၂၀၀၀ ပြည့်နှစ်များအတွင်း တရုတ်နိုင်ငံတောင်ပိုင်းတွင် ငှက်ပျောစိုက်ပျိုးမှု ကျယ်ပြန့် ထွန်းကားလာသည်။ ၂၀၀၈ ခုနှစ်ရောက်သောအခါ ငှက်ပျောသီးသည် စိုက်ထုတ်ရမှု နည်းပြီး ဈေးများ တက်လာသောကြောင့် လူကြိုက်များသည့် ရင်းနှီးမြှုပ်နှံမှု ဖြစ်လာကာ တရုတ်တနိုင်ငံလုံးတွင် သာမက မြန်မာနှင့် လာအိုတွင်ပါ ငှက်ပျောခင်းများကို ထူထောင်ကြသည်။
လာအိုနှင့် မြန်မာ ကျေးလက်ဒေသများမှ တရုတ်နိုင်ငံသို့ ငှက်ပျောသီးတင်ပို့ရန် စိုက်ပျိုးမှုသည် အဓိက အလုပ်အကိုင် ဖန်တီးပေးသော နေရာများဖြစ်လာသည်။ မြေဟက်တာ ထောင်ချီသော စိုက်ခင်းများတွင် ဒေသခံပြည်သူ ထောင်ချီလုပ်ကိုင်ကြသည်။ ဖွံ့ဖြိုးရေးနှင့် လူသားချင်း စာနာကူညီရေး အဖွဲ့တခုဖြစ်သည့် Plan International က ၂၀၁၇ ခုနှစ်တွင် ထုတ်ပြန်သည့် အစီရင်ခံစာတခုအရ လာအိုနိုင်ငံ ဘိုကီယိုပြည်နယ်တခုတည်းမှ တရုတ်ပိုင် ငှက်ပျောစိုက်ခင်းများသည် ဟက်တာပေါင်း ၁၁,၀၀၀ ကျော်ရှိပြီး နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်ဖိုး တင်ပို့ကာ ဒေသတွင်း ပို့ကုန်အားလုံး၏ ၉၅ ရာခိုင်နှုန်း ရှိနေသည်။ မဲခေါင်ဒေသ မြေယာ စီမံအုပ်ချုပ်မှု အစီရင်ခံစာအရ ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှ ခန့်မှန်းခြေ မြေ ဟက်တာပေါင်း ၁ သိန်း ၇ သောင်းကျော်ကို ငှက်ပျောစိုက်ခင်း အဖြစ်ပြောင်းလဲခဲ့ကြောင်း သိရသည်။
မဲခေါင်ဒေသ မြေယာ စီမံအုပ်ချုပ်မှု အစီရင်ခံစာအရ ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှ ခန့်မှန်းခြေ မြေ ဟက်တာပေါင်း ၁ သိန်း ၇ သောင်းကျော်ကို ငှက်ပျောစိုက်ခင်း အဖြစ်ပြောင်းလဲခဲ့ကြောင်း သိရသည်။
အရှေ့တောင်အာရှနိုင်ငံများမှ တရုတ်ပိုင် ငှက်ပျောစိုက်ခင်းများသည် အစိမ်းရောင်ရှိပြီး အဝါရောင် ငှက်ပျောသီးထက် ပိုမိုကြီးမားသည့် တစ်ရှူးငှက်ပျော ထုတ်လုပ်ရန် တရုတ် နည်းပညာကို အသုံးပြုကြသည်။
စိုက်ခင်းများတွင်အလုပ်လုပ်သူအများစုသည် ညံ့ဖျင်းသော လုပ်ငန်းခွင် အခြေအနေများကို သတိထားမိကြသော်လည်း အခြားအလုပ်များထက် ဝင်ငွေပိုရသောကြောင့် စိုက်ခင်းတွင် လုပ်ကိုင်ကြသူများဖြစ်သည်။ ငှက်ပျောပို့ကုန်သည် အခြားသီးနှံများထက် ငွေပိုမိုရသည်။ သို့သော် ငှက်ပျောလုပ်ငန်းသည် ခန့်မှန်းခြေ နှစ်စဉ် ဒေါ်လာ သန်း ၂၀၀ ခန့် ဝင်ငွေရှိနေသော်လည်း အလုပ်သမားများသည် တလလျှင် ဒေါ်လာ ၂၀၀ မှ ၃၀၀ အထိသာ ရကြသည်။
တရုတ်ငှက်ပျောခင်းများအတွက် မြေငှားထားသော မြေပိုင်ရှင်များသည် ငှက်ပျောစိုက်ပျိုးမှုကြောင့် ဖြစ်ပေါ်သည့် ဆိုးကျိုးများကို သိကြသော်လည်း ရိုးရာအစဉ်အလာ သီးနှံများစိုက်ပျိုးလျှင် ဈေးကွက် အကန့်အသတ်ရှိကာ မြေငှားခ မြင့်မားစွာ ရရှိသောကြောင့် ၎င်းတို့၏မြေများကို ဆက်လက် ငှားရမ်းကြသည် သို့မဟုတ် အချို့မှာ မြေငှားအောင် လှည့်ဖျားခံရသူများ ဖြစ်သည်။
တရုတ်ငှက်ပျောခင်းများအတွက် မြေငှားထားသော မြေပိုင်ရှင်များသည် ငှက်ပျောစိုက်ပျိုးမှုကြောင့် ဖြစ်ပေါ်သည့် ဆိုးကျိုးများကို သိကြသော်လည်း ရိုးရာအစဉ်အလာ သီးနှံများစိုက်ပျိုးလျှင် ဈေးကွက်အကန့်အသတ်ရှိကာ မြေငှားခ မြင့်မားစွာ ရရှိသောကြောင့် ၎င်းတို့၏မြေများကို ဆက်လက် ငှားရမ်းကြသည် သို့မဟုတ် အချို့မှာ မြေငှားအောင် လှည့်ဖျားခံရသူများ ဖြစ်သည်။ သို့သော် အကျိုးဆက်များကို အလျှင်အမြန်တွေ့နေရပြီး ဒေသခံပြည်သူများသည် မြေ၊ သဘာဝ ပတ်ဝန်းကျင်နှင့် ကျန်းမာရေး ပြဿနာများကို ရင်ဆိုင်ကြရသည်။
စိုက်ခင်းများကို တရုတ်အလုပ်ရှင်များက ကြီးကြပ်စီမံပြီး အလုပ်သမားများမှာ မြန်မာနှင့် လာအိုမှဖြစ်ကာ အများအားဖြင့် ထိုနိုင်ငံများ၏ အခြားဒေသများမှ လာရောက်လုပ်ကိုင်သည့် ရွှေ့ပြောင်းလုပ်သားများ ဖြစ်သည်။ ထိုပုံစံသည် ကချင်ပြည်နယ်တွင် ထုံးစံဖြစ်နေသည်။ အလုပ်ရှင်များများသည် ပြဿနာရှိလျှင် ထုတ်ဖော်ပြောဆိုတတ်သော ဒေသခံများထက် ရွှေ့ပြောင်း လုပ်သားများကိုသာ ပိုမိုငှားရမ်းကြသည်။ တဖက်တွင်မူ ရွှေ့ပြောင်းလုပ်သားများသည် အငြင်းပွားမှုဖြစ်လျှင် မည်သည့် အကူအညီမျှ မရကြပေ။ ၎င်းတို့ကို လျှော့ဈေးဖြင့် ငှားရမ်းခြင်းဖြစ်ပြီး တနေ့လျှင် ၆,၀၀၀ ကျပ် သို့မဟုတ် အမေရိကန်ဒေါ်လာ ၃ ဒသမ ၂၈ ဒေါ်လာခန့်သာ ရကြသော်လည်း ၎င်းတို့၏ ပြဿနာများကို ကူညီမည့်သူ မရှိပေ။ လုပ်ငန်းခွင်အခြေအနေသည် လွန်စွာ ညံ့ဖျင်းပြီး ငှက်ပျောစိုက်ပျိုးရာတွင် အသုံးပြုသည့် Chlorpyrifos ပိုးသတ်ဆေး အပါအဝင် အဆိပ်အတောက် ဖြစ်စေသော ဓာတုပစ္စည်းများ စိုက်ခင်းအတွင်း ပျံ့နှံ့နေသည်။ Chlorpyrifos သည် အဆုတ်ကင်ဆာကဲ့သို့သော ရောဂါများကို ဖြစ်ပွားစေပြီး အသက်ဆုံးရှုံးစေနိုင်သည်။
ဆိုးရွားလှသော သဘာဝပတ်ဝန်းကျင်နှင့် ကျန်းမာရေးအန္တရာယ်ကို စဉ်းစားပြီးနောက် လာအိုအစိုးရက ၂၀၁၇ ခုနှစ်တွင် စိုက်ခင်းသစ်များ ထူထောင်ခြင်းနှင့် ကန်ထရိုက်သက်တမ်း တိုးခြင်းကို ပိတ်ပင်လိုက်သည်။ သို့သော် နိုင်ငံ၏ ပို့ကုန်ကျဆင်းခြင်းကြောင့် ထိုသို့ ပိတ်ပင်ခြင်းကို ၂၀၁၈ ခုနှစ်တွင် ပြန်လည် ရုတ်သိမ်းလိုက်ပြီး စိုက်ခင်းများအနေဖြင့် ပိုမိုကောင်းမွန်သော စီမံမှု အကောင်အထည် ဖော်ရန်နှင့် စိုက်ပျိုးရေးသုံး ဓာတုပစ္စည်းများ သုံးစွဲရာတွင် ပြည်တွင်းဥပဒေများကို လိုက်နာရန် တိုက်တွန်းသည်။ ထိုသို့ အပေါ်ယံ ပြုပြင်ပြောင်းလဲရန် အားထုတ်မှုများ ရှိသော်လည်း လာအိုနိုင်ငံ နိုင်ငံတကာ ရေစီမံခန့်ခွဲမှု အင်စတီကျုနှင့် အမျိုးသား စိုက်ပျိုးရေးနှင့် သစ်တော သုတေသန အင်စတီကျုတို့က ကောက်ယူသည့် စစ်တမ်းအရ နိုင်ငံမြောက်ပိုင်းတွင် ငှက်ပျောခင်းများကြောင့် မြေနှင့်ရေ အရင်းအမြစ်များတွင် ဓာတုပစ္စည်း ပါဝင်မှုသည် အန္တရာယ် ရှိသည့်အဆင့် ရောက်နေကြောင်း သိရသည်။ ထိုသို့ ပါဝင်နေခြင်းသည် သဘာဝ ပတ်ဝန်းကျင်နှင့် ပြည်သူများ၏ ကျန်းမာရေးအပေါ် ဆိုးရွားသော အန္တရာယ် ကျရောက်နိုင်သည်။
ငှက်ပျောစိုက်ခင်းများတွင် သုံးသော ဓာတုပစ္စည်းများသည် ပတ်ဝန်းကျင် ရေအရင်းအမြစ်များတွင် စုပုံပြီး မြစ်ချောင်းများကို ညစ်ညမ်းစေသည်။ စမ်းချောင်းများမှရေကို သောက်သုံးရန်နှင့် လျှော်ဖွတ်ဆေးကြောရန် အသုံးပြုခဲ့သော်လည်း ယခုအခါ ထိုညစ်ညမ်းရေကိုပင် ပြန်လည် ယူသုံးနေရရာ ကျန်းမာရေးအန္တရာယ်ကြောင့် အသုံးမပြုရဲတော့ကြောင်း အလုပ်သမားများ ပြောသည်။ ထိုသို့ ညစ်ညမ်းနေသော ရေသည် ငါးများကို သေဆုံးစေပြီး ဒေသခံရေနေသတ္တဝါများကို ဆုံးရှုံးစေကြောင်း ၎င်းတို့က ပြောသည်။
ငှက်ပျောစိုက်ခင်းများသည် လပေါင်းများစွာ စိုက်ခင်းအတွင်း ၂၄ နာရီ နေထိုင်နိုင်သည့် ဇနီးမောင်နှံနှစ်ဦးစလုံးကို မကြာခဏဆိုသလို ငှားရမ်းတတ်သည်။ ရာသီတခုလုံးအတွက် ဆိုပါက အလုပ်သမား ဇနီးမောင်နှံများသည် ကျပ် သိန်း ၄၀ ( အမေရိကန်ဒေါ်လာ ၂,၃၀၀ ခန့်) ရရှိတတ်သည်။
ငှက်ပျောစိုက်ခင်းများသည် လပေါင်းများစွာ စိုက်ခင်းအတွင်း ၂၄ နာရီ နေထိုင်နိုင်သည့် ဇနီးမောင်နှံနှစ်ဦးစလုံးကို မကြာခဏဆိုသလို ငှားရမ်းတတ်သည်။ ရာသီတခုလုံးအတွက် ဆိုပါက အလုပ်သမား ဇနီးမောင်နှံများသည် ကျပ် သိန်း ၄၀ ( အမေရိကန်ဒေါ်လာ ၂,၃၀၀ ခန့်) ရရှိတတ်သည်။ သို့သော် ထိုကိစ္စသည်လည်း အထွက်နှုန်းပေါ် မူတည်နေပြန်သည်။ မခူးဆွတ်မီ ပျက်စီးပါက အလုပ်သမားများ လခ မရပေ။
အလုပ်သမား ဇနီးမောင်နှံများသည် ဆိုးရွားလှသော လုပ်ငန်းခွင် အခြေအနေများကို သည်းခံနေရသည်။ အိမ်သာမရှိ ရေချိုးခန်း မရှိသည့် ပြီးစလွယ် ဆောက်ထားသော အကာအရံများတွင် နေထိုင်ရပြီး ခူးဆွတ်ချိန်တွင် ၆၀ ကီလိုဂရမ်အထိ သယ်ဆောင်ရသောကြောင့် အလုပ်သမားများသည် ခွန်အား အလွန်အကျွံ စိုက်ထုတ်ရသည်။ အလုပ်သမားတန်းလျားတွင် အိပ်ယာတခုစာအတွက်သာ ကျယ်သော သတ္တုပြား အမိုးအကာသုံး တဲများသာရှိပြီး အိမ်သာကို ပြင်ပတွင် တက်ရကာ ညစ်ညမ်းနေဖွယ်ရှိသည့် စမ်းချောင်းများမှ ရေကို သုံးနေရသည်။ စိုက်ခင်းများတွင် အသက် ၁၆ နှစ်အောက် ကလေးများကို အလုပ်ခိုင်းခွင့် မရှိသော်လည်း လက်တွေ့တွင် ထိုစည်းမျဉ်းကို လိုက်နာခြင်းမရှိဘဲ အချို့စိုက်ခင်းများက ၁၄ နှစ်အရွယ် ကလေးများကို အလုပ်ခန့်နေသည်။
ယခင်က အလုပ်သမားများကို အိမ်ပြန်ခွင့်မပေးဘဲ စိုက်ခင်းမှ ထွင်ခွာချိန် တပတ်ထက်ကျော်လွန်ပါက အလုပ်မှ ထုတ်မည်ဟု ခြိမ်းခြောက်ခံခဲ့ရသည်။ သို့သော် ကိုဗစ် နိုင်တင်း ကပ်ရောဂါကြောင့် စည်းကမ်းများ ပိုမိုတင်းကျပ်လာပြီး အလုပ်သမားများကို အစားအသောက်နှင့် အခြား လိုအပ်သည်များ ဝယ်ယူရန်ပင် ပြင်ပသို့ သွားရောက်ခွင့် မပြုတော့ပေ။ အပြင်ထွက်ဝယ်မည့်အစား ၎င်းတို့ကို တရုတ်က ဈေးနှုန်းမြှင့်ရောင်းသည့် စတိုးဆိုင်များတွင်သာ ဝယ်ယူခွင့်ပေးတော့သည်။
ထိုသို့ ပိုမိုဂုတ်သွေးစုပ်လာသော အခြေအနေတွင် လာအိုနိုင်ငံ အလယ်ပိုင်းမှ တရုတ်ပိုင် ငှက်ပျောစိုက်ခင်း အလုပ်သမား ၅၀၀ အလုပ်မှ နုတ်ထွက်ကြောင်း လွတ်လပ်သော အာရှအသံ (RFA) သတင်းဌာန၏ အဆိုအရသိရသည်။ လွန်စွာ ပင်ပန်းနွမ်းနယ်သော အလုပ်ချိန်၊ လခပေးမှု နောက်ကျခြင်း သို့မဟုတ် မရခြင်း၊ အဆိပ်အတောက်များနှင့် ထိတွေ့ခြင်းနှင့် ၎င်းတို့၏ ကျန်းမာရေးကို ထိခိုက်စေသော ဓာတုပစ္စည်းများကြောင့် မကျေမနပ်ဖြစ်နေကြောင်း သိရသည်။
လာအိုနိုင်ငံအလယ်ပိုင်း ဘိုရီခမ်ဆေးပြည်နယ်ရှိ တရုတ်ပိုင် ငှက်ပျောစိုက်ခင်းမှ ဒေသခံ အလုပ်သမား နှစ်ဦးသည် အဆိပ်အတောက်ဖြစ်သော ဓာတုပစ္စည်းများနှင့် ထိတွေ့ရသောကြောင့် ယခုနှစ် အစောပိုင်းက သေဆုံးခဲ့သော်လည်း အလုပ်ရှင်များသည် အလုပ်သမားများ ဖျားနာပါက ထောက်ပံ့ရန် သို့မဟုတ် သေဆုံးပါက လျော်ကြေးပေးရန် မည်သည့် ပံ့ပိုးမှုမျှ လုပ်ဆောင်ခြင်း မရှိသေးပေ။
လာအိုနိုင်ငံအလယ်ပိုင်း ဘိုရီခမ်ဆေးပြည်နယ်ရှိ တရုတ်ပိုင် ငှက်ပျောစိုက်ခင်းမှ ဒေသခံ အလုပ်သမား နှစ်ဦးသည် အဆိပ်အတောက်ဖြစ်သော ဓာတုပစ္စည်းများနှင့် ထိတွေ့ရသောကြောင့် ယခုနှစ် အစောပိုင်းက သေဆုံးခဲ့သော်လည်း အလုပ်ရှင်များသည် အလုပ်သမားများ ဖျားနာပါက ထောက်ပံ့ရန် သို့မဟုတ် သေဆုံးပါက လျော်ကြေးပေးရန် မည်သည့် ပံ့ပိုးမှုမျှ လုပ်ဆောင်ခြင်း မရှိသေးပေ။ အလုပ်သမားများ ပင်ပန်းသောကြောင့် ဆက်လက် အလုပ်မလုပ်နိုင်သောအခါ အလုပ်သမားများကို အလုပ်ရှင်များက ရိုက်နှက်သည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်နေသည်။
အလုပ်သမားများနှင့် ရွှေ့ပြောင်းလုပ်သားများ၏ အကျိုးစီးပွားကို ကာကွယ်ရန်၊ ဆက်လက်ဖြစ်ပေါ်နေသော အလုပ်သမားများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ဂုတ်သွေးစုပ်မှုများကို စစ်ဆေးတားဆီးခြင်း မရှိပေ။
အန္တရာယ်များသည့် လုပ်ငန်းခွင်အခြေအနေများ၊ အနိမ့်ဆုံး လိုအပ်ချက်များ မရရှိခြင်း၊ ညှဉ်းပမ်းနှိပ်စက်ခြင်းနှင့် ဂုတ်သွေးစုပ်ခြင်းတို့ ရှိနေသော်လည်း အလုပ်သမားအများအပြားသည် အလုပ်လိုပြီး ဝင်ငွေရရန် အခြားရွေးစရာ မရှိသောကြောင့် ထိုနိုင်ငံခြားသားပိုင် စိုက်ခင်းများတွင် အလုပ်လုပ်ရန် ရောက်လာကြသည်။ အလုပ်သမားများနှင့် ရွှေ့ပြောင်းလုပ်သားများ၏ အကျိုးစီးပွားကို ကာကွယ်ရန်၊ ဆက်လက်ဖြစ်ပေါ်နေသော အလုပ်သမားများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ဂုတ်သွေးစုပ်မှုများကို စစ်ဆေးတားဆီးခြင်း မရှိပေ။
အာဏာရ တရုတ်ကွန်မြူနစ်ပါတီက နှလုံးသားတွင် ဆုပ်ကိုင်ထားသည်ဆိုသော ဆိုရှယ်လစ်ဝါဒနှင့် ဘုံကြွယ်ဝချမ်းသာရေးသည် ၎င်းတို့၏ နယ်နိမိတ်များကို ကျော်လွှားနိုင်ပုံမရဘဲ တရုတ်ပိုင် စိုက်ခင်းများသည် အလုပ်သမားများ၏ ဘဝ သာယာစိုပြေရေးနှင့် နောက်ဆက်တွဲ ပြဿနာများကို တာဝန်ယူခြင်း မရှိပေ။ ပြည်ပနိုင်ငံများမှ တရုတ်စီးပွားရေး လုပ်ငန်းများသည် ပြည်ပနိုင်ငံများမှ ၎င်းတို့ အလုပ်သမားများ၏ အခွင့်အရေးရရှိရေးအတွက် လုပ်၊ မလုပ် သို့မဟုတ် ဖိနှိပ်သောစနစ်များနှင့် လူမဆန်သည့် လုပ်ငန်းခွင် အခြေအနေများသည် အနာဂတ်တွင် ဆက်လက် ရှိ၊ မရှိကို စောင့်ကြည့်ရမည်ဖြစ်ပေသည်။
(ရန်နိုင်သည် တရုတ်-မြန်မာရေးရာများကို အထူးစောင့်ကြည့်နေသည့် သုတေသီတဦး၏ ကလောင်အမည်ဖြစ်သည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Chinese-Owned Banana Plantations Fueling Exploitation in Myanmar ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
You may also like these stories:
စစ်ကောင်စီ၏ တစ်ရှူးငှက်ပျော စီမံကိန်း စတင်
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဂယောင်ချောက်ခြား မိန့်ခွန်းများ
တရုတ်ကတရားမဝင် ဖရဲများ လာမစိုက်နိုင်၍ မြန်မာ့ဖရဲဈေးကောင်းရ