• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Ethnic Issues

ကရင်ငြိမ်းချမ်းရေးကောင်စီက ဗျူဟာမှူးနှင့် တပ်ရင်းမှူးတို့ကို ထုတ်ပယ်

by ဧရာဝတီ
7 April 2023
in Ethnic Issues
A A
မဟာမိတ်တပ်များနှင့် ပူးပေါင်းခဲ့သည့် KNLA-PC ၏ စစ်ဗျူဟာ (၂) ဗျူဟာမှူး ဗိုလ်မှူးကြီးစောလက်ကိုင်နှင့် တပ်ရင်း (၇၀၈) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောကျော်ဂရောင်း (ဓာတ်ပုံ - lionbattalion_commando)

မဟာမိတ်တပ်များနှင့် ပူးပေါင်းခဲ့သည့် KNLA-PC ၏ စစ်ဗျူဟာ (၂) ဗျူဟာမှူး ဗိုလ်မှူးကြီးစောလက်ကိုင်နှင့် တပ်ရင်း (၇၀၈) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောကျော်ဂရောင်း (ဓာတ်ပုံ - lionbattalion_commando)

8k
VIEWS
Share on FacebookShare on Twitter

ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) က ၎င်းတို့လက်အောက်ခံ ဗျူဟာမှူး ၁ ဦးနှင့် တပ်ရင်းမှူး ၁ ဦးကို တပ်ဖွဲ့မှ ထုတ်ပယ်လိုက်ကြောင်း ဧပြီလ ၇ ရက်တွင် ကြေညာသည်။

KNU/KNLA-PC စစ်ရေးချုပ် ဗိုလ်ချုပ် စောအယ်ခူ လက်မှတ်ထိုးထားသည့် အဆိုပါကြေညာချက်ထဲတွင် စစ်ဗျူဟာ (၂) ဗျူဟာမှူး ဗိုလ်မှူးကြီးစောလက်ကိုင်နှင့် တပ်ရင်း (၇၀၈) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောကျော်ဂရောင်းတို့ကို တပ်က ထုတ်ပယ်လိုက်ကြောင်း ဖော်ပြထားသည်။

KNU/KNLA-PC မှပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောမောင်မောင်ကလည်း အဖွဲ့၏ တာဝန်ရှိသူများက ဗိုလ်မှူးကြီး စောလက်ကိုင်နှင့် ဒုဗိုလ်မှူးကြီး စောကျော်ဂရောင်း တို့အား သွားရောက်တွေ့ဆုံကာ KNU/KNLA-PC ၏ အမိန့်ညွှန်ကြားချက်များအား လိုက်နာရန် ဖျောင်းဖျခဲ့သော်လည်း လက်ခံခြင်းမရှိသဖြင့် ထုတ်ပယ်လိုက်ရခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ အတည်ပြုပြောဆိုသည်။

၎င်းက “ကျနော်တို့ရဲ့ ငြိမ်းချမ်းရေးကောင်စီက ငြိမ်းချမ်းရေးလမ်းကိုပဲ သွားနေတော့ ဒီလိုမျိုး ပြဿနာတွေ မဖြစ်ချင်တာတကြောင်း၊ အဖူးထိန်မောင်လက်ထက်ကတည်းက ငြိမ်းချမ်းရေးကို တစိုက်မတ်မတ်လုပ်ပြီးတော့ စားပွဲပေါ်မှာ တွေ့ဆုံဆွေးနွေးမယ်ဆိုတဲ့ သန္ဓိဌာန် ချခဲ့ကြတယ်။ နောက်တခုကလည်း ကျနော်တို့ဆီမှာရှိတဲ့ လူထုတွေကလည်း နှစ်ပေါင်းများစွာ ဒါမျိုးတွေ ဖြစ်လာတဲ့အတွက် ဒါမျိုးတွေ မဖြစ်ချင်တော့ဘူးလို့ လူကြီးတွေကို ခဏခဏ လာတွေ့ပြီး တွေ့ဆုံပွဲတွေမှာ ပြောကြတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး လက်ကိုင်နဲ့ ကျော်ဂရောင်းတို့ကိုလည်း ပြီးခဲ့တဲ့ ၁ ရက်၊ ၂ ရက်ကတည်းက လိုက်ပြီးတော့ တွေ့ဆုံ ဖျောင်းဖျပါသေးတယ်။ နောက်ဆုံးတော့လည်း သဘောထားတွေက ကွဲလွဲလာပြီး ပြဿနာတွေမဖြစ်အောင်လို့ လူကြီးတွေက ထုတ်လိုက်တာပါ” ဟု ပြောသည်။

ဗိုလ်မှူးကြီး စောလက်ကိုင်နှင့် ဒုဗိုလ်မှူးကြီး စောကျော်ဂရောင်း တို့အား ထုတ်ပယ်လိုက်သဖြင့် ၎င်းတို့နှင့်အတူ လိုက်ပါသွားသူများသည်လည်း KNU/KNLA-PC နှင့် သက်ဆိုင်မှုမရှိတော့ကြောင်း ဗိုလ်မှူးကြီးစောမောင်မောင်က ပြောသည်။

၎င်းက “သူတို့ခေါင်းဆောင်နဲ့ ပါသွားတဲ့ တပ်ဖွဲ့ဝင်တွေကတော့ သူတို့ခေါင်းဆောင်လိုပဲ အော်တိုပါသွားမှာပေါ့။ ပါသွားတဲ့အရေအတွက်ကတော့ အခုအခြေအနေတွေ ရှုပ်နေတော့ ကျနော်တို့လည်း အတည်ပြုပေးလို့တော့ မရသေးပါဘူး။ အခုမှ လိုက်ထိန်းပြီး စိစစ်နေရတဲ့ အခြေအနေဖြစ်နေလို့ပါ” ဟု ဆိုသည်။

KNLA-PC သည် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဖြစ်ပြီး လက်ရှိအချိန်ထိ အာဏာသိမ်း စစ်ကောင်စီ ဖိတ်ကြားသည့် ဆွေနွေးပွဲများ၊ အခမ်းအနားများကို တက်ရောက်နေလျှက်ရှိသည်။

အရပ်သားအစိုးရလက်ထက်တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများနှင့် အခမ်းအနားများတက်ရောက်မှု အပေါ် KNLA-PC အတွင်း မေးခွန်းထုတ်မှု မရှိသော်လည်း စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားပြီး နောက်ပိုင်း စစ်ကောင်စီနှင့် သွားရောက် တွေ့ဆုံနေသည့် အပေါ် အဖွဲ့အစည်းအတွင်း သဘောထားကွဲလွဲမှုများရှိနေပြီး ဗဟိုက ထိန်းကွပ်ရန် ခက်ခဲနေသည့် အနေအထားပင်ဖြစ်နေကြောင်း KNLA-PC နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။

မဟာမိတ်တပ်များနှင့် ပူးပေါင်းခဲ့သည့် KNLA-PC ၏ စစ်ဗျူဟာ (၂) ဗျူဟာမှူး ဗိုလ်မှူးကြီးစောလက်ကိုင်နှင့် တပ်ရင်း (၇၀၈) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောကျော်ဂရောင်း (ဓာတ်ပုံ – lionbattalion_commando)

စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်းတွင် KNLA-PC အဖွဲ့ဝင်တချို့သည် KNU၊ PDF တို့နှင့် ပူးပေါင်းပြီး စစ်ကောင်စီတပ်များကို ပြန်တိုက်နေသလို ဗိုလ်မှူးကြီး စောလက်ကိုင်နှင့် ဒုဗိုလ်မှူးကြီး စောကျော်ဂရောင်းတို့ နောက်တွင်လည်း အင်အား အနည်းဆုံး ၁၀၀ ကျော်ပါသွားကြောင်း နယ်စပ် သတင်းရင်းမြစ်တဦးကလည်း ဧရာဝတီသို့ ပြောသည်။

စစ်ကောင်စီကိုတိုက်နေသည့် ကရင်ပူးပေါင်းစစ်ကြောင်းတခုမှ တာဝန်ရှိသူတဦး ကလည်း ဗိုလ်မှူးကြီး စောလက်ကိုင်နှင့် ဒုဗိုလ်မှူးကြီး စောကျော်ဂရောင်းတို့သည် နွေဦးတော်လှန်ရေးတွင် ပါဝင်လာပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်လာသဖြင့် မိခင်အဖွဲ့အစည်းက ယခုလို ထုတ်ပယ်ခြင်းဖြစ်နိုင်ကြောင်း ဧရာဝတီကို ပြောသည်။

၎င်းက “အခုက စစ်ကောင်စီ နဲ့ နီးစပ်တဲ့ ကရင်အဖွဲ့ တွေ ထဲမှာ အောက်‌ခြေတပ်ဖွဲ့ တွေက အထက်ခေါင်းဆောင်တွေ အာဏာသိမ်း စစ်တပ်နဲ့ ပေါင်းပြီး ငြိမ်နေကြတာ။ ကရင် နယ်ထဲမှာ လူထု ခက်ခဲတာ၊ နှိပ်စက်သတ်ဖြတ်တာတွေ က ပိုဆိုးလာတော့ ငြိမ်မနေကြတော့ဘူး။ နောက်ထပ် ပူးပေါင်း လာမယ့် အဖွဲ့ တွေ လည်း ရှိနေသေးတယ်။ အခု ထုတ်ခံ ရတဲ့ PC အဖွဲ့ တွေ ရွှေကုဣိုလ်နဲ့ မြဝတီ တိုက်ပွဲတွေထဲပါတယ်ထင်လို့ ထုတ်တာ” ဟု ဆိုသည်။

မကြာသေးသည့် ဧပြီလ ၃ ရက်ကလည်း စစ်ကောင်စီကို တိုက်နေသည့် ကရင်ပူးပေါင်းတပ်များမှ တပ်မှူးများပါဝင်သော အစည်းအဝေးတရပ်ကို ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေတနေရာတွင် ကျင်းပခဲ့သည်။ ယင်းအစည်းအဝေးတွင် ဗိုလ်မှူးကြီး စောလက်ကိုင်နှင့် ဒုဗိုလ်မှူးကြီး စောကျော်ဂရောင်းတို့ပါဝင်ကြောင်း Lion Battalion Commando ဗျူဟာ စစ်ကြောင်းက ထုတ်ပြန်သည့် ဓာတ်ပုံများအရသိရသည်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
8
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
12
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
107

တွေ့ဆုံပွဲတွင် ဗိုလ်မှူးကြီး စောလက်ကိုင်နှင့် ဒုဗိုလ်မှူးကြီး စောကျော်ဂရောင်းတို့ အပြင် KNU/KNLA- PC (၇၇၇) တပ်မှ ဒုတပ်ရင်းမှူး ဗိုလ်ဖားအဲ့နှင့် (၇၀၈) တပ်ခွဲမှ တပ်ခွဲမှူး ဗိုလ်စောအယ်ကလိုထူးတို့ ပါဝင်ခဲ့သော်လည်း လတ်တလောတွင် ဗျူဟာမှူးနှင့် တပ်ရင်းမှူးတို့ကိုသာ KNU/KNLA-PC ဘက်က ထုတ်ပယ်လာခြင်းဖြစ်သည်။

KNLA -PC အဖွဲ့ဝင်တဦးက “PC တပ်ဖွဲ့ ဝင်တွေ က မူးယစ်ဆေး၊ လက်နက်၊ အရောင်းအဝယ် မလုပ်နဲ့ လိုက်မရှင်းဘူး၊ ငါတို့ PC က ငြိမ်းချမ်းရေး ဖြစ်ဖို့ လက်ကိုင် ထားတယ်၊ တော်လှန်ရေးအဖွဲ့ PDF တွေ နဲ့မပတ်သက်ရဘူး၊ ကားဆွဲ၊ ကုန်ပို့၊ ဆိုင်ဖွင့် ကြိုက်တာလုပ် လို့ရတယ်၊ နိုင်ငံရေး မပတ်သက်နဲ့ ဆိုတာမျိုး အောက်ခြေကို ပြောတာ၊ တချို့ကလည်း ဒီစစ်တပ် လုပ်နေတာ မတရားတာကြီးကိုသိတယ်၊ တပ်က တားမြစ်ထားတော့ မပါဝင်ကြဘူး၊ အခု မခံနိုင်တဲ့သူတွေကတော့ ပါဝင်ကြတာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိ မြဝတီမြို့မြောက်ဘက်ရှိ မဲ့ပလဲ၊ ထီးချားထား၊ ထီးလော်သေ၊ ကော့ကော်ကျေးရွာများဘက် တွင် စစ်ကောင်စီ၊ BGF တပ်စခန်းများကို တိုက်နေသည့် တိုက်ပွဲတွင် KNLA၊ ကော်သူးလေတပ်မတော် (KTLA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့နှင့် အတူ KNLA -PC တပ်ဖွဲ့ဝင်များပါကြောင်းသိရသည်။

စစ်ရေးလေ့လာသူတဦးကမူ ယခုကဲ့သို့ တပ်မှူးတချို့ကို KNU/KNLA-PC ဘက်က ထုတ်ပယ်လာခြင်းသည် စစ်ကောင်စီတပ်၏ ဖိအားကြောင့်ဖြစ်နိုင်ပြီး ကရင်ငြိမ်းချမ်းရေးကောင်စီ၌ စစ်ကောင်စီကို တိုက်မည့် အဖွဲ့နှင့် မတိုက်မည့်အဖွဲ့ဟူ၍ သဘောထား ကွဲပြားမှုဖြစ်နေပုံရကြောင်း သုံးသပ်သည်။

၎င်းက “ပြောရမယ်ဆိုရင် KNLA -PC မှာ တိုက်တဲ့ တပ်တချို့ကျန်နေသေးတယ်။ တဖက်က ပြောရင်တော့ မတိုက်ချင်ဘဲ ငြိမ်းချမ်းရေး လုပ်ချင်တဲ့အဖွဲ့နဲ့ တိုက်မယ့်အဖွဲ့တွေ ကွဲတာလည်းဖြစ်နိုင်တယ်။ တဖက်ကလည်း တိုက်၊ တဖက်ကလည်း ငြိမ်းချမ်းရေး လုပ်ဆိုပြီး ၂ ဖက် ခွကစားတာလည်း ဖြစ်နိုင်တယ်။ ဘယ်ဟာ အစစ်အမှန်လည်း ဆိုတာတော့ မြေပြင်အခြေအနေကိုသေချာလေ့လာဖို့လိုမယ်” ဟုဆိုသည်။

KNU/KNLA (PC) သည် ကရင်အမျိုးသား အစည်းအရုံး (KNU) မှ ၂၀၀၇ ခုနှစ်တွင် ဗိုလ်ချုပ် စောထိန်မောင်ဦးဆောင်၍ ခွဲထွက်ကာ ဖွဲ့စည်းခဲ့သော အဖွဲ့ဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးခဲ့သည်။

Your Thoughts …
Tags: BGFKNLAKNLA-PC
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

ခွဲထွက်မည့် BGF အား ဒုတပ်ချုပ် စည်းရုံးမှု မအောင်မြင်

ခွဲထွက်မည့် BGF အား ဒုတပ်ချုပ် စည်းရုံးမှု မအောင်မြင်

by ဧရာဝတီ
24 January 2024
21.8k

ဇန်နဝါရီ ၂၁ ရက်မှစတင်ကာ BGF တပ်များအနေဖြင့် စစ်တပ်နှင့်ပူးတွဲစစ်ဆင်ရေးဝင်နေသည့် ရှေ့တန်းစခန်းများမှ ပြန်လည်ဆုတ်ခွာခဲ့ကာ ဌာနချုပ်ရှိရာ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်ဒေသနှင့် တပ်ရင်းစခန်းများတွင် ပြန်လည်စုဖွဲ့ထားပြီး တစုံတရာ ထပ်မံ ညွှန်ကြားမှု မရှိသေးကြောင်း

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

by Paskorn Jumlongrach
22 April 2024
16.9k

စစ်ကောင်စီ ဆုံးရှုံးသည့်သတင်းများကို ဒီမိုကရေစီလိုလားသောနိုင်ငံများနှင့် အဖွဲ့များက ကြိုဆိုကြသော်လည်း မြဝတီ ကျဆုံးခြင်းကြောင့် ဖြစ်ပေါ်လာမည်များနှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုများ ဖြစ်စေသည်။

စောချစ်သူကို လမ်းပြခဲ့သူ

စောချစ်သူကို လမ်းပြခဲ့သူ

by စောနေတိုး
30 January 2025
16.7k

စောချစ်သူအား ယခုလို ကျော်ကြားလာစေရန် လမ်းပြပေးခဲ့သူမှာ ဗိုလ်ချုပ် မောင်မောင်အုန်းနှင့် စစ်ထောက်လှမ်းရေး ဟောင်းများပင်။

ဘုရားလည်းပြီး ပြည်ကြီးပျက်လတ္တံ့

ဘုရားလည်းပြီး ပြည်ကြီးပျက်လတ္တံ့

by ဇေယျ (အညာ)
10 August 2023
15.8k

ယခုလည်း မြန်မာစစ်ခေါင်းဆောင်က အကြီးဆုံးဘုရားဆိုသည်ကို ငွေကြေးသန်းပေါင်းများစွာ အကုန်အကျခံ၍ တည်ပြီးချိန်တွင် မြန်မာငွေက နောက်တဆင့်တိုး၍ ဖောင်းပွနေ၏။

မြဝတီမြို့ထဲ တိုက်ပွဲမဖြစ်အောင် အကောင်းဆုံး ထိန်းသိမ်းနေတယ်

မြဝတီမြို့ထဲ တိုက်ပွဲမဖြစ်အောင် အကောင်းဆုံး ထိန်းသိမ်းနေတယ်

by ဧရာဝတီ
9 April 2024
15.4k

ကရင်နယ်ခြားစောင့်တပ် (BGF) ပြောခွင့်ရ ဗိုလ်မှူး နိုင်မောင်ဇော်ကို ဧရာဝတီက ယနေ့ ညနေ ၅ နာရီခန့်တွင် ဆက်သွယ်မေးမြန်းထားပါသည်။

Next Post
ရန်ကုန်တွင် ဖေဖော်ဝါရီလအတွင်း စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြကြစဉ် / ဧရာဝတီ

စစ်တပ်၏ ရွေးကောက်ပွဲသည် အလုပ်မဖြစ်သော စိတ်ဓာတ်စစ်ဆင်ရေးတခုမျှသာ

၂၀၂၂ခုနှစ်က AA က ဦးစီးကျင်းပသည့် ဇီးချောင်းသင်္ကြန် / CJ

မုံရွာသင်္ကြန်အတွက် လုံခြုံရေးအပြည့်ဖြင့် စစ်ကောင်စီပြင်ဆင်နေ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved