုတ်ပြည်မှ ပြန်လာပြီးနောက် ကွန်ပျူတာအလုံး ၂၀ ခန့်ဖြင့် အလုပ်လုပ်သော လုပ်ငန်းတခုမှ ဝင်ငွေများစွာရကြောင်း သူနှင့်ရင်းနှီးသော ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ခေါင်းဆောင်တဦးအား ပြောပြခဲ့သည်။

စောချစ်သူအနေဖြင့် တရုတ်ပြည်မှပြန်လာပြီးနောက် ကွန်ပျူတာအလုံး ၂၀ ခန့်ဖြင့် အလုပ် လုပ်သည့် လုပ်ငန်းတခုမှ ဝင်ငွေ များစွာရကြောင်း သူနှင့် ရင်းနှီးသော KNLA ခေါင်းဆောင်တဦးအား ပြောပြခဲ့သည်။

စောချစ်သူသည် ကရင်အမျိုးသားအစည်းအရုံး (KNU) ဌာနချုပ်တွင်ရှိသော ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ကွန်မန်ဒိုတပ်ရင်း၌ တပွင့်ဗိုလ်အဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ သူ့အနေဖြင့် တိုက်ခိုက်ရေးတပ်တွင်သာ တာဝန်ထမ်းဆောင်ခဲ့ရသည့်အတွက် ပြည်ပအချိတ်အဆက် မရှိ။ ထို့ပြင် စီးပွားရေးလုပ်ငန်းအကြောင်း လည်း သိသူ မဟုတ်ပေ။

သို့သော် နဝတခေတ် စစ်ထောက်လှမ်းရေးများ၏ သွေးခွဲမှုဖြင့် KNLA မှ ဗုဒ္ဓဘာသာစစ်သည်အချို့ KNU/ KNLA မှ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) အမည်ဖြင့် ခွဲထွက်ခဲ့ကြသည်။ ထိုကဲ့သို့ ခွဲထွက်သူများထဲတွင် စောချစ်သူလည်း ပါဝင်ခဲ့သည်။

KNLA မှ ခွဲထွက်ကာ DKBA အဖြစ် ရပ်တည်လာသော KNLA စစ်သားများအား စစ်ထောက်လှမ်းရေးများမှ စီးပွားရေး လုပ်ကွက်များ တရားမဝင်လုပ်ငန်းများ လုပ်ပိုင်ခွင့်ပေးခဲ့သည်။ ထို့ကြောင့် အချိန်တိုအတွင်း DKBA အနေဖြင့် ကြီးပွားချမ်းသာလာခဲ့ပြီး DKBA စစ်သားများအား လစာနှင့်ရိက္ခာ ပေးနိုင်လာခဲ့သည်။ ဒေသခံ ကရင်လူငယ်များစွာ DKBA ထဲ ဝင်ရောက်လာခဲ့ကာ အင်အားကြီးထွားလာခဲ့သည်။

၂၀၁၂ ခုနှစ်၊ ဩဂုတ်လက တွေ့ရသည့် BGF အရာရှိ ဗိုလ်မှူး မုတ်သုန်နှင့် နယ်ခြားစောင့်တပ် ညွှန်မှူး ဗိုလ်ချုပ် မောင်မောင်အုန်း / ဧရာဝတီ

DKBA တဖြည်းဖြည်း အင်အားကြီးလာသည်ကို စစ်တပ်က မလိုလားခဲ့ပေ။ ထို့ကြောင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား ခွဲထုတ်ရန် နဝတ အစိုးရမှ နယ်ခြားစောင့်တပ်ဖွဲ့ဖွဲ့စည်းရန် ဖိအားပေးခဲ့သည်။ DKBA ထဲမှ စောချစ်သူ၊ ဗိုလ်မုတ်သုန်နှင့် ဗိုလ်တင်ဝင်း တို့သည် DKBA မှ ခွဲထုတ်ကာ နယ်ခြားစောင့်တပ် (BGF) အဖြစ် ၂၀၁၀ တွင် ဖွဲ့စည်းရန် သဘောတူခဲ့သည်။ BGF သည် စစ်တပ်လက်အောက်ခံအဖွဲ့အစည်း တခုဖြစ်သည်။ BGF တပ်ဖွဲ့အား ထိုင်း- မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် အခွန်ကောက်ရန် ဂိတ်ဖွင့်ခွင့်ပေးခဲ့သည်။

အဆိုပါဌာနတွင် ဗိုလ်ချုပ် မောင်မောင်အုန်း တာဝန်ယူစဉ် မြဝတီမီဒီယာ၏ ကြော်ငြာကိစ္စများဖြင့် ပြဿနာတက်ပြီးနောက် နယ်ခြားစောင့်တပ်များ၏ ညွှန်ကြားရေးမှူးအဖြစ် ၂၀၀၈ ခုနှစ်တွင် ပြောင်းရွှေ့ခြင်း ခံခဲ့ရသည်။

ထိုအချိန်က နယ်ခြားစောင့်တပ်ဖွဲ့များ၏ ပထမဆုံးညွှန်ကြားရေးမှူးမှာ ဗိုလ်ချုပ် မောင်မောင်အုန်း ဖြစ်သည်။ BGF တပ်များ၏ တပ်မှူးချုပ်ဖြစ်သည်။ စစ်တက္ကသိုလ် အပတ်စဉ် ၂၂ ကျောင်းဆင်း ဗိုလ်ချုပ်မောင်မောင်အုန်းသည် ၂၀၀၇ ခုနှစ်တွင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးဌာန၏ ညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။ အဆိုပါဌာနတွင် တာဝန်ယူစဉ် မြဝတီမီဒီယာ၏ ကြော်ငြာကိစ္စများဖြင့် ပြဿနာတက်ပြီးနောက် နယ်ခြားစောင့်တပ်များ၏ ညွှန်ကြားရေးမှူးအဖြစ် ၂၀၀၈ ခုနှစ်၌ ပြောင်းရွှေ့ခံခဲ့ရသည်။

ထို့နောက် ၂၀၁၁ ခုနှစ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၌ ဒုဝန်ကြီးဖြစ်လာခဲ့သည်။ သမ္မတ ဦးသိန်းစိန်လက်ထက်တွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဖြစ်ခဲ့သည်။ စစ်တပ်မှ အာဏာသိမ်းပြီးနောက် ၎င်းမှာဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး၊ ထိုမှတဆင့် ပြန်ကြားရေးဝန်ကြီး ဖြစ်လာခဲ့သည်။ ဗိုလ်ချုပ် မောင်မောင်အုန်း၏ သမီးဖြစ်သူ ဒေါက်တာ အိမို့မို့အောင်နှင့် ဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင်၏ သမီးတို့မှာ အလွန် ခင်မင်ရင်းနှီးသူများ ဖြစ်သည်။

နယ်ခြားစောင့်တပ်များ၏ တပ်မှူးဖြစ်လာသော ဗိုလ်ချုပ်မောင်မောင်အုန်းသည် လောက်ကိုင်မြို့ရှိ ကိုးကန့်နယ်ခြားစောင့် တပ်များမှတဆင့် ကာစီနို ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူများနှင့် အဆက်အသွယ် ရခဲ့သည်။ ထို့နောက် ဗိုလ်ချုပ် မောင်မောင်အုန်းသည် စောချစ်သူနှင့်အဖွဲ့အား လေ့လာရေးခရီး ခေါင်းစဉ်ဖြင့်ခေါ်ကာ ကာစီနို ကျားဖြန့် လုပ်ငန်းများ ပြသခဲ့ခြင်းဖြစ်သည်။ အဆိုပါလုပ်ငန်း လုပ်ကိုင်နေသူများနှင့်လည်း မိတ်ဆက်ပေးခဲ့သည်။

ထို့နောက် ဗိုလ်ချစ်သူဦးဆောင်သော BGF တပ်မှူးများသည် မြဝတီရွှေကုက္ကိုဒေသတွင် ကာစီနိုလုပ်ငန်းများ စတင်ရန် ပြင်ဆင်ခဲ့သည်။ ထို့အချိန်က မြဝတီမြို့၌ မဲဆောက်မြို့တပ်ခရိုင်ရဲမှူးကြီး၏ဇနီး ဖွင့်ထားသော မြဝတီ Complex လောင်း ကစားရုံတခုသာ ရှိသည်။

ရွှေကုက္ကိုတွင် လုပ်ကိုင်မည့် လောင်းကစားရုံများ စတင်သည့်အချိန်က အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ) ရန်ပုံငွေအဖြစ် လုပ်ဆောင်ရန် ဖြစ်သည်။ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လက်အောက်ခံ လုပ်ငန်းတခုအဖြစ် စတင်ခဲ့ခြင်းဖြစ်ပြီး ဗိုလ်ချစ်သူတို့ နယ်ခြားစောင့်တပ်မှ အကျိုးအမြတ်၏ ရာခိုင်နှုန်း အနည်းငယ်သာရပြီး စစ်ဗိုလ်ချုပ်များက အများဆုံးရခဲ့ သည်ဟု ဒေသခံ စစ်ရေးနိုင်ငံရေး လေ့လာသူတဦးက ဆိုသည်။

ရွှေကုက္ကိုစီမံကိန်းများ စတင်သည့်အချိန်တွင် ရတခ တိုင်းမှူးမှာ ဗိုလ်ချုပ် မောင်အေး၏ တူဖြစ်သူ ဗိုလ်ချုပ် မျိုးမိုးအောင် ဖြစ်သည်။

ရွှေကုက္ကိုစီမံကိန်းများ စတင်သည့်အချိန်တွင် အရှေ့တောင်တိုင်းစစ်ဌါနချုပ်တိုင်းမှူးမှာ နဝတ ခေတ် ဒုတိယအကြီး အကဲဖြစ်သူ ဗိုလ်ချုပ်မောင်အေး၏ တူဖြစ်သူ ဗိုလ်ချုပ် မျိုးမိုးအောင် ဖြစ်သည်။

ရွှေကုက္ကို စတင်တည်ဆောက်သည့်အချိန်တွင် စစ်ထောက်လှမ်းရေးဟောင်းများထဲမှာ ဗိုလ်မှူး ခင်မောင်ဝင်းနှင့် ဗိုလ်မှူး သန့်ဇင်တို့ အဓိကပါဝင်ခဲ့သည်ဟု စုံစမ်းသိရှိရသည်။ စစ်ထောက်လှမ်းရေးဟောင်း ဗိုလ်မှူး သန့်ဇင်သည် မြဝတီမြို့၏ ထောက်လှမ်းရေး အကြီးအကဲတာဝန်ယူခဲ့သူဖြစ်ပြီး ဗိုလ်မုတ်သုန်နှင့် နီးစပ်သူဖြစ်သည်။ ဗိုလ်မှူး ခင်မောင်ဝင်းမှာ စောချစ် သူနှင့် အနီးကပ် လုပ်ကိုင်သူဖြစ်သည်။ ရွှေကုက္ကိုတွင် စစ်တပ်မှ အငြိမ်းစား ယူထားသည့် ဗိုလ်မှူးအဆင့်နှင့် အထက်အရာရှိများစွာ ရှိသည်။

ရခိုင်ပြည်နယ်, ဗိုလ်ချုပ် မောင်မောင်အုန်း, ပြည်နယ်ဝန်ကြီးချုပ်
၂၀၀၀ ပြည့်နှစ်က ဗိုလ်ချုပ် မောင်မောင်အုန်း (ယာ) ကို အခမ်းအနားတခုတွင် တွေ့ရစဉ် (ဓာတ်ပုံ – ဧရာဝတီ)

NLD အစိုးရလက်ထက်မှစ၍ နာမည်ဆိုးဖြင့် စတင်ကျော်ကြားလာသော ရွှေကုက္ကိုကိစ္စအား NLD အစိုးရက စုံစမ်းစစ်ဆေးရန် ဆောင်ရွက်ခဲ့သည်။ စုံစမ်းစစ်ဆေးရေးအဖွဲ့၏အစီရင်ခံစာတွင် ရွှေကုက္ကိုလုပ်ငန်းတွင် စစ်ဗိုလ်ချုပ်များ ပါဝင်ပတ်သက်နေသည်ကို ဖော်ပြထားသည်။ ရွှေကုက္ကိုကိစ္စ ပတ်သက်သူများထဲတွင် ဗိုလ်ချုပ် မောင်မောင်အုန်းနှင့် ဒုဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းတို့ ပါဝင်သည်ဟု အစီရင်ခံစာ၌ ဖော်ပြထားသည်။

ယင်းအစီရင်ခံစာကို သိရှိထားသူ တဦးက “ပါဝင်ပတ်သက်တယ်ဆိုတာ ခွဲတမ်းပေးနေရတာကို ပြောတာ” ဟု ဆိုသည်။

ဗိုလ်ချုပ် မောင်မောင်အုန်းအနေဖြင့် စစ်တပ်မှ အနားယူသွားသည်တိုင် စောချစ်သူအပေါ် အထိုက်အလျောက် သြဇာရှိနေသည်။ ထို့ကြောင့်လည်း ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် စောချစ်သူတို့ နယ်ခြားစောင့်တပ်နှင့် စစ်ကောင်စီတို့အဆင်မပြေ ဖြစ်သည့်အခါ စစ်ခေါင်းဆောင်မှ ပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ် မောင်မောင်အုန်းအား စောချစ်သူနှင့် သွားရောက် ညှိနှိုင်း ရန် တာဝန်ပေးခဲ့သည်။ ထို့ကြောင့် ဗိုလ်ချုပ် မောင်မောင်အုန်းနှင့် နယ်ခြားစောင့်တပ် ညွှန်ကြားရေးမှူးတို့မှာ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့အထိ လာရောက်၍ စောချစ်သူနှင့် တွေ့ဆုံညှိနှိုင်းခဲ့သည်။

ဗိုလ်ချုပ် မောင်မောင်အုန်းနှင့် ဗိုလ်မှူးကြီး စောချစ်သူတို့ ဆွေးနွေးခဲ့စဉ်က မည်သည့်ရလာဒ် ထွက်ခဲ့သည်ကို မသိရှိရပေ။ သို့သော် ဗိုလ်ချုပ် မောင်မောင်အုန်းနှင့် ဗိုလ်မှူးကြီး စောချစ်သူတို့ တွေ့ဆုံပြီးနောက်ပိုင်း ဗိုလ်ချစ်သူ၏ BGF မှ ကရင် အမျိုးသား ကာကွယ်ရေးတပ်မတော် (KNA) ပြောင်းမည့်အစီအစဉ်မှာလည်း ကြန့်ကြာနေခဲ့ရသည်။

RelatedPosts

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
350
သဇင်ပန်း

သဇင်ပန်း

10 January 2026
59
စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
4.2k

စစ်ကောင်စီနှင့် လမ်းခွဲမည်ဟု ကြွေးကြော်ခဲ့သော BGF တပ်များမှာ အခုထိ ပြတ်ပြတ်သားသား မရှိသေးပေ။ သို့သော် ဗိုလ်မှူးကြီး စောချစ်သူမှာ ကမ္ဘာကျော်တယောက် ဖြစ်လာခဲ့လေပြီ။

You may also like these stories:

စောချစ်သူတို့ဘက်ကတော့ နည်းနည်းတန့်သွားနိုင်တယ် (ရုပ်/သံ)

BGF ခေါင်းဆောင် စောချစ်သူနှင့် မိသားစုကို ဒဏ်ခတ်ရန် JFM တောင်းဆို

စင်္ကာပူ၌ ငွေကြေးခဝါချမှုဖြင့် ဖမ်းခံရသူများ ရွှေကုက္ကိုလ်စီမံကိန်းနှင့် ဆက်စပ်နေ

ကရင်ပြည်နယ်ပုံရိပ် ထိခိုက်သဖြင့် ရွှေကုက္ကိုလ်ကို တိုက်ခိုက်ရဟု KTLA ပြော

ဒေသတွင်း တည်ငြိမ်မှုကို ရွှေကုက္ကို ခြိမ်းခြောက်လာနေ

ရွှေကုက္ကိုလ်က ရာဇဝတ်မှုများနှင့် တရုတ်၏ ကမ္ဘာ့လုံခြုံရေးအစီအစဉ် အဆက်အစပ်

Your Thoughts …
Tags: BGFDKBAKNANLDSliderကျားဖျန့်စစ်ကောင်စီစစ်ထောက်လှမ်းရေးစစ်အာဏာသိမ်းမှုစီးပွားရေးစောချစ်သူတရုတ်နယ်ခြားစောင့်တပ်မောင်မောင်အုန်းရွှေကုက္ကိုလူကုန်ကူးမှုအွန်လိုင်းလိမ်လည်မှု
စောနေတိုး

စောနေတိုး

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
PNLA နှင့် နေဝင်းထွန်း၏ ပအိုဝ်းပြည်သူစစ်တို့ ဆီဆိုင်၌ တိုက်ပွဲပြင်းထန်

စစ်ကောင်စီထိုးစစ် PNLA ဌာနချုပ်ရှိရာ မောက်မယ်မြို့နားကပ်လာ

အမေရိကန် အစိုးရဝန်ထမ်းများ နုတ်ထွက်ရန် ထရမ့် တွန်းအားပေး

အမေရိကန် အစိုးရဝန်ထမ်းများ နုတ်ထွက်ရန် ထရမ့် တွန်းအားပေး

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved