အင်ဒိုနီးရှားနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်စဉ်အတွင်း မြန်မာပြဿနာနှင့် ပတ်သက်သည့် တိုးတက်မှုရရန် အခွင့်အလမ်း အကန့်အသတ်ဖြင့်သာ ရှိနေပြီး အခွင့်အလမ်းကလည်း နဂိုကတည်းက နည်းနေပြီးသား ဖြစ်နေသည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ASEAN ဘုံသဘောတူညီချက် ၅ ချက်ကို ဆက်လက် ချိုးဖောက်နေလျှင် အချိန်ကာလ ကန့်သတ်ရန် လိုပြီး အင်ဒိုနီးရှားသည် ထိုအစီအစဉ်ကို ဦးဆောင်ရန် အကောင်းဆုံး အနေအထားတွင် ရှိနေသည်။
ASEAN သည် မြန်မာမှ အကျပ်အတည်းကို လူသားချင်းစာနာမှု အကျပ်အတည်းသဖွယ် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ပြီး မြန်မာ၏ နယ်နိမိတ်အတွင်း သေသေသပ်သပ် ထိန်းချုပ်ကာ အခြေအနေ ကောင်းမွန်အောင် လုပ်ဆောင်ရမည့် ပြဿနာအဖြစ် ယနေ့တိုင် ဆက်လက်ကိုင်တွယ်နေသည်။ ထိုသို့ လုပ်ဆောင်နေခြင်းကို အကောင်းဆုံးပြောရပါက ထင်ယောင်ထင်မှား ဖြစ်နေခြင်းဟု ဆိုနိုင်သည်။ အဆိုးဆုံးပြောရပါက ASEAN သည် မင်းအောင်လှိုင် စစ်အုပ်စုက မြန်မာပြည်သူများအပေါ် ကျူးလွန်နေသည့် အစုလိုက်အပြုံလိုက် နှိပ်စက်မှုတွင် ကြံရာပါဖြစ်နေသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ တခုတည်းသော ရည်မှန်းချက်မှာ စစ်ကောင်စီကို ခေါင်းဆောင်ပြီး မြန်မာတွင် သူ၏ အုပ်ချုပ်ရေးကို ထူထောင်ရန် ဖြစ်သည်။ နိုင်ငံ မည်မျှ ပျက်စီးစေ သို့မဟုတ် လူ မည်မျှ သတ်ရစေကာမူ ဆက်လက် အကောင်အထည်ဖော်မည့် ရည်မှန်းချက်ဖြစ်သည်။ ထိုအချက်သည် ကနဦးကပင် ရှင်းရှင်းလင်းလင်း ဖော်ပြနေသည့်အချက်ဖြစ်ပြီး လွန်ခဲ့သော နှစ်နှစ်က သူ သဘောတူခဲ့သော ဘုံသဘောတူညီချက် ၅ ချက်ကို မင်းအောင်လှိုင် ရုတ်တရက် လိုက်နာလာမည်ဟု မျှော်လင့်နေသည့် ASEAN ၏ အချည်းနှီးသော ယူဆချက်မှာ မဖြစ်နိုင်လောက်အောင် ထူးခြားသည့် အယူအဆဖြစ်သည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ တခုတည်းသော ရည်မှန်းချက်မှာ စစ်ကောင်စီကို ခေါင်းဆောင်ပြီး မြန်မာတွင် သူ၏ အုပ်ချုပ်ရေးကို ထူထောင်ရန် ဖြစ်သည်။ နိုင်ငံ မည်မျှ ပျက်စီးစေ သို့မဟုတ် လူ မည်မျှ သတ်ရစေကာမူ ဆက်လက် အကောင်အထည်ဖော်မည့် ရည်မှန်းချက်ဖြစ်သည်။
စစ်ကောင်စီတွင် သေနင်္ဂဗျူဟာ တခုတည်းသာရှိပြီး ထိုသေနင်္ဂဗျူဟာမှာ ကျယ်ပြန့်ပြီး စနစ်ကျသည့် ရက်စက်ကြမ်းကြုတ်မှုများမှတဆင့် ပြည်သူလူထုကို အကြမ်းဖက်ရန်သာဖြစ်သည်။ လက်ရှိ အခြေအနေအထိ ထိုသေနင်္ဂဗျူဟာသည် ကျဆုံးနေသည်။ ပြင်းထန်သောဒုက္ခများ ခံစားနေရသော်လည်း တော်လှန်ရေးကို ပြည်သူများ၏ ထောက်ခံမှုသည် ပိုမိုခိုင်မာနေပြီး စစ်ကောင်စီ၏ ယုတ်မာရိုင်းစိုင်းမှုကို တုံ့ပြန်သည့် နိုင်ငံတဝန်း လက်နက်ကိုင် ခုခံတော်လှန်မှုသည် တဖြည်းဖြည်း အရှိန်မြင့်မားလာနေသည်။ အရပ်သားပစ်မှတ်များကို အကြီးအကျယ် ဗုံးကြဲတိုက်ခိုက်ခြင်းကို စစ်ကောင်စီက ပိုမို အားကိုးလာရခြင်းသည် မြေပြင်တွင် ထိန်းချုပ်နိုင်မှု အကြီးအကျယ် ဆုံးရှုံးနေခြင်းကို ပြသနေသည်။
သို့သော် စစ်ကောင်စီကြောင့် ဖြစ်စေသည့် ဒုက္ခအတိုင်းအတာသည် တုန်လှုပ်ဖွယ် ကောင်းသည်။ ယခုနှစ်အတွင်း မြန်မာတွင် လူသားချင်း စာနာမှုအကူအညီ လိုအပ်သူ အရေအတွက် အကြမ်းဖျဉ်းတွက်ချက်မှုမှာ ၁၇ ဒသမ ၆ သန်းရှိပြီး လူဦးရေ ၁၅ ဒသမ ၂ သန်းသည် အစားအစာ မလုံမလောက် ဖြစ်နေသည်။ လူအနည်းဆုံး တသန်းခွဲသည် ပြည်တွင်း နေရပ်စွန့်ခွာနေရသူများ ဖြစ်နေပြီး နေ့စဉ် ထောင်ပေါင်းများစွာသော လူများသည် အိမ်နီးချင်း ထိုင်းနှင့် အိန္ဒိယတွင် ခိုလှုံနေရသည်။ ထို့အပြင် ဘင်္ဂလားဒေ့ရှ်တွင်လည်း ရိုဟင်ဂျာ ဒုက္ခသည် တသန်းကျော် ရှိနေသေးသည်။
မြန်မာပြည်သူများသည် စစ်ကောင်စီ၏ အကြမ်းဖက်မှုများမှ နိုင်ငံတကာအသိုက်အဝန်း၏ အကာအကွယ်နှင့် ထောက်ခံမှုကို တောင်းခံနေသည်မှာ နှစ်နှစ်ကျော်ကြာပြီဖြစ်သည်။ ယခုအခါ ၎င်းတို့သည် သစ္စာဖောက်ခံရသည်ဟု ခံစားနေရသည်။
မြန်မာပြည်သူများသည် စစ်ကောင်စီ၏ အကြမ်းဖက်မှုများမှ နိုင်ငံတကာအသိုက်အဝန်း၏ အကာအကွယ်နှင့် ထောက်ခံမှုကို တောင်းခံနေသည်မှာ နှစ်နှစ်ကျော်ကြာပြီဖြစ်သည်။ ယခုအခါ ၎င်းတို့သည် သစ္စာဖောက်ခံရသည်ဟု ခံစားနေရသည်။
အင်ဒိုနီးရှားသည် ထိုသို့သော ကျက်သရေ ကင်းမဲ့သည် တရားမမျှတမှုကို ဆက်လက်ခွင့်ပြုနိုင်မည် မဟုတ်ပေ။ မြန်မာစစ်ကောင်စီ၏ အကြမ်းဖက်မှုများကို အဆုံးသတ်ခြင်းသည် အနိမ့်ဆုံး ရည်မှန်းချက်သာ ဖြစ်သော်လည်း ASEAN သည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပေါ် လုံလောက်သော သြဇာသက်ရောက်မှု မရှိပေ။ အင်ဒိုနီးရှားသည် ASEAN အဖွဲ့ဝင်များသာမက ဒီမိုကရေစီ မဟာမိတ်များဖြစ်သည့် ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျနှင့် နယူးဇီလန်သာမက မြန်မာ၏ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ပါ ပါဝင်သည့် ဒေသတွင်း တုံ့ပြန်မှုတခုကို ဦးဆောင်သင့်သည်။
တရုတ်နှင့် အိန္ဒိယပါဝင်မှုကို ကြိုးစားသင့်သော်လည်း ထိုနှစ်နိုင်ငံသည် မင်းအောင်လှိုင်၏ တပ်များက ရက်စက်ကြမ်းကြုတ်မှုများ ဆက်လက် ကျူးလွန်ရန် လက်နက်များ မပြတ် ထောက်ပံ့နေသောကြောင့် မဖြစ်နိုင်ပေ။ ထို ASEAN-Plus အစီအစဉ်၏ ဦးတည်ချက်သည် စစ်ကောင်စီအတွက် ရှင်းလင်းပြတ်သားသော သတ်မှတ်ချက်များ၊ မလိုက်နာပါက အချိန်အခါအလိုက် ဖြစ်လာမည့် အကျိုးဆက်များနှင့် စစ်ကောင်စီ အကြမ်းဖက်မှု ရပ်ဆိုင်းရေးသာ ဖြစ်သင့်သည်။
တချိန်တည်းတွင် ASEAN သည် သက်ဆိုင်သူအားလုံးနှင့် အထူးသဖြင့် မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ၎င်း၏မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ မြန်မာလူမှုအခြေပြု အဖွဲ့အစည်းများနှင့် ဒီမိုကရေစီလှုပ်ရှားမှုမှ အခြားသူများကို စတင် ထိတွေ့ဆက်ဆံရမည် ဖြစ်သည်။
ASEAN သည် သက်ဆိုင်သူအားလုံးနှင့် အထူးသဖြင့် မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ၎င်း၏မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ မြန်မာလူမှုအခြေပြု အဖွဲ့အစည်းများနှင့် ဒီမိုကရေစီလှုပ်ရှားမှုမှ အခြားသူများကို စတင် ထိတွေ့ဆက်ဆံရမည် ဖြစ်သည်။
ထို့အပြင် ASEAN နှင့် ကုလသမဂ္ဂသည် မြန်မာပြည်တွင်းမှ သက်ဆိုင်သူများ၊ ထိုင်းနယ်စပ်အပါအဝင် ခုခံတော်လှန်ရေး အင်အားစု ထိန်းချုပ်ဒေသများမှ လူများ၊ လိုအပ်ချက်များနှင့် အပြင်းအထန် ရင်ဆိုင်နေရသူ သန်းပေါင်းများစွာကို ထောက်ပံ့နေသူများနှင့် တိုက်ရိုက် လူသားချင်းစာနာမှု အကူအညီများကို အလျင်အမြန် ညှိနှိုင်းရန်လိုသည်။
ထိုနည်းလမ်းသည် ဒုက္ခများစွာ ရင်ဆိုင်နေရသော ပြည်သူများ ပိုမိုဒုက္ခရောက်စေရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရည်ရွယ်ချက်ရှိရှိ ကန့်သတ်နေသည့် မြန်မာနိုင်ငံ ဒေသအသီးသီးသို့ အကူအညီများ ရောက်ရှိမည့် တခုတည်းသော နည်းလမ်းသာဖြစ်သည်။ ASEAN နှင့် ကုလသမဂ္ဂသည် အကူအညီများ မျှဝေခြင်းနှင့် ပတ်သက်ပြီး စစ်ကောင်စီကို ထိန်းချုပ်မှု အပြည့်အဝ ဆက်လက်ပေးအပ်ပါက ၎င်းတို့သည် မင်းအောင်လှိုင်၏ ရက်စက်ကြမ်းကြုတ်မှု သေနင်္ဂဗျူဟာကို အောင်မြင်အောင် လုပ်ဆောင်ပေးခြင်းသာ ဖြစ်သည်။
အင်ဒိုနီးရှားသည် ASEAN ဥက္ကဋ္ဌတာဝန်ကို ဆက်လက်ထမ်းဆောင်ရန် အချိန် ၁၀ လပင် မရှိတော့ဘဲ ထို့နောက်တွင် ဥက္ကဋ္ဌတာဝန်ကို လာအိုသို့ လွှဲပေးရတော့မည်ဖြစ်သည်။ အချိန်သိပ်မကျန်တော့ပေ။
ယခုနှစ်မကုန်မီ ASEAN သည် မြန်မာအကျပ်အတည်းတွင် ခိုင်မာသောတိုးတက်မှု မရပါက အကျပ်အတည်းကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ လွှဲပြောင်းပေးအပ်သင့်သည်။ လုံခြုံရေးကောင်စီသည် ဒီဇင်ဘာလက မြန်မာနှင့် ပတ်သက်သည့် ပထမဆုံး ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။ ထိုအခါ လုံခြုံရေးကောင်စီသည် ကုလသမဂ္ဂ ပဋိညာဉ် အခန်း ၇ အရ အပါအဝင် နည်းလမ်းအားလုံးကို စိတ်တိုင်းကျသုံးပြီး မြန်မာပြည်သူများကို စစ်ကောင်စီထံမှ အကာအကွယ်ပေးရန် လုပ်ဆောင်ရမည်ဖြစ်သည်။
အင်ဒိုနီးရှားသည် ASEAN ဥက္ကဋ္ဌတာဝန်ကို ဆက်လက်ထမ်းဆောင်ရန် အချိန် ၁၀ လပင် မရှိတော့ဘဲ ထို့နောက်တွင် ဥက္ကဋ္ဌတာဝန်ကို လာအိုသို့ လွှဲပေးရတော့မည်ဖြစ်သည်။ အချိန်သိပ်မကျန်တော့ပေ။
(The Jakarta Post မှ Marzuki Darusman, Yanghee Lee နှင့် Chris Sidoti တို့၏ The clock is ticking for ASEAN on Myanmar ကို ဘာသာပြန် ဖော်ပြသည်။ မာဇူကီ ဒါရပ်စ်မင်း၊ ယန်ဟီးလီနှင့် ခရစ် စီဒေါ့တီတို့သည် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAM-C) ကို တည်ထောင်သူ အဖွဲ့ဝင်များဖြစ်သည်။ ထိုအဖွဲ့သည် မြန်မာတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုအပြီး မြန်မာပြည်သူများ၏ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ တရားမျှတမှုနှင့် တာဝန်ခံမှုအတွက် တိုက်ပွဲတွင် ထောက်ခံရန် စုစည်းခဲ့သည့် နိုင်ငံတကာကျွမ်းကျင်သူများ၏ လွတ်လပ်သော အဖွဲ့အစည်းဖြစ်သည်။)
You may also like these stories:
မြန်မာအကျပ်အတည်း အင်ဒိုနီးရှားဗိုလ်ချုပ်ဟောင်း ကယ်နိုင်မည် မဟုတ်
ငြိမ်းချမ်းရေး အကောင်အထည်ဖော်ရန် စစ်ကောင်စီကို အင်ဒိုနီးရှားနှင့် မလေးရှား တိုက်တွန်း
မြန်မာကို ASEAN မှ ဖဲ့ထုတ်ပစ်ရန် မလေးရှားဝန်ကြီးချုပ် အကြံပြုချက် ခက်ခဲမည်
မြန်မာ့အိမ်နီးချင်းများ စစ်ကောင်စီကို ပစ်ပယ်ရန် အချိန်ကျပြီ
ASEAN ၏ မြန်မာဆိုင်ရာ ခြေလှမ်းသစ်