• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

နယ်စပ်ကို ပိတ်ထားသော်လည်း မြေရှားသတ္တုကို တရုတ်က တံခါးဖွင့်ပေးထား

by ဧရာဝတီ
19 January 2022
in စီးပွားရေး
A A
ပန်ဝါဒေသရှိ မြေရှားသတ္တုတွင်းတတွင်း / မြစ်ကြီးနားဂျာနယ် 

ပန်ဝါဒေသရှိ မြေရှားသတ္တုတွင်းတတွင်း / မြစ်ကြီးနားဂျာနယ် 

13.7k
VIEWS
Share on FacebookShare on Twitter

တရုတ်နိုင်ငံဘက်က မြန်မာ့စိုက်ပျိုးရေးထွက်ကုန်များ အဓိက တင်ပို့နေသော နယ်စပ်ကုန်သွယ်ရေး ဂိတ်များကို ကိုဗစ် ၁၉ အကြောင်းပြချက်ဖြင့် အကန့်အသတ်များစွာ လုပ်ဆောင်ထားသော်လည်း တဖက်တွင် မြေရှားသတ္တု(Rare Earths) တင်သွင်းခြင်းကိုမူ တံခါးဖွင့်ထားပေးပြီး အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက် ရှိနေကြောင်း သိရသည်။

မိုဘိုင်းလ်ဖုန်း၊ အီလက်ထရောနစ် ပစ္စည်းများ နှင့် စစ်လက်နက် ပစ္စည်းထုတ်လုပ်မှုများအထိ အရေး ပါပြီး အသုံးဝင်သော မြေရှားသတ္တုကို ကချင်ပြည်နယ် နှင့် တရုတ်နိုင်ငံ နယ်စပ်အနီးရှိ ချီဖွေမြို့နယ် ပန်ဝါဒေသ၌ တရုတ်ကုမ္ပဏီများက လာရောက် တူးဖော်ထုတ်လုပ်ပြီး တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချ ခြင်းဖြစ်သည်။

တရုတ်နိုင်ငံ၏ မြေရှားသတ္တုသုံးစွဲမှု ၏ ထက်ဝက်ခန့်သည် မြန်မာနိုင်ငံမှ တင်ပို့နေခြင်းဖြစ်သည်။ တနှစ်လျှင် တန်ချိန် သုံးသောင်းနီးပါးအထိ ထုတ်လုပ်လျက်ရှိပြီး တရုတ် နှင့် အမေရိကန် ပြီးပါက မြန်မာသည် မြေရှားသတ္တု တတိယအများဆုံး ထုတ်လုပ်သော နိုင်ငံဖြစ်သည်။

လက်ရှိ ကချင်ပြည်နယ်တွင် မြေရှားသတ္ထုထွက်ရှိသည့် တည်နေရာများမှာ ပြည်နယ်အရှေ့ပိုင်းခြမ်း အထူးဒေသ(၁) ကချင် ဒီမိုကရေစီသစ်-တပ်မတော်(NDA-K) ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်း ထိန်းချုပ်ထားသောနေရာ ဖြစ်သည်။

NLD အစိုးရလက်ထက် မြေရှားသတ္တုတွင်းကို ကချင်ပြည်နယ် သယံဇာတ ဝန်ကြီး ဦးဒါရှီလဆိုင်း သွားရောက်စစ်ဆေးခဲ့စဉ်/ BBC

မြန်မာ-တရုတ် နယ်စပ်ဂိတ်များ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလကုန်ပိုင်းက ပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် မြန်မာဘက်ကမှ တရုတ်သို့ မြေရှားသတ္တု တင်ပို့မှုများ ပြန်လည်စတင်လာခဲ့ကြောင်း တရုတ်အစိုးရပိုင် Global Time သတင်းစာက ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ အစောပိုင်းတွင် ဖော်ပြခဲ့သည်။

သို့သော်လည်း မြန်မာစစ်တပ်၏ လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF) အဖြစ်ရှိနေသော NDA-K ထိန်းချုပ်ထားသော ပန်ဝါဒေသရှိ မြေရှားသတ္တုတူးဖော်ရေး လုပ်ငန်းများသည် အချိန်ကြာမြင့်စွာ ရပ်နားခြင်း မရှိခဲ့သလို တင်ပို့မှုသည်လည်း ပုံမှန်နီးပါး ရှိခဲ့ကြောင်း ကချင်ပြည်နယ်အရပ်ဘက်အဖွဲ့အစည်းတချို့က ဧရာဝတီသို့ ပြောသည်။

“ အလုပ်သမားတွေလည်း သွားလိုက်လာလိုက်ပဲ၊ ပုံမှန်လုပ်နေတယ် ပုံမှန်သွားနေတာပဲ။ ဒီဟာ အာဏာ သိမ်းမှုနောက်ပိုင်းလည်း ရပ်တန့်သွားတာမရှိဘူး။ အခုနောက်ပိုင်းဆို နည်းပညာမြင့်လာတော့ အရမ်းမ ကြီးတဲ့ ပုံမှန်တောင်ကုန်း တွေကို တူးတာဆိုရင် တလတောင် မကြာတော့ဘူး ”ဟု ကချင်မြေ သုတေသန စင်တာ (Kachinland Research Centre) မှ ဒါရိုက်တာတဦးက ဧရာဝတီသို့ ပြောသည်။

လတ်တလောအချက်အလက်များအရ တရုတ်ကုမ္ပဏီ ၇ ခုခန့် က မြေဧက ၁၅၀ ကျော်စီဖြင့် မြေရှား သတ္တုတူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး ထိုဒေသတွင် မြန်မာလုပ်သား နှစ်သောင်းကျော် နှင့် တရုတ် လူမျိုး ၁ ထောင် ဝန်းကျင်အထိ ရှိကြောင်း ၎င်းက ဆိုသည်။

မြေရှားသတ္တုတူးဖော်နေတဲ့ နေရာအနီးက တရုတ်ကားတွေနဲ့ တရုတ်နိုင်ငံသားတချို့/ BBC

အဆိုပါ သတ္တုတူးဖော်ရေးလုပ်ငန်းများကို တရုတ်လူမျိုးကျွမ်းကျင်သူများက ကြီးကြပ်ပြီး မြန်မာနိုင်ငံ သားများက အခြေခံအလုပ်များကို လုပ်ဆောင်ရခြင်းဖြစ်သည်။

ထိုဒေသသည် အစိုးရအဆက်ဆက် အုပ်ချုပ်ရေးအာဏာအပြည့်အဝ မသက်ရောက်နိုင်ခြင်း နှင့် လက်နက်ကိုင်တပ်ဖွဲ့၏ ထိန်းချုပ်နယ်မြေဖြစ်၍ ကွင်းဆင်းစစ်ဆေးမှုများကို သေချာမ လုပ်နိုင်ခြင်း ကြောင့် သဘာဝပတ်ဝန်းကျင်ဆိုးကျိုးများအနေဖြင့် တောရိုင်းတရိစ္ဆာန်များ ပျောက်ကွယ်ခြင်း၊ သောက်သုံးရေများ မသန့်စင် တော့ခြင်း နှင့် မြေယာပျက်စီးဆုံးရှုံးမှုများ ဖြစ်လျက်ရှိသည်။

၎င်းက ဆက်လက်၍ “ ကန်ပိုက်တီးဘက်ကလည်း သွားတယ်။ နောက်ပြီး အဲဒီဒေသမှာက စစ်တပ် ဂိတ်ရှိတယ်၊ အစိုးရဂိတ်ရှိတယ် နောက် ဒေသလုံခြုံရေးဂိတ်တွေရှိတယ်၊ နယ်ခြား စောင့်ဂိတ် တွေရှိတယ် အကုန်လုံးကတော့ ဒီအတိုင်းပေးပြီးတော့ ထွက်သွားနေတာပါပဲ ” ဟု ပြောဆိုသည်။

မြန်မာနိုင်ငံဘက်မှ တရုတ်ပြည်ဈေးကွက်သို့ အဓိကတင်ပို့နေသော မြေရှားသတ္တုအမျိုးအစားများ၏ ဈေးနှုန်းသည် ၁ကီလိုဂရမ် လျှင် ယွမ် ၃၅၀၀ (အမေရိကန်ဒေါ်လာ ၅၀၀ ကျော်) ဝန်ကျင် နှင့် ယွမ် ၁၇၀၀ ဝန်းကျင် (အမေရိကန်ဒေါ်လာ ၁၅၀ ကျော်) အထိ ဈေးရရှိကြောင်း သိရသည်။

ပန်ဝါဒေသရှိ မြေရှားသတ္တုတွင်းတတွင်း/ BBC

“ နယ်စပ်ဒေသဆိုတော့ ပုံမှန်နိုင်ငံရေးအခြေအနေမှာဆိုရင်တော့ အကျင့်ပျက်ခြစားမှုတွေရယ် မှောင် ခိုလမ်းကြောင်းတွေရှိနေတော့ ကချင်ပြည်နယ်က သယံဇတတွေက သူ့လမ်းကြောင်းနဲ့ သူ သွားနေ တာပဲလေ ရပ်တယ်ဆိုတာ မရှိဘူး ” ဟု ကချင်လူမှုဖွံ့ဖြိုးရေးအဖွဲ့ (Kachin Development Network ing Group KDNG) မှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။

မြန်မာနိုင်ငံတွင် မြေရှားသတ္တု တူးဖော်မှုများကို ၂၀၁၇ ခုနှစ်မှ စတင်ကာ ကျယ်ကျယ်ပြန့်ပြန် စတင် လုပ်လာခဲ့ပြီး တရုတ်နိုင်ငံဘက်ကလည်း ယခုနောက်ပိုင်းနှစ်များတွင် ၎င်းတို့နိုင်ငံအတွင်း၌ မြေရှား သတ္တုတူး ဖော်မှုကို သဘာဝပတ်ဝန်းကျင်ထိခိုက်မှု နှင့် လုပ်အားခ ဈေးကြီးမှုကြောင့် လုပ်အားခ ဈေးပေါသော မြန်မာနိုင်ငံဘက်သို့ လုပ်ငန်းတိုးချဲ့လုပ်ကိုင်လာကြလျက်ရှိသည်။

ကမ္ဘာ့မြေရှားဈေးကွက်ကို အဓိက ချုပ်ကိုင်ထားသော တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံက မြေရှား သတ္တု တင်ပို့သည့် နိုင်ငံဖြစ်သော်လည်း ထိုမြေရှားတင်ပို့မှုမှ နှစ်စဉ်ဝင်ငွေ မည်မျှရရှိသည်ကို သေချာမသိရ ပေ။

You may also like these stories:

စစ်အာဏာသိမ်းပြီးနောက် တရုတ်နယ်စပ်တွင် မြေရှားသတ္တု တရားမဝင်တူးဖေါ်မှုများ တိုးလာ

တကောင်းနီကယ်စက်ရုံသို့ သွယ်တန်းထားသော လျှပ်စစ်ဓာတ်အားလိုင်းတာဝါ မိုင်းခွဲခံရ

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
110
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
33
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
115

တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်စီမံကိန်းများ အမြန်ဆုံးပြန်စရန် စစ်ကောင်စီ မျှော်လင့်

ဇောက်ထိုးကျနေသည့် မြန်မာ့စီးပွားရေး

Your Thoughts …
Tags: NDA-Kကိုဗစ်-၁၉တံခါးဖွင့်ပေးထားတရုတ်နယ်စပ်ကုန်သွယ်ရေးမြေရှားသတ္တုဦးဇခုန်တိန့်ယိန်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

Next Post
မြိုင်တွင် စစ်တပ်က နေအိမ်များကို မီးရှို့ဖျက်ဆီးကာ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုများ ပြုလုပ် (ရုပ်/သံ)

မြိုင်တွင် စစ်တပ်က နေအိမ်များကို မီးရှို့ဖျက်ဆီးကာ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုများ ပြုလုပ် (ရုပ်/သံ)

၂၀၁၅ခုနှစ်က ကျင်းပသည့် ၆၈နှစ်မြောက် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့နေ့တွင် တွေ့ရသည့် KNDO စစ်ဦး စီးချုပ် ဗိုလ်မှူးချုပ် စောနယ်ဒါးမြ / ကရင်အမျိုးသားမီဒီယာ

KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောနယ်ဒါးမြကို တာဝန်မှ အပြီး ရပ်စဲ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved