ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ် ခလရ ၁၃၄ နဲ့ ၁၃၅ တပ်ကို ရိက္ခာလာပို့တဲ့ စစ်ကောင်စီတပ်ရဲ့ Mi 17 ရဟတ်ယာဥ် ပစ်ချခံရပြီးတဲ့ဖြစ်စဥ်နဲ့ပတ်သက်ပြီး အတည်ပြုချက်အချို့ကို ဧရာဝတီက ရရှိထားပါတယ်။
မေလ ၆ ရက်နေ့က ဖားဆောင်းမြို့နယ် ခလရ ၁၃၄ ကို စစ်ကောင်စီက ရိက္ခာလာပို့တဲ့ အချိန် ပူးပေါင်းတပ်တွေက ပစ်ခတ်ခဲ့တာကြောင့် ဘော်လခဲက တပ်စခန်းကို ပျံသန်းရင်း လမ်းမှာ ပျက်ကျခဲ့တာလို့ ကရင်နီတပ်မတော် (KA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဘုန်းနိုင်က အတည်ပြုပြောဆိုပါတယ်။
ပျက်ကျသွားတဲ့ ရဟတ်ယာဉ်မှာ စစ်ကောင်စီတပ်သား ၁၁ ဦးပါဝင်ပြီး ၈ ဦးသေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဗိုလ်မှူးကြီးက ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို ဖော်ထုတ်စုံစမ်းနေတဲ့ Myanmar Witness အဖွဲ့အနေနဲ့လည်း စစ်ကောင်စီရဲ့ ရဟတ်ယာဉ်ပျက်ကျခဲ့တဲ့နေရာကို တည်နေရာအတည်ပြုစစ်ဆေးခြင်းဆိုင်ရာပညာရပ်တွေနဲ့ ခြေရာခံနိုင်ခဲ့တယ်လို့ ဧရာဝတီကို အတည်ပြုပြောဆိုပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR