အမေရိကန် ပြည်ထောင်စုတွင် နိုင်ငံရေးရာထူးခန့်အပ်ရန် အတည်ပြုခြင်းအတွက် ကြားနာသည့် ဗီဒီယိုတခုသည် ကမ္ဘာတဝန်းမှ အရှေ့တောင်အာရှသို့ ပျံနှံ့မလာမီက သာမန်အားဖြင့် စိတ်ဝင်စားစရာ မကောင်းသော ပြည်တွင်းရေးသာ ဖြစ်သည်။
အမေရိကန် သမ္မတအဖြစ် ရွေးချယ်ခံရသူ ဒေါ်နယ်ထရမ့်က ကာကွယ်ရေးဝန်ကြီးအဖြစ် ရွေးထားသူ မစ္စတာ ပိ ဟဂ်ဆတ်သ်ကို ဇန်နဝါရီလ ၁၄ ရက်နေ့က လေးနာရီခွဲကြာ ကြားနာစစ်ဆေးခြင်းတွင် လိင်ပိုင်းဆိုင်ရာထိပါးမှု၊ အလွန်အကျွံ အရက်သောက်ခြင်းနှင့် ပတ်သက်သည့် စွပ်စွဲချက်များ ပါဝင်သည်။
သို့သော် လူအများအကြား ပျံ့နှံ့သွားသောကိစ္စမှာ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နိုင်ငံများအနက် မည်သည့်နိုင်ငံကိုမှ သူက အမည်မဖော်ပြနိုင်ခြင်း ဖြစ်သည်။
အရှေ့တောင်အာရှ လေ့လာသူအချို့အတွက် ထိုကိစ္စသည် အမေရိကန်၏ ဝင့်ဝါမှုနှင့် ဝါရှင်တန်၏ ဒေသဆိုင်ရာ သေနင်္ဂဗျူဟာထက် အာဆီယံ၏ အရေးပါမှုနှင့် ပတ်သက်သော စကားကြီး စကားကျယ်များကို ဖြည့်ဆည်းရန် မစွမ်းဆောင်နိုင်ကြောင်း ပြသသည့် နောက်ထပ် ဥပမာတခု ဖြစ်သည်။
သို့သော် အာဆီယံ၏ အမေရိကန် ပြည်ထောင်စုနှင့် ထိတွေ့ဆက်ဆံမှုအတွက် မည်သို့ အဓိပ္ပာယ် သက်ရောက်သည်ကို နားလည်ရန် ထိုအခြေအနေနှင့် သက်ရောက်မှုများကို သိရှိရန်လိုအပ်သည်။
အမှားအယွင်းဟု မသတ်မှတ်သင့်
ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် မစ္စ တမ်မီ ဒပ်ဝေါ့သ်က မစ္စတာ ဟဂ်ဆတ်သ်ကို မေးသည့်မေးခွန်း၏ အစိတ်အပိုင်း နှစ်ခုကို စဉ်းစားပါ။
ပထမအချက်မှာ အာဆီယံမှ အနည်းဆုံး နိုင်ငံတနိုင်ငံ၏ အရေးပါမှု အမည်ဖော်ပြရန်၊ ၎င်းတို့နှင့် မည်သည့် သဘောတူညီချက်မျိုးရှိသည်ကို ဖော်ပြရန်ဖြစ်ပြီး ဒုတိယအချက်မှာ အာဆီယံတွင် နိုင်ငံမည်မျှ ပါဝင်သည်ကို ပြောရန်ဖြစ်သည်။
ပထမအချက်မှာ အာဆီယံမှ အနည်းဆုံး နိုင်ငံတနိုင်ငံ၏ အရေးပါမှု အမည်ဖော်ပြရန်၊ ၎င်းတို့နှင့် မည်သည့် သဘောတူညီချက်မျိုးရှိသည်ကို ဖော်ပြရန်ဖြစ်ပြီး ဒုတိယအချက်မှာ အာဆီယံတွင် နိုင်ငံမည်မျှ ပါဝင်သည်ကို ပြောရန်ဖြစ်သည်။
မစ္စတာ ဟဂ်ဆတ်သ်သည် ဒုတိယမေးခွန်းကိုသာ ပြန်လည် ဖြေဆိုနိုင်ခြင်းမရှိလျှင် ဗဟုသုတ မရှိခြင်းအတွက် ပိုမို ခွင့်လွှတ်နိုင်မည် ဖြစ်သည်။ အမေရိကန် ပြည်ထောင်စုသည် အာဆီယံ၊ ဥရောပသမဂ္ဂနှင့် တောင်အမေရိက ကုန်သွယ်ရေးသဘောတူစာချုပ် MERCOSUR အပါအဝင် နိုင်ငံတကာအဖွဲ့အစည်း အများအပြား၏ မိတ်ဖက်ဖြစ်သည်။
ကာကွယ်ရေးဝန်ကြီး တာဝန်ယူမည့်သူတဦး အနေဖြင့် ထိုအဖွဲ့များ၏ ကိစ္စများနှင့် အဖွဲ့ဝင်များ၏ နောက်ဆုံး အခြေအနေကို သိထားလျှင် ကောင်းမည်ဖြစ်သော်လည်း မသိမဖြစ် လိုအပ်သည်တော့ မဟုတ်ပေ။
ပိုဆိုးသည့် အမှားအယွင်းမှာ မစ္စတာ ဟဂ်ဆတ်သ်က အာဆီယံအဖွဲ့ဝင်နိုင်ငံ တနိုင်ငံကိုမှ အမည်မပြောနိုင်ဘဲ ပဋိပက္ခဖြစ်လျှင် အမေရိကန် ပြည်ထောင်စုက စစ်ရေးအကူအညီပေးရမည့် ကာကွယ်ရေး သဘောတူစာချုပ် ချုပ်ထားသည့် ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့ကိုပင် အမည်မဖော်ပြနိုင်ခြင်း ဖြစ်သည်။
အားလုံး ပေါင်းစပ်လိုက်ပါက ထိုမဖြေနိုင်သည့် မေးခွန်း နှစ်ခုက အာဆီယံသည် အမေရိကန် ပြည်ထောင်စုအတွက် “အင်ဒိုပစိဖိတ်ဒေသ၏ ပထဝီဗဟိုချက် ဖြစ်သည်” ဆိုသည့် မစ္စတာ ထရမ့်၏ ပထမအကြိမ် အစိုးရသက်တမ်းက ပြောဆိုချက်ကို ထိခိုက်စေသည်။
ထိုကိစ္စသည် မစ္စတာ ဟဂ်ဆတ်သ်၏ အမှားဖြစ်ပါသလား။ သူ၏ ကမ္ဘာ့ရေးရာ ဗဟုသုတအတွက် သူ့ကို ကာကွယ်ရေးဝန်ကြီးအဖြစ် ရွေးချယ်ခြင်း မဟုတ်ပေ။
မစ္စတာ ဟဂ်ဆတ်သ် ကိုယ်တိုင်၏ ဝန်ခံချက်အရ သူ၏ရည်မှန်းချက်မှာ ဘွတ်ဖိနပ် ဖုံတက်နေသည့် စစ်ပြန်တဦးအနေဖြင့် ကာကွယ်ရေးဝန်ကြီးဌာနတွင် “စစ်သည်တော် ယဉ်ကျေးမှု” ပြန်လည် ထိန်းသိမ်းရန် ဖြစ်သည်။
အဖွင့်ပြောကြားချက်အတွင်း သူသည် တရုတ် သို့မဟုတ် အင်ဒိုပစိဖိတ်ဒေသကို တကြိမ်မှ ထုတ်ဖော်ပြောဆိုခြင်း မရှိဘဲ ပိုမို ချေမှုန်းနိုင်စွမ်းရှိသည့် စစ်တပ်ဖြစ်ရေးအတွက် သူ၏ရည်မှန်းချက်ကို ဖော်ပြရန် အချိန်ယူသည်။
သူ၏ ပြန်လည်ဖြေကြားမှုများအတွင်း မစ္စတာ ထရမ့်က ရုရှား-ယူကရိန်း စစ်ပွဲကို မည်သို့ အဆုံးသတ်နိုင်မည်နှင့် အရှေ့အလယ်ပိုင်းမှ လုံခြုံရေးပြဿနာများကို မည်သို့စီမံနိုင်မည်ကို ပြောကြားခြင်း မရှိပေ။
ထို့ကြောင့် ထိုကိစ္စကို အမှားအယွင်းဟု ခေါ်ခြင်းသည် မတိကျပေ။ မှားယွင်းမှုဆိုသည်မှာ မိုက်မဲသောအမှား၊ မတော်တဆဖြစ်သည့်အရာဖြစ်ပြီး သက်ဆိုင်သူအနေဖြင် ပိုမိုကောင်းမွန်စွာ သိသင့်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ ထိုသို့ဆိုလျှင် မစ္စတာ ဟဂ်ဆတ်သ်သည် ရည်ရွယ်သည့်အတိုင်း လုပ်ဆောင်နေခြင်း ဖြစ်သော်လည်း သူအဖြေ မသိသည့် မေးခွန်းတခုကို မှားယွင်းခြင်း ဖြစ်သည်။
လေ့လာသူများအနေဖြင့် အမေရိကန် နိုင်ငံခြားရေးမူဝါဒ အခြေအနေကို သိလိုပါက အထက်လွှတ်တော်အမတ် မစ္စတာ မာကို ရူဘီရိုကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် အတည်ပြုမည့် ကြားနာစစ်ဆေးမှုကို ကြည့်ရှုသင့်သည်။
လေ့လာသူများအနေဖြင့် အမေရိကန် နိုင်ငံခြားရေးမူဝါဒ အခြေအနေကို သိလိုပါက အထက်လွှတ်တော်အမတ် မစ္စတာ မာကို ရူဘီရိုကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် အတည်ပြုမည့် ကြားနာစစ်ဆေးမှုကို ကြည့်ရှုသင့်သည်။
နှစ်နိုင်ငံ မိတ်ဖက်များ သို့မဟုတ် အာဆီယံအဖွဲ့ဝင် နိုင်ငံများ
သို့သော် မစ္စတာ ဟဂ်ဆတ်သ်၏ အမှားသည် အမေရိကန် ပြည်ထောင်စု-အာဆီယံ ဆက်ဆံရေးနှင့် ပတ်သက်သည့် စိုးရိမ်မှု နှစ်ခုကို ရှေ့တန်းရောက်လာစေသည်။

အမေရိကန် ပြည်ထောင်စုသည် အာဆီယံနှင့် ဆက်ဆံရေးထက် နှစ်နိုင်ငံဆက်ဆံရေးများကို အလေးပေးမည်လားဆိုသည့် စိုးရိမ်မှုနှင့် ထိုဒေသနှင့် ပတ်သက်သည့် ၎င်း၏အမြင်သည် ကာကွယ်ရေးနှင့် စီးပွားရေး ဆက်ဆံရေးများကို အကန့်ခွဲထားမည်ဆိုသည့် စိုးရိမ်မှုဖြစ်သည်။
တခုမှာ အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်ရေး စကားများကို အမေရိကန် ပြည်ထောင်စုက ဖြည့်ဆည်းရန် မည်မျှ ပျက်ကွက်သနည်းဆိုသည့် ကိစ္စသာ မကပေ။
အာဆီယံ ထိပ်သီးဆွေးနွေးပွဲ အဆက်ဆက်တွင် သမ္မတ ဂျိုးဘိုင်ဒင် တက်ရောက်ရန် ပျက်ကွက်ခြင်းနှင့် သြစတြေးလျ-ဗြိတိန်-အမေရိကန် သုံးပွင့်ဆိုင် လုံခြုံရေးအဖွဲ့ (AUKUS) ကဲ့သို့ ပိုမိုသေးငယ်သည့် အုပ်စုများ ဖွဲ့စည်းခြင်းက သူသည် ထိုအုပ်စုနှင့် အလုပ်လုပ်ရသည်ကို ပိုမိုနှစ်သက်ကြောင်း ပြသနေသည်။
အာဆီယံနိုင်ငံများနှင့် သမ္မတ ဂျိုးဘိုင်ဒင် ထိတွေ့ဆက်ဆံသောအခါတွင်လည်း အဆင့်မြင့် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် (EDCA) နေရာများတွင် ဖိလစ်ပိုင်က ပိုမိုများပြားသည့် အမေရိကန်တပ်များနှင့် လက်နက်ပစ္စည်းများကို တောင်တရုတ်ပင်လယ်နှင့် ထိုင်ဝမ်ရေလက်ကြားမှ အလားအလာရှိသည့် ပဋိပက္ခနေရာများအနီးတွင် ချထားရန် သဘောတူခြင်းကဲ့သို့သော ထိုနိုင်ငံများ၏ တုံ့ပြန်နိုင်စွမ်းအပေါ် မူတည်နေသည်။
ပိုမိုကြီးမားသည့် စိုးရိမ်စရာမှာ ထိုဒေသသည် စုပေါင်း လုပ်ဆောင်နိုင်ခြင်းမရှိဘဲ လက်လွတ်နေသော အရာများ ဖြစ်သည်။ အမေရိကန် ပြည်ထောင်စု၏ စီးပွားရေးနှင့် စစ်ရေးသြဇာကို အပြည့်အဝ သုံးရန်အတွက် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုနှစ်သက်သောကြောင့် နိုင်ငံစုံအဖွဲ့အစည်းများကို ထရမ့်က မထေမဲ့မြင်ပြုခြင်းသည် ထင်ရှားသည်။
လက်တွေ့တွင် မစ္စတာ ဟဂ်ဆတ်သ်၏ အာဆီယံ အမှားအယွင်းသည် အာဆီယံအဖွဲ့ဝင် နိုင်ငံများအစား ဖိလစ်ပိုင်ကဲ့သို့သော နိုင်ငံများကို ကာကွယ်ရေး သဘောတူစာချုပ် မဟာမိတ်များဟု မြင်သောကြောင့် ဖြစ်နိုင်သော်လည်း ထိုကိစ္စသည် ဒေသဆိုင်ရာ လေ့လာသူများအတွက် စိတ်တိုင်းကျမည့်ကိစ္စ မဟုတ်ပေ။
လက်တွေ့တွင် မစ္စတာ ဟဂ်ဆတ်သ်၏ အာဆီယံ အမှားအယွင်းသည် အာဆီယံအဖွဲ့ဝင် နိုင်ငံများအစား ဖိလစ်ပိုင်ကဲ့သို့သော နိုင်ငံများကို ကာကွယ်ရေး သဘောတူစာချုပ် မဟာမိတ်များဟု မြင်သောကြောင့် ဖြစ်နိုင်သော်လည်း ထိုကိစ္စသည် ဒေသဆိုင်ရာ လေ့လာသူများအတွက် စိတ်တိုင်းကျမည့်ကိစ္စ မဟုတ်ပေ။
ဒုတိယ စိုးရိမ်စရာတခုမှာ အမေရိကန် အရာရှိများက ကာကွယ်ရေးနှင့် စီးပွားရေး ဆက်ဆံရေးများ မည်သို့ ခွဲခြားထားကြောင်းဖြစ်ပြီး ထိုကိစ္စသည် အမေရိကန်နှင့် ထိတွေ့ဆက်ဆံမှုတွင် လက်ရှိ မညီမျှမှုကို ပိုမိုဆိုးရွားစေသည်။
တဖက်တွင်လည်း ၂၀၁၉ ခုနှစ် လွတ်လပ်ပွင့်လင်းသော အင်ဒိုပစိဖိတ် သေနင်္ဂဗျူဟာကဲ့သို့သော အမေရိကန်ပြည်ထောင်စု၏ သေနင်္ဂဗျူဟာ စာရွက်စာတမ်းများတွင် ဒေသတွင်းတည်ငြိမ်မှုနှင့် လုံခြုံရေးရရန် စီးပွားရေးတိုးတက်မှု၏ အရေးပါမှုကို မီးမောင်းထိုးပြထားသည်။
သို့သော် ထိုသို့ အသိအမှတ်ပြုခြင်းကို အမေရိကန်မူဝါဒက ထောက်ကူခြင်း မရှိပေ။ ပစိဖိတ်ကမ်းခြေနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး (TPP) မှ အမေရိကန် နုတ်ထွက်ခြင်းက စတင်ပြီး အမေရိကန်၏ ထိတွေ့ဆက်ဆံမှုကို အများ ဝေဖန်မှုမှာ အမေရိကန်သည် စီးပွားရေးနှင့် ကုန်သွယ်ရေး အတားအဆီး ဖြစ်လောက်အောင် လုံခြုံရေးကို အာရုံစိုက်လွန်းသည်ဆိုသည့် ကိစ္စဖြစ်သည်။
မစ္စတာ ဟဂ်ဆတ်သ်ကို ထောက်ခံသူများက အာဆီယံကို ကာကွယ်ရေးဝန်ကြီးတဦးက စိုးရိမ်စရာ မလိုသည့် နိုင်ငံရေးနှင့် စီးပွားရေးအဖွဲ့အဖြစ် ပယ်ချကြပြီး ထိုမညီမျှမှုကို မကြာမီ အနာဂတ်တွင် ကိုင်တွယ်ဖြေရှင်းဖွယ် မရှိပေ။
အာဆီယံက လိုက်လျောညီထွေရှိအောင် ဆက်လုပ်ရမည်
သူ့ကို ယခင်က မေးခွန်းထုတ်ခဲ့သည့် ရီပတ်ဘလစ်ကန် အထက်လွှတ်တော် အမတ်များက ထောက်ခံမှုဘက်သို့ ပြောင်းလာသောကြောင့် ထိုအမှားအယွင်း ရှိသော်လည်း မစ္စတာ ဟဂ်ဆတ်သ်သည် ကာကွယ်ရေးဝန်ကြီးအဖြစ် အတည်ပြုခံရမည့် သဘောရှိနေသည်။
မည်သို့ဆိုစေ အာဆီယံ ခေါင်းဆောင်များ စိတ်မလျှော့သင့်ပေ။ ယခုနှစ် မေလ ၃၀ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ စင်ကာပူတွင် ကျင်းပမည့် ရှန်ဂရီလာ ဆွေးနွေးပွဲ အပါအဝင် ဟဂ်ဆတ်သ်နှင့် ထိတွေ့ဆက်ဆံပြီး ထိုဒေသ၏ အနည်းငယ်ကွဲပြားမှုများအား သူ့ကိုရှင်းပြရန် အခွင့်အလမ်းများစွာ ရှိသည်။
အာဆီယံ ခေါင်းဆောင်များသည် အဖွဲ့၏ ဆက်လက် ဗဟိုကျမှုရှိစေရန် အဓိက လုံခြုံရေး ပြဿနာများအပေါ် ၎င်းတို့ သဘောထားများကို ရှင်းလင်းစွာ ဆက်သွယ်ပြောကြားရမည် ဖြစ်သည်။ ၎င်းတို့သည် အာဆီယံကို ချန်လှပ်ထားရန် သို့မဟုတ် လျစ်လျူရှုထားရန် မဖြစ်နိုင်အောင် လုပ်ရမည်ဖြစ်သည်။
(CNA ပါ Kevin Chen ၏ Trump”s defence chief pick cannot name a single ASEAN country- here”s why that”s worrying ကို ဘာသာပြန်သည်။ ကီဗင်ချန်းသည် စင်ကာပူ၊ နန်ယန်း နည်းပညာတက္ကသိုလ်၊ အက်စ် ရာဂျာရက်တနမ် နိုင်ငံတကာလေ့လာရေး၏ အမေရိကန်အစီအစဉ်မှ တွဲဖက်သုတေသီ ဖြစ်သည်။)
You may also like these stories:
ထရမ့် လက်ထက်မှာ အမေရိကန်က မြန်မာကို ပြန်ပြီး အာရုံစိုက်မလား
ဝါရင့်အမေရိကန် သံတမန်နှင့် စစ်ကောင်စီ ရေတပ်အရာရှိ ဗီယက်နမ်တွင် တွေ့ဆုံ
မြန်မာ့အရေး ကမ္ဘာက မေ့ထားတာ ပိုကောင်းနိုင်သည်
မြန်မာ့အရေး ထရမ့်ထံမှ မျှော်လင့်ချက်မထားသည်သာ အကောင်းဆုံး













