• English
Friday, January 9, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကရင်ပြည်နယ်ပုံရိပ် ထိခိုက်သဖြင့် ရွှေကုက္ကိုလ်ကို တိုက်ခိုက်ရဟု KTLA ပြော

by ဧရာဝတီ
9 April 2023
in သတင်း
A A
ကရင်ပြည်နယ် မြဝတီမြို့ရှိ ရွှေကုက္ကိုလ်မြို့သစ် / ရွှေကုက္ကိုလ်

ကရင်ပြည်နယ် မြဝတီမြို့ရှိ ရွှေကုက္ကိုလ်မြို့သစ် / ရွှေကုက္ကိုလ်

14.7k
VIEWS
Share on FacebookShare on Twitter

ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုလ်မြို့သစ်သည် ပြည်နယ်ဖွံဖြိုးမှု မဖြစ်စေဘဲ ပျက်ဆီးမှုကိုသာ ဖြစ်စေသဖြင့် တိုက်ခိုက်ရခြင်း ဖြစ်ကြောင်း ကော်သူးလေတပ် (KTLA) က ဧပြီ ၇ ရက်တွင် ကြေညာသည်။

Facebookတွင် ပျံ့နှံလာသော KTLA ဗဟိုဌာနချုပ် ရုံးထိုင်မှူး စောဝါးနေမူး လက်မှတ်ထိုးထားသည့် ကြေညာချက်အရ ရွှေကုက္ကိုလ်မြို့သည် မူးယစ်ဆေးဝါး ဖြန့်ဖြူးသုံးစွဲရောင်းချနေပြီး တိုင်းရင်းသူ အမျိုးသမီးများကို ပြည့်တန်ဆာအဖြစ် လိမ် လည်လှည့်ဖြားစေခိုင်းနေသည့် နေရာဖြစ်နေသလို စစ်ကောင်စီအတွက် တရားမဝင်ငွေကြေးများ ရှာဖွေပေးသည့် နေရာ ဖြစ်၍ ပြည်ပမှ အလုပ်သမားများကိုလည်း လိမ်လည်ခေါ်ဆို ခိုင်းစေမှုများ ရှိနေသဖြင့် KTLA အနေနှင့် ကရင်ပြည်နယ် အကျိုးအတွက် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း၊ ထို့အတွက် ရွှေကုက္ကိုလ်တွင် နေထိုင်သည့် ပြည်သူများအနေနှင့် တိုက်ပွဲ ဧရိယာမှ ရှောင်ပေးကြရန် ထုတ်ပြန်ထားသည်။

ထိုကြေညာချက်နှင့် ပတ်သက်၍ ပိုမိုသိရှိနိုင်ရန် KTLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောနယ်ဒါးမြကို ဧရာဝတီက ဖုန်းဖြင့်ဆက် သွယ်ခဲ့ရာ ၎င်း အလုပ်များနေသဖြင့် နောက်မှ ပြန်လည်ဆက်သွယ်ရန် ပြောဆိုသည်။

ကော်သူးလေတပ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်တဦးကမူ ကြေညာချက်မှာ မှန်ကန်ကြောင်း၊ စစ်ကောင်စီတပ်နှင့် ကရင်ပူးပေါင်း တပ်များအကြား တိုက်ပွဲ ဆက်ဖြစ်နေကြောင်း ပြောသော်လည်း တိုက်ပွဲအခြေအနေ အသေးစိတ်နှင့် ပတ်သက်၍ ဖြေကြားရန် ငြင်းဆန်သည်။

KTLA ၏ Lion battalion Commando အဖွဲ့မှ ဧပြီလ ၆ ရက်ထုတ် ကြေညာချက်ရာ ဧပြီ ၅ ရက် မနက်ပိုင်းက ရွှေကုက္ကိုလ် ၏ အနောက်မြောက်ဘက်ရှိ ထီးကော်ထောရွာနှင့် အနောက်တောင်ဘက်ရှိ ထီးဝါပလောရွာတို့၌ စစ်ကောင်စီ လက်အောက်ခံ ကရင်ပြည်နယ်နယ်ခြားစောင့်တပ် (BGF) နှင့် တိုက်ပွဲများဖြစ်ခဲ့ပြီး BGF စခန်း ၅ ခုနှင့် လက်နက်မျိုးစုံ ၇၅ ခု သိမ်းဆည်းမိခဲ့ကြောင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ ကျော်သေဆုံးကြောင်း ထုတ်ပြန်သည်။

စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများနှင့် ပတ်သက်၍ ဧရာဝတီက သီးခြား အတည်ပြုနိုင်ခြင်း မရှိပါ။

ရွှေကုက္ကိုလ်တိုက်ပွဲသည် Lion battalion တပ်ဖွဲ့ဝင် ၃ ဦးအား ထိုင်းအာဏာပိုင်များက ဖမ်းဆီးကာ ဧပြီလ ၁ ရက်တွင် BGF ထံ လွှဲပြောင်းပေးလိုက်သည့်နောက် ပေါ်ပေါက်လာသော တိုက်ပွဲလည်း ဖြစ်သည်။

RelatedPosts

တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

9 January 2026
61
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

9 January 2026
18
တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

9 January 2026
46

ယင်းတိုက်ပွဲတွင် KTLA တပ်ဖွဲ့အပြင် BGF မှ ခွဲထွက်လာသည့် တပ်ဖွဲ့ဝင်များ ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) မှ ခွဲထွက်လာသည့် အရာရှိနှင့် စစ်သည်များအပြင် ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ စစ်ကြောင်း များလည်း ပါဝင်နေကြောင်း မြေပြင်သတင်းများအရ သိရသည်။

တိုက်ပွဲသည် ဧပြီလ ၈ ရက်တိုင်အောင် ဆက်ဖြစ်နေပြီး ရွှေကုက္ကိုလ်မှ တရုတ်လူမျိုးများသည်လည်း ထိုင်းနိုင်ငံ မဲဆောက် မြို့ဘက်သို့ ရွှေ့ပြောင်းမှုများ ရှိနေကြောင်း မြဝတီမြို့ဒေသခံ အချို့က ဆိုသည်။

အမည်မဖော်လို့သည့် မြဝတီဒေသခံ အမျိုးသားတဦးက “ကုက္ကိုလ်က တရုတ်တွေ ပြေးလာတာဟုတ်ပါတယ်။ တချို့လည်း ဝှေ့ရှမ်း (ရွှေကုက္ကိုလ်နှင့် သင်္ဃန်းညီနောင်ကြားကရွာ) ကို ရှောင်လာတယ်။ တချို့လည်း မဲဆောက်အထိ သွားကြတယ်။ အရေအတွက်တော့ မသိဘူး။ ပြေးလာတာတော့ ဟုတ်တယ်။ သူတို့က BGF နဲ့ ဆက်စပ်နေတော့ တိုက်ခိုက်ခံရမှာ ကြောက်လို့ ပြေးကြတာထင်တယ်” ဟု ဧရာဝတီကို ပြောသည်။

လောင်းကစားမြို့အဖြစ် လူသိများသည့် ရွှေကုက္ကိုလ်မြို့သစ်ကို ဂြိုလ်တုမှတဆင့်မြင်ရပုံ

ရွှေကုက္ကိုလ်မြို့သစ်ထဲတွင်မူ တိုက်ပွဲကြောင့် စိုးရိမ်ထိတ်လန့်မှုရှိသော်လည်း စားသောက်ဆိုင်အချို့နှင့် ကာစီနိုအချို့ ဖွင့်ထားဆဲဖြစ်ကြောင်း၊ ရွှေက္ကိုလ်ဈေးအား ယာယီပိတ်ထားကြောင်း အဆိုပါမြို့ထဲမှ အမည်မဖော်လိုသည့် အမျိုးသားတဦးက ဧရာဝတီကို ပြောသည်။

လတ်တလောတွင် ရွှေကုက္ကိုလ် တိုက်ပွဲကြောင် ထိုင်းနိုင်ငံ မဲဆောက်မြို့အနီး သောင်ရင်းမြစ်ကမ်းသို့ ရှောင်လာသည့် စစ်ဘေးရှောင် ၈၀၀၀ ခန့်ရှိနေကြောင်း၊ လက်ရှိတွင် ထိုင်းအာဏာပိုင်များက စစ်ရှောင်များကို သောင်ရင်းမြစ်ဘေးရှိ ဆိတ်ခြံနှင့်နွားခြံဧရိယာထဲက နေရာ ၅ ခုတွင် ယာယီခိုလှုံခွင့်ပေးထားကြောင်း စစ်ရှောင်များကို ကူညီပေးနေသူအချို့ ထံမှ သိရသည်။

စစ်ဘေးရှောင်များကို ကူညီပေးနေသည့် နွေဦးရိပ်မြုံပရဟိတအဖွဲ့မှ ကိုမင်းသွေးသစ်ကလည်း စစ်ဘေးရှောင် အများစုမှာ ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများဖြစ်ကြပြီး စားနပ်ရိက္ခာလိုအပ်ချက်ရှိကြောင်း ဆိုသည်။

၎င်းက “အစားအသောက်က သိပ်မဝဘူး ထင်ပါတယ်။ မုန့်ထုပ်လေးတွေ လိုတယ်။ ကလေးတွေကို မုန့်ထုပ်ဝေတော့ လူကြီးတွေက ကျနော်တို့လည်း ဆာတယ်ပေါ့။ ဒီနေ့မနက်တော့ အဆာပြေစာ မုန့်ထုပ်လေးတွေ တော်တော်တော့ များပါတယ်။ ဒီနေ့ထပ်ပြီး သွားဝေလိုက်ပါတယ်။ လိုအပ်နေတာကတော့ နောက်ဘယ်လောက်အထိ နေရဦးမလဲ မသိတဲ့အခါကျတော့ ဆန်၊ ဆီ ၊ ဟင်းချက်စရာ ၊ အချိုမှုန့် ၊ ဆနွင်းမှုန့် ၊ ဆားအဲဒါတွေလိုတယ်ပေါ့။ မနက်ဖြန် တရက်တော့ အဲဒါတွေထပ်သွားလှူဖို့ရှိပါတယ်။ ကျနော်တို့နဲ့ စကားပြောတဲ့သူအများစုကတော့ တိုက်ပွဲငြိမ်တာနဲ့ အိမ်ပြန်ချင်တယ်လို့ ပြောကြတယ်” ဟု ဆိုသည်။

လတ်တလောတွင် တိုက်ပွဲသည် ထပ်ဖြစ်နိုင်သည်ဟု မြဝတီဒေသခံ အများစုက ယူဆနေကြသလို ကရင်ပူးပေါင်း တပ်များကလည်း မြဝတီမှ – ကော့ကရိတ်အထိ အာရှလမ်းမကို လုံးဝ အသုံးမပြုကြရန် မတ်လ ၇ ရက်က ကြေညာချက်ထုတ်ပြန်၍ လူထုကို အသိပေးထားသည်။

ထို့အပြင် အာရှလမ်းမ အချို့နေရာများတွင်လည်း ပူးပေါင်းတပ်များက ကုန်တင်ကားအချို့အား ကန့်လန့်ပိတ်၍ တား ထားကြောင်း မြဝတီမြို့ ဒေသခံအချို့က ဆိုသည်။

မြဝတီမြို့ခံ အမျိုးသားတဦးကမူ “မြဝတီမှာ စစ်ကောင်စီဘက်က လုံခြုံရေးတင်းကျပ်နေတယ်။ ၉ ရက် ၁၀ ရက်မှာ မြဝတီကို လာတိုက်မယ်လို့ သတင်းတွေထွက်နေလို့ ။ ကားက နည်းနည်းတော့ သွားကြတယ်။ ဒီနေ့ ဆန်ကားတွေ တက်လာတာ တွေ့တယ်။ အာရှလမ်းမအတိုင်းတက်လာတာပေါ့။ ပိတ်ထားလည်း တက်လာတာပဲ။ ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတား ၁ ၊ ၂ ကတော့ ဖွင့်ထားပါတယ်” ဟုဆိုသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့မြောက်ဖက် ၁၀မိုင်ခန့်အကွာ၊ ထိုင်း-မြန်မာနယ်စပ်ရှိ သောင်ရင်းမြစ်၏ အနောက်ဘက်ကမ်းတွင် တရုတ်လူမျိုးပိုင်ကုမ္ပဏီတစ်ခုဖြစ်သော မြန်မာရထိုက်ကုမ္ပဏီနှင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖြစ်သော ဗိုလ်မှူးကြီး စောချစ်သူတို့ပူးပေါင်းပြီး ၂၀၁၈ခုနှစ်တွင် ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းကို အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံကျော်ခန့် ရင်းနှီး မြုပ်နှံကာ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

You may also like these stories:

ဒေသတွင်း တည်ငြိမ်မှုကို ရွှေကုက္ကို ခြိမ်းခြောက်လာနေ

ကရင်ပြည်နယ်တွင် တိုက်ပွဲများ ပြန်ဖြစ်လာ

PDF သုံးဦးအား စစ်ကောင်စီလက်အပ်သည့် ထိုင်းအာဏာပိုင်များလုပ်ရပ် NUG ကန့်ကွက်

ကရင်ငြိမ်းချမ်းရေးကောင်စီက ဗျူဟာမှူးနှင့် တပ်ရင်းမှူးတို့ကို ထုတ်ပယ်

Your Thoughts …
Tags: BGFKTLAရွှေကုက္ကိုလ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

ခွဲထွက်မည့် BGF အား ဒုတပ်ချုပ် စည်းရုံးမှု မအောင်မြင်

ခွဲထွက်မည့် BGF အား ဒုတပ်ချုပ် စည်းရုံးမှု မအောင်မြင်

by ဧရာဝတီ
24 January 2024
21.8k

ဇန်နဝါရီ ၂၁ ရက်မှစတင်ကာ BGF တပ်များအနေဖြင့် စစ်တပ်နှင့်ပူးတွဲစစ်ဆင်ရေးဝင်နေသည့် ရှေ့တန်းစခန်းများမှ ပြန်လည်ဆုတ်ခွာခဲ့ကာ ဌာနချုပ်ရှိရာ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်ဒေသနှင့် တပ်ရင်းစခန်းများတွင် ပြန်လည်စုဖွဲ့ထားပြီး တစုံတရာ ထပ်မံ ညွှန်ကြားမှု မရှိသေးကြောင်း

မြဝတီကို စစ်ကောင်စီက ဗုံးမကြဲဖို့ ကတိမပေးရဲဟု BGF ခေါင်းဆောင်ပြော

မြဝတီကို စစ်ကောင်စီက ဗုံးမကြဲဖို့ ကတိမပေးရဲဟု BGF ခေါင်းဆောင်ပြော

by စောလွင်
18 April 2024
20k

စစ်ရေးပြင်းထန်နေချိန် မြဝတီမြို့ကို လေကြောင်းမှတဆင့် စစ်ကောင်စီသည် ဝင်ရောက်စီးနင်းမည်ဟု မြဝတီလူထုများအကြား သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်နေသည်။

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

by Paskorn Jumlongrach
22 April 2024
16.9k

စစ်ကောင်စီ ဆုံးရှုံးသည့်သတင်းများကို ဒီမိုကရေစီလိုလားသောနိုင်ငံများနှင့် အဖွဲ့များက ကြိုဆိုကြသော်လည်း မြဝတီ ကျဆုံးခြင်းကြောင့် ဖြစ်ပေါ်လာမည်များနှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုများ ဖြစ်စေသည်။

စောချစ်သူကို လမ်းပြခဲ့သူ

စောချစ်သူကို လမ်းပြခဲ့သူ

by စောနေတိုး
30 January 2025
16.7k

စောချစ်သူအား ယခုလို ကျော်ကြားလာစေရန် လမ်းပြပေးခဲ့သူမှာ ဗိုလ်ချုပ် မောင်မောင်အုန်းနှင့် စစ်ထောက်လှမ်းရေး ဟောင်းများပင်။

ဘုရားလည်းပြီး ပြည်ကြီးပျက်လတ္တံ့

ဘုရားလည်းပြီး ပြည်ကြီးပျက်လတ္တံ့

by ဇေယျ (အညာ)
10 August 2023
15.8k

ယခုလည်း မြန်မာစစ်ခေါင်းဆောင်က အကြီးဆုံးဘုရားဆိုသည်ကို ငွေကြေးသန်းပေါင်းများစွာ အကုန်အကျခံ၍ တည်ပြီးချိန်တွင် မြန်မာငွေက နောက်တဆင့်တိုး၍ ဖောင်းပွနေ၏။

Next Post
လျှပ်စစ်မီးပျက်နေသည့် ရန်ကုန်မြို့တွင် လမ်းဘေး၌ မိုဘိုင်းဖုန်း သုံးနေသူတဦးကို ၂၀၂၂ ခုနှစ်၊ မတ်လက တွေ့ရစဉ် / AFP

ဝမရှိဘဲ ဝိလုပ်နေသည့် စစ်ကောင်စီ၏ လျှပ်စစ်

စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲ ဝင်မည့် နိုင်ငံရေးပါတီအချို့၏ ခေါင်းဆောင်များ (အထက် - ဝဲမှယာ) ဦးခင်ရီ (USDP)၊ ဦးကိုကိုကြီဂ (PP)၊ မိုက်ကယ်ကျော်မြင့် (PCSP)၊ ဒေါ်သက်သက်ခိုင် (PPP), စိုင်းအိုက်ပေါင်း (SEDP), ဒေါ်သန်းသန်းနု (FDP)၊ (အောက် - ဝဲမှယာ) ဦးသိန်းညွန့် (NNDP), အင်ရှန်းဆန်အောင် (KSPP)၊ ဦးစိုးမောင် (DNP)၊ ဦးခင်မောင်ရွှေ (NDF)၊ ဦးကျော်ဇေယျ (UPUP)၊ ခွန်စန်းလွင် (PNO)

စစ်ကောင်စီ ရွေးကောက်ပွဲတွင် ၆၃ ပါတီ ယှဉ်ပြိုင်မည်

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved