မြန်မာတွင် စစ်ဖြစ်နေသည်ဟု လူ ပိုမိုသိလျှင် သုံးနှစ်ကြာ မြန်မာပြည်တွင်းစစ်ကို ဖြေရှင်းနိုင်မည့်သဘော အချို့နေရာများတွင် ပြောဆိုလာကြခြင်း ရေပန်းစားလာသည်။
မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် ပြီးခဲ့သည့် ဧပြီလက ခန့်အပ်ခံရသည့် သြစတြေးလျ နိုင်ငံရေးဝန်ကြီးဟောင်း မစ္စ ဂျူလီဘိရှော့က ကုလသမဂ္ဂ အထွေထွေညီလာခံကော်မတီသို့ ပထမဆုံးအကြိမ် မိန့်ခွန်းပြောပြီး “မြန်မာပဋိပက္ခသည် အမေ့ခံ အကျပ်အတည်းဖြစ်လာမည့် အန္တရာယ်ရှိကြောင်း” သတိပေးသည်။
မြန်မာ့ပဋိပက္ခကို မည်သူ “မေ့လာသနည်း” ဟု မေးကောင်းမေးနိုင်သည်။
ထိုစစ်ပွဲကို မြန်မာနိုင်ငံသား ၅၄ သန်းက မေ့နေသည်ဟု မပြောနိုင်သလို နေရပ်စွန့်ခွာရသူ ၃ ဒသမ ၁ သန်းကလည်း မမေ့ဘဲ အလွန်ဆိုးရွားသည့် စစ်တပ်သည် နှစ်အတန်ကြာက စတင်ခဲ့သည့် လူမျိုးတုံးသတ်ဖြတ်မှုကို ပြီးစီးအောင်လုပ်မည်ဖြစ်ကြောင်း သိနေသော ပြည်ပဒုက္ခသည်စခန်းများမှ ရိုဟင်ဂျာ ၁ သန်းခန့်ကလည်း မမေ့နိုင်မည် မဟုတ်ပေ။
ထိုစစ်ပွဲကို မြန်မာနိုင်ငံသား ၅၄ သန်းက မေ့နေသည်ဟု မပြောနိုင်သလို နေရပ်စွန့်ခွာရသူ ၃ ဒသမ ၁ သန်းကလည်း မမေ့ဘဲ အလွန်ဆိုးရွားသည့် စစ်တပ်သည် နှစ်အတန်ကြာက စတင်ခဲ့သည့် လူမျိုးတုံးသတ်ဖြတ်မှုကို ပြီးစီးအောင်လုပ်မည်ဖြစ်ကြောင်း သိနေသော ပြည်ပဒုက္ခသည်စခန်းများမှ ရိုဟင်ဂျာ ၁ သန်းခန့်ကလည်း မမေ့နိုင်မည် မဟုတ်ပေ။
အရေးအပါဆုံး မြန်မာပြည်သူများက မမေ့လျော့မည်မှာ သေချာသည်။
ထိုသို့ဆိုသောကြောင့် မေးခွန်းတခု မေးစရာ ဖြစ်လာသည်။ မြန်မာ့ပဋိပက္ခကို မေ့လျော့ခြင်း နည်းလျှင် တစုံတရာ တိုးတက်မှုရှိမည်လားဆိုသည့် မေးခွန်းဖြစ်သည်။
ပွင့်ပွင့်လင်းလင်း ပြောရပါက မည်သည့် အနောက်ဒီမိုကရေစီနိုင်ငံမဆို သို့မဟုတ် ကုလသမဂ္ဂက ကြားဝင်ဆောင်ရွက်လိုလျှင် ထိုသို့လုပ်ရန် နှစ်များစွာ အချိန်ရပြီး ဖြစ်သည်။
အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) သည် ကြားဝင်စေ့စပ်သည့် ဟန်ဆောင်မှု ရပ်လိုလျှင် ၂၀၂၁ ခုနှစ်၊ ဧပြီလမှစတင်ပြီး ၎င်း၏ မအောင်မြင်သော ငြိမ်းချမ်းရေးအစီအစဉ် ဘုံသဘောတူညီချက် ငါးချက်နှင့် ပတ်သက်ပြီး အင်တိုက်အားတိုက် လုပ်ပြီးဖြစ်သည်။
ကိုလိုနီခေတ်လွန် ဖြေရှင်းမှု
မြန်မာတွင် ပဋိပက္ခသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်ဖြစ်ပွားသော်လည်း လုံးဝ တိတိကျကျ ဆိုရပါက ထိုပဋိပက္ခသည် ၁၉၅၀ ပြည့်နှစ်များကတည်းက ဖြစ်ပွားရန် တာစူနေသည်ဟု အချို့သောသူများက ပြောနိုင်သည်။
ဥရောပနယ်ချဲ့ အင်အားကြီးများထံမှ လွတ်လပ်ရေးရပြီးနောက် အခြား အရှေ့တောင်အာရှနိုင်ငံများ အားလုံးလိုလိုသည် ပြည်တွင်းစစ် သို့မဟုတ် ဒီမိုကရက်တစ် တော်လှန်ရေးများကို ဖြတ်သန်းကြရသော်လည်း မြန်မာသည် ထိုသို့ မဖြစ်ခဲ့ပေ။ ထိုလုပ်ငန်းစဉ်ကို ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းမှုက အဆုံးသတ်စေခဲ့သည်။
အရပ်သားအစိုးရအဖွဲ့နှင့် အာဏာမျှဝေရန် စစ်တပ်ကို ယုံကြည်၍ မဖြစ်နိုင်ကြောင်း စစ်တပ်ကိုယ်တိုင်က ဖော်ပြနေသောကြောင့် ယခုအခါမှသာ မြန်မာပြည်သူများသည် ကိုလိုနီခေတ်လွန် တလျှောက်လုံး ချည်နှောင်ထားသည့် ဆိုးရွားသော အာဏာရှင်စနစ်ကို ဖယ်ရှားရန် ဖြစ်နိုင်ခြေလမ်းကြောင်းကို ရှာတွေ့ကြသည်။
ဆယ်စုနှစ်ပေါင်းများစွာ ခံရသည့် အလုံးစုံ စစ်အုပ်ချုပ်ရေး၊ ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ခံစားရသည့် စစ်တပ်က နိုင်ငံရေးအာဏာရယူထားပြီး အာဏာသိမ်းနိုင်သည့် တစိတ်တပိုင်း ဒီမိုကရေစီ သို့မဟုတ် စစ်မှန်သော ဒီမိုကရေစီ စသည်တို့အနက် မည်သည်ကို လိုချင်ကြောင်း ယခုအခါမှသာ ဆုံးဖြတ်နိုင်ကြသည်။
ဆယ်စုနှစ်ပေါင်းများစွာ ခံရသည့် အလုံးစုံ စစ်အုပ်ချုပ်ရေး၊ ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ခံစားရသည့် စစ်တပ်က နိုင်ငံရေးအာဏာရယူထားပြီး အာဏာသိမ်းနိုင်သည့် တစိတ်တပိုင်း ဒီမိုကရေစီ သို့မဟုတ် စစ်မှန်သော ဒီမိုကရေစီ စသည်တို့အနက် မည်သည်ကို လိုချင်ကြောင်း ယခုအခါမှသာ ဆုံးဖြတ်နိုင်ကြသည်။
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်ကို ထုတ်ဖော်ပြောလိုက်သည့် မစ္စ ဘိရှော့က “မြန်မာမှ သက်ဆိုင်သူများသည် လက်ရှိ အပြုတ်တိုက်ရေးစိတ်ဓာတ်ကို ကျော်လွှားလုပ်ဆောင်ရမည်” ဟု ပြောသည်။ “သဘောတူဖြေရှင်းမှု” နှင့် “ပြန်လည်သင့်မြတ်ရေး” အကြောင်းကိုလည်း ၎င်းကပြောသည်။
ပြည်တွင်းပဋိပက္ခများသည် အမြဲလိုလို အပြုတ်တိုက်ရေး ဖြစ်တတ်သည်ကို ပြောရန်ပင် မလိုအပ်ပေ။
၁၉၇၅ ခုနှစ်နောက်ပိုင်းတွင် ဗီယက်နမ်သည် နှစ်ခြမ်းကွဲမနေတော့ပေ။ လာအိုသည်လည်း ထိုနှစ်တွင် ကွန်မြူနစ်-ဘုရင်စနစ် ညွန့်ပေါင်းမဖွဲ့နိုင်ခဲ့ပေ။ မလေးရှားသည် တရုတ်အများစု စင်ကာပူကို ၁၉၆၅ ခုနှစ်တွင် ဖက်ဒရယ်ပြည်ထောင်စုမှ ဖယ်ထုတ်သည်။ မားကို့စ်နှင့် ဆူဟာတို အာဏာရှင်စနစ်များ နောက်ဆုံးတွင် ကျဆုံးသည်။
နိုင်ငံတကာမေ့လျော့မှု ဆယ်စုနှစ်ပေါင်းများစွာ အပြီးတွင် အရှေ့တီမောသားများအား အင်ဒိုနီးရှား နယ်ချဲ့သမားများက အစုလိုက်အပြုံလိုက် သတ်ဖြတ်သည်ကို နိုင်ငံတကာအသိုက်အဝန်းက နောက်ဆုံးတွင် သတိရသောအခါ တီမောအနေဖြင့် လွတ်လပ်ရေး တဝက် အင်ဒိုနီးရှားပြည်နယ် တဝက်အဖြစ် အဆုံးမသတ်ခဲ့ပေ။
“ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး” သည် ကောင်းမွန်သော မူတခုဖြစ်ပြီး မြန်မာမှ လူသတ်စစ်ကောင်စီနှင့် ရောချပြီး ဖျက်ဆီးမရသည့် မြင့်မြတ်လွန်းသော ကိစ္စဖြစ်သည်။
မည်သို့ဆိုစေ ပြန်လည်သင့်မြတ်ရမည့်အချိန်မှာ ပဋိပက္ခပြီးဆုံးပြီးနောက်ပိုင်း ဖြစ်သည်။
စစ်အာဏာသိမ်းမှုကို တရားဝင်စေခြင်း
သဘောတူဖြေရှင်းမှု ဖြစ်နိုင်သည် ဆိုလျှင်ပင် တခုတည်းသော ရလဒ်ဖြစ်လာမည့် မြန်မာတွင် ယခင် မူလအခြေအနေသို့ ပြန်သွားခြင်းသည် တည်ငြိမ်သောအဖြေဖြစ်ရန် အလှမ်းဝေးသည့်အပြင် မှန်ကန်သောအဖြေလည်း မဟုတ်ပေ။
ပထမဆုံးအချက် အနေဖြင့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို တရားဝင်သွားစေမည် ဖြစ်သည်။
မြန်မာပြည်သူများကို သတ်ဖြတ်၊ ညှဉ်းပန်းနှိပ်စက်၊ ရက်စက်ကြမ်းကြုတ်သော မင်းအောင်လှိုင်နှင့် ဗိုလ်ချုပ်များသည် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) တွင် မထိုင်ဘဲ ပြည်ထောင်စုလွှတ်တော်တွင် ထိုင်ကြမည်ဟု ယူဆနိုင်သည်။
စစ်တပ်ကို စစ်တန်းလျား ပြန်သွားစေပြီး နိုင်ငံရေးအာဏာကို ဆက်လက် ထိန်းသိမ်းခွင့်ပေးပါက ရရှိမည့်အရာမှာ နောက်ထပ် အာဏာသိမ်းမှုတခုကို အနည်းငယ် နှောင့်နှေးသွားစေခြင်းသာ ဖြစ်သည်။
ထိုသို့သော ဖြေရှင်းမှုသည် အတိုက်အခံ တိုင်းရင်းသားတပ်များနှင့် လက်နက်ကိုင်များ ထိန်းချုပ်ထားသည့် ဒေသများ (နိုင်ငံ၏ ဒေသအများစု) မှ အာဏာကို လူအများစုက မည်သည့်အခါမှ သစ္စာခံမည် မဟုတ်သည့် ညွန့်ပေါင်းအစိုးရတခုသို့ ပြန်လည် ပေးအပ်စေခြင်းလည်း ပါဝင်မည်ဖြစ်သည်။
ထိုသို့လုပ်ခြင်းသည် တည်ငြိမ်မှု သို့မဟုတ် ငြိမ်းချမ်းရေးအတွက် နည်းလမ်းဖြစ်ပုံ မရပေ။
ယခုအခါ မင်းအောင်လှိုင်သည် ပြည်ပဧည့်သည်များသို့ ပြန်လည်သင့်မြတ်ရေးစကား တီးတိုးပြောနေလျှင် အံ့သြစရာ မဟုတ်ပေ။ သူ၏တပ်များ ရှုံးနိမ့်နေပြီး လုံးဝရှုံးနိမ့်ခြင်း သို့မဟုတ် ၎င်းတို့ အချင်းချင်း အာဏာသိမ်းခြင်းက သူ့အသက်ကို ခြိမ်းခြောက်နေသောကြောင့် ဖြစ်သည်။
ယခုအခါ မင်းအောင်လှိုင်သည် ပြည်ပဧည့်သည်များသို့ ပြန်လည်သင့်မြတ်ရေးစကား တီးတိုးပြောနေလျှင် အံ့သြစရာ မဟုတ်ပေ။ သူ၏တပ်များ ရှုံးနိမ့်နေပြီး လုံးဝရှုံးနိမ့်ခြင်း သို့မဟုတ် ၎င်းတို့ အချင်းချင်း အာဏာသိမ်းခြင်းက သူ့အသက်ကို ခြိမ်းခြောက်နေသောကြောင့် ဖြစ်သည်။
အချိန်မကျသေး
ပြီးခဲ့သည့် သြဂုတ်လက တွေ့ဆုံစဉ် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိက မစ္စ ဘိရှော့ကို ပြန်လည်သင့်မြတ်ရေး စိတ်ကူးများ မည်မျှ ပြောခဲ့သည်ကို သိလိုကြပေမည်။
စစ်ကောင်စီက ပြုလုပ်သည့် ရွေးကောက်ပွဲသည် တရုတ်အကျိုးစီးပွားကို မျက်နှာသာပေးသည့် တခုတည်တည်းသော ဖြတ်လမ်းဖြစ်ပြီး ပဋိပက္ခအလွန် အစိုးရတွင် စစ်တပ်၏ နိုင်ငံရေးသြဇာကို ထိန်းထားနိုင်သည့် တခုတည်းသော လမ်းဖြစ်သည်ဟု ယခုအခါ တရုတ်အစိုးရက ယူဆနေသည်။
လွန်ခဲ့သော ရက်သတ္တပတ်အနည်းငယ်တွင် အမေရိကန်၊ ဝါရှင်တန် စစ်ကောလိပ်မှ ပါမောက္ခ ဇာကာရီ အဘူဇာရေးသည့်အတိုင်း ဆိုပါက “စစ်တပ်ပါဝင်သည့် အကျင့်ပျက်ခြစားပြီး လိုသလိုလုပ်နိုင်သည့် မြန်မာအစိုးရသည် တရုတ်အကျိုးစီးပွားကို အကောင်းဆုံး အကျိုးဆောင်နိုင်မည်ဟု ဘေဂျင်းက ယုံကြည်သည်။ စားပွဲတွင် စစ်ကောင်စီကို တနေရာပေးခြင်းသည် ဒီမိုကရေစီနှင့် ဖက်ဒရယ်အင်အားစုများကို အပြင်းအထန် ထိခိုက်အောင် လုပ်ရန် နောက်ထပ် အခွင့်အလမ်းပေးခြင်းသာ ဖြစ်သည်” ဟုသာ ဖော်ပြရမည် ဖြစ်သည်။
“အပြင်းအထန် ခံစားရပြီးနောက် မြန်မာပြည်သူတွေ ပိုမိုကောင်းမွန်တဲ့ အခြေအနေနဲ့ ထိုက်တန်တယ်” ဟု မစ္စ ဘိရှော့က ပြောသည့်တိုင် ထိုသို့သော ဖြေရှင်းမှုသည် သူ ထောက်ခံပုံရသောအမြင်မှ လာပုံရသည်။
သို့သော် ပိုမိုကောင်းမွန်သော အခြေအနေကို ပြည်သူများကသာ ဆုံးဖြတ်သင့်သည်။ မင်းအောင်လှိုင်နှင့် အတူထိုင်ပြီး ပြန်လည် သင့်မြတ်ရေးအကြောင်း ပြောရသောကြောင့် ပျော်ရွှင်နေလိမ့်မည်ဟု ၂၀၂၁ ခုနှစ် အာဏာသိမ်းကတည်းက ဝင်မပါဘဲ ယခုအခါမှ နိုင်ငံတကာအသိုက်အဝန်းက ဆုံးဖြတ်သင့်ပါသလား။
တော်လှန်ရေးကို စတေးရန်၊ အာဏာရှင်များနှင့် ငြိမ်းချမ်းရေးလုပ်ရန် ပြောကြားခံရခြင်းသည် နိုင်ငံတကာ ပိုမိုအာရုံစိုက်မှုအတွက် ပေးဆပ်ရသည့် တန်ဖိုးဖြစ်လျှင် စစ်အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားသူများအနေဖြင့် ၎င်းတို့၏ တိုက်ပွဲအား နိုင်ငံတကာက “မေ့လျော့ထားသည်” ကို ပိုမိုလိုလားမည်ဖြစ်သည်။
တော်လှန်ရေးကို စတေးရန်၊ အာဏာရှင်များနှင့် ငြိမ်းချမ်းရေးလုပ်ရန် ပြောကြားခံရခြင်းသည် နိုင်ငံတကာ ပိုမိုအာရုံစိုက်မှုအတွက် ပေးဆပ်ရသည့် တန်ဖိုးဖြစ်လျှင် စစ်အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားသူများအနေဖြင့် ၎င်းတို့၏ တိုက်ပွဲအား နိုင်ငံတကာက “မေ့လျော့ထားသည်” ကို ပိုမိုလိုလားမည်ဖြစ်သည်။
(RFA ပါ David Hutt ၏ Perhaps it would be better if Myanmar’s civil war became a ‘forgotten conflict’ ကို ဘာသာပြန်သည်။ ဒေးဗစ်ဟတ်သည် အာရှလေ့လာရေး ဗဟိုဥရောပ အင်စတီကျု (CEIAS) မှ သုတေသီနှင့် The Diplomat တွင် အရှေ့တောင်အာရှ ပင်တိုင်ဆောင်းပါးရှင် ဖြစ်သည်။)
You may also like these stories:
ဘော်လ်ကန်မှ ပါကစ္စတန်သို့ မြန်မာကို တရုတ်ပုံသွင်းခြင်း
စစ်ကောင်စီ ရွေးကောက်ပွဲက တရုတ် အကျိုးစီးပွား ရှေးရှုနေ
မြန်မာအကျပ်အတည်းကို အရှေ့တောင်အာရှသားများ စိတ်မဝင်စား
မြန်မာတွင် တရုတ်၏ မူဝါဒပန်းတိုင်များ
မြန်မာ့တော်လှန်ရေးအင်အားစုများကို ဖြိုခွဲဖို့ တရုတ်အစိုးရ ကြိုးစားနေသည်