• English
Thursday, July 17, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း သတင်းတို

မြန်မာပြည်အတွက် လေယာဉ်ဆီတင်သွင်းမည့် မည်သူ့ကိုမဆို အရေးယူမည်ဟု အမေရိကန်ကြေညာ

by ဧရာဝတီ
24 August 2023
in သတင်းတို
A A
မြန်မာပြည်အတွက် လေယာဉ်ဆီတင်သွင်းမည့် မည်သူ့ကိုမဆို အရေးယူမည်ဟု အမေရိကန်ကြေညာ

တပ်မတော်လေ ၇၂ နှစ်မြောက် အခမ်းအနားတွင် တပ်တော်ဝင်ခဲ့သည့် JF-17 တိုက်လေယာဉ်များ / CINCDS

8.3k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံ၏စီးပွားရေးကဏ္ဍတွင် လေယာဉ်ဆီလုပ်ငန်း လုပ်ကိုင်ရန် ဆုံးဖြတ်ထားသော နိုင်ငံခြားသား တဦးချင်း သို့မဟုတ် မည်သည့်အဖွဲ့အစည်းကိုမဆို အရေးယူပိတ်ဆို့မှုများ ချမှတ်သွားမည်ဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေး ဝန်ကြီးဌာနက ယမန်နေ့ (ဩဂုတ် ၂၃)က ထုတ်ပြန်ကြေညာသည်။

ယခင်က စစ်ဘက်သုံး လေယာဉ်ဆီတင်သွင်းမှုများကိုသာ ကန့်သတ်ပိတ်ဆို့ထားရာမှ ယခုအခါ လေယာဉ်ဆီ လုပ်ငန်း ကဏ္ဍအတွင်း လုပ်ကိုင်သူအားလုံးကို အရေးယူပိတ်ဆို့သွားမည်ဖြစ်သလို မြန်မာစစ်တပ်အတွက် လေယာဉ်ဆီ တင်သွင်း ဖြန့်ချိပေးရာတွင် တာဝန်ရှိသော ကုမ္ပဏီတချို့ နှင့် တာဝန်ရှိသူများကိုလည်း အမေရိကန်က အရေးယူ ပိတ်ဆို့မှုအသစ်များ ထပ်မံ ချမှတ်ခဲ့သည်။

RelatedPosts

ရန်ကုန်မှာ ရွှေကို တန်းစီ တိုးဝယ်

ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

15 July 2025
2.8k
မိုးထိမြင့်မား ကုန်ဈေးနှုန်းကြား ရုန်းကန်နေသော ပြည်သူများ

မိုးထိမြင့်မား ကုန်ဈေးနှုန်းကြား ရုန်းကန်နေသော ပြည်သူများ

14 July 2025
891
NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

13 July 2025
674

အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံတွင် လေယာဉ်ဆီ တင်ပို့ရောင်းချသောလုပ်ငန်း လုပ်ကိုင်နေသူများကို အရေးယူပိတ်ဆို့များ တိုးချဲ့ချမှတ်နေပြီး ယခုလုပ်ဆောင်ချက်သည် စစ်ကောင်စီကို ပိုမို ဖိအားပေးရာရောက်မည်ဖြစ်ကာ မြန်မာပြည်သူများကိုလည်း ကူညီရာရောက်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးခွင့်ရှိသူ မက်သရူးမေလာက ပြောသည်။

စစ်ကောင်စီအတွက် လေယာဉ်ဆီ တင်သွင်းဖြန့်ဖြူးပေးနေသော Shoon Energy ကုမ္ပဏီနှင့် ကုမ္ပဏီပိုင်ရှင် ဒေါ်ခင်ဖြူဝင်း အပြင် အမေရိကန်အစိုးရက ယခင်က ပိတ်ဆို့အရေးယူမှု ချမှတ်ထားပြီးသား ဖြစ်သည့် Asia Sun ကုမ္ပဏီအုပ်စုထဲမှ ကုမ္ပဏီ ၁၁ ခု၏ပိုင်ရှင် ဦဇော်မင်းထွန်းတို့ကိုလည်း ယခုအရေးယူ ပိတ်ဆို့မှုစာရင်းသို့ ထည့်သွင်းလိုက်ကြောင်း သိရသည်။

ထို့ပြင် ဒေါ်ခင်ဖြူဝင်း၏ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ပိုင်ဆိုင်သော P.E.I Energy နှင့် PEIA ကုမ္ပဏီတို့ကိုလည်း ပိတ်ဆို့မှုစာရင်းတွင် ထည့်သွင်းလိုက်သည်။

ယမန်နေ့က ပြုလုပ်ကျင်းပခဲ့သော ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးခဲ့ရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက စစ်တပ်အပေါ် လေယာဉ်သုံး လောင်စာဆီနှင့် ငွေကြေးများကို ဖြတ်တောက်ပစ်ရန် အဖွဲ့ဝင်နိုင်ငံများကို ထပ်မံတောင်းဆိုလိုက်သည်။

မြန်မာပြည်သူများ၏ အသက်ကို ကယ်တင်ရန် အချိန်ထပ်မံစောင့်ဆိုင်းနေရန် မသင့်တော့သလို လူ့အသက်များ ထပ်မံ မဆုံးရှုံးရန်နှင့် ဒေသတွင်း မတည်ငြိမ်မှုများ ရပ်တန့်နိုင်ရေးအတွက် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဆုံးဖြတ်ချက် နောက်ဆက်တွဲ အရေးယူမှုများ စတင်ဆောင်ရွက်ပေးရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။

စစ်ကောင်စီသည် ပြည်သူများကို ဖိနှိပ်ရန်အတွက် လေကြောင်းမှ အကြမ်းဖက်တိုက်ခိုက်မှုများကို ပိုမိုအားထားလာနေပြီး ပြီးခဲ့သည့် ဧပြီ နှင့် ဇွန်လအတွင်း မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းဒေသရှိ ညောင်ကုန်းကျေးရွာအနီးကို တိုက်ခိုက်ရေး ဂျက်လေယာဉ်နှင့် ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်မှုကြောင့် အရပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ရပြီး အဆိုပါ ၂ လအတွင်း စစ်ကိုင်းတိုင်း၌ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးနှင့် ကလေးသူငယ်များ အပါအဝင် အရပ်သား ၈၀ ဦးအထိ သေဆုံးခဲ့ကြောင်း အမေရိကန်အစိုးရက ဆိုသည်။

ထို့ပြင် အာဏာသိမ်းပြီးနောက်ပိုင်း လက်ရှိအချိန်အထိ စစ်ကောင်စီသည် အရပ်သားပြည်သူပေါင်း ၃၉၀၀ ကျော်ကို သတ်ဖြတ်ခဲ့ထားကြောင်း အမေရိကန်အစိုးရ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

Your Thoughts …
Tags: ပိတ်ဆို့အရေးယူမြန်မာစစ်တပ်လေယာဉ်ဆီအမေရိကန်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.3k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.4k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

ဟားမားစ် တိုက်ခိုက်မည်ကို အစ္စရေးနှင့် အမေရိကန် ဘာ့ကြောင့် မသိသနည်း

by ဧရာဝတီ
9 October 2023
19.1k

အစ္စရေးမှ မကြာသေးမီက ပြည်တွင်းနိုင်ငံရေး ဖရိုဖရဲအခြေအနေများသည် ယခုထောက်လှမ်းရေး ပျက်ကွက်မှုတွင် ပါဝင်ပတ်သက်နေခြင်း ရှိမရှိ မေးခွန်းထုတ်ရမည်

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

by ဟိန်းထူးဈာန်
8 March 2025
15.3k

၂၀ နီးပါးရှိသည့် ခရိုနီကိုယ်စားလှယ်အဖွဲ့မှ စီးပွားရေးသမားများတွင် ကိုးဦးကို ဧရာဝတီသတင်းဌာနက ထိုခရီးစဉ်ကိုသိသည့် သတင်းရင်းမြစ်များနှင့် သတင်းများကို အခြေခံပြီး ဖော်ထုတ်နိုင်ခဲ့သည်။

“သွားကျိုး” သို့မဟုတ် မြန်မာမှ တရုတ်ရင်းနှီးမြှုပ်နှံမှု မျက်နှာဖုံး

“သွားကျိုး” သို့မဟုတ် မြန်မာမှ တရုတ်ရင်းနှီးမြှုပ်နှံမှု မျက်နှာဖုံး

by Bertil Lintner
22 July 2023
14k

တိုက်ခိုက်မှုတခုတွင် သွားအများအပြား ကျိုးကုန်သောကြောင့် “သွားကျိုး ခွိုင်” ဟူသောအမည်ကို ရလာသည်။

လေကြောင်းပစ်ကူကို စစ်ကောင်စီ နေရာတိုင်း မပေးနိုင်တော့

လေကြောင်းပစ်ကူကို စစ်ကောင်စီ နေရာတိုင်း မပေးနိုင်တော့

by အောင်ခမ်း
17 November 2023
13.9k

မြန်မာနိုင်ငံသို့ လေယာဉ်ဆီတင်သွင်းမှုနှင့် ဘဏ္ဍာရေးဝန်ဆောင်မှုများ ပိတ်ပင်တားမြစ်ခဲ့ခြင်းက စစ်ကောင်စီ အားကိုးနေရသော လေကြောင်းစစ်ဆင်ရေးများနှင့် ပစ်ကူများကို အကန့်အသတ်ဖြစ်လာစေပြီ ဖြစ်သည်။

Next Post
တရုတ်ကလေးငယ်များ မြန်မာတွင် ပိတ်လှောင်ထားခံရ

တရုတ်ကလေးငယ်များ မြန်မာတွင် ပိတ်လှောင်ထားခံရ

မယ်စဲ့စခန်းကုန်း ပြန်ရရေး ပြည်ထောင်စုလမ်းမကြီး တလျှောက်စစ်တပ် ထိုးစစ်ဆင်

မယ်စဲ့စခန်းကုန်း ပြန်ရရေး ပြည်ထောင်စုလမ်းမကြီး တလျှောက်စစ်တပ် ထိုးစစ်ဆင်

No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

6 days ago
5.8k
အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

5 days ago
3.4k

Most Read

  • နောင်ချိုကို စစ်တပ် ပြန်ရ

    နောင်ချိုကို စစ်တပ် ပြန်ရ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate