• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

မြန်မာ့အော်ဝဲလ် ခေတ်သစ်

by Bertil Lintner
12 July 2021
in သူ့အတွေး သူ့အမြင်
A A
၂၀၂၁ မတ်လ နေပြည်တော်တွင် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို တက်ရောက်စစ်ဆေးနေသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

၂၀၂၁ မတ်လ နေပြည်တော်တွင် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို တက်ရောက်စစ်ဆေးနေသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

39.2k
VIEWS
Share on FacebookShare on Twitter

တိုင်းရင်းသား နှင့် ဘာသာရေးအုပ်စုများအကြား သည်းခံနားလည်မှုအတွက် အမြဲတမ်းရပ်တည်ခဲ့သော နှိမ့်ချသည့် ဝါရင့်ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူ ကိုမြအေးကို မြန်မာစစ်ကောင်စီက အမုန်းစကားဖြန့်ချိမှုဖြင့် စွပ်စွဲသည်။ လူပုဂ္ဂိုလ်ကြွယ်ဝချမ်းသာများအတွက် ရာထူးကို အသုံးပြုရန် လုံးဝစိတ်ဝင်စားခြင်းမရှိသော ယခုရာထူးမှ ဖြုတ်ချခံထားရသော နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နိုင်ငံတွင် အကျင့်ပျက်ခြစားမှု အများဆုံး အဖွဲ့အစည်းဖြစ်သည့် စစ်တပ်က အဂတိလိုက်စားမှုဖြင့် တရားစွဲသည်။ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲရလဒ်ကို လစျ်လျူရှုပြီး ၂၀၀၈ ဖွဲ့စည်းပုံအတွက် ဆန္ဒခံယူပွဲအတုတခုကို ကျင်းပကာ ၂၀၁၀ ရွေးကောက်ပွဲတွင် မဲလိမ်သော ထိုစစ်တပ်ကပင် ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲတွင် မဲလိမ်သည်ဟုဆိုကာ အာဏာသိမ်းပြန်သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးစီးသည့် အစိုးရ ပေါ်ပေါက်စေမည့် ထိုရွေးကောက်ပွဲသည် လွတ်လပ်မျှတကြောင်း ပြည်တွင်းပြည်ပ လေ့လာစောင့်ကြည်သူများက ပြောခဲ့ပြီးဖြစ်သည်။

ဗြိတိသျှစာရေးဆရာ ဂျော့အော်ဝဲလ်၏ စာပေများနှင့် ရင်းနှီးကျွမ်းဝင်သူများအတွက် အထက်ပါဖြစ်ရပ်များက ပျက်စီးယိုယွင်းနေသော လူ့အဖွဲ့အစည်းကို သရုပ်ဖေါ်သည့် သူ၏ “၁၉၈၄” ဝတ္တုကို အမှတ်ရစရာဖြစ်စေသည်။ ထို ဝတ္တုသည် အိုးရှင်းနီးယားဟု သူခေါ်သည့် အနာဂတ် အိပ်မက်ဆိုးဆန်သော စိတ်ကူးယဉ်နိုင်ငံတော်ကို သရုပ်ဖေါ်သည်။ ထိုဝတ္တုမှ ဇာတ်ကောင် ဝင်စတန်သည် “အမှန်တရားဝန်ကြီးဌာန”မှ ဆောင်ပုဒ်များကို ဖေါ်ပြထားသည့် ကြီးမားသော ဆိုင်းဘုတ်တခုကို ဖြတ်လျှောက်သွားသည်။ “စစ်သည် ငြိမ်းချမ်းရေး၊ လွတ်လပ်မှုသည် ကျေးကျွန်စနစ်၊ အသိပညာကင်းမဲ့ခြင်းသည် ခွန်အား” ဟု ဆိုင်းဘုတ်တွင် ရေးသားထားသည်။ အော်ဝဲလ်သည် ထိုထက်မှန်အောင် ဟောကိန်းထုတ်နိုင်တော့မည်မဟုတ်။ သို့သော် ယင်းသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မြန်မာနိုင်ငံနှင့် စစ်ကောင်စီ အတွက် ပုံမှန် အခြေအနေသစ် ဖြစ်နေပေပြီ။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
37
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
761
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
218

မြန်မာနှင့်ပြည်ပမှ လေ့လာစောင့်ကြည်သူများနှင့် သုတေသီများ၏ လူမှုကွန်ရက်နှင့် အခြားနေရာများတွင် ရေးသားချက်များအရ အကဲဖြတ်ရပါက စစ်ကောင်စီ၏ အလိမ်အညာများကို မည်သူမျှ မယုံကြည်ကြပေ။ သို့သော် မေးစရာ မေးခွန်းတခု ရှိလာသည်။ ထိုမေးခွန်းမှာ ဗိုလ်ချုပ်များနှင့် ၎င်းတို့၏ အပေါင်းပါများ ကိုယ်တိုင် ထိုအလိမ်အညာများကို ယုံကြည်ပါသလားဆိုသော မေးခွန်းဖြစ်သည်။ အဖြေမှာ ယုံကောင်းယုံနိုင်သည်ဟူ၍ ဖြစ်ပြီး စစ်တပ်သည် ရုပ်ပိုင်းအရသာမက စိတ်ပိုင်းအရပါ သာမန်ပြည်သူများနှင့် မည်မျှကင်းကွာနေသည်ကို ထိုအချက်က ပြသနေသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူသည် ပြဿနာ ကြီးကြီးမားမားမရှိဘဲ အာဏာသိမ်းနိုင်ပြီး NLD ဖယ်ထုတ်ကာ စီးပွားရေးကို ပြန်လည်ကောင်းမွန်အောင်လုပ်ပြီး သူ့စိတ်ကြိုက်လိမ်လည်သည့် ရွေးကောက်ပွဲသစ်များကို ကျင်းပနိုင်မည်ဟု ထင်ခဲ့ပုံရကြောင်း သမိုင်းပညာရှင် ဦးသန့်မြင့်ဦးက ဂျုလိုင်-သြဂုတ်လထုတ် Foreign Affairs စာစောင်တွင် ရေးသားသည်။ ထိုအတိုင်းဆိုလျှင် သူသည် ပြည်သူလူထု၏ စိတ်ခံစားချက်ကို ဖတ်ရာတွင် လုံးဝမှားယွင်းသွားသည်ဟု ဆိုရမည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူသည် ပြဿနာ ကြီးကြီးမားမားမရှိဘဲ အာဏာသိမ်းနိုင်ပြီး NLD ဖယ်ထုတ်ကာ စီးပွားရေးကို ပြန်လည်ကောင်းမွန်အောင်လုပ်ပြီး သူ့စိတ်ကြိုက်လိမ်လည်သည့် ရွေးကောက်ပွဲသစ်များကို ကျင်းပနိုင်မည်ဟု ထင်ခဲ့ပုံရသည်

ပြည်သူလူထု၏ စိတ်ခံစားမှုကို စစ်တပ်က မှားယွင်းနားလည်သည်မှာ ယခုအကြိမ်သည် ပထမဆုံး အကြိမ်မဟုတ်ပေ။ ၁၉၈၈ ခုနှစ် သြဂုတ်နှင့် စက်တင်ဘာလများက ဒီမိုကရေစီလိုလားသည့် နိုင်ငံတဝှမ်း ဆန္ဒပြပွဲများကို နှိမ်နင်းပြီးနောက် စစ်ခေါင်းဆောင်ပိုင်းက ၎င်းတို့၏ သားသတ်သမား ဂုဏ်ပုဒ်ကို ပိုမိုကောင်းမွန်အောင်လုပ်ရန် ပြည်ပသတင်းထောက်အဖွဲ့တဖွဲ့ကို မြန်မာနိုင်ငံသို့ ဖိတ်ခေါ်သည်။ ထိုစဉ်က စစ်အုပ်စုသည် မြို့တော်ရန်ကုန်နှင့် အခြားနေရာအနှံအပြားတွင် ထောင်ပေါင်းများစွာသော ဒီမိုကရေစီလိုလားသည့် ဆန္ဒပြသူများနှင့် တက်ကြွလှုပ်ရှားသူများကို ပစ်သတ်ထားပြီးစ အချိန်ဖြစ်သည်။ ပြည်သူ့ဆက်ဆံရေး လှုပ်ရှားမှု အစိတ်အပိုင်းအဖြစ် ထိုစဉ်က စစ်အုပ်စုဖြစ်သည့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (SLORC) က NLD ကို ပါဝင်ယှဉ်ပြိုင်ခွင့်ပေးမည့် အထွေထွေရွေးကောက်ပွဲတခု ကျင်းပမည်ဖြစ်ကြောင်း ကတိပြုသည်။

၁၉၈၉ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့က ရန်ကုန်သို့ သွားရောက်သည့် သတင်းထောက်များတွင် စာရေးသူလည်း အပါအဝင်ဖြစ်သည်။ စာရေးသူတို့ကို ထိုစဉ်က မြို့တော်ရန်ကုန်တွင်နေခွင့်မပေးဘဲ ကယားပြည်နယ် လွယ်ကော်သို့ လေယာဉ်ဖြင့် ဆက်လက်ခေါ်ဆောင်သည်။ ထိုနေ့က စာရေးသူတို့သည် SLORC ၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ဗိုလ်မှူးကြီးရဲထွဋ် (၂၀၁၄-၁၆ ပြန်ကြားရေးဝန်ကြီး မဟုတ်) နှင့် ဆွေးနွေးရသည်။ “ ရွေးကောက်ပွဲကျင်းပပြီးတာနဲ့ နိုင်တဲ့ပါတီကို အာဏာလွှဲပြီး စစ်တန်းလျားကို ပြန်မယ်” ဟု သူက ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသားပြောသည်။ ထိုရွေးကောက်ပွဲတွင် NLD နိုင်လျှင်လည်း ထိုအတိုင်းလုပ်ပေးမည်လားဟု စာရေးသူက သူ့ကိုမေးသည်။ “လုပ်ပေးမှာပေါ့။ ကျနော်တို့က စစ်သားတွေပဲ။ ကတိတည်တယ်။ ကျနော်တို့ စစ်တန်းလျားကို ပြန်မယ်” ဟု ထိုဗိုလ်မှူးကြီး ပြောသည်။

ထိုစဉ်က တက်ရောက်သူများတွင် စာရေးသူအပြင် Associated Press မှ ဒေသဆိုင်ရာ ဗျူရို အကြီးအကဲနှင့် အခြားနိုင်ငံခြားသတင်းထောက်များလည်း ပါဝင်သည်။ စာရေးသူတို့က သူ့ကို မယုံကြည်ကြောင်း ရိပ်မိသောကြောင့် ဗိုလ်မှူးကြီး ရဲထွဋ်က “NLD ကို လူထုထောက်ခံတယ်လို့ ခင်ဗျားတို့ နိုင်ငံခြားသားတွေက ထင်တယ်။ မြို့ပြဒေသတချို့မှာ NLD က ထောက်ခံမှုအချို့ ရရင်ရမယ်။ ဒါပေမယ့် ကျေးလက်မှာတော့ ပြည်သူတွေက ကျနော်တို့ကိုပဲ ထောက်ခံတာ” ဟုပြောသည်။

ကတိပြုထားသည့် ရွေးကောက်ပွဲကို ၁၉၉၀ ခုနှစ်မေလတွင် ကျင်းပပြီး အများအံ့သြစရာဖြစ်ခဲ့ရသောအချက်မှာ ထိုရွေးကောက်ပွဲသည် အံ့သြစရာကောင်းလောက်အောင် လွတ်လပ်မျှတခြင်းဖြစ်သည်။

သူပြောသည့် “ကျနော်တို့” ဟူသည့် စကားသည် မည်သူတို့ကို ဆိုလိုသည်ကို ရှင်းရှင်းလင်းလင်းမသိရသော်လည်း စစ်တပ်ကျောထောက်နောက်ခံပြု တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (NUP) ကိုဆိုလိုသည်ဟုသာ မှတ်ယူလိုက်သည်။ ထိုပါတီမှာ ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ စစ်တပ်ကိုယ်စား မြန်မာနိုင်ငံကို အုပ်ချုပ်ရန် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီအမည်ဖြင့် တရားဝင်ထူထောင်ထားသည့် တခုတည်းသောပါတီဖြစ်သည်။

စစ်အုပ်စုနှင့် ၎င်း၏ပါတီသည် မြို့ပြပြင်ပနေရာများတွင် ကျယ်ပြန့်သောထောက်ခံမှု ရရှိသည်ဟု ဗိုလ်မှူးကြီး ရဲထွဋ် တကယ်ယုံကြည်နေရသည်ဟု မိမိတို့နားလည်ကြသည်။ သူနှင့် SLORC စစ်ကောင်စီတို့သည် နောင်မှ ဖြစ်လာမည့် ရောဘတ်တေလာ၏ ကောက်ချက်တခုကြောင့် အားတက်နေကြပုံရသည်။ ရောဘတ်တေလာက ၁၉၉၀ ခုနှစ် မတ်လထုတ် Current History စာစောင်တွင် “ လေ့လာသုံးသပ်သူအများအပြားက ရွေးကောက်ပွဲတွင် NUP အခြေအနေကောင်းမည်ဟု ယူဆ” ဆိုသည့် ဆောင်းပါးကိုရေးသားခဲ့သည်။ သူ၏အယူအဆမှာ ဗိုလ်ရဲထွဋ်ပြောခဲ့သည့်အတိုင်း NLD သည် မြို့ကြီး၊ မြို့ငယ်များတွင် အားကောင်းနိုင်သော်လည်း ကျေးလက်ဒေသမှ ပြည်သူများသည် နီးရာဓါးကိုကြောက်ပြီး မဲပေးမည်ဆိုသည့် အယူအဆသာဖြစ်သည်။

ထိုကတိပြုထားသည့် ရွေးကောက်ပွဲကို ၁၉၉၀ ခုနှစ်မေလတွင် ကျင်းပပြီး အများအံ့သြစရာဖြစ်ခဲ့ရသောအချက်မှာ ထိုရွေးကောက်ပွဲသည် အံ့သြစရာကောင်းလောက်အောင် လွတ်လပ်မျှတခြင်းဖြစ်သည်။ NLD သည် ရွေးကောက်ပွဲကျင်းပသည့်နေရာ ၄၈၅ နေရာအနက် ၃၉၂ နေရာတွင် အနိုင်ရပြီး တောင်ပြိုကမ်းပြိုနိုင်စဉ် NUP က ၁၀ နေရာမျှသာနိုင်သည်။ ကျန်နေရာများကို NLD မဟာမိတ်ဖွဲ့ထားသော်လည်း ၎င်းတို့ တိုင်းရင်းသားအကျိုးစီးပွားကို မြှင့်တင်လိုသော တိုင်းရင်းသားပါတီများက နိုင်ကြသည်။ သို့သော် ရွေးကောက်ပွဲပြီး နှစ်လတိတိကြာသောအခါ SLORC က ၎င်းတို့ စစ်အုပ်စုသာလျှင် ဥပဒေပြုခွင့်ရှိကြောင်းနှင့် ပြည်သူ့ကိုယ်စားလှယ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရန် တာဝန်ယူရမည်ဖြစ်ကြောင်းကြေညာလိုက်သောအခါ ထို ပျော်ရွှင်မှုများသည် တုန်လှုပ်စိတ်ပျက်မှုများ အဖြစ် ပြောင်းလဲသွားသည်။

မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်လိုသည်ကို မည်သူမျှ သံသယမရှိပေ။ သို့သော် ထိုကိစ္စကို ပြုလုပ်မည့်သူမှာ ရွေးကောက်ခံအဖွဲ့အစည်းဖြစ်သည်။ ထိုအဖွဲ့အစည်းကို SLORC ကပင် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး ညီလာခံဟု မခေါ်ဘဲ “ဥပဒေပြု လွှတ်တော်” သို့မဟုတ် “ပြည်သူ့လွှတ်တော်”ဟု ခေါ်ခဲ့သည်။ သို့သော် နောက်ဆုံးတွင် ၁၉၉၀ ခုနှစ်က ရွေးကောက်ခံ ကိုယ်စားလှယ်များကို တွေ့ဆုံစည်းဝေးခွင့်ပင် မပေးတော့ဘဲ SLORC သည် လွန်စွာကြီးမားလှသော ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး အမျိုးသား ညီလာခံကို ရွေးကောက်ခံကိုယ်စားလှယ် ၄၈၅ ဦးအနက် ၁၀၀ ဦးနှင့် စစ်အုပ်စု စိတ်ကြိုက်ရွေးထားသူ ၆၀၀ ခန့်ဖြင့် ဖွဲ့စည်းလိုက်သည်။

၂၀၁၀ ရွေးကောက်ပွဲသည် လွတ်လပ်မျှတမှု လုံးဝမရှိသော်လည်း ဦးသိန်းစိန်သည် ပိုမိုပွင့်လင်းသည့် လူ့အဖွဲ့အစည်းပေါ်ပေါက်စေမည့် လုပ်ရပ်အများအပြား လုပ်ခဲ့သည်။

နောက်ဆုံးရလာသည့် ရလဒ်မှာ ၂၀၀၈ ဖွဲ့စည်းပုံဖြစ်သည်။ ထိုဖွဲ့စည်းပုံကို နိုင်ငံမှ များပြားလှသော အစိတ်အပိုင်းများကို ပျက်စီးသွားစေသည့် နာဂစ်ဆိုင်ကလုန်း အပြီးတွင် ကျင်းပသည့် ဆန္ဒခံယူပွဲဖြင့် အတည်ပြုသည်။ ထိုဆန္ဒခံယူပွဲတွင် မဲပေးသူများအနက် ၉၂ ဒဿမ ၄၈ ရာခိုင်နှုန်းသည် ထောက်ခံမဲပေးသည်ဟု ဆိုသော်လည်း ထိုစဉ်က နိုင်ငံတော်အေးချမ်းသာယာရေးကောင်စီ(SPDC) ဟု ခေါ်သော စစ်အုပ်စုသည် အနောက်နိုင်ငံများနှင့် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့များ၏ ပြင်းထန်သော ဝေဖန်မှုကိုခံရသည်။ အကြီးအကျယ် လိမ်လည်မှုများနှင့် ခြိမ်းခြောက်မှုများကို မြန်မာတနိုင်ငံလုံး ရင်ဆိုင်ခဲ့ရသည်။

နောက်တကြိမ် အထွေထွေရွေးကောက်ပွဲကို ၂၀၁၀ ခုနှစ်တွင် ကျင်းပသော်လည်း ထိုရွေးကောက်ပွဲကို NLD နှင့် ပါတီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က သပိတ်မှောက်ပြီး ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်ရှိနေအိမ်တွင် ဖမ်းဆီးခံထားရသည်။ NUP အပြတ်အသတ်ရှုံးနိမ့်ပြီးနောက် စစ်အုပပ်စုက ပါတီသစ်ဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကို ဖွဲ့စည်းသည်။ ထိုပါတီသည် အမျိုးသားလွှတ်တော်နေရာ ၁၆၈ နေရာအနက် ၁၂၉ နေရာအနိုင်ရသည်။ လွှတ်တော်နေရာပေါင်း ၂၂၄ နေရာ၏ လေးပုံတပုံဖြစ်သော ၅၆ နေရာကို စစ်တပ်က သီးခြားယူသည်။ ပြည်သူ့လွှတ်တော်တွင် နေရာပေါင်း ၃၃၀ အနက်၂၅၉ နေရာကို USDP က အနိုင်ရသည်။ ပြည်သူ့လွှတ်တော်နေရာ ၄၄၀ အနက် ၁၁၀ ကို စစ်အုပ်စုအတွက် သီးခြားထားသည်။ သို့သော် ထိုရွေးကောက်ပွဲ၏ တရားမျှတမှုကို ကုလသမဂ္ဂကပင် မေးခွန်းထုတ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်တွင်ဖမ်းထားဆဲဖြစ်ပြီး ရွေးကောက်ပွဲကို မယုံကြည်ရသောကြောင့် အလွန်အမင်း စိုးရိမ်စရာကောင်းကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းပြောသည်။ ထို့အပြင် SPDC သည် ပြည်ပမှ ရွေးကောက်ပွဲလေ့လာသူများကို ပိတ်ပင်ထားပြီး နိုင်ငံတကာမီဒီယာများကိုလည်း ရွေးကောက်ပွဲ သတင်းယူခွင့်မပေးပေ။

၂၀၁၀ ရွေးကောက်ပွဲသည် ၂၀၁၁ ခုနှစ်မတ်လတွင် ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန်အောက်တွင် USDP ဦးဆောင်သည့် အစိုးရဖွဲ့စည်းခြင်းကို ဖြစ်စေသည်။ သူသည် သမ္မတလုပ်ရန် စစ်တပ်မှ အငြိမ်းစားယူခဲ့သူဖြစ်သည်။ ထိုရွေးကောက်ပွဲသည် လွတ်လပ်မျှတမှု လုံးဝမရှိသော်လည်း ဦးသိန်းစိန်သည် ပိုမိုပွင့်လင်းသည့် လူ့အဖွဲ့အစည်းပေါ်ပေါက်စေမည့် လုပ်ရပ်အများအပြား လုပ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်တွင် ဖမ်းဆီးထားရာမှ လွှတ်ပေးပြီး NLD နှင့် အခြားနိုင်ငံရေးပါတီများကိုလွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့်ပေးသည်။ ယခင်က တင်းကျပ်လှသည့် သတင်းဖြတ်တောက်မှုများကို ရုတ်သိမ်းပေးပြီး နိုင်ငံခြားသတင်းထောက်များသည် မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာ သွားလာခွင့်ရကြသည်။

စစ်အုပ်စုက မျှော်မှန်းသကဲ့သို့ တနိုင်ငံလုံးရှိ မည်သည့်နေရာမှာမျှ ပြည်သူများသည် USDP ဘက်သို့ ကူးလာခြင်း မရှိပေ။ NLD ကပြည်သူ့လွှတ်တော်တွင် ၂၅၈ နေရာနှင့်အမျိုးသားလွှတ်တော်တွင် ၁၃၈ နေရာနိုင်ပြီး ယခင်ကထက်ပင် ပိုမိုအနိုင်ရသည်။

နိုင်ငံတကာ အသိုက်အဝန်းသည် နောက်တကြိမ် လွန်စွာ စိတ်လှုပ်ရှားပြီး ပျော်ရွှင်ကြသည်။ အမေရိကန် သမ္မတ ဘားရက် အိုဘားမားအပါအဝင် နိုင်ငံတကာ ဂုဏ်သရေရှိ လူကြီးလူကောင်းများ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ကြသည်။ သို့သော် ထိုဖြစ်ရပ်များသည် ပြည်ပလေ့လာသူများ ရိုးအစွာ ယုံကြည်သည့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဖြစ်ခဲ့ပါသလား။ စစ်တပ်က နောက်ကွယ်တွင် ရှိနေပြီး လွှတ်တော်နေရာ ၄ ပုံ ၁ ပုံကို ယူထားကာ လွှတ်တော်ကိုယ်စားလှယ် ၄ ပုံ ၃ ပုံအထက်က ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးကို ထောက်ခံရန် လိုသောကြောင့် အာဏာအပြည့်အဝ မရရှိနိုင်ခဲ့ပေ။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၃ (ခ)နှင့် ၄၁၈ (က) အရ အရေးပေါ်အခြေအနေတွင် စစ်တပ်ကာကွယ်ရေး ဦးစီးချုပ်သို့ အာဏာလွှဲပြောင်းရန် ခွင့်ပြုထားသည်။ ထိုအခါ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ရွေးကောက်ခံလွှတ်တော်များကို ဖျက်သိမ်းသည်။ တနည်းအားဖြင့်ဆိုရပါက အနာဂတ် စစ်အာဏာသိမ်းမှုများသည် တရားဝင်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီသည်ဟု သတ်မှတ်ထားသည်။ သို့သော် ထိုသို့ အာဏာလွှဲပြောင်းခြင်းကို ကာကွယ်ရေးဦးစီးချုပ်က မလုပ်နိုင်ဘဲ ရွေးကောက်ခံ သမ္မတကသာ ဆောင်ရွက်ရမည်ဖြစ်သောကြောင့် ထိုကိစ္စကို ပူပန်စရာမလိုကြောင်း ပြည်ပလေ့လာသူအချိုက့ပြောခဲ့ကြသည်။

ထို့နောက် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ရွေးကောက်ပွဲတခု ကျင်းပသည်။ NLD ကို ထိုရွေးကောက်ပွဲတွင် ပါဝင်ခွင့်ပေးပြီး နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေလာသူများနှင့် ပြည်ပသတင်းထောက်များအား နိုင်ငံအတွင်းလွတ်လပ်စွာသွားလာခွင့်ပေးသည်။ ထိုစဉ်ကလည်း စစ်အုပ်စုသည် ပြည်သူလူထု၏ စိတ်ခံစားမှုအပေါ်နားလည်မှု အကြီးအကျယ်လွဲမှားပြန်သည်။ လူ့အဖွဲ့အစည်းကို ဖွင့်ပေးခြင်းနှင့် လူတိုင်းခံစားနိုင်သော လွတ်လပ်ခွင့်များကြောင့် ၎င်းတို့ကို လူထုထောက်ခံမှု ရှိသည်ဟု ဗိုလ်ချုပ်များနှင့် USDP အတွင်းမှ ၎င်းတို့၏ အပေါင်းပါများ ထင်ကောင်းထင်ခဲ့ကြသည်။ ထိုစဉ်က စာရေးသူသည် ရန်ကုန်တွင်ရှိနေပြီး စစ်အုပ်စုနှင့် USDP ခေါင်းဆောင်များသည် ၎င်းတို့အောင်ပွဲခံမည်ဟု သေချာပေါက်ထင်နေသောကြောင့် နောက်လာမည့်အစိုးရတွင် မည်သူတို့ဝန်ကြီးဖြစ်သင့်သည်ကို တပတ်ကြိုတင်ဆုံးဖြတ်ထားကြောင်း ယုံကြည်လောက်သည့် အတွင်းသတင်းရင်းမြစ်များကပြောကြသည်။

ရွေးကောက်ပွဲရလဒ်များကို ကြေညာသောအခါ သူတို့တုန်လှုပ်ခဲ့ကြမည်ဖြစ်သည်။ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲကကဲ့သို့ပင် NLD က တောင်ပြိုကမ်းပြို အနိုင်ရသည်။ ပြည်သူ့လွှတ်တော်နေရာ ၃၃၀ အနက် ၂၂၅ နေရာကို NLD က အနိုင်ရပြီး အမျိုးသား လွှတ်တော်နေရာ ၁၆၈ နေရာအနက် ၁၃၅ နေရာကိုလည်း အနိုင်ရသည်။ ထုံးစံအတိုင်း လွှတ်တော်နေရာ ၄ ပုံ ၁ ပုံကို စစ်တပ်က ခန့်အပ်သည်။ NLD သည် အစိုးရဖွဲ့ခွင့်ရသော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် ဦးသိန်းစိန်၏ သမ္မတရာထူးကို ဆက်ခံနိုင်ခြင်းမရှိပေ။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံခြားသားဆွေမျိုးရှိသူသည် နိုင်ငံအကြီးအကဲဖြစ်ခွင့်မရှိပေ။ ဒေါ်အောင်ဆန်းစုကြည်၏ သားနှစ်ယောက်ဖြစ်သော ကင်နှင့် အလက်ဇန္ဒား တို့သည် အမေရိကန်နှင့် ဗြိတိန် နိုင်ငံသားများဖြစ်နေသည်။ သို့သော် ရာထူးသစ်ဖြစ်သော နိုင်ငံတော်အတိုင်ပင်ခံ ရာထူးကို ဖန်တီးပြီး ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရကို ဦးဆောင်နိုင်ခဲ့သည်။

၁၉၈၄ ကို ထပ်မံကိုးကားရမည်ဆိုပါက “ အာဏာကို စွန့်လွတ်ရန် ရည်ရွယ်ချက်ဖြင့် အာဏာသိမ်းခဲ့သော မည်သူ့ကိုမျှ မိမိတို့ မတွေ့ဘူးပေ” ဟုသာဖြစ်သည်။

နောက်တကြိမ်ရွေးကောက်ပွဲကို ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပပြီး စစ်အုပ်စုသည် နောက်တကြိမ် တွက်ကိန်းမှားပြန်သည်။ NLD အစိုးရသည် ပိုမိုကြီးမားသည် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လိုလားသည့် မြို့နေလူလတ်တန်းစားအကြားနှင့် ဒေါ်အောင်ဆန်းစုကြည်အစိုးရ၏ လုပ်ဆောင်မှုများကို စိတ်ပျက်သည့် တိုင်းရင်းသားဒေသများတွင် ထောက်ခံမှု ဆုံးရှုံးသည်မှာ ထင်ရှားသည်။ ၎င်းတို့ ရည်မှန်းထားသည့် ဖက်ဒရယ်စနစ်သည် ပေါ်ပေါက်လာခြင်း မရှိပေ။ သို့သော် စစ်အုပ်စုက မျှော်မှန်းသကဲ့သို့ တနိုင်ငံလုံးရှိ မည်သည့်နေရာမှာမျှ ပြည်သူများသည် USDP ဘက်သို့ ကူးလာခြင်း မရှိပေ။ NLD ကပြည်သူ့လွှတ်တော်တွင် ၂၅၈ နေရာနှင့်အမျိုးသားလွှတ်တော်တွင် ၁၃၈ နေရာနိုင်ပြီး ယခင်ကထက်ပင် ပိုမိုအန်ိုင်ရသည်။ အမေရိကန်အခြေစိုက် ကာတာစင်တာ၊ လွတ်လပ်သောရွေးကောက်ပွဲများဆိုင်ရာ အာရှကွန်ရက် (Asian Network for Free Elections) နှင့် ဥရောပသမဂ္ဂ၏ ရွေးကောက်ပွဲလေ့လာရေးအဖွဲ့ အပါအဝင် နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်သည့် အဖွဲ့များက ထိုရွေးကောက်ပွဲသည် အဓိကအားဖြင့် လွတ်လပ်မျှတကြောင်း ဆုံးဖြတ်ကြသည်။

စစ်ကောင်စီပြောသည့် မသမာမှုများအတွက် မည်သည့်အထောက်အထားမျှ မရှိသော်လည်း ကိစ္စမရှိပေ။ NLD နိုင်လျှင် မသမာမှုရှိသည်ဟု စစ်အုပ်စုက ယုံကြည်နေကြောင်း ခိုင်မာသော သတင်းရင်းမြစ်များက ဆိုသည်။ စစ်အုပ်စုက နားမလည်နိုင်သောအချက်မှာ ၁၉၉၀၊ ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲများသည် နိုင်ငံရေးပါတီများအကြား ယှဉ်ပြိုင်သော ရွေးကောက်ပွဲများ မဟုတ်ဆိုသည့် အချက်ဖြစ်သည်။ ထိုရွေးကောက်ပွဲများသည် ဆန္ဒခံယူပွဲများဖြစ်ပြီး အပြစ်အနာအဆာများရှိသော်လည်း ထိုဆန္ဒခံယူပွဲများတွင် NLD သည် ပိုမိုသစ်လွင်ကောင်းမွန်သည့် အနာဂတ်ကို ကိုယ်စားပြုပြီး NUP နှင့် USDP ကဲ့သို့သော စစ်အုပ်စု၏ပါတီများသည် ပြည်သူလူထုအများစုက စက်ဆုတ်သော ဟောင်းနွမ်းပြီး စစ်အာဏာရှင်လွှမ်းမိုးသောစနစ်ကို ကိုယ်စားပြုသည်ဆိုသည့်အချက်ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆိုပါကလည်း ၂၀၁၀ ခုနှစ်နောက်ပိုင်း ဖြစ်ပေါ်တိုးတက်မှုများနှင့်ပတ်သက်ပြီး အကောင်းမြင်သည့် ပြည်ပလေ့လာသူအများစုလည်း တွက်ကိန်းမှားကြသည်။ ၂၀၀၈ ဖွဲ့စည်းပုံအရ သမ္မတကသာ ကာကွယ်ရေးဦးစီးချုပ်ထံ အာဏာလွှဲပေးနိုင်သော်လည်း စစ်အုပ်စု အာဏာလုယူမှုကို တားဆီးနိုင်ခြင်း မရှိပေ။ တရားဝင်သမ္မတ ဦးဝင်းမြင့်ကို ရာထူးမှဖယ်ရှားလိုက်ပြီး ထိုနေရာတွင် စစ်အုပ်စုက ခန့်ထားသော ဒုတိယသမ္မတ ဦးမြင့်ဆွေကို အစားထိုးခဲ့သည်။ ဦးမြင့်ဆွေသည် ဒုဗိုလ်ချုပ်ကြီးဟောင်းနှင့် ၂၀၀၇ ခုနှစ်က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများက SPDC ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ရန်ကုန်တိုင်း တိုင်းမှူးအဖြစ် နှိမ်နင်းခဲ့သည့် သဘောထားတင်းမာသူဖြစ်သည်။

စစ်အုပ်စုခေါင်းဆောင်ပိုင်း၏ သဘောထားကြောင့်လည်း ၎င်းတို့နှင့်တွေ့ဆုံဆွေးနွေးရေး သို့မဟုတ် ထိတွေ့ဆက်ဆံရေးတိုင်း ကျဆုံးရသည်။ ရှင်းရှင်းပြောရပါက ဗိုလ်ချုပ်များသည် ၎င်းတို့၏ စိတ်ကူးယဉ် အော်ဝဲလ်လောကတွင် နေထ်ိုင်ကြပြီး ပြည်သူများ မည်သို့စဉ်းစားသည်၊ မည်သည့်အရာကို လိုလားသည်ကို နားမလည်ကြပေ။ ၁၉၈၄ ကို ထပ်မံကိုးကားရမည်ဆိုပါက “ အာဏာကို စွန့်လွတ်ရန် ရည်ရွယ်ချက်ဖြင့် အာဏာသိမ်းခဲ့သော မည်သူ့ကိုမျှ မိမိတို့ မတွေ့ဘူးပေ” ဟုသာဖြစ်သည်။ စစ်တပ်သည် ၁၉၆၂ ခုနှစ်တွင် အာဏာသိမ်းပြီးနောက် အသွင်အမျိုးမျိုးဖြင့် နိုင်ငံရေးနောက်ကွယ်တွင် ရှိနေသည်။ စစ်တပ်သည် ထိပ်ဆုံးတွင် ရှိနေသောကြောင့် ၂၀၁၆-၂၁ NLD အစိုးရသည် နိုင်ငံ၏အခြေခံ အာဏာတည်ဆောက်ပုံကို ပြောင်းလဲနိုင်ခြင်း မရှိပေ။ စစ်တပ်မပြိုကွဲလျှင်၊ စစ်ဘက်အရာရှိအချို့က အမှန်တရားကို ရင်ဆိုင်ရန် မလိုလားလျှင် မြန်မာနိုင်ငံသည် စစ်မှန်သော ဒီမိုကရေစီဖြစ်လာရန် အလားအလာ မရှိသလောက်ပင်ဖြစ်သည်။ အခြားဖြစ်နိုင်ခြေမှာ နောက်ထပ် စစ်အုပ်ချုပ်ရေး ဆယ်စုနှစ်အနည်းငယ်နှင့် ၎င်းနှင့်ယှဉ်တွဲလာသည့် ဖိနှိပ်မှုများနှင့် ကံဆိုးမိုးမှောင်ကျမှုများသာ ဖြစ်သည်။

(Bertil Lintner သည် ဆွီဒင်သတင်းစာဆရာဖြစ်ပြီး အာရှအကြောင်း ဆယ်စုနှစ် ၄ ခုကြာရေးသားခဲ့သည့် စာရေးဆရာနှင့် သေနင်္ဂဗျူဟာဆိုင်ရာ အတိုင်ပင်ခံဖြစ်သည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ၎င်း၏ Myanmar’s Orwellian New Order ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြဿနာ

မဟာဆုတ်ကပ်အတွင်း ရောက်ပေမယ့် မြန်မာပြည်သူတွေ အရှုံးမပေး

ရှမ်းတိုင်းရင်းသားချင်း တိုက်ပွဲနောက်ကွယ်မှာ တရုတ်လက်တွေ ပါလား

ရက္ခိုင့်တပ်တော်၊ မြန်မာ့စစ်အာဏာသိမ်းမှု နှင့် ရက္ခိုင်ပြည်နိုင်ငံရေး

Your Thoughts …
Tags: ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဗြိတိသျှစာရေးဆရာ ဂျော့အော်ဝဲလ်မြန်မာစစ်တပ်မြန်မာ့တပ်မတော်မြန်မာ့အော်ဝဲလ် ခေတ်သစ်အာဏာသိမ်း စစ်ကောင်စီ
Bertil Lintner

Bertil Lintner

ဘာတေးလ် လင့်တနာသည် ဆုရသတင်းစာဆရာနှင့် မြန်မာ့အရေးအထူးပြုသော စာရေးဆရာဖြစ်သည်။

Similar Picks:

ဘွဲ့ရစစ်ဗိုလ်များ ဗိုလ်ချုပ်ဖြစ်မလာတော့

ဘွဲ့ရစစ်ဗိုလ်များ ဗိုလ်ချုပ်ဖြစ်မလာတော့

by အောင်သူရ
29 July 2024
21.8k

စစ်ကောင်စီတပ်၏ စစ်တိုင်းမှူးများထဲတွင် အရပ်ဖက်မှ ဘွဲ့တခုရပြီး စစ်ဗိုလ်ဖြစ်လာသော Officer Training School-OTS ကျောင်းဆင်း စစ်ဗိုလ်ချုပ်များကို ယခု မတွေ့ရတော့ပေ။

အဖွဲ့အစည်းတခု၏ ပုံရိပ်သည် ယင်းအဖွဲ့အစည်း၏ ခေါင်းဆောင်မှု ပုံရိပ်လည်း ဖြစ်သည် 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖုံးဝှက်ထားသော ရုပ်ပုံလွှာ

by ပေါ်ထွန်း
26 March 2022
53.4k

အဖွဲ့အစည်းတခု၏ ပုံရိပ်သည် ယင်းအဖွဲ့အစည်း၏ ခေါင်းဆောင်မှု ပုံရိပ်လည်း ဖြစ်သည်။

မြန်မာပြည်အလယ်ပိုင်းမှာ တော်လှန်ရေးတွေ အရင်ထက် ပိုပြီးမှ မြင်လာရမယ်

မြန်မာပြည်အလယ်ပိုင်းမှာ တော်လှန်ရေးတွေ အရင်ထက် ပိုပြီးမှ မြင်လာရမယ်

by ဧရာဝတီ
21 September 2024
10.9k

အာရက္ခတပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော် အင်တာဗျူး တတိယပိုင်းဖြစ်ပါတယ်။

မြန်မာစစ်တပ် စွမ်းရည်ကျဆင်းမှုကို မြင်သာစေသည့် ၂၀၂၃

မြန်မာစစ်တပ် စွမ်းရည်ကျဆင်းမှုကို မြင်သာစေသည့် ၂၀၂၃

by ဧရာဝတီ
2 January 2024
9.6k

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်ထက် စစ်နည်းဗျူဟာသစ်က မြေပြင်နှင့်ဝေဟင် ပူးတွဲစစ်ဆင်ရေးဖြစ်ပြီး စခန်းတခု တိုက်ခိုက်ခံရပါက လေကြောင်းပစ်ကူ ရောက်လာသည့်တိုင် ထိန်းထားပြီး ယင်းနောက် ပစ်ကူနှင့် အတူ လေကြောင်း ချီတပ်များက ဝိုင်းပတ်ပိတ်ဆို့ကာ တိုက်ခိုက်သည့် ဗျူဟာဖြစ်သည်။

မြန်မာပြည်အတွက် လေယာဉ်ဆီတင်သွင်းမည့် မည်သူ့ကိုမဆို အရေးယူမည်ဟု အမေရိကန်ကြေညာ

မြန်မာပြည်အတွက် လေယာဉ်ဆီတင်သွင်းမည့် မည်သူ့ကိုမဆို အရေးယူမည်ဟု အမေရိကန်ကြေညာ

by ဧရာဝတီ
24 August 2023
8.3k

အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံတွင် လေယာဉ်ဆီ တင်ပို့ရောင်းချသောလုပ်ငန်း လုပ်ကိုင်နေသူများကို အရေးယူပိတ်ဆို့များ တိုးချဲ့ချမှတ်နေပြီး ယခုလုပ်ဆောင်ချက်သည် စစ်ကောင်စီကို ပိုမို ဖိအားပေးရာရောက်မည်ဖြစ်ကာ မြန်မာပြည်သူများကိုလည်း ကူညီရာရောက်ကြောင်း

စစ် အနိုင်တိုက်ရန် ဆန္ဒရှိ မရှိ စစ်ခေါင်းဆောင်ကို ဦးဝီရသူမေးခွန်းထုတ်

စစ် အနိုင်တိုက်ရန် ဆန္ဒရှိ မရှိ စစ်ခေါင်းဆောင်ကို ဦးဝီရသူမေးခွန်းထုတ်

by ဧရာဝတီ
10 August 2024
7.6k

စစ်တိုင်းမှူးများက အမိန့်နာခံမှု သစ္စာစောင့်သိမှုနှင့် ပြန်တိုက်နေသော်လည်း တကယ်တိုက်သည့်အချိန်တွင် စစ်ကူလည်း မလာ၊ ရိက္ခာလည်းမလာသဖြင့် စစ်သားများနှင့် မိသားစုဝင်များအား သေတွင်းထဲပို့ခြင်းသာဖြစ်ကြောင်း

Next Post
သံတွဲ ခရီးသည်တင်ယာဉ်ပေါ်မှ သေဆုံးသွားသည့် ခရီးသည် ၁ ဦး၏ အလောင်းကို သယ်ဆောင်လာစဉ်  / CJ

ရန်ကုန်- သံတွဲယာဉ်ပေါ် သေဆုံးသူတွင် ကိုဗစ်ပိုးတွေ့ ၊ ခရီးသည် ၂ ဦးတွင်ပါထပ်တွေ့

မိတ်ကပ် မေဦးမောင်  / May Oo Maung's Facebook

ခံဝန်ထိုးဖို့ ကြိုးစားမိခဲ့ကြောင်း မိတ်ကပ် မေဦးမောင် ဝန်ခံ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved