၂၀၂၂ ခုနှစ်က Global Witness ၏ စုံစမ်းစစ်ဆေးမှုတခုတွင် Green Energy အစိမ်းရောင်စွမ်းအင်သို့ ကူးပြောင်းမှု၏ ဗဟိုချက်မှ တုန်လှုပ်စရာ ပကတိအခြေအနေကို ဖော်ထုတ်ပြသခဲ့သည်။ မြန်မာမှ စည်းကမ်းထိန်းကြောင်းမှု ကင်းမဲ့သော သတ္တုမိုင်းများသည် လျှပ်စစ်ကားများ (EV) နှင့် လေအားလျှပ်စစ် တာဘိုင်များတွင် သုံးသည့် သံလိုက်အတွက် အရေးပါသော ပစ္စည်းများဖြစ်သည့် မြေရှားသတ္တုဒြပ်စင်များ (HREE) ၏ အဓိကရင်းမြစ်တခု ဖြစ်လာနေသည်။
ကမ္ဘာ့မြေရှားသတ္တု သန့်စင်သည့် စွမ်းရည် ၉၀ ရာခိုင်နှုန်းနီးပါးကို ထိန်းချုပ်ထားသည့် တရုတ်နိုင်ငံသည် ၎င်း၏ ထုတ်လုပ်မှုလုပ်ငန်း အများစုကို မြန်မာသို့ လုပ်ငန်းခွဲချထားသောကြောင့် ဒေသခံ လူမှုအသိုက်အဝန်းများနှင့် သဘာဝပတ်ဝန်းကျင်အတွက် ကြောက်စရာကောင်းသော တန်ဖိုးပေးဆပ်ရမှုများ ဖြစ်စေသည်။ မြန်မာမှ မြေရှားသတ္တုဒြပ်စင်များ အများစုသည် တရုတ်နယ်စပ် ကချင်ပြည်နယ်မှ လာသည်။ ကချင်ပြည်နယ်သည် ပိုမိုကျယ်ပြန့်သော ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် တိုက်ပွဲဝင်နေသည့် လူမျိုးစု လူမှုအသိုက်အဝန်းများနှင့် မြန်မာစစ်တပ်အကြား ဆယ်စုနှစ်များစွာကြာသည့် စစ်ပွဲကို ကြုံတွေ့နေရသည်။ ၂၀၂၁ ခုနှစ် အကြမ်းဖက် စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် စစ်ကောင်စီသည် ပြည်သူလူထုနှင့် လက်နက်ကိုင် အင်အားစုများ၏ ပြင်းထန်သော ခုခံမှုကြောင့် နယ်မြေထိန်းချုပ်နိုင်ရေး ရုန်းကန်နေရသည်။
နောက်ဆုံးအစီရင်ခံစာ ထုတ်ပြန်ပြီး နှစ်နှစ်ကြာသောအခါ Global Witness သည် ထိုဒေသမှ အဆိပ်သင့်နေသည့် မိုင်းတွင်းများသို့ ပြန်လည် သွားရောက်ခဲ့သည်။ ကုန်သွယ်ရေး အချက်အလက်သစ်များ၊ ဂြိုဟ်တုမှ ရိုက်ကူးထားသောပုံများနှင့် လူမှုအသိုက်အဝန်း၏ သက်သေခံချက်များအရ မြန်မာမှ ဝေးကွာသော ဒေသတခုအပေါ် ကမ္ဘာ့မှီခိုမှု နက်ရှိုင်းလာနေသလို ထိုနေရာတွင် နေထိုင်သူများအတွက် အကျိုးဆက်လည်း နက်ရှိုင်းလာနေကြောင်း ပြသနေသည်။
ချီဖွေမြို့မှ လူမှုအသိုက်အဝန်းဝင်တဦးက “ရေထဲမှာ ငါး မရှိတော့ဘူး။ ရေထဲကို ဆင်းရင် ယားယံတာ၊ ရောဂါရတာတွေ ဖြစ်တယ်။ တိရိစ္ဆာန်တွေ အဲဒီရေကိုသောက်ရင် သေကုန်တယ်” ဟု ပြောသည်။
ဒေသခံမိုင်းတူးသမားများ၊ လူမှုအသိုက်အဝန်းဝင်များနှင့် တွေ့ဆုံမေးမြန်းမှုများအရ အလုပ်သမားများ၏ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံလူမှုအသိုက်အဝန်းများအပေါ် သက်ရောက်မှုသည် ဆက်လက်ပြီး အပြင်းအထန် ထိခိုက်ပျက်စီးစေကြောင်း ဖော်ပြနေသည်။ ချီဖွေမြို့မှ လူမှုအသိုက်အဝန်းဝင်တဦးက “ရေထဲမှာ ငါး မရှိတော့ဘူး။ ရေထဲကို ဆင်းရင် ယားယံတာ၊ ရောဂါရတာတွေ ဖြစ်တယ်။ တိရိစ္ဆာန်တွေ အဲဒီရေကိုသောက်ရင် သေကုန်တယ်” ဟု ပြောသည်။
မြန်မာမှ တရုတ်သို့ ဟဲဗီးမြေရှား သတ္တုအောက်ဆိုဒ် တင်သွင်းမှုသည် ၂၀၂၁ ခုနှစ်က ၁၉,၅၀၀ တန်သာ အမြင့်ဆုံးရှိရာမှ ၂၀၂၃ ခုနှစ်တွင် ၄၁,၇၀၀ တန်သို့ ခုန်တက်သွားကြောင်း တွေ့ရသည်။ ထိုပမာဏသည် တရုတ်နိုင်ငံ၏ ပြည်တွင်း HREE တူးဖော်မှု၏ နှစ်ဆကျော်ရှိသည်။ ထိုကာလအတွင်း အခြားရင်းမြစ် အနည်းငယ်သာ ပေါ်ပေါက်လာသောကြောင့် အရေးပါသော HREE ၏ တခုတည်းသော ရင်းမြစ်အဖြစ် မြန်မာ၏ အခန်းကဏ္ဍသည် ပိုမိုခိုင်မာလာသည်။
Global Witness က သရုပ်ခွဲလေ့လာသည့် နောက်ဆုံးဂြိုဟ်တု ဓာတ်ပုံများတွင် ထိုဝယ်လိုအားကြောင့် ဖြစ်စေသည့် မြေပြင်ပေါ်မှ အပျက်အစီးများကို ပြသနေသည်။ ရက်စက်ကြမ်းကြုတ်သော စစ်ကောင်စီနှင့် မဟာမိတ် ပြည်သူ့စစ်များ ထိန်းချုပ်ထားသည့် ကချင်အထူးဒေသ (၁) တွင် သတ္တုတူးဖော်သည့်နေရာများ ၄၀ ရာခိုင်နှုန်းကျော် တိုးလာပြီး ပန်ဝါမှ ချီဖွေမြို့ဘက်ဆီသို့ ကျယ်ပြန့်လာသည်။
ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO) ထိန်းချုပ်သည့် မိုးမောက်မြို့နယ်တွင်လည်း သတ္တုတူးဖော်သည့်နေရာများ သိသိသာသာ တိုးလာသည်ကို တွေ့ရသည်။ KIO သည် ကချင်ပြည်နယ်တွင် လူထုထောက်ခံမှု ကျယ်ကျယ်ပြန့်ပြန့်ရရှိသော အဖွဲ့ဖြစ်ပြီး မြန်မာစစ်တပ်နှင့် နိုင်ငံရေး၊ စစ်ရေးတိုက်ပွဲ ဖြစ်ပွားနေသည်။
မြန်မာ၏ အကျိုးအမြတ်များသည့် မြေရှားသတ္တု ကုန်သွယ်မှုသည် ၂၀၂၃ ခုနှစ်တွင် ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံဖိုး ရှိပြီး လွန်စွာ မတည်ငြိမ်သောဒေသတွင် ဘဏ္ဍာရေး ပဋိပက္ခနှင့် ဖျက်ဆီးမှုအန္တရာယ် ကျရောက်စေသည်။ ၂၀၁၈ ခုနှစ်တွင် မြန်မာအရပ်သား ဦးဆောင်သောအစိုးရက တင်ပို့မှု ပိတ်ပင်ခဲ့ပြီး လုပ်ငန်းများ ရပ်ရန် တရုတ်မိုင်းတူးလုပ်ငန်းများကို အမိန့်ပေးသည်။
၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် ညှာတာမှု ကင်းမဲ့သော စစ်အာဏာရှင်စနစ်နှင့် ပြည်တွင်းပဋိပက္ခ ကျယ်ပြန့်လာသည့် အခြေအနေတွင် တူးဖော်ထုတ်လုပ်မှုများ ဆက်လက်ရှိနေသည်။ မြန်မာနိုင်ငံမှ သယံဇာတ ထုတ်လုပ်သည့် လုပ်ငန်းအများစုသည် လုံးဝ တရားမဝင်ဘဲ ထိုလုပ်ငန်းများကို တရားမဝင် စစ်တပ်နှင့် ပြည်သူ့စစ်များက ထိန်းချုပ်ထားကာ သတ္တုတူးဖော်ရေး စံနှုန်းများ ထိန်းသိမ်းမှု မရှိကြောင်း ကချင် သတင်းရင်းမြစ်များက ပြောသည်။ KIO သည် ပိုမိုကျယ်ပြန့်သည့် တရားဝင်မှုရရှိပြီး ကချင်ပြည်နယ်တွင် လက်တွေ့အစိုးရအဖြစ် လည်ပတ်နေသည်။
စည်းကမ်းမဲ့ သတ္တုတူးဖော်ခြင်းသည် ပတ်ဝန်းကျင်ကို ပြင်းထန်စွာ ထိခိုက်စေပြီး ဂေဟစနစ်များနှင့် လူသားကျန်းမာရေးအပေါ် ထိုလုပ်ငန်း၏ ခြိမ်းခြောက်မှု ယခင်ထက် ပိုမို အရေးပေါ်အခြေအနေသို့ ရောက်လာသည်။
ယခုအစီရင်ခံစာ မထုတ်ဝေမီ Global Witness က ဆက်သွယ်သောအခါ KIO ပြောခွင့်ရသူတဦးက ၎င်းတို့သည် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ရန် မြေရှားသတ္တုတူးဖော်ရေး ကုမ္ပဏီများကို တင်းကျပ်သော စည်းကမ်းများ ချမှတ်ထားကြောင်း ပြောသည်။ သို့သော် Global Witness က ဆွေးနွေးခဲ့သည့် သတင်းရင်းမြစ်ကမူ ထိုလုပ်ငန်းကို စည်းကမ်းထိန်းကျောင်းရန် ချထားသည့် မည်သည့် ဥပဒေမူဘောင်မှ ရှိသည်ဟု မသိကြောင်း ပြောသည်။ နှစ်ဖက်လုံးတွင် ထိုသို့ စည်းကမ်းမဲ့ သတ္တုတူးဖော်ခြင်းသည် ပတ်ဝန်းကျင်ကို ပြင်းထန်စွာ ထိခိုက်စေပြီး ဂေဟစနစ်များနှင့် လူသားကျန်းမာရေးအပေါ် ထိုလုပ်ငန်း၏ ခြိမ်းခြောက်မှု ယခင်ထက် ပိုမို အရေးပေါ်အခြေအနေသို့ ရောက်လာသည်။
အဆိပ်သင့်နေသော စမ်းချောင်းများ
အားဘရန် (အမည်လွှဲ) သည် ကချင်ပြည်နယ် အထူးဒေသ (၁) မှ ပန်ဝါအနီး သတ္တုမိုင်းတခုရှိ သိုလှောင်ကန်များသို့ အက်စစ်အိတ်များကို ဆွဲယူပို့ဆောင်သည့် အလုပ်လုပ်သည်။ ထို့နောက် အက်စစ်များကို ရေထဲထည့်ကာ တုတ်တချောင်းဖြင့်မွှေရပြီး မိုးကာတထည်နှင့် လက်အိတ်များသာ အကာအကွယ်အဖြစ် ရှိသည်။ တခါတရံ လောင်ကျွမ်းနေသည့် ဓာတုပစ္စည်းများမှ သူ၏ လက်ကို ကာကွယ်ရန် ပလပ်စတစ်အိတ်များကိုသာ အသုံးပြုရတတ်သည်။
“ပါးစပ်ထဲကို ဝင်သွားရင် စားမိတာနဲ့ အတူတူပဲ” ဟု ၎င်းကပြောသည်။ “ဘက်ထရီ အက်စစ်လို အရသာမျိုး။ ချဉ်ပြီး စူးရှနေတယ်။ အဲဒီအနားမှာ နှာခေါင်းစည်း ဝတ်ထားရင်တောင် လည်ချောင်း ပူလောင်ပြီး ချောင်းအရမ်းဆိုးတယ်” ဟု ဆက်ပြောသည်။
အားဘရန်သည် အော့ဆဲလစ်အက်စစ်ဖြင့် အလုပ်လုပ်ရပြီး ထိုအက်စစ်သည် မြေရှားသတ္တုများကို တောင်စောင်းများမှ ဖောက်ချပြီးနောက် ပြုပြင်ရာတွင် သုံးသော အဆိပ်ပြင်းသည့် ဓာတုပစ္စည်းဖြစ်သည်။ ထိုသို့ ပြုပြင်သန့်စင်သည့်လုပ်ငန်းကို ထိုရေကန်များ၏အထက်တွင် စတင်ပြီး ထိုနေရာများတွင် အမိုးနီးယမ်း ဆာလဖိတ်ကို ပိုက်ကွန်ရက်များဖြင့် မြေကြီးအတွင်း ထိုးသွင်းသည်။ ထိုပျော်ရည် တောင်စောင်းမှ ဖြတ်သန်းသောအခါ မြေရှားသတ္တုဒြပ်စင်များကို စုယူသော်လည်း သဘာဝပတ်ဝန်းကျင်အတွက် အလွန်ဆိုးရွားသည့် အကျိုးဆက်များ ဖြစ်စေသည်။
In-situ leaching ဟု ခေါ်သည့် ထိုနည်းလမ်းကို ၁၉၈၀ ပြည့်နှစ်များက တရုတ်နိုင်ငံတွင် စတင် အသုံးပြုပြီး ရေလမ်းကြောင်း၊ လယ်မြေများ ညစ်ညမ်းခြင်းနှင့် အပင်များပျက်စီးသည့် သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်လာသည်။
In-situ leaching နည်းကို တရုတ်နိုင်ငံတွင် ခွင့်ပြုဆဲဖြစ်သော်လည်း တရားဝင်ထုတ်လုပ်မှု ခွဲတမ်း၊ တင်းကျပ်သော စံနှုန်းများနှင့် အက်စစ်ယိုစိမ့်မှု လျှော့ချရန် အစီအမံများပါဝင်သည့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အကဲဖြတ်ခြင်း စသည်တို့ဖြင့် စီမံသည်။ ထိုသို့သော လုပ်ထုံးလုပ်နည်းများကို မြန်မာတွင် ကျင့်သုံးပုံမရပေ။
ကုန်သွယ်မှု အချက်အလက်များအရ ထိုဓာတုပစ္စည်း အများစုသည် တရုတ်မှ လာပြီး ၂၀၂၃ ခုနှစ်တွင် မြန်မာသို့ အမိုးနီးယမ်း ဆာလဖိတ် တင်ပို့မှု တန်ချိန် ၁ ဒသမ ၅ သန်းရှိပြီး ၂၀၁၅ ခုနှစ်က တန်ချိန် ၉၃,၀၀၀ သာရှိရာ တိုးလာသည်။ ထိုနှစ်တွင် အော့ဆဲလစ်အက်စစ် တင်ပို့မှု ၁၇၄,၀၀၀ တန်ရှိပြီး ၂၀၁၅ ခုနှစ်က ၃၄၂ တန်သာ တင်ပို့ခဲ့သည်။
ထိုသို့ မလုပ်ဘဲ မြေရှားသတ္တု ထုတ်ယူရေးသည် အားလုံးထက် ဦးစားပေးသည့်ကိစ္စ ဖြစ်သည်။ သတ္တုတူးဖော်သည့် လုပ်ငန်းသစ်များ အလျင်အမြန် ပေါ်ပေါက်လာပြီး ထုတ်လုပ်မှု အမြင့်မားဆုံး ဖြစ်စေရန် ဓာတုပစ္စည်း အများအပြားကို အသုံးပြုကြသည်။ ကုန်သွယ်မှု အချက်အလက်များအရ ထိုဓာတုပစ္စည်း အများစုသည် တရုတ်မှ လာပြီး ၂၀၂၃ ခုနှစ်တွင် မြန်မာသို့ အမိုးနီးယမ်း ဆာလဖိတ် တင်ပို့မှု တန်ချိန် ၁ ဒသမ ၅ သန်းရှိပြီး ၂၀၁၅ ခုနှစ်က တန်ချိန် ၉၃,၀၀၀ သာရှိရာ တိုးလာခြင်းဖြစ်သည်။ ထိုနှစ်တွင် အော့ဆဲလစ်အက်စစ် တင်ပို့မှု ၁၇၄,၀၀၀ တန်ရှိပြီး ၂၀၁၅ ခုနှစ်က ၃၄၂ တန်သာ တင်ပို့ခဲ့သည်။
စတေးရမည့် နောက်ဆက်တွဲများကို အလုပ်သမားများနှင့် ဒေသခံပြည်သူများက ခံစားရသည်။ သတ္တုတူးဖော်သည့် ဒေသတခုလုံးတွင် အလုပ်သမားများသည် ချောင်းဆိုးခြင်း၊ ထုံကျင်ခြင်း၊ အရေပြားနှင့် ကျောက်ကပ် ပြဿနာများဖြစ်ကြောင်း ပြောပြီး ထိုလက္ခဏာများ အားလုံးသည် မိုင်းများတွင် အသုံးပြုသည့် ဓာတုပစ္စည်း ပျော်ရည်ကြောင့် ဖြစ်သော ကျန်းမာရေးအန္တရာယ်များပင် ဖြစ်သည်။
အလုပ်မှ ထုတ်ပယ်ခံရပြီး မကြာမီ သေဆုံးသွားသည့် သတ္တုတွင်းလုပ်သား နှစ်ဦး၏ ဇနီးနှင့် မိခင်ကို Global Witness က တွေ့ဆုံမေးမြန်းခွင့်ရခဲ့သည်။ ထိုအလုပ်သမားနှစ်ဦးလုံးသည် ကလီစာများကွဲထွက်ပြီး ဝမ်းဗိုက်တွင် အရည်စုခြင်း စသည့် အစာအိမ် အူလမ်းကြောင်း ပြဿနာများ ခံစားကြရခြင်းဖြစ်သည်။ ၎င်းတို့မိသားစုများက သေဆုံးသူများသည် ဓာတုပစ္စည်းနှင့်ထိတွေ့သောကြောင့် ထိုသို့သေဆုံးသည်ဟု ယုံကြည်ကြသော်လည်း နှစ်ဦးလုံးကို ရောဂါရှာဖွေစစ်ဆေးခြင်း မရှိခဲ့ပေ။ တဦးသည် မကြာသေးမီကမှ လက်ထပ်ထားပြီး ကလေးတဦး ရှိသည်။ အခြားတဦးမှာ ၁၅ အရွယ် လူငယ်တဦးဖြစ်သည်။
“သူ့ကလီစာတွေ ပုပ်ကုန်တယ်။ ဒီ အန္တရာယ်တွေကို သူတို့ရှင်းပြရင် ဘယ်သူက အဲဒီမှာ အလုပ်လုပ်မှာလဲ” ဟု ထိုသတ္တုတွင်းလုပ်သား၏ ကျန်ရစ်သူ ဇနီးကပြောသည်။
ထိုအဆိပ်သင့်သော ဓာတုပစ္စည်းများသည် ဒေသခံများ တခါက ငါးဖမ်းပြီး သောက်ရေခပ်သည့် စမ်းချောင်းများတွင် စိမ့်ဝင်နေသည်။ Global Witness က လေ့လာခဲ့သည့် မကြာသေးမီက ရေနမူနာ အချက်အလက်များအရ ကချင်အထူးဒေသ (၁) မှ စမ်းချောင်း အများအပြားတွင် အက်စစ်ဓာတ် လွန်စွာမြင့်မားနေပြီး အာဆင်းနစ်အဆင့် မြင့်မားနေကြောင်း ပြသနေသည်။ ထိုသို့ ညစ်ညမ်းသောရေသည် ကမ္ဘာတွင် မည်သည့်နေရာတွင်မှ မရှိသည့် မျိုးစိတ် ၁,၅၀၀ ခန့်ရှင်သန်ထိုင်ရာ ဇီဝမျိုးကွဲ စုံလင်မှု အရေးပါသောဒေသအဖြစ် ကျော်ကြားပြီး အရှေ့တောင်အာရှ ကုန်းမြေမှ အကြီးမားဆုံး လက်ကျန် အခြေခံသစ်တောများရှိသည့် ထိုဒေသကို လုံးဝဖျက်ဆီးပစ်ရန် ခြိမ်းခြောက်နေသည်။
“အရာရာ ဖျက်ဆီးခံနေရတယ်။ ကွင်းတွေထဲမှာ ဘာပင်မှ စိုက်လို့ မရတော့ဘူး။ စမ်းချောင်းတွေမှာ ငါးဖမ်းလို့ မရတော့ဘူး။ အဲဒီရေကိုသောက်လို့ တိရစ္ဆာန်တွေ အများအပြား သေဆုံးကုန်ပြီ” ဟု အားဘရန်က ပြောသည်။
“အရာရာ ဖျက်ဆီးခံနေရတယ်။ ကွင်းတွေထဲမှာ ဘာပင်မှ စိုက်လို့ မရတော့ဘူး။ စမ်းချောင်းတွေမှာ ငါးဖမ်းလို့ မရတော့ဘူး။ အဲဒီရေကိုသောက်လို့ တိရစ္ဆာန်တွေ အများအပြား သေဆုံးကုန်ပြီ” ဟု အားဘရန်က ပြောသည်။
မြေရှားသတ္တု ကမ္ဘာ့ဝယ်လိုအား ဆက်လက် ကြီးထွားနေသောကြောင့် အပျက်အစီးလည်း ကျယ်ပြန့်လာနေသည်။
ကချင်ပြည်နယ်တဝန်း မြေရှားသတ္တုစစ်ယူ
မြန်မာစစ်တပ်ကို သစ္စာခံသည့် ကချင်အထူးဒေသ (၁) တွင် မြေရှားသတ္တုတူးဖော်မှု ထွန်းကားနေကြောင်း Global Witness က ယခင်ကလည်း မှတ်တမ်းတင်ထားပြီး ဖြစ်သည်။ ယခုအခါ ရရှိသည့် ဂြိုဟ်တုဓာတ်ပုံများအရ သတ္တုတူးဖော်သည့် နေရာအရေအတွက်သည် ၃၀၀ ကျော်အထိ ခုန်တက်သွားပြီး ၂၀၂၁ နှင့် ၂၀၂၃ ခုနှစ်များအကြား ၄၀ ရာခိုင်နှုန်းကျော် တိုးလာကြောင်း ပြသနေကာ နယ်စပ်မြို့ ပန်ဝါ ပတ်ပတ်လည် ရှုခင်းတွင် ပြည့်နှက်နေပြီး ပျက်စီးစေသည်။ ယခုအခါ ထိုသတ္တုတွင်းများသည် ချီဖွေမြို့အနီး အလျင်အမြန် ချဉ်းကပ်လာနေသည်။ ထိုမြို့သည် ယခင်က သစ်ခွပန်းများနှင့် သားရိုင်းတိရိစ္ဆာန်များဖြင့် ဝန်းရံထားပြီး ချီဖွေချောင်းကမ်းပါးများတွင် ဆန်နှင့် ပိန်းဥ စိုက်သည့် လယ်တောငယ်များရှိကြောင်း ဒေသခံများက ပြောသည်။
“အခုရေက နောက်ပြီး သတ္တုနံ့လို အနံ့ထွက်နေတယ်” ဟု ဒေသခံ လူမှုအသိုက်အဝန်း ခေါင်းဆောင် နောနော (အမည်လွှဲ) က ပြောသည်။ “အနံ့ဆိုးလွန်းလို့ ချောင်းကမ်းဘေးက အိမ်တွေ အဝေးကို ပြောင်းရွှေ့ကုန်ပြီ” ဟုလည်း ပြောသည်။
ထိုသဘာဝပတ်ဝန်းကျင် အကျပ်အတည်းကို မြင့်မားလာသည့် လူမှုပြဿနာများက ပိုမိုဆိုးရွားစေသည်။ ဒေသခံအမျိုးသားများအကြား မူးယစ်ဆေးဝါးသုံးစွဲမှု၊ အကြမ်းဖက်မှုနှင့် အမှုငယ်များ မြင့်တက်လာနေသည်။ အခြေခံကုန်ပစ္စည်းများ ဈေးလွန်စွာ မြင့်မားနေသောကြောင့် ဆယ်ကျော်သက်အရွယ် အမျိုးသားများသည် မိုင်းများတွင် အလုပ်လုပ်ရန် ကျောင်းထွက်ကြပြီး အမျိုးသမီးငယ်များကိုလည်း သတ္တုမိုင်းများတွင် လစာမြင့်မားစွာရသည့် တရုတ်အလုပ်သမားများအတွက် လိင်နှင့် အိမ်တွင်းဝန်ဆောင်မှုပေးရန် လူမှုကွန်ရက်မှတဆင့် စုဆောင်းသည်။
“ဒီကိုလာရင် ဘဝပျက်မှာမို့ ဘယ်သူ့ကိုမှ မလာစေချင်ဘူး။ အမျိုးသားတွေက မူးယစ်ဆေးကြောင့် သေမယ်။ အမျိုးသမီးတွေက မယားငယ်ဖြစ်ကုန်တယ်” ဟု သတ္တုတွင်း လုပ်သားဟောင်းတဦးက ပြောသည်။ သတ္တုတူးခြင်းသည် ဝင်ငွေရသည့် နည်းလမ်းကောင်းဖြစ်သည်ဟု ယခင်က သူမြင်ခဲ့သော်လည်း “အခု ကျနော့်အိပ်မက်တွေ တစစီဖြစ်ကုန်ပြီ” ဟု ပြောသည်။
“တောင်တွေကို ရောင်းတဲ့သူတွေက ချမ်းသာလာကြတယ်။ ဒါပေမယ့် ဒုက္ခရောက်တဲ့အချိန်မှာ ရှောင်နေကြတယ်” ဟုလည်း အားဘရန်က ပြောသည်။
ပြည်သူ့စစ်များက တရုတ်ကုမ္ပဏီများအတွက် မြေရယူရာတွင် အတင်းအကျပ်လုပ်ခြင်းနှင့် ငွေပေးခြင်းကို ရောနှောကာ မည်သို့လုပ်ဆောင်နေသည်ကို ဒေသခံများက ပြောပြသည်။ တခါတရံတွင် ရွာလူကြီးများဖြင့် ညှိနှိုင်းကာရယူပြီး ရွာလူကြီးများကလည်း ဒေသခံပြည်သူများကို တိုင်ပင်ခြင်း မရှိသလို လျော်ကြေးလည်း မပေးပေ။ “တောင်တွေကို ရောင်းတဲ့သူတွေက ချမ်းသာလာကြတယ်။ ဒါပေမယ့် ဒုက္ခရောက်တဲ့အချိန်မှာ ရှောင်နေကြတယ်” ဟုလည်း အားဘရန်က ပြောသည်။
“တောင်တွေကို ရောင်းလိုက်တော့ ဘာမှမကျန်တော့ဘူး” ဟုလည်း ၎င်းကဆက်ပြောပြီး ဒေသတွင်းမှ မရောင်းချရသေးသည့် နေရာများသည် မိုင်းတူးရန် ခက်ခဲသည့် ကျောက်ထူသော နေရာများဖြစ်ကြောင်း ရှင်းပြသည်။ ထိုအမြင်သည် ဟွဖူ စီကျူရတီးစ် ကဲ့သို့သော တရုတ်စက်မှုလုပ်ငန်း သရုပ်ခွဲလေ့လာသူများ၏ အမြင်နှင့်တူသည်။ နှစ်ပေါင်းများစွာ စည်းကမ်းမဲ့ သတ္တုတူးဖော်ပြီးနောက် (မြန်မာမြေရှားသတ္တုတင်ပို့မှု၏) သတ္တုအဆင့် တဖြည်းဖြည်း နိမ့်ကျလာသည်ဟု ဟွဖူ စီကျူရတီးစ်က ၂၀၂၄ ခုနှစ် အစောပိုင်းတွင် ပြောသည်။
ပန်ဝါ၏ မြေရှားသတ္တု ခေတ်ကောင်းခြင်းသည် နောက်ဆုံးအကန့်အသတ်သို့ ရောက်သွားသောကြောင့် ကချင်ပြည်နယ်မှ အခြားနေရာသစ်များသည် ခြိမ်းခြောက်ခံလာရသည်။
Global Witness က သရုပ်ခွဲလေ့လာသည့် ဂြိုဟ်တုပုံများအရ တောင်ဘက်မိုင် ၁၀၀ အကွာရှိ KIO ထိန်းချုပ်ထားသည့် မိုးမောက်မြို့နယ်တွင် မြေရှားသတ္တုမိုင်းများ အလျင်အမြန် ပျံ့နှံလာကြောင်း ပြသနေသည်။ ၂၀၂၁ ခုနှစ်က ထိုဒေသတွင် သတ္တုမိုင်းနေရာ ကိုးခုသာရှိသည်။ ၂၀၂၃ ခုနှစ်ကုန်သောအခါ ထိုဒေသတွင် သတ္တုမိုင်းအရေအတွက် ၄၀ ကျော်သို့ ခုန်တက်လာသည်။
ထိုလုပ်ငန်း အရေအတွက်သည် စစ်ကောင်စီမဟာမိတ် ကချင်အထူးဒေသ (၁) အောက်မှ အရေအတွက်နှင့် နှိုင်းယှဉ်လျှင် သေးငယ်နေဆဲ ဖြစ်သော်လည်း KIO ထိန်းချုပ်နယ်မြေတွင်လည်း အလားတူ ကျန်းမာရေး အခြေအနေများ၊ မူးယစ်ဆေးစွဲခြင်း၊ မိုင်းတူးလုပ်ငန်း ကြီးထွားလာခြင်းနှင့် ဆက်စပ်သည့် လိင်လုပ်ငန်း မြင့်မားလာသည်ကို ရင်ဆိုင်နေရကြောင်း ဒေသခံ အမျိုးသမီးတဦးက ပြောသည်။ ပြည်သူ့စစ်များနှင့် မတူဘဲ KIO သည် ဒေသတွင်း တရားဝင်မှု သိသိသာသာရှိပြီး ပြည်သူလူထုအတွက် အဓိကကျသည့် တိုင်းရင်းသားနိုင်ငံရေး အဖွဲ့အစည်း ဖြစ်သည်။ သို့သော် သတ္တုတူးဖော်ခြင်းမှရသည့် ဝင်ငွေသည် လုပ်ငန်းတိုးချဲ့ရန် ဖိအားကို ဖြစ်စေသည်။
နောက်ဆုံးတွင် KIO က အလျှော့ပေးပြီး ထိုစီမံကိန်းကို ဖျက်သိမ်းလိုက်သော်လည်း KIO ခေါင်းဆောင် ဗိုလ်ချုပ်ကြီး အင်ဘန်လက ထိုသတ္တု တူးဖော်သည့်လုပ်ငန်းမှ ဝင်ငွေကို စစ်ကောင်စီအား တိုက်ခိုက်ရေးအတွက် သုံးရန် ရည်ရွယ်ကြောင်း မိန့်ခွန်းတခုတွင် ပြောသည်။
တောင်ဘက် မံစီမြို့နယ်တွင် မြေရှားသတ္တုတူးဖော်သည့် လုပ်ငန်းများ တိုးချဲ့ရန် KIO ၏ အစီအစဉ်ကို ဆန့်ကျင်ရေး ဒေသခံ လူမှုအသိုက်အဝန်းများ စုဝေးကြသည်ဟု Frontier Myanmar သတင်းဌာနက ၂၀၂၃ ခုနှစ်၊ မေလတွင် ဖော်ပြခဲ့သည်။ နောက်ဆုံးတွင် KIO က အလျှော့ပေးပြီး ထိုစီမံကိန်းကို ဖျက်သိမ်းလိုက်သော်လည်း KIO ခေါင်းဆောင် ဗိုလ်ချုပ်ကြီး အင်ဘန်လက ထိုသတ္တု တူးဖော်သည့်လုပ်ငန်းမှ ဝင်ငွေကို စစ်ကောင်စီအား တိုက်ခိုက်ရေးအတွက် သုံးရန် ရည်ရွယ်ကြောင်း မိန့်ခွန်းတခုတွင် ပြောသည်။
ထိုဒေသသည် လတ်တလော ပဋိပက္ခဒေသဖြစ်ပြီး ၂၀၂၄ ခုနှစ် အစောပိုင်းတွင် KIO ၏ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သော ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) အကြား တိုက်ပွဲအများအပြား ဖြစ်ပွားနေသည်။ KIO သည် ပန်ဝါ မြောက်ဘက် ၁၅ မိုင်အကွာမှ မြေရှားသတ္တုတူးဖော်သည့် သေးငယ်သော ဒေသဖြစ်သည့် ဖရဲဒေသ အပါအဝင် ကချင်ပြည်နယ်မှ အခြားအစိတ်အပိုင်းများကိုလည်း ထိန်းချုပ်ထားသည်။
Global Witness က မှတ်ချက်တောင်းရန် ဆက်သွယ်သောအခါ KIO ပြောခွင့်ရသူတဦးက ၎င်းတို့ ထိန်းချုပ်ဒေသတွင် မြေရှားသတ္တုတူးဖော်ခြင်းကို ၂၀၂၁ ခုနှစ်တွင် စတင်ပြီး ယခုအခါ ထိုလုပ်ငန်းကို (မိုးမောက်မြို့နယ် တည်ရှိသည့်) မန်ခါခရိုင်တွင်သာ ခွင့်ပြုထားကြောင်း ပြောသည်။ ဆိုးကျိုးများ ဖြစ်လာသောအခါ သတ္တုတူးဖော်ခြင်းကို ရပ်ဆိုင်းကြောင်း၊ သတ္တုတူးဖော်သည့် လုပ်ငန်းများကို ပြည်သူလူထု၏ သဘောတူညီချက်ဖြင့်သာ ဆက်လက်လုပ်ကိုင်ကြောင်း၊ ပတ်ဝန်းကျင် မထိခိုက်စေရန် မြေရှားသတ္တုတူးဖော်သည့် ကုမ္ပဏီများကို စည်းမျဉ်းစည်းကမ်း တင်းကျပ်စွာ ထိန်းချုပ်ကြောင်း ပြောသည်။ မြေရှားသတ္တုတူးဖော်သည့် လုပ်ငန်းမှဝင်ငွေကို KIO ဝင်ငွေအဖြစ် မသတ်မှတ်ကြောင်း၊ ဒေသတိုးတက်ရေး ရန်ပုံငွေအဖြစ် သီးခြားဖယ်ထားပြီး ဒေသ ပညာရေး၊ ကျန်းမာရေးနှင့် အခြေခံအဆောက်အအုံ တိုးတက်ရေးအတွက် သုံးမည်ဖြစ်ကြောင်းလည်း ၎င်းကပြောသည်။
နိုင်ငံတကာအကျပ်အတည်း လေ့လာရေးအဖွဲ့ (ICG) ၏ မြန်မာ့အရေး သုတေသီ ရစ်ချတ်ဟိုဆေးက ပဋိပက္ခ၏ နှစ်ဖက်လုံးက မြေရှားသတ္တုမှ ဝင်ငွေကို အဓိက ဝင်ငွေရင်းမြစ်အဖြစ် သတ်မှတ်ကြောင်းပြောသည်။ မြေရှားသတ္တုတူးဖော်ခြင်းသည် သေးငယ်သော လက်နက်ကိုင်အဖွဲ့တခုအတွက် အလွန်များပြားသည့် ဝင်ငွေရင်းမြစ်ဖြစ်ကြောင်း ကချင်အထူးဒေသ (၁) ကို ထိန်းချုပ်သည့် ပြည်သူ့စစ်အဖွဲ့ကို ရည်ရွယ်၍ပြောသည်။ တချိန်တည်းတွင် KIO သည်လည်း ငွေမည်မျှရသည်ကို သိသောကြောင့် ၎င်းတို့ပိုင် မြေရှားသတ္တုမိုင်းများ ထူထောင်ရန် စိတ်ဝင်စားမည်မှာ သေချာကြောင်း၊ ထိုဝင်ငွေ၏ တစိတ်တပိုင်းကိုပင် အဆုံးရှုံး မခံနိုင်ကြောင်း ပြောသည်။
အနာဂတ်ကို မျှော်ကြည့်ခြင်း
မြန်မာမှ မြေရှားသတ္တုအပေါ် ကမ္ဘာ့မှီခိုမှုကို ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်တွင် ဖွင့်ချလိုက်သည်။ ထိုစဉ်က ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါရိုက်ခတ်ချက် စိုးရိမ်မှုများနှင့် အာဏာသိမ်းကာလနောက်ပိုင်း မတည်ငြိမ်မှုများကြောင့် တရုတ်က မြန်မာနယ်စပ်ကို ပိတ်လိုက်ရသည်။ ထိုသို့ ပြတ်တောက်သွားခြင်းကြောင်း မြေရှားသတ္တု ဖြန့်ချိမှု အကန့်အသတ်ဖြစ်ပြီး ဈေးနှုန်းများ မြင့်တက်စေကာ မြေရှားသတ္တုလုပ်ငန်းတခုလုံးကို ရိုက်ခတ်ပြီး မြေရှားသတ္တုရရှိရေး ဖူလုံမှုနှင့်ပတ်သက်ပြီး နိုင်ငံတကာ ဆွေးနွေးမှုများ ဖြစ်စေသည်။
ထိုစိုးရိမ်ပူပန်မှုများသည် ဖြစ်သင့်ဖြစ်ထိုက်သည့် စိုးရိမ်ပူပန်မှုများ ဖြစ်သည်။ မြန်မာ မြေရှားသတ္တုကဏ္ဍသည် သဘာဝပတ်ဝန်းကျင်ကို အကြီးအကျယ် ပျက်စီးစေရုံသာမက နိုင်ငံရေး မတည်ငြိမ်မှုမြင့်မားစွာ ဖြစ်ပေါ်စေနိုင်သည့် အခြေအနေတွင်လည်း ဆက်ဖြစ်နေသည်။ ထို့ပြင် ထိုမျှ ဝေးကွာရှုပ်ထွေးသော ဒေသတွင် စနစ်ကျသည့် ဘူမိမြေပုံ ကင်းမဲ့ခြင်းကြောင့် မြန်မာ့မြေရှားသတ္တုသိုက် ပမာဏနှင့် ၎င်းတို့ မည်မျှ မြန်ဆန်စွာ ကုန်ဆုံးနေသည်ကိုလည်း မည်သူမှ မသိပေ။
မလုံလာက်နိုင်သည့် အခြေအနေများကြောင့် တရုတ်ကုမ္ပဏီများသည် လာအိုနှင့် မလေးရှားမှ အခြားရင်းမြစ်များကို စတင်ဖော်ထုတ်လာသည်။ ထို နှစ်ငံနိုင်ငံလုံးမှ မြေရှားသတ္တုတင်သွင်းမှုကို ၂၀၂၃ ခုနှစ်တွင် စတင်ခဲ့သော်လည်း မြန်မာနှင့် နှိုင်းယှဉ်လျှင် အနည်းငယ်သာရှိသည်။
ထိုသို့သော မလုံလာက်နိုင်သည့် အခြေအနေများကြောင့် တရုတ်ကုမ္ပဏီများသည် လာအိုနှင့် မလေးရှားမှ အခြားရင်းမြစ်များကို စတင်ဖော်ထုတ်လာသည်။ ထို နှစ်ငံနိုင်ငံလုံးမှ မြေရှားသတ္တုတင်သွင်းမှုကို ၂၀၂၃ ခုနှစ်တွင် စတင်ခဲ့သော်လည်း မြန်မာနှင့် နှိုင်းယှဉ်လျှင် အနည်းငယ်သာရှိသည်။
တချိန်တည်းတွင် အနောက်နိုင်ငံများသည် တရုတ် ထိန်းချုပ် ဖြန့်ချိရေးကွင်းဆက်များကို မှီခိုအားထားမှု လျှော့ချပြီး ပြန်လည်သန့်စင်ထုတ်လုပ်မှု တိုးတက်အောင်လုပ်ကာ အမေရိကန် ပြည်ထောင်စု၊ ကနေဒါနှင့် ဘရာဇီးတွင် မြေရှားသတ္တုမိုင်းများ ဖော်ထုတ်သည်။ သို့သော် ထိုစီမံကိန်း အများစုသည် ကနဦးအဆင့်တွင်သာ ရှိနေသေးပြီး ပိုမိုတည်တံ့သည့် ရင်းမြစ်များ ဖော်ထုတ်ခြင်းသည် ပိုမိုမြင့်မားသည့် မြေရှားသတ္တု ဈေးနှုန်းများကို ဖြစ်စေမည်ဟု လုပ်ငန်းကျွမ်းကျင်သူများက ပြောသည်။
ကုန်စည်ပေးသွင်းမှု အကန့်အသတ်ရှိပြီး သဘာဝပတ်ဝန်းကျင် စိုးရိမ်ပူပန်မှုများ မြင့်မားလာသောကြောင်း Tesla နှင့် General Motors အပါအဝင် အနောက်နိုင်ငံ လုပ်ငန်းအချို့သည် မြေရှားသတ္တုအပေါ် မှီခိုမှု လျှော့ချသည့် နည်းပညာတိုးတက်မှုကို ရည်ရွယ်သည်။ သို့သော် မြေရှားသတ္တုသည် ဝယ်လိုအား ဆက်လက်ကြီးထွားလာမည်ဟု သုတေသီများက ခန့်မှန်းသည်။
မြန်မာမှ စည်းကမ်းထိန်းကြောင်းမှုမဲ့ သတ္တုတွင်းများသည် ထိုဝယ်လိုအားကို ထာဝရ ဖြည့်ဆည်းပေးနိုင်မည် မဟုတ်ပေ။
“ပန်ဝါတဝိုက်မှာ တူးဆွနေတာတွေက အများအားဖြင့် ရုတ်သိမ်းနေပြီ။ အခု သတ္တုတူးနေတာ သိပ်မရှိတော့ဘူး” ဟု သတ္တုတူးသမားဟောင်းတဦးက ပြောပြီး အခြားသူများ၏ ပြောကြားချက်များနှင့် တူညီနေသည်။ ထိုစနစ် ဆက်လက် မပြောင်းလဲပါက ထိုသို့ အားလုံးလိုချင်နေသည့် သယံဇာတ ကုန်ခန်းခြင်းသည် မပျက်စီးသေးသော ဒေသသစ်များသို့ အဆိပ်သင့် သတ္တုမိုင်းများ ဆက်လက် ပျံ့နှံ့နေမည်ဖြစ်သည်။ ပျက်စီးကျန်ခဲ့သည့် မြေနေရာများကို ပြန်လည် ပြုပြင်ရန် စီမံကိန်း မရှိသောကြောင့် လူမှုအသိုက်အဝန်းများအတွက် ၎င်းတို့၏ အမွေအနှစ်သည် မှောင်မိုက်နေသည်။
“သတ္တုမိုင်းဟောင်းတွေကို ဒီအတိုင်းထားခဲ့တယ်။ အမိုးအကာ တဲဟောင်းတွေ၊ ပိုက်တွေနဲ့ ပလတ်စတစ်တွေကို အမှိုက်ပုံလို ထားခဲ့ကြတယ်”
“သတ္တုမိုင်းဟောင်းတွေကို ဒီအတိုင်းထားခဲ့တယ်။ အမိုးအကာ တဲဟောင်းတွေ၊ ပိုက်တွေနဲ့ ပလတ်စတစ်တွေကို အမှိုက်ပုံလို ထားခဲ့ကြတယ်” ဟု နော်နော်က ပြောသည်။
“တွင်းထွက်တွေကုန်သွားရင် ပြည်သူတွေက အသက်မွေးဖို့ ဘာလုပ်ရမလဲ။ အဲဒီမှာ ဘာမှစိုက်လို့ မရတော့ဘူး” ဟုလည်း ၎င်းက ပြောသည်။
(မြန်မာနိုင်ငံတွင်း တွေ့ဆုံမေးမြန်းခဲ့သူများ၏ အမည်များကို လုံခြုံရေးအတွက် ပြောင်းလဲထားသည်။)
(Global Witness ပါ Fuelling the future, poisoning the present: Myanmar’s rare earth boom ကို ဘာသာပြန်သည်။)
You may also like these stories:
မြေရှားသတ္တုတူးနေကြသော တရုတ်-မြန်မာ နယ်စပ်က “စတေးခံဇုန်များ”
မြေရှားသတ္တုတူးဖော်ခြင်းက ဘဝပျက်ကိန်းကြုံနေရ
တရုတ် ကျောထောက်နောက်ခံပြု တရားမဝင် မြေရှားသတ္တု တူးဖော်မှု များပြားလာ
နယ်စပ်ကို ပိတ်ထားသော်လည်း မြေရှားသတ္တုကို တရုတ်က တံခါးဖွင့်ပေးထား
စစ်ကောင်စီလက်ထက် တရားမဝင် သတ္တုတူးဖော်မှု ပိုကျယ်ပြန့်လာနေ
စစ်အာဏာသိမ်းပြီးနောက် တရုတ်နယ်စပ်တွင် မြေရှားသတ္တု တရားမဝင်တူးဖေါ်မှုများ တိုးလာ