• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

စစ်အာဏာရှင်တဦး၏ ရူးသွပ်မှုကြေညာစာတမ်း

by David Scott Mathieson
9 August 2021
in သူ့အတွေး သူ့အမြင်
A A
ရုရှကာကွယ်ရေးတက္ကသိုလ်မှ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ဂုဏ်ထူးဆောင်ဘွဲ့ ပေးအပ်ခဲ့စဉ် 

ရုရှကာကွယ်ရေးတက္ကသိုလ်မှ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ဂုဏ်ထူးဆောင်ဘွဲ့ ပေးအပ်ခဲ့စဉ် 

44.8k
VIEWS
Share on FacebookShare on Twitter

ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှု ၆ လအပြီး မူဝါဒကြေညာသော စစ်အုပ်စုနှင့် စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ မိန့်ခွန်းသည် သူ အာဏာသိမ်းချိန်မှ စပြီး ထုံးစံအတိုင်း ပကတိအခြေအနေနှင့် အဆင်မပြေသည့် ဆက်ဆံရေးကိုသာ ဖေါ်ပြနေသည်။

စစ်ခေါင်းဆောင်၏ “နိုင်ငံတော်တာဝန်ထမ်းဆောင်မှု” (စစ်အာဏာသိမ်းသည်ဟု ခေါ်ခြင်းအား ပိတ်ပင်ထားသည်) ကို အရှည်လျှားဆုံးနှင့် အသေးစိတ် အဖေါ်ပြဆုံးဖြစ်ဖွယ်ရှိသော ထိုမိန့်ခွန်းကို ပြောဆိုရာတွင် ရှားရှားပါးပါး အရပ်ဝတ် ဝတ်ဆင်ထားပြီး ရွေးကောက်ပွဲမသမာမှု၊ ကိုဗစ်နိုင်တင်း ကိုင်တွယ်မှု၊ စိုက်ပျိုးရေးတိုးတက်မှု အရေးပါပုံ၊ တရားမဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် အကြမ်းဖက်ဝါဒသို့ ထိုပါတီ ဆင်းသက်သွားခြင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် တခါတရံ ပြည်ပဆက်ဆံရေးများကို ပြောကြားသွားသည်။

စစ်ကောင်စီ၏ “အိမ်စောင့်အစိုးရ”တွင် ကိုယ်တိုင်ခန့်ဝန်ကြီးချုပ် အဖြစ် (၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဝန်ကြီးချုပ် ရာထူးမရှိပါ) ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၃ ခုနှစ်နောက်ပိုင်း တချိန်ချိန်တွင် ရွေးကောက်ပွဲများ ကျင်းပရန် ကတိပြုပြီး ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၄၂၁ အရ အရေးပေါ်အခြေအနေကို သက်တမ်းတိုးမည်ဖြစ်ကြောင်း ပြောသည်။

သူ တပ်ချုပ်လုပ်သော ဆယ်စုနှစ်အတွင်း ပေးခဲ့သော မည်သည့် ကတိမဆိုကဲ့သို့ပင် သူပြောသမျှစကားလုံးတိုင်းကို မည်သူမျှ မယုံကြည်ပေ။

ကပ်ရောဂါ၊ စစ်ကောင်စီကို ဆန့်ကျင်သည့် ကြီးထွားနေသော လက်နက်ကိုင်ခုခံမှု၊ စီးပွားရေး ပြိုလဲခြင်း၊ နိုင်ငံသား သန်းပေါင်းများစွာ ရင်ဆိုင်နေရသော လူသားချင်းစာနာမှု အရေးပေါ်အခြေအနေနှင့် နောက်ဆုံးတွင် ရေလွှမ်းမိုးခြင်းက နိုင်ငံကို ဖျက်ဆီးနေချိန်တွင် ထို ၆ လပြည့်မိန့်ခွန်းသည် မြန်မာနိုင်ငံတွင် ကြုံသလို ဆက်လုပ်နေမည်ဆိုသည်ကို ရှင်းရှင်းလင်းလင်း ပြသသည့် လက္ခဏာဖြစ်သည်။ မင်းအောင်လှိုင်ပြောသည့် မြန်မာနိုင်ငံသည် ပကတိအခြေအနေနှင့် လုံး၀ ကိုက်ညီခြင်းမရှိပေ။

သူ တပ်ချုပ်လုပ်သော ဆယ်စုနှစ်အတွင်း ပေးခဲ့သော မည်သည့် ကတိမဆိုကဲ့သို့ပင် သူပြောသမျှစကားလုံးတိုင်းကို မည်သူမျှ မယုံကြည်ပေ။

တိတိကျကျပြောရလျှင် အဖျက်စွမ်းအား ကြီးမားလှသော ကိုဗစ်နိုင်တင်း တတိယလှိုင်းသည် သူ၏ပြောကြားချက်များကို လွှမ်းမိုးနေသည်။ လူ့အဖွဲ့အစည်းကို စည်းနှောင်ကာကွယ်ထားသည့် စနစ်ကို အကြီးအကျယ် ဖျက်ဆီးပြီးနောက် ကပ်ရောဂါကို အောက်ဆီဂျင်၊ ဆေးဝါးကုသမှု၊ နှာခေါင်းစည်းများ ဝယ်ယူဖြန့်ချိခြင်း၊ ကာကွယ်ဆေးများ ထိုးနှံခြင်းတို့ဖြင့် တုံ့ပြန်ဆောင်ရွက်နေကြောင်း ပြောဆိုခြင်းမှာ မြေပြင် ပကတိအခြေအနေကို ထပ်မံ လိမ်လည်ခြင်း ဖြစ်သည်။

တရုတ်နှင့် ရုရှားကာကွယ်ဆေးများဖြင့် ယခုနှစ်ကုန်တွင် လူဦးရေ ၅၀ ရာခိုင်နှုန်းကို ကာကွယ်ဆေး ထိုးပေးနိုင်သည်ဟု ပြောခြင်းသည် အတော့်ကို မယုံနိုင်စရာဖြစ်နေသည်။ ထို့အပြင် ကာကွယ်ဆေးထိုးပြီးသော ပြည်သူ့ဝန်ထမ်းများ ကိုဗစ်နိုင်တင်းကူးစက်ခံရသည့် သတင်းများစွာ ထွက်ပေါ်နေသည်။

သူပြောကြားခြင်းမပြုသော ကိစ္စများမှာ ကာကွယ်ဆေးနှင့် ကိုဗစ်ကုသမှုကို မည်သို့တိုးချဲ့မည်နှင့် တိုင်းရင်းသား လက်နက်ကိုင်များ ထိန်းချုပ်ဒေသများသို့ မည်သို့တိုးချဲ့သွားမည် ဆိုသည်တို့ ဖြစ်သည်။ အမှန်မှာ စစ်တပ်သည် မြန်မာပြည်တဝန်းရှိ ကျန်းမာရေးအဆောက်အဦးများကို တိုက်ခိုက်နေပြီး အရပ်သားများနှင့် လူသားချင်းစာနာမှု အကူအညီများကို ဆက်လက်ပစ်မှတ်ထားနေခြင်းတို့ဖြစ်သည်။

လွန်ခဲ့သော ရက်သတ္တပတ်များအတွင်း ကိုဗစ်နိုင်တင်း အလျှင်အမြန်ကူးစက်ခြင်းမှာ ဆန္ဒပြသူများနှင့် လူမှုအာဏာဖီဆန်ရေးလှုပ်ရှားမှုကို စစ်ကောင်စီက အကြမ်းဖက်မှုများ၊ ကျန်းမာရေးဝန်ထမ်းများအား တိုက်ခိုက်မှုနှင့် ဆရာဝန်နှင့် သူနာပြုများကို ဖမ်းဆီးမှုတို့က အပြစ်မဟုတ်ပါ။ ထိုသို့ဖြစ်ရခြင်းမှာ NLD၊ ဆန္ဒပြသူများနှင့် လူမှုကွန်ရက်ကောလာဟလများကြောင့်ဟု အာဏာသိမ်း စစ်ခေါင်းဆောင်က အပြစ်တင်သည်။

သူ၏ရန်သူများသည် “ဇီဝအကြမ်းဖက်လက်နက်”အဖြစ် ကိုဗစ်နိုင်တင်းကို သုံးနေသည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်းက စွပ်စွဲသည်။ နိုင်ငံရေးအကျိုးအမြတ်အတွက် ထိုသို့သော နည်းလမ်းများကို သုံးခြင်းသည် ဘာသာရေးအရ အပြစ်ကြီးနိုင်သည်ဟု ပြောသည်။ ဖေဖေါ်ဝါရီ ၁ ရက်နေ့နောက်ပိုင်း နိုင်ငံတဝှမ်းဆန္ဒပြပွဲများသည် မင်းမဲ့ ဖရိုဖရဲ လုပ်ရပ်များနှင့် လက်နက်ကိုင်တိုက်ခိုက်မှုများသို့ ပြောင်းသွားကြောင်း ပြောသည်။ “အပြစ်မဲ့ပြည်သူတွေ အံ့ဩစရာ ကောင်းအောင် သတ်ဖြတ်ခံနေရတယ်။ သူတို့ ဘာလို့ လူသတ်နေတာလဲ။ ငြိမ်းချမ်းစွာ နေလိုတဲ့ သာမန်ပြည်သူတွေကို ဘာကြောင့် သတ်ဖြတ်နေတာလဲ။ ကျနော်တို့ လက်မခံနိုင်ပါဘူး”ဟု သူပြောသည်။

သူပြောကြားခြင်းမပြုသော ကိစ္စများမှာ ကာကွယ်ဆေးနှင့် ကိုဗစ်ကုသမှုကို မည်သို့တိုးချဲ့မည်နှင့် တိုင်းရင်းသား လက်နက်ကိုင်များ ထိန်းချုပ်ဒေသများသို့ မည်သို့တိုးချဲ့သွားမည် ဆိုသည်တို့ ဖြစ်သည်။

“အကြမ်းဖက် ဆန္ဒပြပွဲတွေကို နိုင်ငံတကာ ဥပဒေတွေနဲ့အညီ တုံ့ပြန်တယ်။ လူသတ်လက်နက်တွေ မိုင်းတွေနဲ့ တိုက်ခိုက်မှု အသုံးပြုသူတွေကို အရေးယူရမယ်” ဟု သူပြောသည်။ မိန့်ခွန်းတခုလုံးတွင် ရယ်စရာအကောင်းဆုံးသော အလိမ်အညာမှာ “အခု အကြမ်းဖက်တိုက်ခိုက်တာ အချို့လွဲလို့ တနိုင်ငံလုံးမှာ တည်ငြိမ်နေပြီ” ဆိုသည့် စကားဖြစ်သည်။

မင်းအောင်လှိုင်၏ မိန့်ခွန်းသည် ကပ်ရောဂါကို ကြောက်လန့်မှု သက်သာစေရန်နှင့် မိသားစုဝင်များကိုဆုံးရှုံးရသော လွန်စွာများပြားသည့် ကျန်ရစ်သူများကို နှစ်သိမ့်ရန် မည်သို့မျှ မစွမ်းဆောင်နိုင်ပေ။ သူသည် တမင်သက်သက် စိုးရိမ်ပူပန်မှု သို့မဟုတ် ရိုးသားမှုတို့ကို ရှောင်လွှဲနေသည်။

အကြီးအကျယ် အလိမ်အညာများပြောပြီး အထပ်ထပ် လိမ်ညာနေလျှင် ထိုအလိမ်အညာသည် နောက်ဆုံးတွင် အမှန်တရားဖြစ်လာမည်ဆိုသည့် မူဖြင့် စစ်ခေါင်းဆောင်က ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် မဲ ၁၁ သန်း လိမ်သည်ဆိုသည်ကို ထပ်မံပြောဆိုပြန်သည်။

NLD ရွေးကောက်ပွဲလိမ်သည်ဆိုသည့် လုပ်ကြံဇာတ်လမ်းကို ရေးသားရန် စစ်အုပ်စုသည် လပေါင်းများစွာ အချိန်ယူလုပ်ဆောင်သောကြောင့် စစ်ကောင်စီထိန်းချုပ်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင်လ နှောင်းပိုင်းတွင် ထိုရွေးကောက်ပွဲ ရလဒ်များကို ပယ်ဖျက်လိုက်သောအခါ အံ့သြစရာမဟုတ်တော့ပေ။

စစ်ကောင်စီ၏ အချက် ၅ ချက်ပါ လမ်းပြမြေပုံကို အမွှမ်းတင်နေခြင်းမှာ နောက်ဆုံးအချက်၏ ကတိကို သရုပ်ဖေါ်ရန်ဖြစ်သည်။ ထိုအချက်မှာ “လွတ်လပ်မျှတသည့် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲကို ၂၀၀၈ အခြေခံဖွဲ့စည်းပုံနှင့်အညီ ကျင်းပပြီး အနိုင်ရသော ပါတီသို့ ဒီမိုကရေစီ စံနှုန်းများနှင့်အတူ နိုင်ငံတော် တာဝန်လွှဲပြောင်းရေး” ဆိုသည့်အချက်ဖြစ်သည်။

ထိုအချက်သည် မြန်မာနိုင်ငံတွင်းမှ မည်သူ့ကိုမျှ အရူးမလုပ်နိုင်ခဲ့ပေ။ အထူးသဖြင့် မဲဆန္ဒရှင်များနှင့် ၎င်းတို့အပေါ် ကြီးမားသော လူထုထောက်ခံမှုကို အရာမရောက်အောင် အလုပ်ခံရသောကြောင့် ဒေါသထွက်နေသော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ကဲ့သို့သော နိုင်ငံရေးပါတီများကို အရူးမလုပ်နိုင်ပေ။

အကြီးအကျယ် အလိမ်အညာများပြောပြီး အထပ်ထပ် လိမ်ညာနေလျှင် ထိုအလိမ်အညာသည် နောက်ဆုံးတွင် အမှန်တရားဖြစ်လာမည်

ရွေးကောက်ပွဲကတိများကို ပေးနေခြင်းသည် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အတွင်းမှ စိတ်ပျက်နေသော ဆွေးနွေးဖက်များကို နှစ်သိမ့်ရန် သက်သက်သာ ဖြစ်ပုံရသည်။ ထိုအသင်းသည် ဘရူနိုင်း ဒုတိယ နိုင်ငံခြားရေးဝန်ကြီးကို မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် အဆိုပြုခဲ့သည်။

အထူးသံတမန်ခန့်အပ်ရေးမှာလည်း ASEAN အတွင်း သဘောထားကွဲလွဲမှုကြောင့် နှောင့်နှေးခဲ့ပြီး မြန်မာ့ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုများအပေါ် သက်ရောက်မှု မရှိနိုင်ပေ။ စစ်အာဏာသိမ်းမှု ရုတ်သိမ်းရေး၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊ ကပ်ရောဂါတုံ့ပြန်မှုကို အာရုံစိုက်ရေးနှင့် ဖေဖေါ်ဝါရီလ အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသည့် အမျိုးမျိုးသော နိုင်ငံရေးအင်အားစုများနှင့် အမှန်တကယ်ဆွေးနွေးရေး မည်သည်ကိုမျှ ဖြစ်လာစေမည် မဟုတ်ပေ။

သို့သော် ဝါရှင်တန်မှ ကင်ဘာရာ၊ ဘရပ်ဆဲလ် အထိနှင့် အခြားအနောက်နိုင်ငံများက မြန်မာအရေးကို ASEAN ၏ စမ်းတဝါးဝါး သံတမန်ရေးသို့ သူရဲဘောကြောင်စွာ ထိုးအပ်ခြင်းသည် တရုတ်နှင့် ရုရှားက မြန်မာ စစ်ကောင်စီကို ထောက်ခံခြင်းကဲ့သို့ပင် မရိုးသားသော ကိုယ်ကျိုးကြည့်ခြင်းဖြစ်သည်။

ဝန်ကြီးချုပ်ရာထူးကို မင်းအောင်လှိုင် ယူလိုက်ခြင်းသည် ဒေသတွင်း သံတမန်ရေး အားထုတ်မှုများတွင် လူရာဝင်ရေး ရည်ရွယ်ပုံရပြီး ASEAN အပေါ် ယုံကြည်မှုကို ထပ်မံထိခိုက်စေမည်ဖြစ်သည်။

ဝန်ကြီးချုပ်ရာထူးကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ယူလိုက်ခြင်းသည် ဒေသတွင်း သံတမန်ရေး အားထုတ်မှုများတွင် လူရာဝင်ရေး ရည်ရွယ်ပုံရသည်။

ခမာနီတို့၏ “ယဉ်ကျေးမှုတော်လှန်ရေး”မှ ပုံတူ ကူးထားပုံရသည့် ထိုမိန့်ခွန်း၏ နမိတ်မကောင်းဆုံး အပိုင်းတွင် စိုက်ပျိုးရေးကဏ္ဍ တိုးချဲ့ရေး စီမံကိန်းများ ပါဝင်သည်။ “မွေးမြူရေးနဲ့ပတ်သက်ပြီး ကြက်၊ ဘဲ၊ ဝက်၊ ဆိတ်၊ ငါးမွေးမြူရေးလုပ်ငန်းတွေကို အားပေးရမယ်။ နိုင်ငံမှာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေ ခေတ်မီဖို့ ပညာရှင်တွေလိုတယ်” ဟု သူပြောသည်။

ထိုင်း၊ မလေးရှားနှင့် တရုတ်နိုင်ငံများတွင် သွားရောက်အလုပ်လုပ်ရန် မျှော်လင့်နေသူများနှင့် ရွှေ့ပြောင်းလုပ်သားများက လွှဲပို့သောငွေကို မှီခိုနေရသည့် သန်းပေါင်းများစွာသော မိသားစုများအတွက် စိုးရိမ်စရာ ကိစ္စမှာ “နိုင်ငံပြင်ပမှာ အလုပ်ရှာနေတဲ့ ရွှေ့ပြောင်းလုပ်သား အရေအတွက်လျှော့ချဖို့ နိုင်ငံတွင်းမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးသင့်တယ်” ဟူသော စကားဖြစ်သည်။

ထိုစကားများသည် ပြည်သူများအားလုံးကို တနိုင်ငံလုံးတွင် ကြက်ဆူပင်စိုက်ခိုင်းသည့် သူ့ဆရာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အဖျက်စွမ်းအားကြီးသော ဇီ၀လောင်စာ အစီအစဉ်ကဲ့သို့ ယခင် တဖက်ပိတ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များကို သံယောင်လိုက်ခြင်းဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယခင် စစ်အစိုးရများထံမှ လိုရာဆွဲယူသည်ဟု ကျော်ကြားပြီး လက်ရှိအိမ်စောင့်အစိုးရကြေညာချက်နှင့် အနာဂတ် ရွေးကောက်ပွဲအကြောင်း ပြောကြားချက်များကို ၁၉၆၂ နှင့် ၁၉၈၈ စစ်အာဏာသိမ်းမှုများနောက်ပိုင်း ကတိများနှင့် နှိုင်းယှဉ်တူညီကြောင်း ပြောကြားနေပြီးဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ မိန့်ခွန်းစာသားများကို လေ့လာစမ်းစစ်ခြင်းမှ ရရှိသည့် တခုတည်းသော ကောက်ချက်မှာ ထိုမိန့်ခွန်းသည် ဆောက်တည်ရာမရသူတဦး၏ လက်ရာဖြစ်သည် ဆိုသည့်အချက်ပင်။

ထိုမရိုးသားမှုနှင့် စိတ်ထင်ယောင်ထင်မှားဖြစ်မှုကို ပေါင်းစည်းသွားမှုသည် သဘာဝကျစေရန် သူ၏ ကြိုးစားမှုအတုလည်း ဖြစ်သည်။ မြန်မာစစ်အာဏာရှင်များသာမက ဒေါ်အောင်ဆန်းစုကြည်ပင် မကြာခဏဆိုသလို မရိုးသားသော ဟောပြောချက်များပေးကြသည်။ ထိုအကြံဉာဏ်များမှာ ဘန်နစ်တို မူဆိုလိုနီ မိန့်ခွန်းတခု၊ ၁၉၅၀ ခုနှစ်က အင်္ဂလိပ်စကားစု စာအုပ်တအုပ်နှင့် တိုနီရော့ဘင်၏ ကိုယ့်အားက်ိုယ်ကိုးရေး အကြံဉာဏ်တို့ကို ပေါင်းစပ်ထားသည်နှင့်တူသည်။

ထိုသို့သော ဟောပြောချက်မျိုးကို “စုပေါင်းစွမ်းအား” ဆိုသည့် စကားတွင်တွေ့နိုင်ပြီး ထိုစကားကို ဒေါ်အောင်ဆန်းစုကြည်က စတင်သုံးစွဲကာ မင်းအောင်လှိုင်၏ မိန့်ခွန်းတွင်လည်း ထပ်မံပါဝင်လာပြီး ဖန်တရာတေ သုံးစွဲနေသော “စည်းလုံးညီညွတ်ရေး” နှင့် “မည်သူမျှ တရားဥပဒေအထက်တွင် မရှိ” ဆိုသည်များတွင်လည်း တွေ့ရသည်။

တရားတော်သည် လူယုတ်မာတို့၏ နောက်ဆုံးခိုလှုံရာဖြစ်သည် ဆိုသည့်အတိုင်းပင် မြန်မာစစ်ခေါင်းဆောင်သည် ဗုဒ္ဓဘာသာတန်ဖိုးများကိုလည်း စွဲယူသုံးပြီး NLD သည် ဓမ္မကို ဖျက်ဆီးသည်ဟု ဆိုသည်။ “လွန်ခဲ့တဲ့ ၅ နှစ်အတွင်း ဗုဒ္ဓဘာသာဝင်တွေ စိတ်ဆင်းရဲရတယ်” ဟုပြောသည်။ မည်သည့်အာဏာရှင်မဆို၏ မိန့်ခွန်းသည် ခန္ခာက်ိုယ် ကြံ့ခိုင်သန်စွမ်းရေးမပါလျှင် ပြီးပြည့်စုံခြင်း မရှိပေ။ “အားကစားဖြင့် နိုင်ငံဂုဏ်ကို မြှင့်တင်ရေး။ အားကစားဆိုတာ ရုပ်ပိုင်းစွမ်းရည်ကိုသာမက စိတ်ပိုင်းစွမ်းရည်ကိုပါ မြှင့်တင်ပေးတယ်” ဟုလည်း ပြောသည်။

ထိုမိန့်ခွန်းစာသားများကို လေ့လာစမ်းစစ်ခြင်းမှ ရရှိသည့် တခုတည်းသော ကောက်ချက်မှာ ထိုမိန့်ခွန်းသည် ဆောက်တည်ရာမရသူတဦး၏ လက်ရာဖြစ်သည် ဆိုသည့်အချက်ပင်ဖြစ်သည်။ ကုလသမဂ္ဂနှင့် အနောက်တိုင်း သံတမန်များအနေဖြင့် အနာဂတ်တွင် စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံရေးအကြောင်းပြောလျှင် မင်းအောင်လှိုင်ကို တရားဝင်နိုင်ငံရေးဇာတ်ကောင်အဖြစ် မည်သည့်ယုံကြည်မှုကိုမဆိုပေးသောသူများ၏ ရူးသွပ်မိုက်မဲမှုသည် အလားတူ မေးခွန်းထုတ်စရာရှိသည်ကို သတိရသင့်ပေသည်။

RelatedPosts

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
388
၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
190
မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

8 January 2026
6.6k

(David Scott Mathieson သည် မြန်မာပြည် လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးနှင့် ပဋိပက္ခများအား လေ့လာသုံးသပ်သူ လွတ်လပ်သော သုတေသီတဦး ဖြစ်သည်။ Asia Times ပါ ၎င်း၏ Myanmar’s strongman outlines a manifesto of madness ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

ရွေးကောက်ပွဲရလဒ်များကို ပယ်ဖျက်ခြင်းက စစ်ဗိုလ်ချုပ်များ၏ ထုံးစံဖြစ်သည်

NLD ကို ပိတ်ပင်ရုံဖြင့် စစ်အာဏာသိမ်းဆန့်ကျင်ရေး ရပ်ဆိုင်းမည် မဟုတ်

တကိုယ်တော် ပြည်ဖျက်သမား ဖန်တီးတဲ့ ဘေးဒုက္ခမှ လွတ်မြောက်ရာလမ်း

မြန်မာ့ဆယ်လီဘရစ်တီများ သေဆုံးခြင်း

ရှမ်းတိုင်းရင်းသားချင်း တိုက်ပွဲနောက်ကွယ်မှာ တရုတ်လက်တွေ ပါလား

ရက္ခိုင့်တပ်တော်၊ မြန်မာ့စစ်အာဏာသိမ်းမှု နှင့် ရက္ခိုင်ပြည်နိုင်ငံရေး

Your Thoughts …
Tags: စစ်ကောင်စီ ခေါင်းဆောင်စစ်အာဏာရှင်တဦးစစ်အာဏာသိမ်းမှု ၆ လဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရူးသွပ်မှုကြေညာစာတမ်း
David Scott Mathieson

David Scott Mathieson

ဒေးဗစ် စကော့ မက်သီဆန်သည် ပဋိပက္ခ၊ လူသားချင်းစာနာမှု၊ လူ့အခွင့်အရေး ပြဿနာများနှင့် ပတ်သက်သည့် လွတ်လပ်သော သုတေသီ ဖြစ်သည်။

Similar Picks:

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.9k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

စစ်ကောင်စီအဖွဲ့ အပြောင်းအလဲများ၏ နောက်ကွယ်

စစ်ကောင်စီအဖွဲ့ အပြောင်းအလဲများ၏ နောက်ကွယ်

by ဧရာဝတီ
7 August 2023
14.4k

အာဏာသိမ်းစစ်ခေါင်းဆောင်သည် သြဂုတ် ၁ ရက်က ၆ လ သက်တမ်းထပ်တိုးပြီးနောက် အစိုးရအဖွဲ့အတွင်း ရာထူး နေရာများစွာ အပြောင်းအလဲ လုပ်ခဲ့သည်

(ဝဲမှ ယာ) ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်ချုပ်မှူးကြီးစောမောင်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

သိက္ခာမဲ့သော တပ်ချုပ်များ

by ဧရာဝတီ
18 December 2021
22.5k

မြန်မာ့တပ်မတော်ဟာ အာဏာရှင်ကို ကာကွယ်ပေးဖို့ ပြည်သူတွေကို သတ်ဖြတ်နေတဲ့ ဂိုဏ်းအဖြစ်ကို နိမ့်ကျသွားတာ နှစ်ပေါင်းအတော်ကြာပါပြီ။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတ လုပ်မည်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတ လုပ်မည်

by နွေနေ
16 December 2025
5k

ဗိုလ်ချုပ် ဇော်မင်းထွန်းက ယခုရွေးကောက်ပွဲပြီးလျှင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတ တာဝန်ထမ်းဆောင်မည်ဟု ဖြေသည်။

၂၀၂၀ နိုဝင်ဘာ လပြည့်ည အင်းလျားကန်ဘောင်ပေါ်တွင် အပန်းဖြေနေကြသူများ / ဧရာဝတီ

အင်းလျားဘေးက စစ်အာဏာသိမ်းခေါင်းဆောင်၏ အိမ်ကြီးများ

by ပေါ်ထွန်း
15 January 2022
53.2k

သူများနှင့် မတူသည်က သူသည် အိမ် ၂ လုံး ပိုင်ဆိုင်ထားသည်။

အာဏာအတွက် ကိုယ်တိုင် သက်တမ်းတိုးနေရသည့် စစ်ခေါင်းဆောင်

အာဏာအတွက် ကိုယ်တိုင် သက်တမ်းတိုးနေရသည့် စစ်ခေါင်းဆောင်

by ဧရာဝတီ
1 August 2024
2.7k

ရွေးကောက်ပွဲအား ဒေသအလိုက် လုံခြံရေးအပေါ်မူတည်ကာ ကျင်းပနိုင်သည့်နယ်မြေများတွင် အရင်ကျင်းပမည်ဖြစ်ပြီး ကျန်နယ်မြေများအား လုံခြုံရေးကောင်းမွန်အောင် ဆောင်ရွက်ပြီးမှသာ ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း

Next Post
သရုပ်ဆောင် မြနှင်းရည်လွင်  / PVTV

တပ်မတော်သားတွေ ပြည်သူ့ဘက်က ရပ်တည်ကြဖို့ မြနှင်းရည်လွင် မေတ္တာရပ်ခံ

ဖေဖော်ဝါရီလအတွင်း ရန်ကုန်လှည်းတန်းတွင် စစ်သားများ နေရာယူထားစဉ် / ဧရာဝတီ

အာဏာသိမ်း စစ်ကောင်စီတွင် အုပ်ချုပ်ရေး စွမ်းရည်နှင့် တရားဝင်မှု မရှိ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved