• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

PDF သုံးဦးအား စစ်ကောင်စီလက်အပ်သည့် ထိုင်းအာဏာပိုင်များလုပ်ရပ် NUG ကန့်ကွက်

by ဧရာဝတီ
8 April 2023
in သတင်း
A A
Lion Battalion အဖွဲ့ဝင် ဒုစစ်ကြောင်းမှူး ကိုသီဟ၊ ပြန်ကြားရေးတာဝန်ခံ ကိုထက်နေဝင်းနှင့် ကိုစောဖြိုးလေး

Lion Battalion အဖွဲ့ဝင် ဒုစစ်ကြောင်းမှူး ကိုသီဟ၊ ပြန်ကြားရေးတာဝန်ခံ ကိုထက်နေဝင်းနှင့် ကိုစောဖြိုးလေး

12.3k
VIEWS
Share on FacebookShare on Twitter

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်အတွင်း လမ်းမှားကာ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရသည့် Lion battalion တပ်ဖွဲ့ဝင် ၃ ဦးအား မြန်မာစစ် ကောင်စီထံ ပြန်လွှဲပေးခဲ့သည့် ထိုင်းအာဏာပိုင်များ၏ လုပ်ရပ်သည် နိုင်ငံတကာ ရဲ လုပ်ထုံးလုပ်နည်းများနှင့် ညီညွှတ်မှုမရှိကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ(NUG) က ကန့်ကွက်ဝေဖန်လိုက်သည်။

NUG ပြောခွင့်ရှိသူ ဦးနေဘုန်းလတ်က “ ဒါမျိုးက ရဲလုပ်ထုံးလုပ်နည်းတွေနဲ့ မညီဘူးလေ၊ ဟိုမှာက အကြမ်းဖက်စစ်တပ် လက်ထဲကို ရောက်သွားပြီဆိုရင် သတင်းက အစအန ပျောက်နေတာပဲ၊ သေသလား ရှင်သလား မသိနဲ့၊ သေချာတာတခုကတော့ ဘယ်လိုမှ အထဲမှာ အေးအေးဆေးဆေး နေရမှာ မဟုတ်ဘူး၊ အနည်းဆုံးတော့ နှိပ်စက်ခံရမယ် အသက်မသေရင်တောင်၊ ဒီလိုအနေအထားမျိုးကို သိသိလျှက်နဲ့ သွားပြီးတော့ လွှဲအပ်တဲ့ကိစ္စမျိုးက နိုင်ငံတကာ လုပ်ထုံးလုပ်နည်းနဲ့လည်း မညီဘူး။ သူတို့က ဥပဒေချိုးဖောက်တယ်ဆိုရင်လည်း လဝက ဥပဒေနဲ့ အရေးယူပေါ့လေ” ဟုပြောသည်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
5
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
9
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
90

အာဏာသိမ်းစစ်ကောင်စီအား ခုခံတိုက်ခိုက်နေသည့် Lion battalion တပ်ဖွဲ့မှ ဒုတိယစစ်ကြောင်းမှူး ကိုသီဟ၊ ပြန်ကြားရေးတာဝန်ခံ ကိုထက်နေဝန်းနှင့် တပ်ဖွဲ့ဝင်စောဖြိုးလေးတို့ သုံးဦးသည် ဧပြီလ ၁ ရက်နေ့က ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်ကမ်းသို့ သွားရောက်စဉ် ဘန် ကောက်မြို့အသွားလမ်းသို့ လမ်းမှားရောက်ရှိစဉ် ဖမ်းဆီးခံရပြီးနောက် ထိုင်းလူဝင်မှုကြီးကြပ်မှ ချုပ်နှောင်ထိန်းသိမ်းခံခဲ့ရခြင်း ဖြစ်သည်။

ထိုသို့ဖမ်းဆီးခံထားရစဉ် သက်ဆိုင်ရာတာဝန်ရှိသူများက ၎င်းတို့ပြန်လည်လွတ်မြောက်ရေး ကြိုးပမ်းဆောင်ရွက်လျှက်ရှိသော်လည်း ထိုင်းအာဏာပိုင်များအနေဖြင့် ဧပြီ ၄ ရက်နေ့ မနက်အစောပိုင်းတွင် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်(BGF)ထံသို့ ၎င်းတို့သုံးဦးအား မြဝတီမြို့တောင်ဘက်ရှိ အင်ကြင်းမြိုင်ကျေးရွာလေဆိပ်ဂိတ်မှတဆင့် လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ လွှဲပြောင်းပေးပို့စဉ် အရပ်ဝတ်ဖြင့်လိုက်ပါခဲ့ရသည့် Lion battalion တပ်ဖွဲ့ဝင်သုံးဦးအနက် ကိုသီဟနှင့်စောဖြိုးလေးတို့မှာ သောင်ရင်းမြစ်လယ်အရောက်တွင် လှေပေါ်မှ ထွက်ပြေးရန် ကြိုးပမ်းသည့်အတွက် မြန်မာဘက်ခြမ်းတွင် စောင့်ဆိုင်းနေသည့် BGF တပ်ဖွဲ့ဝင်များက ပစ်ခတ်မှုများပြုလုပ်ခဲ့ရာ သေနတ်ဒဏ်ရာများရရှိပြီး ပြန်လည်ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းလည်း လတ်တလောသိရှိရသည်။

လက်ရှိတွင် အဆိုပါ လွှဲပြောင်းမှုကြောင့် စစ်ကောင်စီထံတွင် ဖမ်းခံထားရသူ သုံးဦးအား မည်သည့်နေရာတွင် ဖမ်းဆီးချုပ်နှောင်ထားကြောင်း စစ်ကောင်စီဘက်က ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။

ဦးနေဘုန်းလတ်က “ ရတဲ့သတင်းတွေက အတည်ပြုဖို့တော့ ခက်တယ်၊ နောက်ဆုံးရတဲ့ သတင်းကတော့ သုံးယောက်လုံး အသက်ရှင်နေ သေးတယ်လို့ သိထားရတယ်” ဟု ပြောသည်။

ထိုင်းလဝကက မြန်မာစစ်တပ်ဆီ လက်လွှဲပေးခဲ့တဲ့ Lion battalion တပ်ဖွဲ့ဝင် ၃ ဦး

ယခုကဲ့သို့ ထိုင်းအာဏာပိုင်များ၏လုပ်ရပ်သည် စစ်ကောင်စီ၏ အကြမ်းဖက်ဖိနှိပ်မှုနှင့် အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံအတွင်းသို့ ရွှေ့ပြောင်းခိုလှုံရောက်ရှိနေသော မြန်မာနိုင်ငံသားများ၏ အသက်အန္တရာယ်နှင့် လုံခြုံရေးအား ခြိမ်းခြောက်လာနေသည့် ကိစ္စရပ်တခုဖြစ်ပြီး အလားတူဖြစ်ရပ်များ ထပ်မံမဖြစ်ပွားစေရေး ဦးစားပေးအနေဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ညှိနှိုင်းကာ လုပ်ဆောင်သွား မည်ဖြစ်ကြောင်းလည်း NUG ကပြောသည်။

စစ်ကောင်စီထံ ဖမ်းဆီးလွှဲပြောင်းခြင်းခံရသူ သုံးဦး၏ မိခင်အဖွဲ့အစည်းဖြစ်သော Lion battalion တပ်ဖွဲ့ဘက်က ယခုကိစ္စရပ် အပေါ်တွင် တရားစွဲဆိုနိုင်ရန် ထိုင်းအခြေစိုက်အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်လျှက်ရှိကြောင်း ထုတ်ဖော်ပြောဆိုမှုများရှိသော်လည်း မည်သို့ဆောင်ရွက်မည်ကို အသေးစိတ်ပြောဆိုခြင်း မရှိသေးပေ။

အာဏာသိမ်းစစ်တပ်အနေဖြင့် စတင်အာဏာသိမ်းချိန်ကတည်းက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရအဖွဲ့ခေါင်းဆောင်များ၊ ၎င်းတို့အား ဆန့်ကျင်သည့် တက်ကြွလှုပ်ရှားသူများအား အကြမ်းဖက်ဖမ်းဆီးကာ စစ်ကြောရေးစခန်းများတွင် နှိပ်စက်မှုများကြောင့် အချို့မှာ အသက်သေဆုံးမှုနှင့် ကိုယ်အင်္ဂါပျက်စီးမှုများရှိနေသည်။

ထိုကဲ့သို့သော အခြေအနေများကြောင့် ထိုင်းအစိုးရအာဏာပိုင်များအနေဖြင့် ထိုင်းနိုင်ငံဘက်တွင် လာရောက်တိမ်းရှောင်ခိုလှုံနေရသည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအား ပြန်လည်လွှဲပြောင်းမှု မပြုရေး မူဝါဒအား တရားဝင်ကြေညာကာ အခြားသော အာဆီယံနိုင်ငံများ အနေဖြင့်လည်း အဆိုပါမူဝါဒအား ကျင့်သုံးကြရန် လုပ်ဆောင်သင့်ကြောင့်လည်း ထိုင်းနိုင်ငံအခြေစိုက် ဘန်ဘောက်ပို့စ်သတင်းဌာနက အယ်ဒီတာ့အာဘော်အနေဖြင့် ဇန်နဝါရီလအတွင်းက သတိပေးရေးသားဖော်ပြခဲ့သည်။

အဆိုပါ အယ်ဒီတာ့အာဘော်တွင် “ တက်ကြွလှုပ်ရှားသူတွေကို ပြန်ပို့တာဟာ လူ့အခွင့်အရေး ချိုးဖောက်မှုကြီးနဲ့ အတူတူပါပဲ”ဟုလည်း ထောက်ပြထားသည်။

အာဏာသိမ်းစစ်ကောင်စီလက်အောက်တွင် ဖမ်းဆီးခံရသူများမှာ သေဒဏ်ပေးကွပ်မျက်ခံရနိုင်သည့် အခြေအနေအထိ ရင်ဆိုင်ကြုံတွေ့ရနိုင်သည့် အနေ အထားတွင် ထိုင်းအာဏာပိုင်များအနေဖြင့် ၎င်းတို့နိုင်ငံဘက်ခြမ်းတွင် ဖမ်းဆီးခံရသူများ ယခုကဲ့သို့ စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းသည့် လုပ်ရပ်နှင့် ပတ်သက်ပြီး ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများက ဝေဖန်မှုများလည်း ရှိနေသည်။

အမျိုးသားညီညွှတ်ရေးအစိုးရအနေဖြင့်လည်း စစ်ကောင်စီ၏အကြမ်းဖက်မှုများကြောင့် ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းခိုလှုံနေရသူ မြန်မာနိုင်ငံသားများ၏ လုံခြုံရေးနှင့်ပတ်သက်ပြီး ထိုင်းအစိုးရနှင့်တရားဝင် တွေ့ဆုံညှိနှိုင်းဖြေရှင်းနိုင်ရန် ကြိုးပမ်းလျှက်ရှိကြောင်းနှင့် ထိုင်းအစိုးရအနေဖြင့်လည်း မြန်မာပြည်သူများ၏ အသံအား နားထောင်ပေးဖို့လည်း တိုက်တွန်းလိုကြောင်း NUG ကပြောသည်။

You may also like these stories:

မြန်မာအကျပ်အတည်း ဖြေရှင်းရေး ASEAN အချိန်နည်းလာ

ဒီမိုကရေစီ ထောက်ခံသူအားလုံးကို ဘယ်သူမှမကျန်အောင် လုပ်တဲ့ Democide ပါ

ပိုမိုကြီးမားသောတာဝန်အတွက် လွတ်မြောက်မှုစစ်ဆင်ရေး

ရွှေဘိုသို့ အိမ်အပြန်တခေါက်

လျှပ်စစ်မီးနှင့် ရေပြတ်လပ်မှုဒဏ် ပြည်သူများ ဆိုးရွားစွာခံနေရ

Your Thoughts …
Tags: Lion BattalionNUG ကန့်ကွက်PDF သုံးဦးစစ်ကောင်စီလက်အပ်ထိုင်းအာဏာပိုင်များ လုပ်ရပ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

KNU/KNLA-PC ဗိုလ်ချုပ်စောအယ်ခူ

ဗိုလ်ချုပ်စောအယ်ခူ ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့သလား

by ဧရာဝတီ
12 April 2023
13.8k

ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ၏ စစ်ရေးချုပ်ဖြစ်သူ အသက် ၆၀ နှစ်အရွယ် ဗိုလ်ချုပ်စောအယ်ခူသည် ဧပြီလ ၁၁ ရက်တွင် လက်ပစ်ဗုံးနှစ်လုံးဖြင့် မိမိကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ခြင်းဖြစ်ကြောင်း KNLA-PC ကပြောသည်။

ကျုံဒိုးမြို့၊ ကမ်းနီရွာတွင် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် မီးလောင်ပျက်စီးမှုတချို့နှင့် တိမ်းရှောင်နေရသည့် ဒေသခံများ  / ဒေါနခရီးသွားဧည့်သည်

ကရင်ပြည်နယ် ကျုံဒိုးမြို့နယ်၌ တိုက်ပွဲများ ပြင်းထန်နေ

by ဧရာဝတီ
25 January 2023
4.8k

လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဇန်နဝါရီလ ၂၃ ရက်တွင် လူသေဆုံးမှုများရှိခဲ့ပြီး လက်နက်ကြီး ပေါက်ကွဲ မှုများ ဆက်တိုက်ဖြစ်လာသဖြင့် ကမ်းနီ၊ သရက်တော၊ ကော့ဘိန်း၊ ဂျိုင်းနှင့် မိဂလုံ စသည့်ရွာများမှ ဒေသခံ ၁၀၀၀ ခန့် ဘေးလွတ်ရာ...

Next Post
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလက စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၆၅) ၏ စစ်လက်ရုံးရွေးချယ်ပွဲသို့ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်ရွေးချယ်စဉ်

ငါ့သားများ စစ်ထဲဝင်ရင်လေ (၃)

အရပ်သားအစိုးရလက်ထက် ၂၀၁၆ ခုနှစ် အကယ်ဒမီဆုပေးပွဲမြင်ကွင်း / ဧရာဝတီ

အကယ်ဒမီပွဲတက်ရန် အနုပညာရှင်များကို စစ်ကောင်စီ ဖိအားပေးနေ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved