• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အမေရိကန် အစိုးရဝန်ထမ်းများ နုတ်ထွက်ရန် ထရမ့် တွန်းအားပေး

by ဧရာဝတီ
30 January 2025
in သတင်း
A A
အမေရိကန် အစိုးရဝန်ထမ်းများ နုတ်ထွက်ရန် ထရမ့် တွန်းအားပေး

ဝါရှင်တန်ဒီစီက အစိုးရဌာနများကို အကြီးအကျယ် လျှော့ချရန် သမ္မတ ထရမ့်က တာဝန်ပေးထားသည့် ဘီလျံနာ မစ္စတာ အီလွန်မတ်စ်ခ်၏ “အစိုးရစွမ်းဆောင်ရည်ဌာန (DOGE)” နှင့် ပတ်သက်သည့် လက္ခဏာကို ပြသနေသည်/ AFP

2.8k
VIEWS
Share on FacebookShare on Twitter

ဖက်ဒရယ်ဝန်ထမ်းများ အစုလိုက်အပြုံလိုက် နုတ်ထွက်ရန် ထရမ့်အစိုးရက တွန်းအားပေးခြင်းကို ဖက်ဒရယ်ဝန်ထမ်းများနှင့် ၎င်းတို့၏ အကျိုးဆောင်များက ဇန်နဝါရီလ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ရှုတ်ချလိုက်သည်။

ဇန်နဝါရီလ ၂၈ ရက်နေ့တွင် အမေရိကန် ဝန်ထမ်းစီမံခန့်ခွဲမှုရုံး (OPM) သည် ၎င်း၏ ဝန်ထမ်း ၃ သန်းနီးပါးအနက် အားလုံးနီးပါးကို အီးမေးလ်တစောင်စီ ပေးပို့ပြီး ရွှေ့ဆိုင်း နုတ်ထွက်ရန် ကမ်းလှမ်းကာ အလုပ် ဆက်လုပ်ပါက ၎င်းတို့ကို အလုပ်ဖြုတ်မည် သို့မဟုတ် အခြားနေရာတွင် တာဝန်ပြောင်းပေးမည်ဟု သတိပေးသည်။

ထိုသတင်းစကားသည် ဝါရှင်တန်ဒီစီက အစိုးရဌာနများကို အကြီးအကျယ် လျှော့ချရန် သမ္မတ ထရမ့်က တာဝန်ပေးထားသည့် ဘီလျံနာ မစ္စတာ အီလွန်မတ်စ်ခ်၏ “အစိုးရစွမ်းဆောင်ရည်ဌာန (DOGE)” နှင့် ပတ်သက်သည့် လက္ခဏာကို ပြသနေသည်။

မစ္စတာ ထရမ့်သည် ပိုမိုသေးငယ်ပြီး ပိုမို အလုပ်ဖြစ်နိုင်သည့် အစိုးရဖြစ်ရမည်ဟု ကတိပေးသည့် ပထမဆုံးသမ္မတ မဟုတ်သော်လည်း ရာထူးအဆင့်အတန်းကို အလေးမထားဘဲ ဖက်ဒရယ်ဝန်ထမ်းများကို လျှော့ချရန် အားထုတ်မှုသည် စိုးရိမ်မှုများ ဖြစ်ပေါ်စေသည်။

“ဖက်ဒရယ်ဝန်ထမ်းတွေ နုတ်ထွက်စေဖို့ အားပေးတဲ့ ထရမ့်အစိုးရရဲ့ မကြာသေးမီက အားထုတ်မှုဟာ စိတ်ရှုပ်ထွေးစရာကောင်းပြီး တရားဝင်မှုကို မေးခွန်းထုတ်စရာရှိသလို အန္တရာယ်လည်းများတယ်” ဟု ပြည်သူ့ဝန်ထမ်းများအတွက် အကျိုးဆောင်ဖြစ်သည့် အများပြည်သူ ဝန်ဆောင်မှု မိတ်ဘက်အဖွဲ့အစည်း ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် မစ္စတာ မက်စ် စတိုင်ယာက ပြောသည်။

“အမေရိကန် ပြည်သူတွေဟာ ဘေးကင်းလုံခြုံစွာ လေကြောင်းခရီးသွားဖို့၊ စစ်ပြန်တွေနဲ့ သက်ကြီးရွယ်အိုတွေ အကျိုးခံစားခွင့်ရဖို့၊ အစားအစာနဲ့ရေ ဘေးကင်းစေဖို့၊ အများပြည်သူ ကျန်းမာရေးကို ကာကွယ်ဖို့၊ သဘာဝဘေးအန္တရာယ်ကနေ ကာကွယ်ဖို့နဲ့ တရားဥပဒေစိုးမိုးရေးအတွက် ဖက်ဒရယ်ဝန်ထမ်းတွေကို အားကိုးနေရတယ်။ အခုလို ကျွမ်းကျင်သူတွေကို သေနင်္ဂဗျူဟာ မကျတဲ့နည်းလမ်းနဲ့ ဖယ်ရှားတာဟာ ကျနော်တို့ အားလုံးကို အကြီးအကျယ် အန္တရာယ် ဖြစ်စေနိုင်တယ်” ဟုလည်း ၎င်းကပြောသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
19
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
668
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
195

OPM က ဖက်ဒရယ်ဝန်ထမ်းများထံ ပေးပို့သည် အီးမေးလ်တွင် “ရွှေ့ဆိုင်း နုတ်ထွက်ခြင်း” သည် ဝန်ထမ်းများ ရာထူးနေရာကို ဆက်လက် ထိန်းသိမ်းထားနိုင်သည့် စက်တင်ဘာလကုန်တွင် စတင်သက်ဝင်မည် ဖြစ်သည်။

ထိုကမ်းလှမ်းမှုသည် စာတိုက်ဝန်ထမ်းများ၊ စစ်သားများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား လုံခြုံရေး ဝန်ထမ်းများမှအပ ဖက်ဒရယ်ဝန်ထမ်းအားလုံး အကျုံးဝင်သည်။ အလုပ်ဆက်လုပ်သည့် ဝန်ထမ်းများသည် “လက်ရှိ အချိန်တွင် မိမိတို့သည် သင်၏ရာထူး သို့မဟုတ် ဌာန၏ သေချာရေရာမှုကို အပြည့်အဝ အာမခံချက် မပေးနိုင်သော်လည်း သင်၏ရာထူးနေရာကို ပယ်ဖျက်လိုက်သည့်တိုင် သင့်ကို ဂုဏ်သိက္ခာရှိစွာ ဆက်ဆံမည်ဖြစ်ပြီး ထိုရာထူးများအတွက် အကာအကွယ်ပေးမည်” ဟု ထိုအီးမေးလ်တွင် ဖော်ပြထားသည်။

ထရမ့်အစိုးရသည် “ဝန်ထမ်းများ ဆက်လက် တာဝန်ထမ်းလိုသည့်တိုင် မထမ်းဆောင်နိုင်အောင် အဆိပ်သင့်သည့် မွှေနှောက်သော ပတ်ဝန်းကျင်” ကို ဖန်တီးရန် ကြိုးစားနေကြောင်း ဖက်ဒရယ်ဝန်ထမ်းများ၏ အကြီးမားဆုံး သမဂ္ဂဖြစ်သော အမေရိကန် အစိုးရဝန်ထမ်းများ အဖွဲ့ချုပ် ဥက္ကဋ္ဌ မစ္စတာ အဲဗားရက် ကယ်လီက သတိပေးသည်။

“ပြည်သူ့ဝန်ထမ်း အရေအတွက်က ၁၉၇၀ ပြည့်နှစ်ကတည်းက မပြောင်းလဲပေမယ့် အစိုးရဝန်ဆောင်မှုကို အားကိုးတဲ့ အမေရိကန် အရေအတွက်က ခေတ်အဆက်ဆက်ထက် အများဆုံး ဖြစ်နေတယ်။ ဘဝကို မြှုပ်နှံလုပ်ကိုင်နေတဲ့ ဖက်ဒရယ်ဝန်ထမ်းတွေကို ဖက်ဒရယ်အစိုးရကနေ ထုတ်ပယ်တာဟာ အလုပ်ဖြစ်တဲ့ ဖက်ဒရယ်အစိုးရကို မှီခိုနေရတဲ့ အမေရိကန်တွေအတွက် ဖရိုဖရဲဖြစ်စေမယ့် ကြီးမားပြီး မရည်ရွယ်တဲ့ အကျိုးဆက်တွေဖြစ်စေလိမ့်မယ်” ဟု မစ္စတာ ကယ်လီက ပြောသည်။

ထိုအီးမေးလ်ကြောင့် ဖြစ်လာသည့် ဖရိုဖရဲအခြေအနေများသည် စကားလုံး သုံးနှုန်းရာတွင် အီလွန်မတ်စ်ခ်၏ ပါဝင်ပတ်သက်မှု လက္ခဏာများ ပြသနေသည်။ ထိုအီးမေးလ်၏ အကြောင်းအရာ စာကြောင်းတွင် “ဝိရောဓိ အခြေအနေ” ဟု ဖော်ပြထားပြီး ၂၀၂၂ ခုနှစ်က Twitter ဟုခေါ်သည့် လူမှုကွန်ရက်ကို မတ်စ်ခ် ဝယ်ယူစဉ်က ဝန်ထမ်းများကို ပေးပို့ပြီး အများအပြားကို အလုပ်မှထုတ်သည့်စာနှင့် တူညီနေသည်ဟု ယခင်က မတ်စ်ခ်၏ ကုမ္ပဏီများအနက်တခုတွင် လုပ်ကိုင်ခဲ့ဖူးသည့် OPM အရာရှိချုပ် အမန်ဒါ စကေးလ်က ပြောသည်။

ကိုးကား ။ ။ The Guardian သတင်း Federal workers decry Trump attempt to force mass resignations as ‘cruel joke’

You may also like these stories:

ထရမ့်၏ အမိန်ကို မလိုက်နာသောကြောင့် USAID အရာရှိများကို ခွင့်ယူခိုင်း

WHO မှ အမေရိကန် နုတ်ထွက်ရန် ထရမ့် အမိန့်ထုတ်

ထရမ့်မူဝါဒကြောင့် ထိုင်းနယ်စပ် မြန်မာဒုက္ခသည်စခန်းမှ ဆေးရုံများ ရပ်တန့်

ထရမ့် ခန့်မည့် ကာကွယ်ရေးဝန်ကြီးက အာဆီယံနိုင်ငံများကို မသိသော်လည်း

တရားရုံးက ကြားဖြတ် မတားဆီးခင် ထရမ့်အမိန့်ကြောင့် အမေရိက ကမောက်ကမဖြစ်

Your Thoughts …
Tags: OPMကိုဗစ်နိုင်တင်းကျန်းမာရေးတရားဥပဒေစိုးမိုးရေးဒေါ်နယ် ထရမ့်ပြည်သူ့ဝန်ထမ်းသဘာဝဘေးအန္တရာယ်အမေရိကန်အီလွန်မတ်စ်ခ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

ငလျင်နိမိတ်က စစ်ကောင်စီ နိဂုံးချုပ်ဖို့လား

ငလျင်နိမိတ်က စစ်ကောင်စီ နိဂုံးချုပ်ဖို့လား

by Hannah Beech
1 April 2025
22.3k

ယခု နောက်ဆုံးကပ်ဆိုးသည် အစိုးရ အပြောင်းအလဲဖြစ်မည့် နိမိတ် ဟုတ်၊ မဟုတ် မေးခွန်းထုတ်နေကြသည်။

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.4k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

ဟားမားစ် တိုက်ခိုက်မည်ကို အစ္စရေးနှင့် အမေရိကန် ဘာ့ကြောင့် မသိသနည်း

by ဧရာဝတီ
9 October 2023
19.1k

အစ္စရေးမှ မကြာသေးမီက ပြည်တွင်းနိုင်ငံရေး ဖရိုဖရဲအခြေအနေများသည် ယခုထောက်လှမ်းရေး ပျက်ကွက်မှုတွင် ပါဝင်ပတ်သက်နေခြင်း ရှိမရှိ မေးခွန်းထုတ်ရမည်

စစ်ကောင်စီ ၆ လ သက်တမ်းတိုး ဦးမြင့်ဆွေ ဖတ်မပြနိုင်တော့ပြီ

by အောင်သူရ
22 July 2024
18.5k

ယာယီ သမ္မတ ဦးမြင့်ဆွေ အာရုံကြောအားနည်းရောဂါမှာ တိုးတက်ကောင်းမွန်လာခြင်း မရှိသဖြင့် အနီးကပ်စောင့်ကြည့်နေရကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

by ဟိန်းထူးဈာန်
8 March 2025
15.4k

၂၀ နီးပါးရှိသည့် ခရိုနီကိုယ်စားလှယ်အဖွဲ့မှ စီးပွားရေးသမားများတွင် ကိုးဦးကို ဧရာဝတီသတင်းဌာနက ထိုခရီးစဉ်ကိုသိသည့် သတင်းရင်းမြစ်များနှင့် သတင်းများကို အခြေခံပြီး ဖော်ထုတ်နိုင်ခဲ့သည်။

Next Post
နယ်စပ်ဆေးရုံများ ကုသမှုရပ်ဆိုင်းပြီးနောက် အရေးပေါ်လူနာ တချို့သေဆုံး

နယ်စပ်ဆေးရုံများ ကုသမှုရပ်ဆိုင်းပြီးနောက် အရေးပေါ်လူနာ တချို့သေဆုံး

စစ်ကို ခေါ်၍ စစ်လာသတဲ့လား (ရုပ်/သံ)

စစ်ကို ခေါ်၍ စစ်လာသတဲ့လား (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved