• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဂယောင်ချောက်ခြား မိန့်ခွန်းများ

by စောရယ်
30 August 2021
in ဆောင်းပါး
A A
အာဏာသိမ်း စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

အာဏာသိမ်း စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

111.6k
VIEWS
Share on FacebookShare on Twitter

ခုခံဆန့်ကျင်မှုများကြောင့် တိုင်းပြည်တည်ငြိမ်မှုမရှိသေးသော်လည်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၎င်းလုပ်ဆောင်ချင်သည့် နိုင်ငံဖွံ့ဖြိုးရေး စိတ်ကူးများကို မကြာခဏ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုလေ့ရှိသည်။ ယင်းပြောဆိုချက်များကို စစ်ကောင်စီလက်အောက်ရှိ နိုင်ငံပိုင် သတင်းစာမှ တဆင့် ထုတ်ပြန်သည့် ၎င်း၏ မိန့်ခွန်းများတွင် တွေ့ရသည်။

သို့သော် မကြာသေးမီက နေပြည်တော်စည်ပင်သာယာရေးကော်မီတီ အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တင်ပြခဲ့သော မြေအောက်ရထားစနစ်၊ လျှပ်စစ်ဘတ်စကားစနစ်များ အပြင် စံမီ တက္ကသိုလ်များပါဝင်သည့် လူသန်း ၂၀ နေထိုင်မည့် အနာဂတ် နေပြည်တော်ကြီးက လူအများ စိတ်အဝင်စားဆုံးဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောဆိုသည့် ဖွံ့ဖြိုးရေးဆိုင်ရာ စိတ်ကူးများသည် လက်တွေ့အကောင်အထည်ဖော်ရန် မလွယ်သည့် အတွက် လူအများက Facebook လူမှုကွန်ရက်တွင် သရော် လှောင်ပြောင်နေကြသလိုလေ့လာသုံးသပ်သူများကလည်း ဖြစ်နိုင်ရန် မလွယ်ဟု သုံးသပ်ကြသည်။

လတ်တလော မည်ကဲ့သို့သော စိတ်ကူးများကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောဆိုနေပါသနည်း။

မြေအောက်ရထားလမ်းဖောက်မယ်

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မကြာသေးမီကပင် ပူပူနွေးနွေးပြောထားသည့် အကြောင်းအရာမှာ မြန်မာနိုင်ငံ၏ မြို့တော်ဖြစ်သည့် နေပြည်တော်တွင် မြေအောက်ရထားလမ်းများ နှင့် လျှပ်စစ်ဘတ်စ်ကား လမ်းများ ဖောက်မည်ဆိုသည့် ကိစ္စဖြစ်သည်။

နေပြည်တော်တွင် လူဦးရေ သန်း ၂၀ အထိ နေထိုင်နိုင်ရန် ရည်ရွယ်ထားသည့်အတွက် Green City၊ Clean City နှင့် Smart City မြို့တော် တခုဖြစ်စေရေး အဖက်ဖက်က အကောင်အထည်ဖော် သုံးသပ်ဆောင်ရွက်ရန် ညွှန်ကြားခဲ့သည်။

နေပြည်တော်ကောင်စီနယ်မြေတွင် မီးခိုးမထွက်သည့် စက်မှုလုပ်ငန်းများဖြင့် စံပြဖွံ့ဖြိုး တိုးတက်သည့် မြို့တော်တခုအဖြစ် ဆောင်ရွက်နိုင်ရေး မြို့ပတ်ရထားလမ်းများနှင့် မြေအောက်ရထား လမ်းများ တည်ဆောက်ရန်လိုအပ်ကြောင်း ၎င်းက ပြောသည်။

ယင်းအပြင် လျှပ်စစ်ကို အခြေခံသည့် လျှပ်စစ်ဘတ်စကားများ ပြေးဆွဲနိုင်ရန် လျှပ်စစ်ဘတ်ကားလမ်းများကိုလည်း မဖြစ်မနေ အကောင်အထည်ဖော် အလေးထားဆောင်ရွက်ရန် လိုကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားသည်။

ဩဂုတ်လ ၁၇ ရက်နေ့က ပြုလုပ်သည့် နေပြည်တော်ဖွံ့ဖြိုးတိုးတက်ရေး စစ်ကောင်စီအစည်းအဝေးတွင် ၎င်းက ထိုသို့ ပြောဆိုခြင်းဖြစ်သည်။

နေပြည်တော်တွင် လူဦးရေ သန်း ၂၀ အထိ နေထိုင်နိုင်ရန် ရည်ရွယ်ထားသည့်အတွက် Green City၊ Clean City နှင့် Smart City မြို့တော် တစ်ခုဖြစ်စေရေး အဖက်ဖက်က အကောင်အထည်ဖော် သုံးသပ်ဆောင်ရွက်ရန် ညွှန်ကြားခြင်းဖြစ်ကြောင်း မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားချက်အရ သိရသည်။

ထိုသတင်းထွက်ပေါ်လာပြီးနောက်တွင် Facebook လူမှုကွန်ရက်တွင် တုန့်ပြန်ဝေဖန်ရေးသားချက်များ ပလူပျံလာခဲ့သည်။ တချို့က အောင်ဘာလေထီပင် ကုန်အောင် မရောင်းနိုင်သေးဘဲ စစ်ကောင်စီသည် မြေအောက်ရထားလမ်းနှင့် လျှပ်စစ်ဘတ်စ်ကားလမ်းဖောက်ရန် လုပ်ဆောင်မည်ဆိုသည်မှာ အတော်ပင် မဖြစ်နိုင်သည့် ကိစ္စဖြစ်ကြောင်း ရေးသားကြသည်။

နိုင်ငံရေးလေ့လာသူတဦးကမူ အဆိုပါစီမံကိန်းများကို ယခု အကောင်အထည်ဖော်မည် မဟုတ်ဘဲ နောင်တွင်ဖြစ်လာနိုင်သည့် အခြေအနေအပေါ် မှန်းဆကာ စဉ်းစားတွေးတောထားချက်ကို ပြောသည့် သဘောဖြစ်ကြောင်း သုံးသပ်သည်။

နိုင်ငံရေးသမားများသည် ယေဘုယျအားဖြင့် ၎င်းတို့ အကောင်အထည်ဖော်ချင်သည့် ဖွံ့ဖြိုးရေး စိတ်ကူးများကို ပြောလေ့ရှိသော်လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရားဝင်အစိုးရ အဖွဲ့ခေါင်းဆောင် မဟုတ်သဖြင့် နိုင်ငံရေးအရ ထိုသို့ ပြောခွင့်မရှိကြောင်း အမေရိကန်နိုင်ငံရောက် ပြည်သူ့ရေးရာမူဝါဒ ကျွမ်းကျင်သူ တဦးက ဆိုသည်။

“NLD လက်ထက်တုန်းကလည်း မြေအောက်ရထားလမ်းဖောက်မယ်။ ဘာညာပြောတာပဲ။ နိုင်ငံရေးသမားတွေ ပြောတဲ့ဟာအပေါ်မှာ ကုန်ကျစားရိတ်နဲ့ အကျိုးကို တွက်ဆပေးရမှာက ဗျူရိုကရေစီယန္တရားက လုပ်ပေးရမှာ။ တကယ်လို့ တွက်ချက်ထားတဲ့ ဟာရရင်တောင် လွှတ်တော်မှာ ဆုံးဖြတ်ပြီးအတည်ပြုမှ လုပ်လို့ရတာ။ အခုက စစ်ခေါင်းဆောင်ဆိုတော့ သူ့တခွန်းပဲ သူကလုပ်ဆိုပြီး လုပ်လိုက်ရင် သေသေချာချာ စိစစ်မှုမရှိရင် ကိုယ်နဲ့ နီးစပ်တာတွေချပေးလိုက်ပြီး အဂတိလိုက်စားမှုတွေ အကြီးအကျယ်ဖြစ်နိုင်တယ်”ဟု ပြည်သူ့ရေးရာမူဝါဒ ကျွမ်းကျင်သူ တဦးက မှတ်ချက်ပေးသည်။

ငှက်ပျောပင်တွေ ရောင်းပေးမယ်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စစ်ကောင်စီက ဦးစီးကာ ငှက်ပျောပင်များ ရောင်းပေးမည်ဟုလည်း ပြောဆိုဖူးသည်။

ပြီးခဲ့သည့် ဇွန်လက ကျင်းပသော ၉ ကြိမ်မြောက်စီမံခန့်ခွဲမှုဆိုင်ရာ အစည်းအဝေးတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ငှက်ပျောသီး သည် ကျန်းမာရေးအတွက် အထောက်အကူဖြစ်ပြီး အာဟာရပြည့်ဝစွာ ရရှိကြောင်း၊ သို့ဖြစ်၍ ဝန်ကြီးဌာနများအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဌာန ဆိုင်ရာများတွင် စိုက်ပျိုးလိုပါက ပျိုးပင်များကို သင့်လျော်သည့်နှုန်းထားဖြင့် ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း” ၎င်းက အစည်းအဝေးတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

ငှက်ပျောသီးသည် ကျန်းမာရေးအတွက် အထောက်အကူဖြစ်ပြီး အာဟာရပြည့်ဝစွာ ရရှိကြောင်း၊ သို့ဖြစ်၍ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဌာန ဆိုင်ရာများတွင် စိုက်ပျိုးလိုပါက ပျိုးပင်များကို သင့်လျော်သည့်နှုန်းထားဖြင့် ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း

မြန်မာနိုင်ငံတွင် ငှက်ပျောပင်များစိုက်ပါက အကျိုးများစွာရှိနိုင်ပြီး ပြည်သူလူထု စားနပ်ရိက္ခာ ဖူလုံရေးအတွက် ဈေးနှုန်း သက်သက်သာသာနှင့် ဝယ်ယူနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း စစ်ကောင်စီဥက္ကဌက ဆိုသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိန့်ခွန်းအရ ဆိုလျှင် လူထုသည် စားနပ်ရိက္ခာအတွက် ငှက်ပျောသီး စားသုံးရမည့် သဘောဖြစ်နေသည်။

ပြည်သူအများကမူ စစ်ကောင်စီဥက္ကဌ၏ ငှက်ပျောပင်စိုက်ရေး အားပေးသည့် အစီအစဉ်သည် ယခင် န.အ.ဖ (နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ) စစ်အစိုးရလက်ထက်က အတင်းအဓမ္မအကောင်အထည် ဖော်ခဲ့သည့် တနိုင်ငံလုံး ကြက်ဆူပင် မစိုက်မနေရ စိုက်ခဲ့ရသော အခြေအနေကို ပြန်လည်အမှတ်ရစေသည်။

ထိုစဉ်က ကြက်ဆူပင်မှ တဆင့် ဇီဝလောင်စာထုတ်ရန်ဟုဆိုကာ တနိုင်ငံလုံးရှိ စာသင်ကျောင်းများပါမကျန် စစ်အစိုးရက ကြက်ဆူပင် စိုက်စေခဲ့သည်။ အကျိုးဆက်အနေနှင့် လောင်စာဆီထွက်မလာဘဲ ငွေကြေးစသည့် အရင်းအနှီးများ လေလွင့်ဆုံးရှုံးမှုများသာ ကြုံခဲ့ရသည်။

ယခုအခါ ငှက်ပျောပင် စိုက်ရမည်ဟု စစ်ကောင်စီ ဥက္ကဌက ဆိုနေပြန်ရာ နောက်ဆက်တွဲ မည်သည့် အလွဲအချော်များ ဖြစ်လာမည်ကို လူထုက စိုးရိမ်မကင်းရှိနေကြသည်။

မြန်မာနိုင်ငံ အခြေစိုက် စီးပွားရေးဆိုင်ရာ လေ့လာသုံးသပ်သူတဦးကမူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ပြောဆိုချက်သည် ဈေးကွက်စီးပွားရေးစနစ် ကို အကောင်အထည်ဖော်မည်ဆိုသည့် နိုင်ငံ၏ မူဝါဒနှင့် ဆန့်ကျင်နေပြီး လက်တွေ့အကောင် အထည်ဖော်ပါက အောင်မြင်မည် မဟုတ်ကြောင်း သုံးသပ်သည်။

“အစိုးရက အဲဒီဟာတွေဖြစ်အောင် အားပေးတဲ့ ကဏ္ဍကပဲ ပါရမှာ။ အစိုးရက ဈေးကွက်မှာ လွတ်လွတ်လပ်လပ်နဲ့ လုပ်သာကိုင်သာရှိအောင်နဲ့ လုပ်ချင်စိတ်ရှိအောင် လုပ်ပေးရမယ်။ နောက်တခုက တခြားလိုအပ်တာတွေ ဖန်တီးပေးရမယ်။ သူ့အနေနဲ့ ပြောမယ်ဆိုရင် တိတိကျကျ ပြောဖို့ကောင်းတယ်။ ပုဂ္ဂလိက ကဏ္ဍတွေ ဖွံ့ဖြိုးတိုးတက်လာအောင် အစိုးရအနေနဲ့ လိုအပ်တဲ့ ပံ့ပိုးကူညီမှုများပြုလုပ်ပေးမည် ဆိုတာမျိုးဖြစ်ရမယ်။ အစိုးရကိုယ်နှိုက်က ရောင်းပေးဖို့တို့ က အောင်လည်းအောင်မြင်မှာ မဟုတ်ဘူး။ အဂတိလိုက်စားမှုတွေ များလာမှာ” ဟု ၎င်းက ဆိုသည်။

ဆီအိုးကြီးဖြစ်အောင် ကြိုးပမ်းကြ

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တနင်္သာရီတိုင်းကို မြန်မာပြည်၏ ဆီအိုးကြီးဖြစ်စေရေး ကြိုးပမ်းကြရန်လည်း စိုက်ပျိုးရေးလုပ်ကိုင်နေသူများနှင့် လုပ်ငန်းရှင်များကို တိုက်တွန်းသည်။

ဩဂုတ်လ ၁၀ ရက်က နေပြည်တော်တွင်ပြုလုပ်သည့် အိမ်စောင့်အစိုးရ အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
554
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
174
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
112

၎င်းက မြန်မာနိုင်ငံတွင် ကုန်သွယ်ရေးနှင့် ဘတ်ဂျက်လိုငွေပြမှုများရှိပြီး ဥပမာအားဖြင့် စားသုံးဆီကို ပြည်ပမှ ငွေကြေးသန်းပေါင်းများစွာ ကုန်ကျခံကာ ဝယ်ယူတင်သွင်းနေရကြောင်း ပြောဆိုသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ပြောဆိုချက်သည် ဈေးကွက်စီးပွားရေးစနစ် ကို အကောင်အထည်ဖော်မည်ဆိုသည့် နိုင်ငံ၏ မူဝါဒနှင့် ဆန့်ကျင်နေပြီး လက်တွေ့အကောင် အထည်ဖော်ပါက အောင်မြင်မည် မဟုတ်

တနင်္သာရီတိုင်း မြိတ်နှင့် ကော့သောင်းခရိုင်တွင် စားအုန်းဆီစိုက်ဧက ၃ သိန်း ၉ သောင်းကျော်ရှိပြီး အဆိုပါစိုက်ဧက များတွင် အပြည့်အဝစိုက်ပျိုးနိုင်မည်ဆိုပါက ဆီတန်ချိန် ၄ ဒသမ ၅ သိန်းထွက်နိုင်သဖြင့် ပြည်ပမှ ဝယ်ယူတင်သွင်းမှု လျှော့ချနိုင်ရန် ကြိုးပမ်းကြစေလိုကြောင်း စစ်ကောင်စီဥက္ကက တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

တနင်္သာရီတိုင်း ဒေသခံများကမူ ယခင် န.အ.ဖ စစ်အစိုးရခေတ်ကလည်း တနင်္သာရီတိုင်းကို ဆီအိုးကြီးဖြစ်စေရန် သစ်တောများကို ရှင်းလင်းကာ ဆီအုန်းများ စိုက်ပျိုးနိုင်ရန် ကြိုးပမ်းခဲ့ဖူးသော်လည်း မအောင်မြင်ခဲ့ကြောင်း ပြောပြသည်။

“အဲဒါက ကြာပြီလေ။ ဆီအိုးကြီးမဖြစ်လာခဲ့ဘူး။ သစ်တောတွေပဲ ပြောင်သွားတယ်။ ဆီအုန်းစိုက်တာက ဟန်ပြပဲ။ စလုပ်လာတာ နှစ်သုံးဆယ် ရှိပြီဗျ ။ အခုထိ မဖြစ်သေးဘူး” ဟု ထားဝယ်မြို့ ဒေသခံတဦးက ဆိုသည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာလက ထုတ်ဝေသည့် တနင်္သာရီအခြေစိုက် အရပ်ဘက် အဖွဲ့ ၆ ဖွဲ့ ရေးသားထားသော အစိမ်းရောင်ကန္တာရ ဆိုသည့် စာတမ်းတွင်လည်း ဆီအုန်းစိုက်ရန် အစိုးရနှင့် ကုမ္ပဏီများ ပူးပေါင်း အကောင်အထည်ဖော်မှု ကြောင့် ဌာနေတိုင်းရင်းသားများ၏ မြေယာများဆုံးရှုံးရပြီး သစ်တောများ ပြုန်းတီးကာ ဇီဝမျိုးစိတ်များ အတွက် အန္တရာယ်များကျရောက်ခဲ့ရကြောင်း ရေးသားထားသည်။

ယခုတခါ စစ်ကောင်စီဥက္ကဌက တနင်္သာရီတိုင်းကို ဆီအိုးကြီးဖြစ်ရေး ကြိုးပမ်းရန် တိုက်တွန်းလာပြန်ရာ တနင်္သာရီတိုင်းရှိ သစ်တောများကို ရှင်းလင်းရန် နောက်တကြိမ် မျက်စောင်းထိုးလာခြင်းပေလောဟု ဒေသခံများ ပူပန်နေကြသည်။

တိုင်းရင်း ကိုဗစ်ကာကွယ်ဆေးဖော်မယ်

စစ်ကောင်စီဥက္ကဌသည် ကိုဗစ် ထိန်းချုပ်ကာကွယ်ရေးနှင့် ပတ်သက်လျှင်လည်း ဆန်းကျယ်သည့် စိတ်ကူးစိတ်သန်းများ ရှိနေသူဖြစ်သည်။

မြန်မာ့တိုင်းရင်းဆေးမှ တဆင့် ကိုဗစ်ကာကွယ်ဆေးဖော်ရန် ကြံရွယ်နေပြီး ပြည်နယ်အချို့မှ ဆေးပညာရှင်များကို ခေါ်ယူစုဆောင်းကာ တိုင်းရင်းဆေးမှ တဆင့် ကိုဗစ်ကာကွယ်ဆေးဖော်ကြရန်လည်း သူ့လက်အောက်ရှိ ဝန်ကြီးများကို ညွှန်ကြားသည်။

“ပြည်နယ်တွေမှာလည်း၊ ကျနော်တို့ မပြောနိုင်တဲ့၊ မသိတဲ့ တိုင်းရင်းဆေးနဲ့ပတ်သက်တဲ့ပညာရှင်တွေရှိမှာပါ။ သူတို့နဲ့ ခေါ်ယူတွေ့ဆုံဆွေး နွေးပြီးတော့မှ လက်တွေ့ကျတဲ့ဟာပေါ့၊ ကျနော်တို့မှာတော့ တစ်ဖုံထည့်မယ်တို့၊ နှစ်ဖုံထည့်မယ်တို့၊ သေချာသိပ္ပံနည်းကျပေါ့၊ သူ့ရဲ့ စကေးလ် အတိအကျနဲ့၊ တစ်ကယ့် ကို နည်းစနစ်ကျကျနဲ့ ဖော်ထုတ်ပြီးတော့မှ ဆောင်ရွက်မယ်ဆိုရင် ကျနော်တို့ရဲ့ ကိုဗစ်နဲ့ပတ်သက်တဲ့ ကာကွယ်ကုသဆေးဟာ ပြည်တွင်းမှာပဲ လုပ်လို့ရမယ့် အနေအထားရှိတယ်။ ဒါကိုလည်း တိုင်းရင်းဆေးအပါအဝင်ကာကွယ်ဆေး၊ ကုသဆေးတွေကိုလည်း ပြည့်စုံအောင် ရေရှည်အတွက် ကြည့်ပြီး ဆောင်ရွက်ပေးကြဖို့ ကျနော်ပြောလိုပါတယ်” ဟု ၎င်းက ပြောဆိုသည်။

အဲဒါက ကြာပြီလေ။ ဆီအိုးကြီးမဖြစ်လာခဲ့ဘူး။ သစ်တောတွေပဲ ပြောင်သွားတယ်။ ဆီအုန်းစိုက်တာက ဟန်ပြပဲ။ စလုပ်လာတာ နှစ်သုံးဆယ် ရှိပြီဗျ ။ အခုထိ မဖြစ်သေးဘူး

ဩဂုတ် ၉ ရက်က နေပြည်တော်မှာကျင်းပတဲ့ ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ သတ္တမအကြိမ် ညှိနှိုင်းအစည်းအဝေးတွင် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

၎င်း၏ ပြောကြားချက်အရ ပြည်နယ်များမှ မသိနိုင်တဲ့ ဆေးပညာရှင်များကို စစ်ကောင်စီက မည်ကဲ့သို့ရှာဖွေမည်နည်း။

စစ်ကောင်စီ ဥက္ကဌက တိုင်းရင်းဆေးမှ တဆင့် ကိုဗစ်ကာကွယ်ဆေးထုတ်ရန် စိတ်အားထက်သန်နေသော်လည်း ဆေးပညာ ကျွမ်းကျင်သည့် ဆရာဝန်အချို့ကမူ ၎င်း၏ ပြောကြားချက်သည် အဓိပ္ပာယ်မရှိကြောင်း သုံးသပ်သည်။

ကြားကာလ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) နှင့် တိုင်းရင်းသား ကျန်းမာရေးအဖွဲ့များ ပူးပေါင်းထားသော အမျိုး သား ကျန်းမာရေးကော်မတီ၏ အတိုင်ပင်ခံတဦးဖြစ်သူ ဒေါက်တာ သိန်းဝင်းက “ ဆေးပညာရှုထောင့်အရ ပညာရပ်ပိုင်းဆိုင်ရာ စဉ်းစားတဲ့ အချက်အလက်တွေမပါပဲ ပြောတာတွေသည် အဓိပ္ပာယ်မရှိဘူးပေါ့။ အဓိပ္ပာယ်မရှိဘူးလို့ပဲ ပြောချင်တယ်။ မှားတယ်။ မှန်တယ်မပြောဘူး။ ယေဘုယျအားဖြင့် အဓိပ္ပာယ်မရှိဘူးဆိုရင်တော့ မှားဖို့များတာပေါ့ဗျာ” ဟု ပြောဆိုသည်။

မည်သို့ပင် ဖြစ်စေ စစ်ကောင်စီဥက္ကဌသည် ၎င်း၏ ဖွံ့ဖြိုးရေး စိတ်ကူးများကို ပြည်သူအများသို့ ချပြထားပြီး အကောင်အထည်ဖော်ရန် တိုက်တွန်းနေသည်။

ဆေးပညာရှုထောင့်အရ ပညာရပ်ပိုင်းဆိုင်ရာ စဉ်းစားတဲ့ အချက်အလက်တွေမပါပဲ ပြောတာတွေသည် အဓိပ္ပာယ်မရှိဘူးပေါ့။ အဓိပ္ပာယ်မရှိဘူးလို့ပဲ ပြောချင်တယ်။ မှားတယ်။ မှန်တယ်မပြောဘူး။ ယေဘုယျအားဖြင့် အဓိပ္ပာယ်မရှိဘူးဆိုရင်တော့ မှားဖို့များတာပေါ့ဗျာ

သာမန်လူ တဦးပြောသည့် တိုက်တွန်းချက်သည် လူအများကို မသက်ရောက်နိုင်သော်လည်း လက်နက်အားကိုးဖြင့် အာဏာသိမ်းကာ တနိုင်လုံးကို ထိန်းချုပ်ထားသော စစ်ခေါင်းဆောင်၏ ပြောစကားသည် မြန်မာတနိုင်ငံလုံးကို လွှမ်းခြုံသက်ရောက်စေမည်ဖြစ်သည်။

ပြောစကားများအတိုင်း တဇွတ်ထိုး လက်တွေ့ အကောင်အထည်ဖော်လာပါကမူ ကောင်းကျိုးထက် ဆိုးကျိုးသာ ပိုများလာပြီး နိုင်ငံသူ နိုင်ငံသားများ ကျောကော့သည်အထိ ခံစားရဖွယ်ရှိကြောင်း လေ့လာသူများက ထောက်ပြနေကြသည်။

You may also like these stories:

အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် စိတ်လွတ်ကိုယ်လွတ် ဖြစ်နေပြီ

စစ်သားမရှိတဲ့ ဗိုလ်ချုပ်၊ စစ်သားမပါတဲ့ စစ်တပ်

မြန်မာစစ်တပ်၏ လုပ်ဇာတ်များအား လျှော့ချခြင်း

စစ်အာဏာရှင်တဦး၏ ရူးသွပ်မှုကြေညာစာတမ်း

တကိုယ်တော် အာဏာသိမ်းမှု မဟုတ်ပါ

Your Thoughts …
Tags: နိုင်ငံဖွံ့ဖြိုးရေး စိတ်ကူးများနေပြည်တော်စည်ပင်သာယာရေးဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မြေအောက်ရထား
စောရယ်

စောရယ်

Similar Picks:

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.9k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

စစ်ကောင်စီအဖွဲ့ အပြောင်းအလဲများ၏ နောက်ကွယ်

စစ်ကောင်စီအဖွဲ့ အပြောင်းအလဲများ၏ နောက်ကွယ်

by ဧရာဝတီ
7 August 2023
14.4k

အာဏာသိမ်းစစ်ခေါင်းဆောင်သည် သြဂုတ် ၁ ရက်က ၆ လ သက်တမ်းထပ်တိုးပြီးနောက် အစိုးရအဖွဲ့အတွင်း ရာထူး နေရာများစွာ အပြောင်းအလဲ လုပ်ခဲ့သည်

(ဝဲမှ ယာ) ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်ချုပ်မှူးကြီးစောမောင်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

သိက္ခာမဲ့သော တပ်ချုပ်များ

by ဧရာဝတီ
18 December 2021
22.5k

မြန်မာ့တပ်မတော်ဟာ အာဏာရှင်ကို ကာကွယ်ပေးဖို့ ပြည်သူတွေကို သတ်ဖြတ်နေတဲ့ ဂိုဏ်းအဖြစ်ကို နိမ့်ကျသွားတာ နှစ်ပေါင်းအတော်ကြာပါပြီ။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတ လုပ်မည်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတ လုပ်မည်

by နွေနေ
16 December 2025
5k

ဗိုလ်ချုပ် ဇော်မင်းထွန်းက ယခုရွေးကောက်ပွဲပြီးလျှင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတ တာဝန်ထမ်းဆောင်မည်ဟု ဖြေသည်။

၂၀၂၀ နိုဝင်ဘာ လပြည့်ည အင်းလျားကန်ဘောင်ပေါ်တွင် အပန်းဖြေနေကြသူများ / ဧရာဝတီ

အင်းလျားဘေးက စစ်အာဏာသိမ်းခေါင်းဆောင်၏ အိမ်ကြီးများ

by ပေါ်ထွန်း
15 January 2022
53.2k

သူများနှင့် မတူသည်က သူသည် အိမ် ၂ လုံး ပိုင်ဆိုင်ထားသည်။

အာဏာအတွက် ကိုယ်တိုင် သက်တမ်းတိုးနေရသည့် စစ်ခေါင်းဆောင်

အာဏာအတွက် ကိုယ်တိုင် သက်တမ်းတိုးနေရသည့် စစ်ခေါင်းဆောင်

by ဧရာဝတီ
1 August 2024
2.7k

ရွေးကောက်ပွဲအား ဒေသအလိုက် လုံခြံရေးအပေါ်မူတည်ကာ ကျင်းပနိုင်သည့်နယ်မြေများတွင် အရင်ကျင်းပမည်ဖြစ်ပြီး ကျန်နယ်မြေများအား လုံခြုံရေးကောင်းမွန်အောင် ဆောင်ရွက်ပြီးမှသာ ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း

Next Post
တိုက်ပွဲအတွင်း သိမ်းယူရရှိခဲ့သည့် စစ်ကောင်စီဘက်မှ လက်နက်ခဲယမ်းများ

MNDAA နှင့် စစ်ကောင်စီကြား ပန်ဆိုင်း၊ မုံးကိုးဒေသ၌ တိုက်ပွဲဆက်ဖြစ်နေ

၂၀၂၁ခု ဇူလိုင် ၂၄ရက်က  ပြုလုပ်သည့် တောင်ပိုင်းတိုင်း PDF အပတ်စဉ် (၇/၂၀၂၁) စစ်သင်တန်းဆင်းပွဲ

ထားဝယ် PDF စခန်း ဝင်စီးခံရ လက်နက်နှင့် ဆက်စပ်ပစ္စည်း သိန်း ၁ ထောင်ဖိုးခန့် ဆုံးရှုံး

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved