• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

TNLA ဖမ်းထားသည့် NLD အမတ် ၂ လကျော်အထိ ပြန်မလွတ်သေး

by ဧရာဝတီ
12 November 2024
in သတင်း
A A
TNLA ဖမ်းထားသည့် NLD အမတ် ၂ လကျော်အထိ ပြန်မလွတ်သေး

NLD ပါတီ၏ နမ္မတူမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းလှိုင်

862
VIEWS
Share on FacebookShare on Twitter

ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ဖမ်းဆီးထားသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ နမ္မတူမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဦးဝင်းလှိုင် (ခ) ဦးမဲတူ အား နှစ်လကျော်ကြာသည်အထိ ပြန်လည် လွှတ်ပေးခြင်း မရှိကြောင်း နမ္မတူဒေသခံတဦးက ပြောသည်။

ဦးဝင်းလှိုင်အား မေးမြန်းစရာရှိသည်ဟုဆိုကာ စက်တင်ဘာ ၂ ရက်နေ့ကတည်းက TNLA က ဖမ်းဆီးသွားခြင်းဖြစ်ပြီး နမ္မတူမြို့မ ရဲစခန်းအချုပ်တွင် ထိန်းသိမ်းထားရှိကြောင်းလည်း သိရသည်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
33
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
27
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
212

နမ္မတူဒေသခံများအနေဖြင့် ဦးဝင်းလှိုင် ပြန်လည်လွတ်မြောက်ရေးအတွက် နမ္မတူမြို့နယ် TNLA တာဝန်ရှိသူများနှင့် ဆွေးနွေး တောင်းဆိုမှုများပြုလုပ်ခဲ့သော်လည်း လွှတ်ပေးခြင်းမရှိသဖြင့် အောက်တိုဘာလကုန်ပိုင်းက TNLA အထွေထွေ အတွင်းရေး မှူး ဗိုလ်ချုပ် တားဘုန်းကျော်ထံ ဒေသခံ ၄၀၀ ကျော် လက်မှတ်ရေးထိုးကာ စာပို့တောင်းဆိုထားကြောင်း သိရသည်။

နမ္မတူဒေသခံတဦးက “အခုထိ ပြန်မလွတ်သေးဘူး၊ ဒေသခံလူထုတွေစုပြီး တားဘုန်းကျော်ဆီ အသနားခံစာတင်ထားတယ်” ဟု ပြောသည်။

ဦးဝင်းလှိုင်အား နမ္မတူမြို့နယ်၊ TNLA တရားဥပဒေစိုးမိုးရေးအဖွဲ့ ဦးဆောင်သူ ကိုနော်ဂျာဆိုသူက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း လည်း သိရသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းဒေသရှိ နမ္မတူမြို့အား ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းကာလ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် TNLA က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး TNLA အုပ်ချုပ်ရေးယန္တရား လည်ပတ်နေသည့် မြို့ဖြစ်သည်။

TNLA အနေဖြင့် ဦးဝင်းလှိုင်အား နှစ်လကျော်ကြာ ဖမ်းဆီးထားမှုနှင့်ပတ်သက်ပြီး TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးအား ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့သော်လည်း တုံ့ပြန်ဖြေကြားခြင်း မရှိသေးပေ။

အဆိုပါ ဖြစ်စဉ်အား NLD အနေဖြင့် သိရှိထားကြောင်းနှင့် TNLA တာဝန်ရှိသူနှင့် ညှိနှိုင်းနေဆဲဖြစ်ပြီး လတ်တလော တိုက်ရိုက်အဆက်အသွယ်မရရှိသေးသည့်အတွက် ဦးဝင်းလှိုင်၏အခြေအနေအသေးစိတ်ကို မသိရသေးကြောင်း NLD ဗဟို အလုပ်ကော်မတီဝင် ဦးကျော်ထွေးက ပြောသည်။

၎င်းက “ဖမ်းဆီးထိန်းသိမ်းထားစဉ်က သူတို့နဲ့ အတူနေအတူစား အကျယ်ချုပ်သဘောမျိုး ထားတယ်လို့ သိရပါတယ်။ ကာယကံရှင်နဲ့ အဆက်အသွယ်မရသေးတော့ လက်ရှိအခြေအနေတွေ မသိရပါဘူး” ဟု ဆိုသည်။

နမ္မတူမြို့နယ်၊ ဘော်တွင်းဒေသဇာတိဖြစ်သူ ဦးဝင်းလှိုင်သည် နမ္မတူမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အနေဖြင့် ၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတို့တွင် အနိုင်ရရှိခဲ့သူ ဖြစ်သည်။

နမ္မတူ၊ ဘော်တွင်းဒေသသည် TNLA အပြင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ပါ နယ်မြေလှုပ်ရှားမှုရှိသည့် ဒေသတခုဖြစ်ပြီး နယ်မြေအငြင်းပွားမှုအချို့လည်း ရှိခဲ့သည်။

You may also like these stories:

တောင်းခမ်း အမြောက်တပ် TNLA နှင့် မဟာမိတ်တို့ ဆက်လက်စစ်ဆင်

ဦးဇခုန်တိန့်ယိန်း ပန်ဝါ နေအိမ် KIA ချိပ်ပိတ်

KIA ၏ ချီဖွေ၊ ဆော့လော် စစ်ဆင်ရေးက အလှည့်အပြောင်းလား

TNLA အပစ်ရပ်ဖို့ တရုတ် ခြိမ်းခြောက် စာပို့

Your Thoughts …
Tags: NLD အမတ်TNLAနမ္မတူဦးဝင်းလှိုင် (ခ) ဦးမဲတူ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

Next Post
တရုတ်ခရီးစဥ်ကနေ စစ်ကောင်စီ ထွက်ပေါက်ရသွားသလား (ရုပ်/သံ)

တရုတ်ခရီးစဥ်ကနေ စစ်ကောင်စီ ထွက်ပေါက်ရသွားသလား (ရုပ်/သံ)

ငြိမ်းချမ်းရေးပြောနေသည့် စစ်တပ်က ဗုံးကြဲ၍ မိုးကုတ်၌ လူအစုလိုက် သေဆုံး

ငြိမ်းချမ်းရေးပြောနေသည့် စစ်တပ်က ဗုံးကြဲ၍ မိုးကုတ်၌ လူအစုလိုက် သေဆုံး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

19 hours ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved