• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Politics

မြန်မာ့အရေး သက်ဆင် ကြားဝင်ရန် ကြိုးစားမှု ကျရှုံး

by ဧရာဝတီ
10 May 2024
in Politics, ဆောင်းပါး
A A
မြန်မာ့အရေး သက်ဆင် ကြားဝင်ရန် ကြိုးစားမှု ကျရှုံး

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်နေ့က ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင် ရှင်နာဝပ်နှင့် သမီးဖြစ်သူ မစ္စ ပေတောင်တန် ရှင်နာဝပ်နှင့်အတူ ဘန်ကောက်ရှိ ဒွန်မောင်း လေဆိပ်တွင် ၎င်းကို ထောက်ခံသူများအား နှုတ်ဆက်နေစဉ် / AFP

3.4k
VIEWS
Share on FacebookShare on Twitter

မြန်မာတွင် ဆက်လက်ဖြစ်ပွားနေသော ပြည်တွင်းစစ်အတွက် ဖြစ်နိုင်ခြေရှိသော အဖြေရှာရန် ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင် ရှင်နာဝပ်က မြန်မာ အတိုက်အခံအုပ်စုများ၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ (EROs) နှင့် လျှို့ဝှက်တွေ့ဆုံမှုများသည် စစ်ကောင်စီ၏ တုံ့ပြန်မှု မရရုံသာမက EROs အချို့ကိုလည်း စိတ်ကသိကအောက် ဖြစ်စေသည်။

မစ္စတာ သက်ဆင်နှင့် သူ၏အဖွဲ့သည် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကချင်အမျိုးသားအစည်းအရုံး (KNO) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ ကိုယ်စားလှယ်များကို မတ်လနှင့် ဧပြီလက ချင်းမိုင်တွင် သီးခြားစီတွေ့ဆုံခဲ့သည်။ သူသည် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) မှ ကိုယ်စားလှယ်များကိုလည်း တွေ့ဆုံခဲ့သည်။

တွေ့ဆုံမှုများကို ထိုစဉ်က လူသိရှင်ကြား ထုတ်ပြန်ကြေညာခြင်း မရှိသော်လည်း သက်ဆင်နှင့် နှစ်ပေါင်းများစွာ ပူးပေါင်းခဲ့သူ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးသစ် မစ္စတာ မာရစ် ဆန်ဂျီယမ်ပွန်ဆာက အတည်ပြုခဲ့သည်။ ထိုဆွေးနွေးပွဲများကို ပုဂ္ဂလိကအခြေခံဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုင်းအစိုးရ၏ တရားဝင် နိုင်ငံခြားရေးမူဝါဒနှင့် မသက်ဆိုင်ကြောင်း မစ္စတာ မာရစ်က အတည်ပြုသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
32
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
727
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
208

မစ္စတာ သက်ဆင်သည် မြန်မာရွေးကောက်ခံအစိုးရကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဖြုတ်ချသည့် စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီကို တိုက်ခိုက်နေသည့် EROs များနှင့် စစ်ကောင်စီအကြား ကြားဝင်ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း သတင်းရင်းမြစ်များက ပြောသည်။ စစ်ကောင်စီသည် ၎င်းကို သိက္ခာကျဆင်းလောက်အောင် ထိခိုက်နစ်နာစေသည့် တနိုင်ငံလုံး၊ အထူးသဖြင့် နိုင်ငံမြောက်ပိုင်း၊ အနောက်ပိုင်း၊ အရှေ့တောင်ပိုင်းနှင့် တောင်ပိုင်းမှ လက်နက်ကိုင်ပုန်ကန်မှုကို ထိန်းချုပ်ရန် ကြိုးစားနေရချိန်တွင် ထိုဆွေးနွေးပွဲများ ပြုလုပ်ခြင်းဖြစ်သည်။

မစ္စတာ သက်ဆင်သည် တရားဝင်ရာထူး မရယူထားသော်လည်း ထိုင်းအာဏာရ ဖွေထိုင်းပါတီ၏ နောက်ကွယ်မှ ခေါင်းဆောင်ဖြစ်သည်။ ထိုအငြင်းပွားဖွယ်ရာ ထိုင်းဝန်ကြီးချုပ်ဟောင်းသည် သူတာဝန်ထမ်းဆောင်စဉ်ကလည်း အာဏာအလွဲသုံးစားလုပ်မှုနှင့် ပဒေသရာဇ်ဆန်မှုများဖြင့် စွပ်စွဲခံရသူဖြစ်ပြီး ၂၀၀၆ ခုနှစ်တွင် စစ်တပ်က ဖြုတ်ချခံရသောအခါ အဂတိလိုက်စားမှုဖြင့် စွပ်စွဲခံရသူဖြစ်သည်။

“မစ္စတာ သက်ဆင်ဟာ ကျော်ကြားပြီး အဆက်အသွယ်တွေ ရှိတာကို ကျနော်တို့ဝန်ခံရမယ်။ မြန်မာ စစ်ကောင်စီက သူအကူအညီပေးနိုင်မယ်လို့ ယုံကြည်နေတယ်” ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးသစ်က ပြောသည်။

မြန်မာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် ရင်းနှီးသည်ဟု ယူဆရသည့် မစ္စတာ သက်ဆင်သည် မြန်မာသို့ လာရောက် လည်ပတ်ခွင့်ရရန် တောင်းဆိုသည်ဟု သတင်းများက ဖော်ပြသည်။ သူသည် ၂၀၁၃ ခုနှစ်က မြန်မာသို့ ခရီးစဉ်အတွင်း မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ပြီး ယခင် စစ်အုပ်စုနှင့်လည်း စီးပွားရေး အကျိုးစီးပွားများ ရှိသည်။

“မစ္စတာ သက်ဆင်ဟာ ကျော်ကြားပြီး အဆက်အသွယ်တွေ ရှိတာကို ကျနော်တို့ဝန်ခံရမယ်။ မြန်မာ စစ်ကောင်စီက သူအကူအညီပေးနိုင်မယ်လို့ ယုံကြည်နေတယ်” ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးသစ်က ပြောသည်။

သို့သော် မတ်လနှင့် ဧပြီလအတွင်း အစည်းအဝေးများ နောက်ပိုင်းတွင် စစ်ကောင်စီသည် ထိုပြဿနာနှင့်သာမက သက်ဆင် လာရောက်လည်ပတ်ရန် တောင်းဆိုခြင်းနှင့်ပါ ပတ်သက်ပြီး နှုတ်ဆိတ်နေသည်။

ထိုကိစ္စကို သိရှိပြီး အဆက်အသွယ်ကောင်းသည့် ထိုင်းသတင်းရင်းမြစ်တခုက ထိုသို့ တွေ့ဆုံဆွေးနွေးမှုများသည် သက်ဆင်အတွက် ထိခိုက်စေသည်ဟု ပြောသည်။

“သက်ဆင်ကို မီဒီယာနဲ့ အတိုက်အခံက အခု မေးခွန်းထုတ်နေကြပြီ။ မင်းအောင်လှိုင်က သူ့တောင်းဆိုမှုကို မတုံ့ပြန်တော့ မျက်နှာမပျက်ဘဲ နောက်ပြန်ဆုတ်ရင် သူ့အတွက် ကောင်းတယ်” ဟု ထိုသတင်းရင်းမြစ်က ပြောသည်။

ဗုဒ္ဓဟူးနေ့တွင် အတိုက်အခံ ရှေ့သို့ချီပါတီ (MFP) ၏ အဓိက ပါလီမန် ကိုယ်စားလှယ် ခေါင်းဆောင်သည့် ထိုင်းနိုင်ငံ အောက်လွှတ်တော် နိုင်ငံတော်လုံခြုံရေးနှင့် နယ်စပ်ရေးရာကော်မတီက သက်ဆင်နှင့် စစ်ကောင်စီဆန့်ကျင်ရေး အုပ်စုများအကြား ဆွေးနွေးပွဲများသည် အိမ်နီးချင်း မြန်မာတွင် ငြိမ်းချမ်းရေး ပြန်လည် ထိန်းသိမ်းရေးနှင့် ပတ်သက်သည့် ထိုင်းနိုင်ငံ၏ အခန်းကဏ္ဍကို ရှုပ်ထွေးမှု ဖြစ်စေနိုင်သောကြောင့် ထိုကိစ္စကို စုံစမ်းစစ်ဆေးမည်ဟု ကြေညာသည်။

မြန်မာအတိုက်အခံ အုပ်စုများနှင့် EROs များ အပါအဝင် သက်ဆင်နှင့် တွေ့ဆုံခဲ့သူများကိုလည်း ထိုင်းစစ်တပ်က အနီးကပ် စောင့်ကြည့်နေသည်ဟုလည်း သတင်းရင်းမြစ်များက ပြောသည်။ ထိုင်းနယ်စပ် အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ သို့မဟုတ် EROs အနက် အချို့သည် စစ်ရေးအရ လှုပ်ရှားနေဆဲ ဖြစ်သောကြောင့် ထိုင်းစစ်တပ်သည် သက်ဆင်နှင့် ထိုအုပ်စုများ တွေ့ဆုံခြင်းကို စိတ်ချမ်းသာမည် ဟုတ်၊ မဟုတ် ထိုတိုင်းရင်းသားအုပ်စုများ သေချာမည်မဟုတ်ကြောင်း သတင်းရင်းမြစ်များက ပြောသည်။

မြန်မာအတိုက်အခံ အုပ်စုများနှင့် EROs များ အပါအဝင် သက်ဆင်နှင့် တွေ့ဆုံခဲ့သူများကိုလည်း ထိုင်းစစ်တပ်က အနီးကပ် စောင့်ကြည့်နေသည်ဟုလည်း သတင်းရင်းမြစ်များက ပြောသည်။

မစ္စတာ သက်ဆင်သည် အဖွဲ့တခုချင်းစီအတွက် လက်မှတ်ထိုးရန် တရားဝင်စာရွက်စာတမ်းများ ယူဆောင်လာပြီး ကြားဝင်ဆောင်ရွက်သူအဖြစ် လုပ်ဆောင်ရန် အာဏာပိုင်အဖြစ် သူ့ကိုယ်သူပြောသည်ဟု အစည်းအဝေးတွင် ပါဝင်ခဲ့သော ERO တဖွဲ့မှ သတင်းရင်းမြစ်တခုက ပြောကြောင်း ထိုင်းသတင်းဌာန The Nation ဝက်ဘ်ဆိုက်ဘ်က ဖော်ပြသည်။

ထိုင်းအစိုးရ ဒေါသထွက်မည်ကို ထိုအဖွဲ့များစိုးရိမ်ပြီး “သက်ဆင်ပေးတဲ့ စာရွက်စာတမ်းတွေကို ဘယ်အဖွဲ့ကမှ လက်မှတ် မရေးထိုးဘူး” ဟု ထိုသတင်းရင်းမြစ်က ပြောသည်။

ထို့အပြင် ထိုတွေ့ဆုံမှုများသည် ထိုင်း ဝန်ကြီးချုပ်ဟောင်း မျှော်လင့်ထားသည့်အတိုင်း ဖြစ်မလာခဲ့ပေ။ NUG နှင့် ဆွေးနွေးပွဲများအတွင်း မစ္စတာ သက်ဆင်သည် ထိပ်တန်းတာဝန်ရှိသူများနှင့် တွေ့ဆုံရန် ဆန္ဒဖော်ပြခဲ့သော်လည်း အလယ်အလတ်တန်း အရာရှိများနှင့်သာ တွေ့ဆုံခွင့်ရကြောင်း သိရသည်။

သက်ဆင်က သူသည် မြန်မာတွင် ဖြစ်ပွားနေသည့် ပြဿနာများကို စေ့စပ်ညှိနှိုင်းလိုကြောင်း KNPP အတွင်းရေးမှူး ၂ ဦးအောင်ဆန်းမြင့်က ဧရာဝတီသို့ ပြောသည်။

“ကျနော်တို့ သူနဲ့ ဘာသဘောတူညီချက်မှ မလုပ်ခဲ့ဘူး။ အခုအချိန်က တွေ့ဆုံဆွေးနွေးရမယ့် ကာလလို့ပဲပြောတယ်။ တိုက်ပွဲက ဆက်လက်ဖြစ်နေလို့ လူသားချင်းစာနာမှု အကူအညီက အထောက်အကူ ပြုနိုင်တယ်လို့ ကျနော်ပြောတယ်။ တခြားကိစ္စဘာမှ မဆွေးနွေးဘူး” ဟု ၎င်းကပြောသည်။

“ကျနော်တို့ သူနဲ့ ဘာသဘောတူညီချက်မှ မလုပ်ခဲ့ဘူး။ အခုအချိန်က တွေ့ဆုံဆွေးနွေးရမယ့် ကာလလို့ပဲပြောတယ်။ တိုက်ပွဲက ဆက်လက်ဖြစ်နေလို့ လူသားချင်းစာနာမှု အကူအညီက အထောက်အကူ ပြုနိုင်တယ်လို့ ကျနော်ပြောတယ်။ တခြားကိစ္စဘာမှ မဆွေးနွေးဘူး” ဟု ၎င်းကပြောသည်။

မစ္စတာ သက်ဆင်သည် မြန်မာအကျပ်အတည်းတွင် ကြားဝင်ရန် စိတ်အားထက်သန်နေသော်လည်း မြန်မာနှင့်ပတ်သက်သည့် နောက်ဆုံးရ သတင်းအချက်အလက် မရှိသလောက် ဖြစ်သောကြာင့် ထိုအခြေအနေကို သိသည့် အခြားသတင်းရင်းမြစ်တခုက သက်ဆင်သည် ထိုသို့လုပ်နိုင်စွမ်း ရှိမည်၊ မရှိမည်ကို သံသယရှိသည်။

သူ့စကားကို နားထောင်နေမည့်အစား မြန်မာအတိုက်အခံဘက်က မြန်မာ့အခြေအနေနှင့် ပတ်သက်ပြီး သက်ဆင်ကို သတင်းအချက်အလက်ပေးရန် လိုသည်ဟု ထိုရင်းမြစ်က ပြောသည်။

“သူတို့တွေ သက်ဆင်ဆီသွားပြီး နားပဲထောင်နေရင် မှန်ကန်တဲ့ ချဉ်းကပ်မှု မဟုတ်ဘူး။ သူသိသင့်တာတွေပြောပြီး အလိမ်မခံရအောင် လုပ်ပေးရမှာ” ဟု သက်ဆင်နှင့် တွေ့ခဲ့သော ထိုင်းသုတေသီက လွန်ခဲ့သော သီတင်းပတ်တွင် ပြောသည်။

အောက်လွှတ်တော် နိုင်ငံတော်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ကော်မတီ ဥက္ကဋ္ဌ၊ ရှေ့သို့ချီပါတီ၏ အဓိက ပါလီမန် ကိုယ်စားလှယ် ရန်စီမန်ရုမ်းက သက်ဆင်သည် မည်သည့် လုပ်ပိုင်ခွင့်ဖြင့် ထိုသို့သော အစည်းအဝေးများ ကျင်းပသနည်းဟု မေးခွန်းထုတ်သည်။

“သက်ဆင်က အစိုးရမှာ ဘာရာထူးမှလည်း မရှိဘူး။ မြန်မာမှာ ငြိမ်းချမ်းရေး ဖန်တီးဖို့ သူ့ကို အစိုးရက ဘာမှလည်း တာဝန်ပေးထားတာ မရှိဘူး” ဟု ၎င်းကပြောသည်။

“မြန်မာမှာ ပဋိပက္ခဖြစ်နေတဲ့သူ အားလုံးနဲ့ ဘယ်ဆွေးနွေးပွဲမဆို တရားဝင် အခွင့်အာဏာရှိတဲ့ ကိုယ်စားလှယ်ကသာ လုပ်သင့်တယ်” ဟု မစ္စတာ ရန်ဆီမန်က ဆက်ပြောသည်။

လက်ရှိအချိန်အထိ ထိုင်းဝန်ကြီးချုပ် မစ္စတာ ဆရီထာ ထဝီဆင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မာရစ်တို့သည် မစ္စတာ သက်ဆင်နှင့် စည်းဝေးပွဲများကို ဆန့်ကျင်ပြောကြားခြင်း မပြုသေးပေ။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Ex-Thai PM Thaksin’s Attempt to Mediate Myanmar Crisis Deemed a Failure ကို ဘာသာပြန်သည်။)

သက်ဆင်၏ ကြားဝင်ဆောင်ရွက်မှု အစိုးရမူဝါဒမဟုတ်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးပြော

မြန်မာငြိမ်းချမ်းရေး ထိုင်းအဆိုပြု အစီအစဉ် လာအိုထောက်ခံ

မြန်မာ့ငြိမ်းချမ်းရေး ကြားဝင်ဆောင်ရွက်ရန် ထိုင်း ကမ်းလှမ်း

သက်ဆင်၊ သန်းရွှေ နှင့် မင်းအောင်လှိုင် တို့၏ အတိတ်ဇာတ်ကြောင်း

Your Thoughts …
Tags: EROsစစ်ကောင်စီစစ်အာဏာသိမ်းမှုတိုင်းရင်းသားလက်နက်ကိုင်များ ညီလာခံထိုင်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
လွတ်မြောက်လာသူတွေပြောပြတဲ့ ရွှေကုက္ကိုလ်က ကျားဖြန့်လုပ်ငန်းတွေအကြောင်း (ရုပ်/သံ)

လွတ်မြောက်လာသူတွေပြောပြတဲ့ ရွှေကုက္ကိုလ်က ကျားဖြန့်လုပ်ငန်းတွေအကြောင်း (ရုပ်/သံ)

စစ်ကောင်စီ ရဟတ်ယာဉ် ပစ်ချခံရတဲ့ သက်သေမှတ်တမ်း ထွက်ပေါ်လာ (ရုပ်/သံ)

စစ်ကောင်စီ ရဟတ်ယာဉ် ပစ်ချခံရတဲ့ သက်သေမှတ်တမ်း ထွက်ပေါ်လာ (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved