• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

မြန်မာ့ဆယ်လီဘရစ်တီများ သေဆုံးခြင်း

by Charlie Artingstoll
16 July 2021
in သူ့အတွေး သူ့အမြင်
A A
ရုရှစစ်တက္ကသိုလ်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂုဏ်ထူးဆောင်ဘွဲ့ ရယူစဉ်

ရုရှစစ်တက္ကသိုလ်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂုဏ်ထူးဆောင်ဘွဲ့ ရယူစဉ်

29.2k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံမှ ဆယ်လီဘရစ်တီများသည် ၎င်းတို့၏လုပ်ရပ်များဖြင့် လူ့အဖွဲ့အစည်းကို ပုံသွင်းပေးသော စံနမူနာပြ ပုဂ္ဂိုလ်များဖြစ်ပြီး လူသန်းပေါင်းများစွာအပေါ် ကြီးမားသော သြဇာလွှမ်းမိုးမှု ရှိသည်ဟု စာရေးသူမြင်သည်။ ၎င်းတို့၏သြဇာမှာ ကြီးမားလှသောကြောင့် စစ်ကောင်စီသည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ထိုလှုပ်ရှားမှုကို ပိတ်ပစ်ရန် အပြင်းအထန် ဖိနှိပ်ခြင်းဖြစ်သည်။ သို့သော် သက်သောင့်သက်သာ ဘဝများကို ဖြတ်သန်းနေကြသည့် ကျော်ကြားသော အဆိုတော်များနှင့် သရုပ်ဆောင်များသည် တောတွင်းတွင် ငှက်ဖျားရောဂါကို အပြင်းအထန် ခံစားနေသည်မှာ လွန်စွာ ထူးဆန်းလှသည်။

အခြေခံအကျဆုံးဆိုရပါက ဆယ်လီတဦးသည် (က) ပြည်သူလူထုအသိုက်အဝန်းတွင် ကျော်ကြားသူများ နှင့် (ခ) လူကြိုက်များသူများ ဖြစ်သည်။ ၎င်းတို့သည် အမည်ကောင်းဖြင့် ကျော်ကြားသူများဖြစ်ပြီး အမည်ဆိုးဖြင့် ကျော်ကြားသူများ မဟုတ်ကြပေ။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးမင်းအောင်လှိုင်တို့ကို ဥပမာဟု ဆိုပါစို့။ သူတို့ ၂ လုံးကို လူသိများကြသော်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ဆယ်လီဟု သတ်မှတ်ရနိုင်ပြီး ဦးမင်းအောင်လှိုင်ကိုမူ (ချစ်စရာ အနီရောင် ဝတ်စုံ မည်မျှ ဝတ်ဆင်ထားသည်ဖြစ်စေ) ထိုသို့ သတ်မှတ်နိုင်ခြင်း မရှိပေ။ ယခုအတိုင်း ဆိုပါက လက်ရှိအချိန် မြန်မာနိုင်ငံတွင် ထင်ရှားကျော်ကြားသည့် ဆယ်လီဘရစ်တီ မရှိတော့ပေ။ ပြည်သူလူထုအသိုက်အဝန်းတွင် ကျန်ရှိနေဆဲဖြစ်သူများသည် လူမှုရေးအရ သပိတ်မှောက်ခံနေရပြီး ထိုသို့ သပိတ်မှောက်မခံရသူများမှာလည်း အစိုးရ၏ ဖမ်းဆီးနှိပ်စက်မှုများကြောင့် လူထုကြားတွင် မရှိကြတော့ပေ။

ထို့ကြောင့် အာဏာသိမ်းကာလတခုအတွင်း ဆယ်လီဘရစ်တီများနှင့် အင်ဖလူယန်ဇာများအကြောင်းပြောဆိုခြင်းသည် ပိုမိုအရေးပါသည့် လူမှုနိုင်ငံရေး ပြဿနာများနှင့် မသက်ဆိုင်ဟုမြင်ရသော်လည်း ၎င်းတို့သည် အရေးပါသည်ဟု စာရေးသူခံစားရသည်။ လက်တွေ့တွင် စာရေးသူ၏အဖွဲ့အစည်းသည် ရိုးရှင်းသော်လည်း သက်သေပြပြီးဖြစ်သည့် လေ့လာတွေ့ရှိချက်အပေါ်အခြေခံသည်။ ထိုလေ့လာတွေရှိချက်မှာ မြန်မာနိုင်ငံမှ ဆယ်လီများနှင့် အင်ဖလူယန်ဇာများသည် လူမှုအပြောင်းအလဲ၏ ကိုယ်စားလှယ်များအဖြစ် ဦးဆောင်မှုအခန်းမှ ပါဝင်ကြသည်။ “ မြန်မာနိုင်ငံတွင် ရုပ်သံသရုပ်ဆောင်များနှင့် ထင်ရှားကျော်ကြားသူများသည် အရေးကြီးသတင်းများ၏ အယုံကြည်ရဆုံး ရင်းမြစ်များဖြစ်ပြီး ၎င်းတို့၏အမြင်များကို ဘာသာရေး သို့မဟုတ် နိုင်ငံရေး သို့မဟုတ် လူမှုအသိုက်အဝန်းခေါင်းဆောင်များထက် များစွာပိုမိုမှီခိုအားထားကြသည်။ အရေးကြီးသော သတင်းအချက်အလက်လေ့လာရန် အယုံကြည်ဆုံး သတင်းရင်းမြစ် ၃ ခုကိုမေးသောအခါ ထိပ်ဆုံး ၃ ခုမှာ ရုပ်မြင်သံကြားသရုပ်ဆောင်များ၊ မိမိတို့ အကြိုက်နှစ်သက်ဆုံး Facebook စာမျက်နှာများမှ ဖေါ်ပြချက်များ နှင့် ရပ်ရွာအခြေပြုအဖွဲ့အစည်းများဖြစ်နေပြီး ၂၅ ရာခိုင်နှုန်း၊ ၁၄ ရာခိုင်နှုန်းနှင့် ၉ ရာခိုင်နှုန်း အသီးသီးရှိကြသည်။ ဆန့်ကျင်ဖက်ဖြစ်နေသောအချက်မှ မိမိတို့တိုင်းနှင့်ပြည်နယ်မှ နိုင်ငံရေး ခေါင်းဆောင်များ၊ နိုင်ငံတကာမီဒီယာနှင့် အမျိုသားအဆင့် နိုင်ငံရေးခေါင်းဆောင်ကို ယုံကြည်သူအရေအတွက် ၄ ရာခိုင်နှုန်း၊ ၃ ရာခိုင်နှုန်းနှင့် ၃ ရာခိုင်နှုန်းသာ အသီးသီးရှိသည်။ ( အနာဂတ် ဆက်သွယ်ရေး – ရှင်းလင်းတင်ပြမှုစာတမ်းများနှင့် အခြေခံတူညီမှုရှာဖွေခြင်း၊ နိုဝင်ဘာ ၂၀၁၉- Communicating for the Future: Briefing Papers, Search for Common Ground,” November 2019 မှယူသည်။)

နေခြည်ဦး၏ ဗီဒီယိုကြော်ငြာတခု

ဆယ်လီဘရစ်တီ ခေတ်စားလာမှုသည် ရှေးခေတ်က တခါတရံ စစ်ရေး န်ိုင်ငံရေး အောင်ပွဲများနှင့် ပတ်သက်နေကြောင်း ဂန္တဝင်သမိုင်းပညာရှင် ပါမောက္ခ ရောဘတ် ဂါးလန်းက ပြောသည်။ အလက်ဇန္ဒရား သည် ဂရိတ်၊ ဂျူးလီးယက် ဆီဆာနှင့် စပါတာကပ်တို့သည့် အစောဆုံး ထင်ရှားကျော်ကြားသူများတွင် ပါဝင်သည်။ ၎င်းတို့သည် ထင်ရှားကျော်ကြားသော အာဇာနည် စစ်ဘုရင်များဖြစ်ပြီး ၎င်းတို့၏ စစ်ရေးအောင်မြင်မှုများနှင့် နိုင်ငံရေး အမြင်များကြောင့် ကျော်ကြားလာပြီး တစုံတရာမြင့်မြတ်သော ရည်မှန်းချက်ကို အကောင်အထည်ဖေါ်ရင်း အောင်မြင်ဝံ့ကြွားစွာ သေဆုံးကြသည်။ ခေတ်သစ်ထင်ရှားကျော်ကြားသူများ ဥပမာ ချေခွေဗားရား တို့သည် ထိုမျှလောက် တော်လှန်ရေး မဆန်ကြပေ။ တေးသံရှင်များ သရုပ်ဆောင်များသည် ၎င်းတို့ ဖန်တီးလိုက်သော အကြောင်းအရာများကို ပြည်သူလူထုက မည်သို့တုံ့ပြန်သည်ဆိုသည့် အချက်အပေါ် အခြေခံပြီး ကျော်ကြားမှုကို ရကြသည်။ ၎င်းတို့သည် ၎င်းတို့အနိုင်ရသည့် စစ်ပွဲများကြောင့် မဟုတ်ဘဲ ၎င်းတို့၏ သီချင်းများ၊ ရုပ်ရှင်များကြောင့် ကျော်ကြားမှု ရခြင်းဖြစ်သည်။

နေရွှေသွေးအောင်က ဒေါ်လာရာတန်များကို မီးရှို့ပြခဲ့သည်

အာဏာမသိမ်းမီကာလက မြန်မာနိုင်ငံတွင် ထိုအတိုင်းဖြစ်သည်။ ပြည်သူများသည် အကြောင်းအရာကို ကြိုက်နေသမျှ မေးခွန်းထုတ်ခြင်း မရှိကြ။ နေခြည်ဦးသည် ဒေါ်လာသောင်းချီတန်သည့် နာရီများကို ကြွားဝါပြသပြီး အောက်တွင် “ဒက်ဒီ ဝယ်ပေးတာ” ဟု ရေးသည်။ (ဒယ်ဒီက စစ်အရာရှိကြီးဖြစ်သည်။) နေရွှေသွေးအောင်သည် အမည်ဆိုး ကျော်ကြားလှသော စစ်အာဏာရှင် ဦးသန်းရွှေ၏ မြေးဖြစ်သည်။ သူသည် ထိုအာဏာရှင်ဟောင်း၏ အချစ်တော်ဖြစ်သောကြောင့် နိုင်ငံတွင် လူ ၁၄၀၀၀၀ ကျော်သေဆုံးပြီး လအတန်ကြာတွင် မန်ချက်စတာယူနိုက်တက်ဘောလုံးအသင်းကို ဝယ်ရန်အတွက် ဒေါ်လာ ၁ ဘီလျံသုံးရန် တိုက်တွန်းသူဖြစ်သည်။ ထိုမုန်တိုင်းအတွင်း သေဆုံးရသူအများစုမှာ ဦးသန်းရွှေစစ်အုပ်စု၏ လုံး၀ မသိနားမလည်မှုကြောင့် သေဆုံးရခြင်းဖြစ်သည်။ သူသည် အန်ရီရေး ဂလေးစီးယပ်စ်ကို ပြန်လည်ဖန်တီး ဒေါ်လာသောင်းပေါင်းများစွာသုံးသည်။ ( သူသည် Enrique Iglesias အန်းရစ် ဂလေးစီးယပ်ကို လွန်စွာနှစ်သက်သူဖြစ်သည်။) ထိုသို့ပြန်လည်ဖန်တီးရာတွင် ဒေါ်လာ တရာတန်အစစ်များကို မီးရှို့ပြသည်။ အာဏာမသိမ်းမီက သူတို့နှစ်ယောက်လုံးတွင် ပရိသတ်သိန်းချီရှိကြသည်။ ၎င်းတို့သည် ထင်ရှားကျော်ကြားသူအစစ်များ ဖြစ်ခဲ့သည်။

စစ်အာဏာသိမ်းမှုအပြီးတွင် ပြည်သူလူထုသည် ပိုမိုလူကဲခတ်ကောင်းလာသည်။ နေခြည်ဦးသည် အာဏာသိမ်းပြီး ရက်သတ္တပတ်အတန်ကြာအထိ အတိတ်နမိတ်ဆိုးသဖွယ် နှုတ်ဆိတ်နေပြီး သူမ၏ ပရိသတ်များက အတင်းအကျပ်တောင်းဆိုသောအခါမှသာ ထွက်လာသည်။ ဆန္ဒပြပွဲများနှင့် ပူးပေါင်းသော အခါတွင်လည်း နေခြည်ဦးသည် ကိုယ်ရံတော်များနှင့်အတူ လာသည်။ သူမသည် လူမှုကွန်ရက်တွင် ချေမှုန်းခံရပြီး လုံး၀လှောင်ပြောင် ရှုတ်ချခံရသည်။ သူမသည် ပြည်သူများနှင့်အတူရှိကြောင်း နောက်ထပ်ပြသရန် အားထုတ်မှုများသည်လည်း အလားတူစွာပင် အဆင်ပြေခြင်းမရှိပေ။ သူမသည် လူမှုအာဏာဖီဆန်ရေးလှုပ်ရှားမှုရန်ပုံငွေအတွက် လှူဒါန်းရန် ကြိုးစားပြန်သည်။ ထိုငွေကို သူမထံပြန်လည်ပေးပို့ခဲ့ပြီး ထိုအဖွဲ့အစည်းက ၎င်းတို့သည် သူမ၏ ငွေကိုမလိုကြောင်းပြောသည်။ သူမနှင့် အချို့သောသူများသည် ဒီမိုကရေစီရေးကို လိုလားသောကြောင့် မဟုတ်ဘဲ လူမှုကွန်ရက်အတွေ့အကြုံက ဖိအားပေးနေသောကြောင့် ဖြစ်သည်ဆိုသည့် ခံစားချက်များလည်း ရှိကြသည်။ ဆိတ်ဆိတ်နေခြင်းသည် လူမှုကွန်ရက်တွင် သေကြောင်းကြံစည်မှုဖြစ်သည်။

ကိုယ်ရံတော်များနှင့် နေခြည်ဦး ဆန္ဒပြထွက်လာစဉ်

လူမှုကွန်ရက် သပိတ်မှောက်ခြင်းတွင် အထင်ရှားဆုံးသော ဥပမာတခုကို ဖေါ်ပြမည်။ ထိုဥပမာတွင် လူမှုကွန်ရက်အသုံးပြုသူများက ထိုအပြစ်ဒဏ်နှင့် ထိုက်တန်သည်ဟု ၎င်းတို့ ယူဆသော ပြစ်ဒဏ်များကို ပေးခဲ့ကြသည်။

စိတ်ဝင်စားစရာကောင်းသည်မှာ စစ်တပ်နောက်ခံရာဇဝင်မရှိသော ထင်ရှားကျော်ကြားသူများသည်ပင် လူမှုကွန်ရက်ဒဏ်ခတ်မှုမှ ကင်းလွတ်ခြင်းမရှိပေ။ စစ်အာဏာသိမ်းမှုကို လုံလုံလောက်လောက် မဆန့်ကျင်ဟု အများပြည်သူက ယူဆခံရသူများသည်ပင် လူမှုကွန်ရက် အပြစ်ပေးခြင်းနှင့် သပိတ်မှောက်ခြင်းကို ရင်ဆိုင်ရသည်။ ပရိသတ်သန်းချီရှိသော လွန်စွာ ထင်ရှားကျော်ကြားသူများသည် စစ်အာဏာသိမ်းမှုနှင့် ရင်ဆိုင်ရသောအခါ နှုတ်ဆိတ်နေသောကြောင့် သပိတ်မှောက်ခံရသည်။ စိုင်းစိုင်းခမ်းလှိုင်သည် အာဏာသိမ်းပြီး ပထမဆုံးနေ့တွင် ပရိသတ် ၁၉၀၀၀ ဆုံရှုံးပြီး အင်တာနက်အသုံးပြုသူတဦးက ဖရန်တီယာ Frontier မဂ္ဂဇင်းသို့ ထင်ရှားကျော်ကြားသူများသည် လူ့အဖွဲ့အစည်း၏ ကပ်ပါးများဖြစ်ကြောင်း၊ ၎င်းတို့သည် သာမန်ပြည်သူများ၏ ဘဝကို ရှောင်ရှားရန် နည်းမျိုးစုံဖြင့် လုပ်မည်ဖြစ်ကြောင်းနှင့် ၎င်းတို့သည် ငွေပန်းကန်ပြားပေါ်တွင် အသက်သာဆုံးနည်းဖြင့် နေထိုင်ရရန် လုပ်မည်ဖြစ်သည် ဟု ရေးသားသည်။

ထိုသို့ သပိတ်မှောက်ခံရသူများက အပြစ်ကင်းလွတ်လျှင်ပင် ၎င်းတို့ကို ဆန့်ကျင်သူများအား စစ်ကောင်စီက ၁၈၆၁ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ပုဒ်မ ၅၀၅ ကို အသုံးပြုပြီး သဲသဲမဲမဲ လိုက်နေခဲ့သည်။ ပုဒ်မ ၅၀၅ (ခ) သည် ပြည်သူလူထု သို့မဟုတ် ပြည်သူလူထု မည်သည့်အစိတ်အပိုင်းကိုမဆို ကြောက်လန့်စေရန် သို့မဟုတ် တုန်လှုပ်စေရန် ရည်ရွယ်ချက်ဖြင့် သို့မဟုတ် ထိုသို့ဖြစ်နိုင်စေသော မည်သည့်ပြောဆိုချက်၊ ကောလာဟလ သို့မဟုတ် သတင်းကို ပြောဆိုခြင်း၊ ထုတ်ဝေခြင်း၊ ဖြန့်ချိခြင်းဖြင့် တစုံတဦးက နိုင်ငံတော်သို့မဟုတ် ပြည်သူလူထု တည်ငြိမ်မှုကို ဆန့်ကျင်သည့် ပြစ်မှုကျူးလွန်စေရန် လှုံ့ဆော်ခြင်းကို ရာဇဝတ်မှုအဖြစ် သတ်မှတ်သည်။

စစ်ကောင်စီ ရုပ်မြင်သံကြားက ပုဒ်မ ၅၀၅ ကို ချိုးဖေါက်သည်ဟု သတ်မှတ်ထားသော ဆယ်လီဘရစ်တီများနှင့် အများပြည်သူခေါင်းဆောင်များ စာရင်းကို နေ့စဉ်ထုတ်ပြန်သည်။ များပြားလှစွာသော ဆယ်လီများသည် ၎င်းတို့၏နေအိမ်များတွင် ညနက်သန်းခေါင် ဖမ်းဆီးခံကြရသည်။ ထိုထက်ပိုမိုများပြားသောသူများသည် နိုင်ငံတဝှမ်းတွင် ပုန်းအောင်နေကြရသည်။ လေယာဉ်ခရီးစဉ်များတွင် လိုက်ပါမည့်သူများစာရင်းကို ဆယ်ရက်ကြိုတင်ပြီး အစိုးရထံ အကြောင်းကြားရသော်လည်း လက်တဆုပ်စာမျှ လွတ်မြောက်သွားသည်။ လေဆိပ်တွင် ဖမ်းဆီးခံရခြင်းသည် အမှန်တကယ်ခြိမ်းခြောက်မှုဖြစ်နေပြီး နိုင်ငံမှထွက်ခွာနိုင်သည့် အလားအလာမှာ လွန်စွာ အကန့်အသတ်ဖြစ်ပြီး အန္တရာယ်များလှသည်။

၅၀၅ က ဖြင့် အမှုဖွင့်ခဲ့သော စာရင်းတခု

မေလက စာရေးသူ မြန်မာနိုင်ငံမှ ထွက်ခွာလာသောအခါ ထင်ရှားကျော်ကြားသူ မိတ်ဆွေဟောင်းတဦးကို မမျှော်လင့်ဘဲ လေဆိပ်တွင်တွေ့သည်။ သူ လွတ်မြောက်သွားခြင်းမှာ စစ်ကောင်စီက သူ၏အမည်ကို ၅၀၅ စာရင်းတွင် မထည့်ဘဲ သူ၏ဂီတအဖွဲ့နာမည်ကိုသာ ထည့်ထားသောကြောင့် ဖြစ်သည်။ (စစ်ကောင်စီသည် ထုံအအ ဖြစ်သည်။) လေဆိပ်တွင် သူသည် ဖမ်းဆီးခံရမည်ကို စိုးရိမ်နေသည်။ ထိုနေ့ကသူသည် ဘေးကင်းစွာ လွတ်မြောက်သော်လည်း နောက်တနေ့တွင် ပိုမိုတင်းကျပ်သော ကန့်သတ်ချက်များ ချမှတ်လိုက်သောကြောင့် သူ၏ ဂီတအဖွဲ့မှ အခြားသူများ သူ့နောက်သို့ လိုက်ပါနိုင်တော့မည့် သဘောမရှိပေ။

ပုဒ်မ ၅၀၅ ကြောင့်ပြည်သူများသည် စကားမပြောမီ နှစ်ကြိမ်စဉ်းစားရန် ဖိအားပေးခံနေရသည်။ သို့သော် စိတ်ဝင်စားစရာကောင်းသည်မှာ ထိုပုဒ်မသည် ဂုဏ်ပြုသည့်အမှတ်တံဆိပ်သဖွယ်ဖြစ်နေသည်။ ထိုပုဒ်မဖြင့် တရားစွဲခံရသူသည် အစိုးရကို ခုခံဆန့်ကျင်သည်ဟု အသိအမှတ်ပြုခံရသည့် သဘောဖြစ်နေသည်။

ထင်ရှားကျော်ကြားသူများ၏ အဓိကဝင်ငွေရလမ်းမှာ ကုန်အမှတ်တံဆိပ်များကို ကြော်ငြာခြင်းဖြစ်သည်။ သို့သော် ၅၀၅ စာရင်းတွင် ပါဝင်သူများနှင့် လုပ်ကိုင်ခြင်းသည် ရာဇဝတ်မှုမြောက်နေပြီး ထိုထင်ရှားကျော်ကြားသူများသည် ပုန်းအောင်နေကြရသည်။ ထိုစာရင်းတွင် မပါဝင်သူများနှင့် လုပ်ကိုင်ဆောင်ရွက်ခြင်းသည်လည်း အသုံးမဝင်ပေ။ အတွေးအခေါ်ထက် စီးပွားရေးအကြောင်းကြောင့် ကုန်အမှတ်တံဆိပ်များသည် ၎င်းတို့ကုန်အမှတ်တံဆိပ် သံတမန်များကို အလျှင်အမြန် ဖျက်သိမ်းကြပြီး လူမှုသပိတ်မှောက်ခံရသူများနှင့် ကင်းရှင်းကြောင်း ပြသရသည်။ ထိုသို့မလုပ်ပါက ကုန်အမှတ်တံဆိပ်များကိုယ်တိုင် သပိတ်မှောက်ခံရမည့် အန္တရာယ်ရှိနေသည်။ အခြေအနေများအရ လုံး၀ အရေးမကြီးသော်လည်း ကုန်အမှတ်တံဆိပ်များ၏ အမြင်မှကြည့်ပါက မြန်မာနိုင်ငံတွင် ဆယ်လီ မရှိတော့ပေ။ ထင်ရှားကျော်ကြားသူများသည် ပုန်းအောင်နေရသောကြောင့် လူသိရှင်ကြား မည်သည့်ကိစ္စမျှ မလုပ်နိုင်ကြတော့သလို အချို့မှာလည်း ပြည်သူလူထု အယုံအကြည်ကင်းမဲ့ခြင်းကို ခံနေရသည်။ လူမှုသပိတ်မှောက်ခြင်း သို့မဟုတ် အရှက်ရအောင်ပြုလုပ်ခြင်းသည် လွန်စွာသြဇာကြီးမားသော အင်အားတခုဖြစ်နေသည်။

လူမှုရေးအရ သပိတ်မှောက်ခံရသော ဆယ်လီများ

ဤနေရာတွင် စိတ်ဝင်စားစရာကောင်းသည်မှာ လူမှုသပိတ်မှောက်သည့် အပြစ်ဒဏ်ကို ဗဟိုချုပ်ကိုင်သည့် တရားဥပဒေ စနစ်ဖြင့် ဆောင်ရွက်ခြင်းမဟုတ်ဘဲ လူမှုကွန်ရက်တွင် လူအုပ်စုလိုက် စီရင်ဆုံးဖြတ်ခြင်းဖြစ်သည်။ အမျိုးမျိုးသော ထင်ရှားကျော်ကြားသူများသည် အမျိုးမျိုးသော စာရင်းများတွင် ပါဝင်နေကြသည်။ ထိုစာရင်းများကို သန်ရာသန်ရာ သုတေသနကိုဖြစ်စေ သုတေသန မလုပ်ပဲဖြစ်စေ ပြုလုပ်ကြသည်။ ထိုစာရင်းများကို လူသိများလာသောအခါ စည်းမျဉ်းများဖြစ်လာသည်။ အယူခံပိုင်ခွင့် မရှိပေ။

RelatedPosts

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
384
၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
185
မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

8 January 2026
6.5k

ထို့ကြောင့် ဆယ်လီဘရစ်တီများ အကျပ်အတည်းဖြစ်နေသည်ဟု ဆိုနိုင်သည်။ ၎င်းတို့သည် အစိုးရကို ဆန့်ကျင်ကြောင်း ထုတ်ဖေါ်ပြောဆိုပါက ၎င်းတို့ကိုယ်တိုင်၊ မိသားစုနှင့် ပိုင်ဆိုင်မှုများအတွက် အန္တရာယ်ကျရောက်နိုင်ပြီး ပုန်းအောင်းနေထိုင် သို့မဟုတ် တောတွင်းသို့ ထွက်ပြေးရနိုင်သည်။ ထိုကိစ္စကို ထုတ်ဖေါ်ပြောဆိုခြင်း မရှိပါက ၎င်းတို့သည် ဘေးကင်းသော်လည်း အပစ်ပယ်ခံရမည်ဖြစ်သည်။ ယခင်က လူသန်းပေါင်းများစွာ၏ ချစ်ခင်မှုကို ခံရသော်လည်း ထိုအခါ ပစ်ပယ်မှုကို ခံရမည်ဖြစ်သည်။ အလယ်အလတ်လမ်း မရှိပေ။

တောတွင်းရောက် အလှမယ် ထားထက်ထက်

ထင်ရှားကျော်ကြားသူမဟုတ်သော သာမန်လူတဦးအနေဖြင့် ကြားနေပါက လူအများက ၎င်းကို စိတ်ပျက်စရာကောင်းသူအဖြစ်သာမြင်ပြီး စစ်အာဏာသိမ်းမှုကို ထောက်ခံကြောင်း ထုတ်ဖေါ်မပြောသမျှ မည်သူမျှ ထိုသူကို ဂရုစိုက်မည် မဟုတ်ပေ။ ဆယ်လီများအတွက်မှာမူ ထိုသို့မဟုတ်ပေ။ ကွာခြားချက်မှာ ထင်ရှားကျော်ကြားသူများသည် ထင်ရှားကျော်ကြားမှုကြောင့်ပင် အများပြည်သူနှင့် ထိတွေ့ရသော စင်မြင့်ရှိနေပြီး ပရိသတ်ကို တာဝန်ယူရသည်။ ထင်ရှားကျော်ကြားသူများသည် ထိုစင်မြင့်ကို သုံးပြီး စစ်ကောင်စီကိုဆန့်ကျင်ကြောင်း မပြောကြားပါက သစ္စာဖေါက်အဖြစ် ၎င်းတို့၏ ပရိသတ်က သတ်မှတ်ကြသည်။ တနည်းအားဖြင့်ဆိုပါက ထိုသို့ပြုလုပ်ခြင်းသည် မျှတမှု မရှိပေ။ ထင်ရှားကျော်ကြားသူများသည် ထိုသို့ တာဝန်မရှိသော်လည်း ရွေးချယ်စရာမရှိ ဖြစ်နေသည်။

သို့သော် မည်သည့်ရွေးချယ်မှုမျှ အကောင်းဆုံးမဟုတ်ပေ။ မိမိက်ိုယ်မိမိ ရှေ့တန်းတင်သောကြောင့် ထင်ရှားကျော်ကြားသူတဦးကို အပြစ်တင်နိုင်သည့် အတိုင်းအတာမှာ အငြင်းပွားစရာဖြစ်နေသည်။ လူမှု သပိတ်မှောက်ခံရသော မည်သည့် ထင်ရှားကျော်ကြားသူတဦးမျှ စစ်အာဏာသိမ်းမှု စီစဉ်ရာတွင် ပါဝင်ခဲ့ခြင်း မရှိပေ။ ပုဂ္ဂလိက ခံစားချက်ကို လွတ်လွတ်လပ်လပ်ပြောခွင့်ရပါက ၎င်းတို့သည် စစ်အာဏာသိမ်းမှုကို အပြင်းအထန် ရှုတ်ချကြမည်ဖြစ်သည်။ (လက်တွေ့တွင် လူမှုသပိတ်မှောက်ခံရသူ အများအပြားသည် အစောပိုင်းက ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သူများဖြစ်သည်။)

စစ်အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြပွဲကြားက ရေမွန်

သို့သော် မြန်မာနှင့် ကမ္ဘာတဝှမ်းမှ ထင်ရှားကျော်ကြားသူများသည် အများပြည်သူ ထင်မြင်ချက်ကို သြဇာသက်ရောက်ရန် ကြီးမားသော စင်မြင့်များကို ပ်ိုင်ဆိုင်ကြသည်။ ထင်ရှားကျော်ကြားသူတဦးသည် လူမှုကွန်ရက်နောက်လိုက် ဂဏန်း ၆ လုံးပိုင်ဆိုင်သူများထက်ပင် များစွာ ပိုမိုသြဇာကြီးမားသည်။ ထင်ရှားကျော်ကြားသူများသည် ၎င်းတို့၏လုပ်ရပ်များ (နှင့် ပျက်ကွက်မှုများ) မှတဆင့် လူ့အဖွဲ့အစည်းကို ပုံဖေါ်နေသော စံနမူနာပြများဖြစ်ပြီး သန်းပေါင်းများစွာသော ပြည်သူများ အပေါ်သြဇာသက်ရောက်သည်။ ထိုစင်မြင့် ထိုသြဇာကြောင့်ပင် စစ်ကောင်စီက ထင်ရှားကျော်ကြားသူများအနေဖြင့် ထိုစင်မြင့်ကို သုံးပြီး စစ်ကောင်စီကို မဆန့်ကျင်ရန် ဖိနှိပ်ခြင်းဖြစ်သည်။ ထိုစင်မြင့်ကို အသုံးပြုပြီး စစ်ကောင်စီကို ဆန့်ကျင်ကြောင်း ထုတ်ဖေါ်ပြောဆိုမှု မပြုဘဲ ရာဇဝတ်မှုကို ရှောင်လွှဲနိုင်သည်။ သူတို့သည် ခေါင်းကိုငုံ့ပြီး သူတို့ လုံခြုံရေးကို ပိုမိုဦးစားပေးပိုင်ခွင့်ရှိသည်။ သို့သော် သူတို့၏ ပရိသတ်များကလည်း ထင်ရှားကျော်ကြားသူများ ရပ်တည်ချက်မဲ့သောကြောင့် ပစ်ပယ်ပိုင်ခွင့်ရှိသည်။

အကျော်ကြားဆုံး ရော့ခ် ဂီတသမားများအနက် တဦးဖြစ်သော ရေမွန်သည်လွန်ခဲ့သော ရက်သတ္တပတ်အနည်းငယ်က ငှက်ဖျားရောဂါကြောင့် ကြေကွဲစရာ သေဆုံးခဲ့သည်။ သူသည် စစ်ကောင်စီက ပုဒ်မ ၅၀၅ ဖြင့် ဖမ်းဝရမ်းထုတ်ခံရပြီးနောက် အဖမ်းမခံရရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်များထိန်းချုပ်ထားသည့် တနေရာတွင် ပုန်းအောင်းနေရသည်။ အန္တရာယ် ရှိသော်လည်း သူသည် သူ၏ Facebook စာမျက်နှာမှတဆင့် စစ်အာဏာသိမ်းမှုအပေါ် ဆက်လက်ဆန့်ကျင်ပြီး လူထုအုံကြွအောင် လုပ်သည်။ မြန်မာအလှမယ် ထားထက်ထက်လည်း တောတွင်းတွင် လက်နက်ကိုင်ပြီး စစ်သင်တန်းတက်နေသည်။ မြန်မာနိုင်ငံမှ ရုပ်ရှင်မင်းသား ၂ ယောက်သည် ၎င်းတို့ နေအိမ်များတွင် ဖမ်းဆီးခံရပြီး လွန်ခဲ့သော ၃ လလုံးလုံး ထောင်သွင်းအကျဉ်းချခံထားရသည်။ ထိုကဲ့သို့သော လုပ်ရပ်များသည် ပရိသတ်ဆုံးရှုံးမည်ကို စိတ်ပူသောသူများ လုပ်သည့် လုပ်ရပ်များ မဟုတ်ပေ။ ထိုလုပ်ရပ်များသည် အန္တရာယ်ရှိစေကာမူ ကိုယ်ယုံကြည်ရာ ကိုယ်လုပ်သောသူများ၏ လုပ်ရပ်များဖြစ်သည်။ ထိုသို့ လုပ်ဆောင်သူများရှိသောကြောင့် မလုပ်ဆောင်သူများကို လူထုက နှစ်သက်ခြင်း မရှိကြပေ။ ထိုသို့သော အခြေအနေတွင် စပါတာကပ်ဆိုလျှင် မည်သို့လုပ်ဆောင်မည်နည်း။

 

ဒေါက်တာဆာဆာနှင့် မြတ်ကျော်သူတို့လည်း ဆယ်လီများဖြစ်ကြသည်

အာဏာသိမ်းပြီးနောက်ပိုင်း ဆယ်လီမျိုးဆက်သစ်အတွက် ရှေးခေတ် ထင်ရှားကျော်ကြားသူများနှင့် ပိုမိုကိုက်ညီသည့် ကောက်ချက်တခုချနိုင်သည်။ Facebook တွင် ထောက်ခံသူ ၂ သန်းခွဲကျော် ရထားသော ဒေါက်တာ ဆာဆာကဲ့သို့သော နိုင်ငံရေးသမားများနှင့် telegram တွင် ထောက်ခံသူ ၂ သိန်းကျော်ရထားသော မြတ်ကျော်သူ ကဲ့သို့သော သတင်းသမားများသည် ထင်ရှားကျော်ကြားသူများ၏ တော်လှန်ရေး အုပ်စုသစ်တွင် ပါဝင်ကြသည်။ ၎င်းတို့ ၂ ဦးသည် ၎င်းတို့ကို နိုင်ငံရေးသမားနှင့် သတင်းသမားအဖြစ်သာမြင်စေလိုပြီး အခြားခေတ်သစ် ဆယ်လီများကဲ့သို့ ကုန်အမှတ်တံဆိပ်ကြော်ငြာမည်မဟုတ်ဟု စာရေးသူထင်သော်လည်း ၎င်းတို့၏ကျော်ကြားမှုကိုမူ ငြင်းပယ်မရပေ။ မြန်မာပြည်သူလူထုသည် ၎င်းတို့၏ကျော်ကြားမှုကို ကျော်ကြားမှုသက်သက်အဖြစ် မထားဘဲ တိုင်းပြည်အရေးအတွက် သုံးသော ထင်ရှားကျော်ကြားသူများကို (နိုင်ငံနှင့် အများပြည်သူအသိုက်အဝန်း၏ ပြင်ပတွင် ရောက်နေသော်လည်း) ပိုမိုလိုလားကြသည်။ ထို ထင်ရှားကျော်ကြားသူများသည် ပိုမိုရိုးသားတည်ကြည်ပြီး ပိုမိုမြင့်မြတ်သည့် ထင်ရှားကျော်ကြားသူများဖြစ်ပြီး ၎င်းတို့ကို လူအများ ပိုမိုအာရုံစိုက်လေ ပိုကောင်းလေဖြစ်သည်ဟုပင်ဆိုနိုင်သည်။ ယခုကဲ့သို့သော စိတ်ကူးများပေါ်ပေါက်လာအောင် အကူအညီပေးသော Nay ကိုကျေးဇူးများစွာတင်သည်။

(Charlie Artingstoll သည် ရန်ုကုန်မှ အစိုးရမဟုတ်သော အဖွဲ့အစည်းများတွင် နှစ်အတန်ကြာလုပ်ကိုင်ခဲ့သည်။ သူသည် ယခုအခါ ထင်ရှားကျော်ကြား သြဇာကြီးမားသူများနှင့်အတူ လူမှုအကျိုးရှိသော သတင်းစကားများကို ဖြန့်ချိဆက်သွယ်ပေးရန် လူမှုကွန်ရက်လှုပ်ရှားမှုတခုကို လုပ်ဆောင်နေသည်။ သူသည် မြန်မာပြည်၏ လူမှုရေး၊ လူမှုစီးပွားရေးနှင့် စိတ်ကျန်းမာရေး စသည့် ဆောင်းပါးများကိုလည်း ရေးသားသူဖြစ်သည်။ ဧရာဝတီပါ ၎င်း၏ The Death of Myanmar’s Celebrities ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြဿနာ

မဟာဆုတ်ကပ်အတွင်း ရောက်ပေမယ့် မြန်မာပြည်သူတွေ အရှုံးမပေး

မြန်မာ့အော်ဝဲလ် ခေတ်သစ်

ကိုဗစ်တတိယလှိုင်း စစ်ကောင်စီ လုံးဝ မထိန်းနိုင်

Your Thoughts …
Tags: ၅၀၅ (က)စံနမူနာပြ ပုဂ္ဂိုလ်မြန်မာ့ဆယ်လီဘရစ်တီများသြဇာလွှမ်းမိုးမှုအာဏာသိမ်း စစ်ကောင်စီ
Charlie Artingstoll

Charlie Artingstoll

Similar Picks:

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

by ဧရာဝတီ
16 November 2023
41.9k

ဦးရဲထွဋ် ဖမ်းဆီးခံရသည့်လသည် စစ်ခုံရုံးက ထိပ်တန်း ဗိုလ်ချုပ် နှစ်ဦးကို ပုန်ကန်မှု၊ လာဘ်စားမှု၊ နိုင်ငံခြားငွေ တရားမဝင် ပိုင်ဆိုင်မှုနှင့် စစ်စည်းကမ်း ချိုးဖောက်မှုတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းချသည့်လပင် ဖြစ်သည်။

အဖွဲ့အစည်းတခု၏ ပုံရိပ်သည် ယင်းအဖွဲ့အစည်း၏ ခေါင်းဆောင်မှု ပုံရိပ်လည်း ဖြစ်သည် 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖုံးဝှက်ထားသော ရုပ်ပုံလွှာ

by ပေါ်ထွန်း
26 March 2022
53.4k

အဖွဲ့အစည်းတခု၏ ပုံရိပ်သည် ယင်းအဖွဲ့အစည်း၏ ခေါင်းဆောင်မှု ပုံရိပ်လည်း ဖြစ်သည်။

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို ခေါ်ယူစစ်ဆေးနေ

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို ခေါ်ယူစစ်ဆေးနေ

by ဧရာဝတီ
29 October 2023
8.5k

ဦးရဲထွဋ်နှင့်အတူ စစ်တက္ကသိုလ်တက်ခဲ့သူများထဲတွင် လက်ရှိစစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးရာပြည့်၊ NLD အစိုးရလက်ထက် ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကျော်ဆွေ၊ လက်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး နှင့် အာဏာသိမ်းပြီးနောက် ပြည်သူ့ဖက် ရပ်တည်သဖြင့်အနားပေးခံရသော အင်္ဂလန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းတို့မှာ လူသိများသူများ...

ဇွန်လ ၈ ရက် ချုံချင့်မြို့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် စစ်ကောင်စီခန့် မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ တွေ့ဆုံစဉ်

တရုတ်က မြန်မာကို ဝင်မစွက်ဖက်ဘူးတဲ့လား

by Bertil Lintner
12 June 2021
34.3k

မြန်မာနိုင်ငံသည် တရုတ်၏ အရှင်းလင်းဆုံးနှင့် အပြင်းထန်ဆုံး အခြားနိုင်ငံပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှု ဥပမာတခုဖြစ်နိုင်သည်။

အာဏာသိမ်း စစ်ကောင်စီ အတွင်းရေးမှူးတာဝန် ထမ်းဆောင်နေသော ဒုတိယ ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး 

စစ်ကောင်စီအတွင်းရေးမှူး အောင်လင်းဒွေး အရန်အင်အား အပို့ခံရ

by ဧရာဝတီ
10 January 2022
22.2k

ဒုတိယ ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးအား တပ်မတော်အရန်အင်အားအဖြစ်သို့ ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

စစ်ကောင်စီကိုဝေဖန်၍ ဦးသန်းရွှေသားမက် ဒေါက်တာ နေစိုးမောင် ထောင် ၃ နှစ်ကျ

စစ်ကောင်စီကိုဝေဖန်၍ ဦးသန်းရွှေသားမက် ဒေါက်တာ နေစိုးမောင် ထောင် ၃ နှစ်ကျ

by ဧရာဝတီ
27 January 2025
1.6k

လက်ရှိအချိန်တွင် ဒေါက်တာ နေစိုးမောင်အား မန္တလေးဗဟိုအကျဉ်းထောင်(အိုးဘို)၌ အခြားအကျဉ်းသားများနှင့်အတူ မထားဘဲ သီးသန့်ခွဲ၍ ထားရှိသလို ကျန်းမာရေးလည်း ကောင်းမွန်ကြောင်း

Next Post
စစ်တွေခရိုင်တရားရုံးတွင် အမှုရင်ဆိုင်နေသော လက္ကာရွာသားများ  / ဧရာဝတီ

အကြမ်းဖက်မှုဖြင့် တရားစွဲခံရသည့် ရခိုင်ရွာသား ၁၀၀ ကျော် အမှု ကြန့်ကြာနေ

သရုပ်ဆောင် ခိုင်နှင်းဝေ  / Khine Hnin Wai's Facebook

အရေးပေါ်လူနာများအတွက် အောက်ဆီဂျင် လှူဒါန်းပေးနေတဲ့ ခိုင်နှင်းဝေ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved