• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

မြေရှားသတ္တု အနာဂတ်ပိုင်ရှင်သစ် KIA ဖြစ်လာ

by ဧရာဝတီ
12 November 2024
in ဆောင်းပါး
A A
မြေရှားသတ္တု အနာဂတ်ပိုင်ရှင်သစ် KIA ဖြစ်လာ

ကချင်အထူးဒေသ ၁ကို KIA တိုက်ခိုက်ရာ မြေရှားသတ္တုထွက်ရာ ဒေသများအပါဝင် သိမ်းယူထားရာ ကန်ပိုက်တီတခုသာလျှင် ကျန်တော့သည် (ဧရာဝတီ)

3.9k
VIEWS
Share on FacebookShare on Twitter

ဒေါ်လာဘီလီယံချီတန်သည့် မြေရှားသတ္တုများထွက်ရှိရာ တရုတ်-မြန်မာနယ်စပ် ကချင်အထူးဒေသ-၁ နယ်မြေအား ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြေရှားသတ္တုထုတ်လုပ်မှုလုပ်ငန်းများ၏ အနာဂတ်အုပ်စိုးသူသစ်အဖြစ် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က နေရာယူလိုက်ပြီ ဖြစ်သည်။

ကချင် အထူးဒေသ ၁တွင် ကန်ပိုက်တီ၊ ချီဖွေ၊ ဆောလော်၊ ဝိုင်းမော်၊ ဆဒုံး စသည့်မြို့များအပြင် ကချင်တော်လှန်ရေး အစပြုခဲ့ အကြောင်းတရားတခုဆိုရမည့် ၁၉၅၆ ခုနှစ်က ဖဆပလအဖွဲ့ချုပ် ဥက္ကဋ္ဌကြီးအဖြစ် တနှစ်တာဝန်ယူထားသည့် ဦးနုက ကချင်တို့၏ သဘောထားကို လစ်လျူရှု့ကာ တရုတ်ပြည်အား ပေးခဲ့သည့် ဖီမော်၊ ဂေါ်လန်၊ ကန်ဖန်ရွာ ၃ရွာ၏ ကျန်နေသည့် အစိတ်အပိုင်းများလည်း ပါဝင်သည်။

ယခုအခါ အဆိုပါ ဒေသများတွင် လျှပ်စစ်ကား၊ မိုဘိုင်းလ်ဖုန်းနှင့် လေအားလျှပ်စစ်တာဘိုင်စက်များတွင် အသုံးပြုသည့် သံလိုက်များ ထုတ်လုပ်ရာ၌ အရေးပါသည့် မြေရှားသတ္တုကို ကချင်အထူးဒေသ-၁ နယ်မြေ ပန်ဝါ၊ ချီဖွေဒေသတွင် အဓိကတူးဖော်ပြီး ကုန်ကြမ်း ပစ္စည်းများအဖြစ် တရုတ်သို့ တင်ပို့နေခြင်း ဖြစ်သည်။

Global Witness အဖွဲ့၏ ယခုနှစ်မေလ အစီအရင်ခံစာတွင် ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ မြေရှားသတ္တုတင်ပို့ရောင်း ချမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံထိရှိခဲ့ကြောင်း ဖော်ပြထားသည်။

ကချင်အထူးဒေသ-၁ အတွင်းက မြေရှားသတ္တုတူးဖော်ရေး လုပ်ကွက်များမှာလည်း စစ်တပ်အာဏာမသိမ်းခင်ကထက် ၄၀ ရာခိုင်နှုန်းကျော် တိုးလာခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် မြန်မာမှတရုတ်နိုင်ငံသို့ တင်သွင်းမှုတန်ချိန် ၁၉,၅၀၀ တန်သာ ရှိခဲ့ရာမှ ၂၀၂၃ ခုနှစ်၌ ၄၁,၇၀၀ တန်ထိ တိုးမြှင့်လာခဲ့ကြောင်းလည်း Global Witness က ပြောထားသည်။

လက်ရှိ တိုက်ပွဲများကြောင့် ကချင်အထူးဒေသ-၁ အတွင်းက မြေရှားသတ္ထုတူးဖော်ရေး လုပ်ကွက်အားလုံးနီးပါ ရပ်တန့် နေသော်လည်း အနာဂတ်တွင် ထိုဒေသ၏ အုပ်စိုးသူအသစ်ဖြစ်လာသော KIA အတွက် မြေရှားသတ္တုသည် ဘဏ္ဍာရေးတိုးတက်မှု ၏ အဓိကအရင်းအမြစ်တခု ဖြစ်လာစေမည်ဖြစ်ကြောင်း စစ်ရေးလေ့လာသူတဦးက သုံးသပ်သည်။

ကချင်အထူးဒေသ ၁ ပြ မြေပုံ

၎င်းက “မြေရှားသတ္တုကို ထိန်းချုပ်လိုက်နိုင်တဲ့အတွက် KIA က စီးပွားရေးအင်အား ပိုပြီးတောင့်သွားတာပေါ့။ လောလောဆယ် အရောင်းအဝယ် မဖြစ်သေးတဲ့အတွက်ကြောင့် ငွေဝင်မှာတော့ မဟုတ်သေးဘူး။ ဒါပေမယ့်လည်း ဒီဧရိယာကို ထိန်းချုပ်နိုင်ခဲ့လို့ သူ့ဘဏ္ဍာရေးအတွက် ပိုပြီးအားကောင်းလာတာပေါ့” ဟု ပြောသည်။

ကချင်အထူးဒေသ-၁ အား ယခင် စစ်တပ်လက်အောက်ခံဖြစ်သော ဦးစခုန်တိန့်ယိန်းဦးဆောင်သည့် ကချင်ဒီမိုကရေစီသစ် တပ်မတော် (NDA-K) က အုပ်စိုးခဲ့ခြင်းဖြစ်ပြီး မြေရှားသတ္တု အပါအဝင် သယံဇာတများတူးဖော်ခြင်းဖြင့် ဦးစခုန်တိန့်ယိန်း မိသားစုအား အာဏာ၊ ငွေကြေး ကြီးထွားစေခဲ့သည်။

ဦးစခုန်တိန့်ယိန်းသည် ယခင်က KIA တပ်မှူးဟောင်းတဦးဖြစ်ပြီး ၁၉၆၈ ခုနှစ်တွင် KIA မှ ခွဲထွက်ကာ ဗမာပြည် ကွန်မြူနစ်ပါတီ (ဗ.က.ပ) နှင့် ပူးပေါင်း၍ ကချင်အထူးဒေသ-၁ နယ်မြေတွင် ဗ.က.ပ အမှတ် ၁၀၁ စစ်ဒေသအား ဦးဆောင်လှုပ်ရှားခဲ့သည်။

၁၉၈၉ ခုနှစ်တွင် ဗ.က.ပ ပြိုကွဲသည့်အခါ ဦးစခုန်တိန့်ယိန်းသည် NDA-K အား ဖွဲ့စည်းခဲ့ပြီး လပိုင်းအကြာ ၁၉၉၀ ခုနှစ်၌ န.ဝ.တ စစ်အစိုးရနှင့် ထာဝရငြိမ်းချမ်းရေး လက်မှတ်ရေးထိုးခဲ့သည့်အတွက် စစ်တပ်က ၎င်းတို့လှုပ်ရှားရာ ချီဖွေ၊ ဆော့လော်နှင့် ဝိုင်းမော်မြို့နယ်တို့အား ကချင်အထူးဒေသ-၁ အဖြစ် သတ်မှတ်ပေးခဲ့သည်။

ထို့နောက် ၂၀၀၉ ခုနှစ်တွင် စစ်အစိုးရက ၎င်းတို့လက်အောက်ခံ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် ဖိအားပေးမှုကို လက်ခံခဲ့ပြီး ကံပိုင်တည်၊ ပန်ဝါနှင့် ဖီမော်ဒေသတို့၌ နယ်ခြားစောင့်တပ်ရင်းသုံးခုဖွဲ့ကာ ဌာနချုပ်အဖြစ် ပန်ဝါတွင်အခြေစိုက် ၍ ကချင်အထူးဒေသ-၁ အား အုပ်စိုးခဲ့ခြင်း ဖြစ်သည်။

ကချင်အထူးဒေသ-၁ အား နှစ် ၃၀ ကျော် အုပ်စိုးခြယ်လှယ်ခဲ့သည့် ဦးစခုန်တိန့်ယိန်းဦးဆောင်သော NDA-K တဖြစ်လည်း နယ်ခြားစောင့်တပ်သည် ယခုအခါ KIA ၏ ၁ လဝန်းကျင်ကြာ ထိုးစစ်အောက်တွင် နိဂုံးချုပ်ခဲ့ပြီဖြစ်ပြီး ဦးစခုန်တိန့်ယိန်း ကိုယ်တိုင်လည်း ပန်ဝါမြို့နေအိမ်မှ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

RelatedPosts

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
181
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
107
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
390

ပြည်မနှင့်အလှမ်းကွာပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် မြန်မာမြောက်ဖျား ကချင်အထူးဒေသ-၁ အား လက်နက်၊ အာဏာ၊ ငွေကြေးအရှိန်နှင့် ချုပ်ကိုင်လာခဲ့သော ဦးစခုန်တိန့်ယိန်းသည် KIA ထိုးစစ်အစပိုင်း ဇွန်လအတွင်းက ၎င်း၏ လက်အောက်ခံတပ်ဖွဲ့များအား KIA ပူးပေါင်းတပ်များကို အပြင်းအထန်ခုခံတိုက်ခိုက်ရန် အမိန့်ထုတ်ပြန်ခဲ့သည်။

သို့သော် KIA ၏ ထိုးစစ်အောက်တွင် ရာနှင့်ချီသော နယ်ခြားစောင့်တပ်ဖွဲ့များနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ လက်နက်ချ ပူးပေါင်းမှုများရှိခဲ့ပြီး တပ်ဖွဲ့ဝင်အချို့မှာလည်း လက်နက်များစွန့်ပစ်ကာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြကြောင်း စစ်ရေး သတင်းအရင်းအမြစ်များက ပြောသည်။

KIA အနေဖြင့် ကချင်အထူးဒေသ-၁ အား ထိုးစစ်ဆင်ရာတွင် ဒေသတခုလုံးကို သိမ်းပိုက်ခဲ့သော်လည်း တရုတ်-မြန်မာ တရားဝင်နယ်စပ်ဂိတ်ဖြစ်သော ကံပိုင်တည်မြို့အား ယနေ့အချိန်ထိ ထိုးစစ်ဆင်သိမ်းပိုက်ခြင်း မရှိသေးပေ။

ကံပိုင်တည်မြို့အား KIA အနေဖြင့် ဝင်ရောက်တိုက်ခိုက်မှု မလုပ်ခြင်းသည် တရုတ်နိုင်ငံ၏ ဖိအားပေးမှုကြောင့် ဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသူအချို့က သုံးသပ်ထားကြပြီး KIA ကိုယ်တိုင်ကလည်း ကံပိုင်တည်မြို့နှင့် ပတ်သက်၍ အလေးအနက်ထား ကိုင်တွယ်နေကြောင်း KIA ပြောခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

ကချင်ပြည်နယ်ရှိ တောင်များတလျှောက် မြေရှားသတ္တု ရှာဖွေတူးဖော်ထားမှုများ / Global Witness

၎င်းက “ကံပိုင်တည်ကတော့ တရားဝင်နယ်စပ်ဂိတ် ဖြစ်နေတာ၊ ကုန်သွယ်ရေးဂိတ်လည်းဖြစ်နေတာ။ ကျနော်တို့လည်း လေးလေးနက်နက် ထားပါတယ်။ ဒါကြောင့် ကျနော်တို့လည်း ခုလောလောဆယ်ကတော့ ဝင်တိုက်တာမရှိဘူး။ တရုတ်က ဂိတ်တွေပိတ်တာရှိတယ်။ နယ်စပ်ဒေသမှာ တိုက်ပွဲမဖြစ်အောင်ဆိုပြီး ပြောတာရှိတယ်” ဟု ပြောသည်။

ကချင်ပြည်နယ်ရှိ အခြားသော တရုတ်-မြန်မာ ကုန်သွယ်ရေးမြို့ဖြစ်သည့် လွယ်ဂျယ်မြို့ကို သိမ်းပိုက်စဉ်ကလည်း KIA အနေဖြင့် ကြီးမားသောထိုးစစ်ဆင်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းမရှိဘဲ ကာလအတန်ကြာ မြို့အားပိတ်ဆို့ထားပြီးနောက် စစ်တပ်နှင့် ဌာနဆိုင်ရာများ စွန့်ခွာသွားမှသာ ဝင်ရောက်ထိန်းချုပ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ရေးလေ့လာသူတဦးက ထောက်ပြသည်။

၎င်းက “ကံပိုင်တည်က တရုတ်ရဲ့ တရားဝင်နယ်စပ်ဂိတ်ဖြစ်တဲ့အပြင် စစ်တပ်ကလည်း နေရာယူထားတဲ့အခါကျတော့ ဖိတိုက်တာမျိုး လုပ်ချင်မှလုပ်လိမ့်မယ်။ တဖြည်းဖြည်းတွန်းထုတ်တာမျိုးပဲ လုပ်လိမ့်မယ်ထင်တယ်။ သူရင်ဆိုင်ရမှာတော့ တရုတ်ဖိအားပေါ့။ စစ်တပ်နဲ့အပစ်ရပ်ဖို့တို့ဘာတို့၊ ပိတ်ဆို့မယ်တို့ဖိအားပေါ့။ ဒါပေမယ့် သူက နိုင်ငံရေးပရိယာယ်နဲ့ ဖြည်းဖြည်းမှန်မှန်လုပ်လေ့ရှိတယ်။ သိပ်ပြီးတော့ ဝုန်းဒိုင်းကြဲလုပ်လေ့မရှိဘူး။ ဖြည်းဖြည်းမှန်မှန် ခြေလှမ်းလေ့ရှိတဲ့အဖွဲ့ ဖြစ်တဲ့အတွက် ကျော်လွှားနိုင်လိမ့်မယ်ထင်ပါတယ်” ဟု သုံးသပ်သည်။

လက်ရှိတွင် တရုတ်က ဖိအားပေးသည့်အနေဖြင့် ကချင်အထူးဒေသ-၁ အတွင်းရှိ နယ်စပ်ဂိတ်များအားပိတ်ကာ လူဝင်/ထွက်မှု အပါအဝင် လောင်စာနှင့် ကုန်စည်တင်သွင်းမှုများအား ပိတ်ပင်ထားသည်။

ထိုသို့တရုတ်၏ ဖိအားပေးမှုများကြားကပင် ကချင်အထူးဒေသ-၁ အား တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် KIA သည် ထိန်းချုပ်ဒေသများ၌ အုပ်ချုပ်ရေးယန္တရားများ စတင်ဆောင်ရွက်နေပြီ ဖြစ်သော်လည်း ရပ်ဆိုင်းနေသည့် မြေရှားသတ္တု တူးဖော်ရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး တိကျသောမူဝါဒများကိုမူ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

ဝင်ငွေအကျိုးအမြတ်များသည့် မြေရှားသတ္တုနှင့် ပတ်သက်ပြီး KIA ကိုယ်တိုင်က မိုးမောက်၊ မံစီဒေသနှင့် ချီဖွေမြို့နယ်ထဲမှ ဖရဲဒေသတို့တွင် တူးဖော်မှုများ ပြုလုပ်ခဲ့သော အတွေ့အကြုံရှိအဖွဲ့ဖြစ်သည်။

KIA မြေရှားတူးဖော်မှုနှင့်ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများကြောင့် ဒေသခံအရပ်သားများက ဆန့်ကျင်ဆန္ဒပြ တောင်းဆိုမှုများရှိခဲ့ရာ လုပ်ကွက်အချို့ ရပ်ဆိုင်းပေးခဲ့ရသည်။

မြေရှားသတ္တုတူးဖော်ရေးနှင့် ပတ်သက်၍ နည်းပညာလိုအပ်ချက်နှင့် ရန်ပုံငွေရရှိရေး အရေးပေါ်လုပ်ဆောင်မှုများကြောင့် စနစ်မကျမှုများရှိခဲ့ကြောင်း ကချင်လွတ်လပ်ရေးကောင်စီ (KIC) ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က BBC နှင့် အင်တာဗျူးတွင် ထုတ်ဖော်ပြောဆိုထားသလို တိကျပြီးစနစ်ကျသည့်မူဝါဒ ချမှတ်နိုင်ရေးအတွက် အဖွဲ့ဖွဲ့ကာ ကြိုးပမ်းနေကြောင်းလည်း ပြောထားသည်။

စစ်တပ်နှင့် ၎င်းလက်အောက်ခံ နယ်ခြားစောင့်တပ် အုပ်စိုးသည့်ကာလတွင် ကချင်အထူးဒေသ-၁ အတွင်း နှစ်စဉ် ဓာတုပစ္စည်းတန်ချိန် သိန်းချီသုံးကာ တရားမဝင် စည်းကမ်းမဲ့ မြေရှားတူးဖော်မှုများကြောင့် သဘာဝပတ်ဝန်းကျင် အကြီးအကျယ်ပျက်စီးခဲ့ရပြီး မြစ်ချောင်းနှင့် မြေလွှာများ အဆိပ်သင့်နေရကြောင်း မြေရှားသတ္တုလုပ်ငန်း လေ့လာစောင့်ကြည့်ရေးအဖွဲ့များ၏ အစီအရင်ခံစာများတွင် ထောက်ပြထားသည်။

ကမ္ဘာတွင် မြေရှားသတ္တုတင်ပို့မှုအများဆုံး နံပါတ် ၁ သည် တရုတ်နိုင်ငံဖြစ်ပြီး ဈေးကွက်၏ ၉၀ ရာခိုင်နှုန်းအား ထိန်းချုပ်ထားကြောင်း အစီအရင်ခံစားများက ဖော်ပြထားသော်လည်း သဘာဝပတ်ဝန်းကျင်ကို ဆိုးဝါးစွာထိခိုက်စေသည့် မြေရှားသတ္ထုတူးဖော်မှုလုပ်ငန်းအား ၎င်းတို့နိုင်ငံအတွင်း ၂၀၁၆ ခုနှစ်မှစကာ တရုတ်က ထိန်းချုပ်ကန့်သတ်ထားသည်။

ထို့ကြောင့် တရုတ်လုပ်ငန်းရှင်များသည် မြန်မာနိုင်ငံသို့ ရွှေ့ပြောင်းပြီး မြေရှားသတ္ထုတူးဖော်ရေးအတွက် ဒေသတွင်း လက်နက်ကိုင်အဖွဲ့ များနှင့် ပူးပေါင်းကာ အလွန်အကျွံလုပ်ကိုင်ခဲ့ကြသည်။

ကချင်ပြည်နယ်၊ ပန်ဝါမြို့နယ်ရှိ မြေရှားသတ္တု တူးဖော်ရေးလုပ်ငန်းခွင်/ The Rvwang

လက်ရှိ KIA က သိမ်းပိုက်ပြီးနောက် မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းများ ရပ်ဆိုင်းနေပြီး ကမ္ဘာ့ဈေးကွက်တွင် မြေရှားသတ္တုဈေးနှုန်းများ တက်လာနိုင်ကြောင်း တရုတ်အစိုးရပိုင် Global Times သတင်းဌာနက နိုဝင်ဘာ ၃ ရက်တွင် ရေးသားဖော်ပြခဲ့သည်။

ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ကိုးလအတွင်း မြန်မာနိုင်ငံမှ ထွက်ရှိသည့် မြေရှားသတ္တု တန်ချိန် ၃၁,၀၀၀ အား တရုတ်နိုင်ငံသို့ တင်သွင်းခဲ့ပြီး ထိုပမာဏသည် တရုတ်နိုင်ငံက ပြည်ပနေတင်သွင်းသည့် မြေရှားသတ္တုပမာဏ၏ ၇၄ ဒသမ ၉ ရာခိုင်နှုန်းရှိကြောင်းလည်း သတင်းတွင် ဖော်ပြထားသည်။

လတ်တလော တရုတ်က ဖိအားပေးသည့်အနေဖြင့် နယ်စပ်ဂိတ်များ ပိတ်ထားမှုကြောင့် မြေရှားတူးဖော်မှုများ ရပ်ဆိုင်းနေသော်လည်း ကမ္ဘာ့

ဈေးကွက်လိုအပ်ချက် မြင့်မားမှုကြောင့် တရုတ်အနေဖြင့် မြေရှားသတ္တုတင်သွင်းရေးနှင့် ပတ်သက်ပြီး ပြန်လည်ဖြေလျှော့လာနိုင်ကြောင်း ကချင်နိုင်ငံရေးလေ့လာသူတဦးက သုံးသပ်သည်။

၎င်းက “မြေရှားသတ္တုက တရုတ်ရဲ့ ပေါ်လစီအပေါ် မူတည်ပါလိမ့်မယ်။ မြေရှားကို တရုတ်က လိုလားတဲ့ပုံစံမရှိဘူး။ တင်သွင်းမှုကို ကန့်သတ်လိုက်တယ်ဆိုရင် တူးဖော်တဲ့ဟာက အကန့်အသတ်နဲ့တော့ ဖြစ်သွားမှာပေါ့။ အဓိက တူးနေတာက တရုတ်ပြည်ထဲက လုပ်ငန်းရှင်တွေဖြစ်တယ်။ နိုင်ငံတကာမှာ မြေရှားသတ္တုက ဝယ်လိုအားများနေတော့ တရုတ်က ဒါကို စဉ်းစားလိမ့်မယ်လို့ မြင်ပါတယ်။ ဒါကြောင့်လည်း တရုတ်က ဂိတ်တွေဖွင့်ပြီးမှ တင်သွင်းမယ်လို့မြင်ပါတယ်” ဟု ပြောသည်။

ဝင်ငွေအကျိုးအမြတ်ကြီးမားသကဲ့သို့ တဖက်တွင် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေသည့် စိန်ခေါ်မှုများသော မြေရှားသတ္တုထွက်ရှိရာဒေသ၏ အုပ်စိုးသူအသစ်ဖြစ်လာသော KIA အနေဖြင့် မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းများအား မည်သို့သောစနစ်၊ နည်းပညာ၊ စည်းကမ်းမူဝါဒများဖြင့် ထိန်းချုပ်ကိုင်တွယ်သွားမည်ကို ဒေသခံများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်များ၊ တရုတ်လုပ်ငန်းရှင်များနှင့် မြေရှားသတ္တုအရေး လေ့လာနေသူများက စောင့်ကြည့်နေကြမည် ဖြစ်သည်။ ။

You may also like these stories:

မြေရှားသတ္တုမိုင်း မြေပြိုသောကြောင့် လူအနည်းဆုံး ၇ ဦးသေဆုံး

မြန်မာ့မြေရှားသတ္တု တူးဖော်မှုက အနာဂတ်ကိုဖျက်ပြီး ပစ္စုပ္ပန်ကိုလည်း အဆိပ်ခတ်နေ

မြေရှားသတ္တုတူးနေကြသော တရုတ်-မြန်မာ နယ်စပ်က “စတေးခံဇုန်များ”

Your Thoughts …
Tags: KIANDA-Kကချင်အထူးဒေသ ၁တရုတ်-မြန်မာနယ်စပ်မြေရှားသတ္တုဦးစခုန်တိန့်ယိန်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

ခမရ ၃၀၁ မှ ယာယီတပ်ရင်းမှူး အဖမ်းခံရ

ခမရ ၃၀၁ မှ ယာယီတပ်ရင်းမှူး အဖမ်းခံရ

by ဧရာဝတီ
24 August 2023
25.3k

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ထဲတွင် စစ်ဆင်ရေးဝင်နေသော တပ်မ ၈၈ လက်အောက်ခံ ခမရ ၃၀၁ မှ ယာယီ တပ်ရင်းမှူး ဗိုလ်မှူး ဇေယျာထွန်းအား အမိန့်မနာခံမှုဖြင့် ဖမ်းဆီး ချုပ်နှောင်ထား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.4k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

by နွေနေ
18 September 2024
18.7k

သတင်းမီဒီယာတွေနဲ့ ပြုလုပ်တဲ့ အင်တာဗျူးတွေမှာ သူ့ရဲ့ ရခိုင်လူမျိုးတွေအတွက် ရခိုင်အမျိုးသားနိုင်ငံ ထူထောင်ရေး စိတ်ကူးအိပ်မက်တွေကို ကြားရတတ်တယ်။

Next Post
နှစ် ၇၀ ကြာ အထိုင်ချထားတဲ့ ကူးဆိပ်စခန်းကို KNLA သိမ်းပိုက် (ရုပ်/သံ)

နှစ် ၇၀ ကြာ အထိုင်ချထားတဲ့ ကူးဆိပ်စခန်းကို KNLA သိမ်းပိုက် (ရုပ်/သံ)

ပဋိပက္ခကြောင့် ရာသီဥတုပြောင်းလဲမှုဒဏ်ကို တုံ့ပြန်နိုင်စွမ်း နည်းတယ် (ရုပ်/သံ)

ပဋိပက္ခကြောင့် ရာသီဥတုပြောင်းလဲမှုဒဏ်ကို တုံ့ပြန်နိုင်စွမ်း နည်းတယ် (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved