အကျဉ်းချုပ်ရမည်ဆိုပါက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အာဏာ ရှင် စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေကဲ့သို့ ရွေးကောက်ပွဲအလွန်တွင် စာဖတ် သူ တယောက်အဖြစ် အနားယူမည့် ရာခိုင်နှုန်း အတော်ပင် နည်းပါးသည်။
၎င်းတပ်ချုပ် အဖြစ် တာဝန်ယူစဉ် ကာလအတွင်း တပည့်ရင်းများဖြစ်ခဲ့ကြသည့် ယူနီဖောင်းချွတ် စစ်ဗိုလ်ချုပ် အများစုဖြင့် အစိုးရဖွဲ့ပြီး အာဏာကို မရရအောင် ဆက်ယူထားဖွယ်ရှိသည်။
တပ်ချုပ်နေရာကိုလည်း လက်မလွှတ်ချင်၊ သမ္မတနေရာကိုလည်း သူများ မပေးချင် ဖြစ်နေသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဆက်ဦးဆောင်မည့် အစိုးရသစ်သည် တိုင်းပြည်ကောင်းကျိုး ပြည်သူလူထုအကျိုးထက် အာဏာတည်မြဲရေးကိုသာ တစိုက်စိုက်မတ်မတ်ဆက်လုပ်ဆောင်ဖွယ် ရှိနေသည်ကတော့ မြေကြီးလက်ခတ်မလွဲပေ။
ထို့ကြောင့် စစ်ကော်မ ရှင်ပြုလုပ်သည့် ရွေးကောက်ပွဲသည် စစ်ဗိုလ်ချုပ်များ ယူနီဖောင်းမှ အရပ်ဝတ်ပြောင်းဝတ်ကြသည့်ပွဲဟုသာ ဆိုရပေမည်။ တနည်းအားဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူးအပြောင်းအဖြစ် မျှော်လင့်၍ မရသော ရွေးကောက်ပွဲသာ။
#မြန်မာ #ဧရာဝတီ #မင်းအောင်လှိုင် #သမ္မတ #ရွေးကောက်ပွဲ #ရဲဝင်းဦး #တပ်ချုပ် #Election













