စစ်ခေါင်းဆောင်ဟာ တရုတ်နိုင်ငံမှာ ပြုလုပ်တဲ့ ၈ ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးကို တက်ရောက်ခွင့်ရခဲ့ပြီး တရုတ်ဝန်ကြီးချုပ် လီချန်း အပါအဝင် ထိုင်းဝန်ကြီးချုပ်၊ ကမ္ဘောဒီးယားဝန်ကြီးချုပ်၊ လာအိုဝန်ကြီးချုပ်တို့နဲ့ သီးခြားစီတွေ့ဆုံခွင့် ရခဲ့ပါတယ်။
ဒါဟာ အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံအတွင်းမှာ စီးပွားရေး၊ နိုင်ငံရေးနဲ့ စစ်ရေး အကြပ်အတည်းဆိုက်နေသလို နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု ဆုံးရှုံးနေရတဲ့ စစ်ကောင်စီကို လမ်းဖွင့်ပေးလိုက်သလိုဖြစ်နေတယ်လို့ နိုင်ငံရေး အကဲခတ်တွေက ပြောပါတယ်။
တရုတ်-မြန်မာအရေး ကျွမ်းကျင်သူ ဒေါက်တာ လှကျော်ဇော ကတော့ စစ်ကောင်စီ တရားဝင်မှုဖြစ်ခြင်း၊ မဖြစ်ခြင်းဟာ မြန်မာပြည်သူတွေ က သတ်မှတ်မှုအပေါ်မှာသာ မူတည်တယ်လို့ ပြောပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy