ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၅) လှုပ်ရှားနယ်မြေ အတွင်းမှာရှိတဲ့ ကူးဆိပ် စခန်းဟာ ၁၉၅၄ ခုနှစ် လောက်ကတည်းက အထိုင်ချတပ်စွဲထားတာဖြစ်ပြီး ဒီစခန်းကို ပူးပေါင်းတပ်တွေက နိုဝင်ဘာ ၉ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။
ကူးဆိပ်စခန်းဟာ ကူးဆိပ်တံတားရဲ့လုံခြုံရေးတာဝန်ကို အဓိကတာဝန်ယူရတဲ့အပြင်ဖာပွန်အတွက် အထောက်စခန်းကြီး တခုလည်းဖြစ်တယ်လို့ KNLA တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး စောကလယ်ဒိုက ပြောပါတယ်။
လက်ရှိ ဖာပွန်မြို့နယ်မှာ စစ်တပ်ရဲ့ နှစ်ပေါင်းများစွာ တပ်စွဲထားတဲ့ အကြီးစား ထောက်ပို့စခန်းတွေကို တိုက်ခိုက် သိမ်းပိုက် နိုင်ခဲ့တဲ့ အတွက် ကျန်တဲ့ ဗျူဟာ စခန်းတွေကိုလည်း တိုက်ခိုက် သိမ်းပိုက်နိုင်ဖို့ အားကောင်းသွားတယ်လို့မြေပြင် သတင်းရင်းမြစ်တွေက ပြောကြပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy