• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

တကောင်းနီကယ်စက်ရုံသို့ သွယ်တန်းထားသော လျှပ်စစ်ဓာတ်အားလိုင်းတာဝါ မိုင်းခွဲခံရ

by ဧရာဝတီ
18 January 2022
in စီးပွားရေး
A A
နီကယ်သတ္တုရိုင်းမြေစာ ကို မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ရှိ တကောင်းတောင်မှ တဆင့် ရှည်လျားသော ပိုက်လိုင်းဖြင့် သွယ်တန်းကာ ရယူသည် / ဧရာဝတီ

နီကယ်သတ္တုရိုင်းမြေစာ ကို မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ရှိ တကောင်းတောင်မှ တဆင့် ရှည်လျားသော ပိုက်လိုင်းဖြင့် သွယ်တန်းကာ ရယူသည် / ဧရာဝတီ

12.7k
VIEWS
Share on FacebookShare on Twitter

တရုတ် နှင့် မြန်မာဖက်စပ်ကုမ္ပဏီ Myanmar CNMC Nickel က နှစ်ရှည်လုပ်ငန်းလုပ်ကိုင်ရရှိထားသော တကောင်းနီကယ်စက်ရုံသို့ လျှပ်စစ်ဓာတ်အားပေးနေသော လျှပ်စစ်တာဝါတိုင် သုံးတိုင်သည် ဇန်နဝါရီလ ၇ ရက်နေ့က မိုင်းခွဲတိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

မိုင်းဖောက်ခွဲမှုကြောင့် လျှပ်စစ်ဓာတ်အားလိုင်းတာဝါတိုင်များ ပျက်စီးခဲ့ပြီး လျှပ်စစ်မီးများ ပြတ်တောက်ခဲ့ကာ စက်ရုံလုပ်ငန်းလည်ပတ်မှု ရပ်တန့်သွားခဲ့သည်။ ထိုတိုက်ခိုက်မှုကို ၎င်းတို့လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထီးချိုုင့် PDF က ဆိုထားသည်။

ထိုစီမံကိန်းကို၂၀၀၈ ခုနှစ် ဇူလိုင်မှ စတင်ကာ အမှတ် ၁ သတ္တုတွင်း လုပ်ငန်းနှင့် တရုတ်နိုင်ငံပိုင် China Nonferrous Metal Mining ကုမ္ပဏီနှင့် ထုတ်လုပ်မှုအပေါ် ခွဲဝေ ခံစားသည့် စနစ်ဖြင့် တကောင်းတောင် နီကယ်စီမံကိန်းကို နှစ် ၂၀ သက်တမ်းဖြင့် လုပ်ငန်းလုပ်ကိုင်နေခြင်းဖြစ်သည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
1.2k
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
232
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
164

တကောင်းတောင် နီကယ်စီမံကိန်းသည် မြန်မာနိုင်ငံတွင် အကြီးဆုံး နီကယ်ထုတ်လုပ်ရေး စီမံကိန်း တခု ဖြစ်သလို တရုတ်အစိုးရပိုင် ရင်းနှီးမြှပ်နှံမှု တခုဖြစ်ကာ ရင်းနှီးမြှုပ်နှံမှုအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၈၀၀ ရှိ၍ ၁ နှစ်လျှင် နီကယ် ထုတ်လုပ်မှုသည် တန်ချိန် ၈.၅ သောင်းဖြစ်ကြောင်း Myanmar CNMC Nickel ကုမ္ပဏီ၏ ထုတ်ပြန်ထားမှုများအရ သိရသည်။

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်အတွင်းရှိ တကောင်းတောင် နီကယ်စက်ရုံအတွက် လိုအပ်သော နီကယ်သတ္တုရိုင်းမြေစာ ကို မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ရှိ တကောင်းတောင်မှ တဆင့် ရှည်လျားသော ပိုက်လိုင်းဖြင့် သွယ်တန်းကာ ရယူခြင်းဖြစ်ပြီး နေ့စဉ် နီကယ်သတ္တုရိုင်းမြေစာ တန်ချိန် ၅၀၀၀ အထိ ပေးပို့လျက်ရှိသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ရန်ကုန်ရှိ တရုတ်သံရုံးက အမျိုးသားညီညွတ်ရေးအစိုးရ NUG သို့ ဆက်သွယ်ကြောင်း စုံစမ်းသိရှိရသော်လည်း အသေးစိတ်ကို မသိရှိရပေ။

ယင်းဖြစ်ရပ်သည် လွန်ခဲ့သော တနှစ်က စစ်အာဏာသိမ်းပြီးနောက် လူ့အခွင့်အရေးချိုးဖေါက်မှုများနှင့် အရပ်သားသေဆုံးမှု တိုးပွားနေသောအချိန်တွင် တရုတ် သယံဇာတတူးဖေါ်ရေး ကုမ္ပဏီများအနေဖြင့် ပိုမိုတာဝန်သိသော နည်းလမ်းကျင့်သုံးပြီး မြန်မာနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ ရုတ်သိမ်းရန်တောင်းဆိုနေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

Publish What You Pay Australia က ထုတ်ပြန်သောအစီရင်ခံစာအရ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်အတွင်း စစ်ကောင်စီသည် တရုတ်နိုင်ငံက လုပ်ကိုင်နေသည့် သယံဇာတတူးဖေါ်ရေးလုပ်ငန်းများမှ ခန့်မှန်းခြေ အမေရိကန် ဒေါ်လာ ၇၂၅ သန်းရရှိကြောင်းသိရပြီးနောက် တက်ကြွလှုပ်ရှားသူများက တွန်းအားပေးလာကြခြင်းဖြစ်သည်။

“သယံဇာတတူးဖေါ်ရေးလုပ်ငန်းဟာ အခွန်နဲ့လုပ်ကိုင်ခွင့်အတွက် စစ်ကောင်စီအတွက် အကျိုးအမြတ်အရမ်း ရတဲ့လုပ်ငန်းဖြစ်တယ်” ဟု ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု လှုံ့ဆော်သော နိုင်ငံတကာ မဟာမိတ်များ၏ အစိတ်အပိုင်းဖြစ်သော Publish What You Pay Australia မှ နိုင်ငံဆိုင်ရာ ဒါရိုက်တာ ကလန်စီ မေါ ပြောသည်။

“စစ်ကောင်စီမှာ ငွေကြေးလည်းမရှိ နိုင်ငံခြားငွေလည်းမရှိတာကြောင့် သယံဇာတတူးဖေါ်ရေးလုပ်ငန်းက ဝင်ငွေကို ပြည်သူတွေကို ဖိနှိပ်ဖို့ စစ်လက်နက်ပစ္စည်းအတွက် သုံးနေတာမျိုး တော်တော်လေးဖြစ်နိုင်တယ်” ဟုလည်း သူပြောသည်။

“တရုတ်အစိုးရက မြန်မာက သယံဇာတတူးဖေါ်ရေးမှာအကြီးမားဆုံးပါဝင်ပတ်သက်နေတော့ သူတို့ရဲ့ အခန်းကဏ္ဍက အရမ်းကြီးမားတယ်” ဟုလည်း သူပြောသည်။

မြန်မာနိုင်ငံမှ အကြီးမားဆုံး သယံဇာတ တူးဖေါ်ရေးလုပ်ငန်း ၃ ခုကို တရုတ်အစိုးရပိုင်လုပ်ငန်းများက လုပ်ကိုင်နေသည်။

မြန်မာနိုင်ငံတွင် လွန်ခဲ့သောနှစ်ဖေဖေါ်ဝါရီလက အာဏာသိမ်းပြီးနောက် ဖရိုဖရဲဖြစ်နေပြီး စစ်ကောင်စီ၏ သွေးချောင်းစီး နှိမ်နင်းမှုအတွင်း လူပေါင်း ၁၄၀၀ ကျော် အသတ်ခံရကြောင်း လူ့အခွင့်အရေးအဖွဲ့တခုဖြစ်သည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ဖေါ်ပြသည်။

စစ်အုပ်စု၏ ပင်မဝင်ငွေရင်းမြစ်သည် ရေနံ၊ သဘာဝဓါတ်ငွေ့၊ ကျောက်မျက်နှင့် သတ္တုတူးဖေါ်ရေး စသည့် တိုင်းပြည်၏ သဘာဝသယံဇာတများအပေါ် ပိုမိုမှီခိုနေမည်ဖြစ်ကြောင်း လွန်ခဲ့သော နိုဝင်ဘာက ထုတ်ပြန်သည့် Publish What You Pay Australia အစီရင်ခံစာက ဟောကိန်းထုတ်ထားသည်။

စစ်ကောင်စီနှင့် အဆက်အသွယ်ဖြတ်ရန် ဒီမိုကရေစီအင်အားစုက တောင်းဆိုမှုကို တရုတ် ကုမ္ပဏီများ ဖြည့်ဆည်းပေးသင့်ကြောင်း သြစတြေးလျနိုင်ငံ ကာတင်တက္ကသိုလ် စီမံခန့်ခွဲရေးကျောင်းမှ နိုင်ငံတကာ စီးပွားရေး တွဲဖက်ပါမောက္ခ ဒေါက်တာ ထွေးထွေးသိန်းက South China Morning Post သတင်းတပုဒ်တွင် ပြောသည်။

“မြန်မာနိုင်ငံကို အုပ်ချုပ်မရဖြစ်လာရင်၊ မတည်ငြိမ်တဲ့ မြန်မာဟာ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေ လုံခြုံတည်မြဲမှုကို ခြိမ်းခြောက်လာမယ်။ အခုလောလောဆယ်တော့ စစ်အုပ်စုက မြန်မာကို တည်ငြိမ်အောင် လုပ်နိုင်ပုံမရဘူး” ဟုလည်း ဒေါက်တာထွေးထွေးသိန်း ပြောသည်။

You may also like these stories:

တကောင်းနီကယ်စက်ရုံက အလုပ်သမားတွေရဲ့ ဒုက္ခ

တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်စီမံကိန်းများ အမြန်ဆုံးပြန်စရန် စစ်ကောင်စီ မျှော်လင့်

တရုတ်ပိုင် ငှက်ပျောစိုက်ခင်းများက မြန်မာနှင့် လာအိုကို ဂုတ်သွေးစုပ်

ဇောက်ထိုးကျနေသည့် မြန်မာ့စီးပွားရေး

Your Thoughts …
Tags: တကောင်းနီကယ်စက်ရုံတရုတ်သံရုံးထီးချိုုင့် PDFမိုင်းခွဲခံရလျှပ်စစ်ဓာတ်အားလိုင်းတာဝါအမျိုးသားညီညွတ်ရေးအစိုးရ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27.1k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

စစ်ကောင်စီရဲ့ သေရေးရှင်ရေး ခြိမ်းခြောက်ခံနေရပြီ

စစ်ကောင်စီရဲ့ သေရေးရှင်ရေး ခြိမ်းခြောက်ခံနေရပြီ

by ရဲမျိုးဟိန်း
12 December 2023
26.8k

ယခုအခါ စစ်ကောင်စီသည် ၎င်းတို့တပ်များ အင်အား၊ စွမ်းရည်နှင့် စိတ်ဓာတ် အကြီးအကျယ် ထိခိုက်သွားပြီး ပိုမိုကြောက်စရာကောင်းသော ရန်သူကို ရင်ဆိုင်နေရသည်။

Next Post
စစ်ပွဲကြားက လွိုင်ကော်နဲ့ ဒီမောဆို

စစ်ပွဲကြားက လွိုင်ကော်နဲ့ ဒီမောဆို

၂၀၁၆နှစ်က လွယ်တိုင်းလျန်ဌာနချုပ်တွင် ကျင်းပသည့် ရှမ်းအမျိုးသားနေ့တွင် တွေ့ရသည့် RCSS တပ်ဖွဲ့များ / ဧရာဝတီ

စစ်ကောင်စီ၏ နိုင်ငံရေးဆွေးနွေးရန် ဖိတ်ခေါ်ချက် RCSS ကြိုဆို

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.7k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved