• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ဒေါနတောင်ကျော်ပြီး အောင်ဇေယျစစ်ကြောင်း မြဝတီရောက်နိုင်မလား

by စောလွင်
10 May 2024
in ဆောင်းပါး
A A
ဒေါနတောင်ကျော်ပြီး အောင်ဇေယျစစ်ကြောင်း မြဝတီရောက်နိုင်မလား

ဧပြီလ ၁၁ ရက်နေ့က မြင်တွေ့ရသော ကရင်တော်လှန်ရေးပူးပေါင်းတပ်များ

11.5k
VIEWS
Share on FacebookShare on Twitter

ထိုင်းနယ်စပ် မြဝတီသို့ စစ်ကူပို့ရန် စစ်ကောင်စီ၏ နိုင်ငံတော်အဆင့်စစ်ဆင်ရေး အောင်ဇေယျစစ်ကြောင်းကို ကရင်တော်လှန်ရေးပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်နေရာ ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်း ဒေါနတောင်ပေါ်၌ တိုက်ပွဲများ ပြင်းထန်နေသည်။

ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းတွင် ဒေါနတောင်ခြေရောက်ပြီး တောင်ပေါ်သို့ တဆင့်ချင်းတက်လာနေသော အောင်ဇေယျစစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်း စစ်ကြောင်းများက တိုက်ခိုက်နေရာ နေ့စဉ်နီးပါး ပြင်းထန်တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
144
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
1.9k
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
408

ကရင်တော်လှန်ရေးပူးပေါင်းတပ်များက ပစ်ကွင်း အသာစီးယူ၍ ကြိုတင်ပြင်ဆင်တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီဘက်မှ အထိနာနေသလို စစ်ကောင်စီ၏ ဝေဟင်မှ ပစ်ကူ၊ မြေပြင် သာလွန်အင်အား ထိုးစစ်ကြောင့်လည်း ပူးပေါင်းတပ်ဘက်မှ ထိခိုက်ကျဆုံးမှုများ ရှိနေသည်။

ကရင်တော်လှန်ရေးပူးပေါင်းတပ်များက ပစ်ကွင်း အသာစီးယူ၍ ကြိုတင်ပြင်ဆင်တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီဘက်မှ အထိနာနေသလို စစ်ကောင်စီ၏ ဝေဟင်မှ ပစ်ကူ၊ မြေပြင် သာလွန်အင်အား ထိုးစစ်ကြောင့်လည်း ပူးပေါင်းတပ်ဘက်မှ ထိခိုက်ကျဆုံးမှုများ ရှိနေသည်။

စစ်ကြောင်းမထိုးမီ ဒရုန်းများနှင့် ကင်းထောက်ခြင်း၊ ဗုံးကြဲခြင်းများ ဆက်တိုက်လုပ်ဆောင်ပြီး မြေပြင်မှလည်း ဟောင်ဝစ်ဇာအပါအဝင် လက်နက်ကြီးများဖြင့် တောက်လျောက်ပစ်ခတ်၍ စစ်ကောင်စီ မြေပြင်စစ်ကြောင်းများက အင်အားအလုံးအရင်းဖြင့် တက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။ ထို့ပြင် မြေပြင်ထိတွေ့တိုက်ပွဲအတွင်း၌လည်း လေကြောင်းမှ ပစ်ကူများ ဆက်တိုက်ပေးသည်။

အောင်ဇေယျစစ်ကြောင်း ချီတက်ရာပြ မြေပုံ

ထို့ကြောင့် မေလ၂ ရက်တွင် ကော်ဘရာစစ်ကြောင်း တပ်ခွဲ ၃ မှ တပ်ခွဲမှူး ထူးဖော Y12 မှ ကြဲချသော ဗုံးသီးထိမှန်၍ ကျဆုံးခဲ့သည်။ နောက်ရက်များတွင်လည်း ထိခိုက်မှုတချို့ရှိခဲ့သည်ဟု ကော်ဘရာစစ်ကြောင်း PDF ရဲဘော်တဦးက ပြောသည်။

“သူတို့တွေ (စစ်ကောင်စီတပ်) ကျနော်တို့ဆီ သာလွန်အင်အားနဲ့ထိုးတယ် ။ လူအင်အား၊ လက်နက်ကြီး၊ လေယာဉ်တွေနဲ့ ထိုးတယ်။ အဲမှာ ကျနော်တို့ယူထားတဲ့ ကုန်းတကုန်းဆုတ်ရတယ်။ ကျနော်တို့လူတွေ ကျတယ်” ဟု ပြောသည်။

လွန်ခဲ့သည့် ၅ ရက်ခန့်၌ ဒေါနတောင်ပေါ် တောနောရေတံခွန် အကျော် ဘုရားကုန်းစခန်းမှ ဆုတ်ခွာပေးလိုက်ရသည်ကို ၎င်းကပြောခြင်းဖြစ်သည်။

ဧပြီလကုန်ပိုင်းမှစ၍ ဒေါနတောင်ပေါ်တက်လာသော အောင်ဇေယျစစ်ကြောင်း၏ သာလွန်အင်အားများကြောင့် တောနောရေတံခွန် စခန်းကုန်းနှင့် ဘုရားကုန်း စခန်းကုန်းများကို ပူးပေါင်းတပ်များက လက်လွတ်ခဲ့ရသည်။

အောင်ဇေယျစစ်ကြောင်းသည် မေလ ၄ ရက်ခန့်က ရောက်ရှိနေပြီးဖြစ်သော ဘုရားကုန်းစခန်းနေရာမှ ရှေ့သို့ ထပ်တက်ရာ ပြန်ပြန်လန်ကျပြီး ရှေ့မတိုးနိုင် ဖြစ်နေဆဲ ဖြစ်သည်။

သို့သော်လည်း အောင်ဇေယျစစ်ကြောင်းသည် မေလ ၄ ရက်ခန့်က ရောက်ရှိနေပြီးဖြစ်သော ဘုရားကုန်းစခန်းနေရာမှ ရှေ့သို့ ထပ်တက်ရာ ပြန်ပြန်လန်ကျပြီး ရှေ့မတိုးနိုင် ဖြစ်နေဆဲ ဖြစ်သည်။

အဆိုပါနေရာတဝိုက်သည် ကရင်တော်လှန်ရေးပူးပေါင်းစစ်ကြောင်းများအတွက် နယ်မြေအနေအထား အားသာချက်များစွာ ရှိနေသောကြောင့် အောင်ဇေယျစစ်ကြောင်း ရှေ့ဆက်တိုးရန် ခက်ခဲသည်ဟု စစ်ရေးလေ့လာသုံးသပ်သူတဦးက ပြောသည်။

“အဲနေရာက စစ်တိုက်ကောင်းတဲ့နေရာပဲ။ အဲမှာ လျှိုတွေ၊ ကွေ့တွေ၊ ဟိုဘက်တောင် ဒီဘက်တောင်ကြားထဲကနေသွားရတဲ့နေရာ။”

နှစ်ဖက်အကျအဆုံးများ

မွန်ပြည်နယ်မှ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ထဲ ဧပြီ ၁၀ ရက်မှစ၍ ရောက်လာသော အောင်ဇေယျစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းစစ်ကြောင်းများက အဆင့်ဆင့်တိုက်ခိုက်နေရာ တလနီးပါးအကြာ ကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ ထက်မနည်း သေဆုံးထားနိုင်သည်။

ယခု မေလမှ စ၍ ဒေါနတောင်ပေါ်၌ နေ့စဉ်နီးပါးဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်းမှာပင် စစ်ကောင်စီတပ်ဖွဲ့ဝင် ရာချီသေဆုံးသည်ဟု ပူးပေါင်းစစ်ကြောင်းများထံက သိရသည်။

အောင်ဇေယျစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပုံ

ကော်ဘရာစစ်ကြောင်းမှ ပြည်သူ့ကာကွယ်ရေးတပ် PDF ရဲဘော်တဦးက “ကျနော်တို့လူတွေ ကြုံရတဲ့ ပြဿနာက ဘာဖြစ်လဲဆိုရင် နောက်ဆုံးမပစ်နိုင်တော့တာ။ သူတို့က ကုန်းတကုန်းကိုယူရင် သာလွန်အင်အားနဲ့ တက်လာတာ။ အခုနောက်ဆုံး ဘုရားကုန်းကိုပေးရတဲ့ အချိန်မှာ ဘာဖြစ်လဲဆိုတော့ ပစ်တယ်၊ သေတယ်။ ပစ်တယ်၊ သေတယ်။ ဒါပေမယ့် ဟိုကောင်တွေကတက်တာလာပဲ “ဟု ပြောသည်။

အောင်ဇေယျစစ်ကြောင်း ကော့ကရိတ်မြို့နယ်ထဲ ဝင်လာကတည်းက ကျုံဒိုး၊ ကော့ကရိတ်နှင့် ဒေါနတောင်ခြေမရောက်မီ အာရှလမ်းမပေါ်တို့၌လည်း ပြင်းထန်တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

အောင်ဇေယျစစ်ကြောင်း ကော့ကရိတ်မြို့နယ်ထဲ ဝင်လာကတည်းက ကျုံဒိုး၊ ကော့ကရိတ်နှင့် ဒေါနတောင်ခြေမရောက်မီ အာရှလမ်းမပေါ်တို့၌လည်း ပြင်းထန်တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

ထိုတိုက်ပွဲများတွင် (လက်ရှိဒေါနတောင်ပေါ် တိုက်ပွဲများ မပါ) စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု အခြေအနေကို ကေအဲန်ယူနှင့် ကျားဖြူစစ်ကြောင်းတို့က ထုတ်ပြန်ထားရာ စစ်ကောင်စီအရာရှိများအပါအဝင် သေဆုံး ၁၅၀ ဝန်းကျင်ထိ ရှိခဲ့သည်။

အောင်ဇေယျစစ်ကြောင်းကို တားဆီးတိုက်ခိုက်နေသည့်မှာ အမျိုးသားညီညွတ်ရေး အစိုးရ NUG နှင့် KNU တို့ကြား ဖွဲ့စည်းထားသော တောင်ပိုင်းတိုင်းစစ်ဒေသ ဗျူဟာ အမှတ် ၃၁ နှင့် ၃၂ တို့မှ ပူးပေါင်းစစ်ကြောင်းများဖြစ်ပြီး လက်ရှိတလနီးပါး ကာလအတွင်း ရာဂဏန်းနီးပါး ကျဆုံးထားသည်ဟု သိရသည်။

ကျားဖြူစစ်ကြောင်းမှ ထောက်ပို့ရဲဘော်တဦးက “ကောကရိတ်ဂွင် တိုက်ပွဲတွေမှာ ကျားဖြူက အတော်ထိနာခဲ့တာ။ အဆိပ်ငွေ့မိတာရော ဒရုန်းတွေ၊ လေယာဉ်တွေ လက်နက်ကြီးတွေနဲ့ ထွက်ပေါက်ပိတ်မိသလို ဖြစ်သွားတာ” ဟု ပြောသည်။

ကျားဖြူစစ်ကြောင်းမှ ထိခိုက်များခဲ့သည့်ကာလသည် ဧပြီလ တတိယအပတ်ထဲတွင်ဖြစ်သည်ဟုလည်း ၎င်းကပြောသည်။

မြဝတီရောက်နိုင်မလား

ကရင်ပြည်နယ်ထဲကို ရောက်လာသည့် ကနဦး အောင်ဇေယျစစ်ကြောင်းသည် ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်ဒေသ၌ တပ်မအလိုက် လက်နက်ချခဲ့သော တပ် ၅၅ မှ တပ်ဖွဲ့ဝင်များဖြစ်သည်။

အောင်ဇေယျစစ်ကြောင်းပါ သံချပ်ကာကားနှင့် စစ်သုံးယာဉ်များ ဖျက်ဆီးခံရပုံ

တင့်ကား၊ သံချပ်ကာကား ၇ စီးခန့်နှင့် Faw ကား ၂၀ ကျော် ပါလာသည့် အခြေအနေ၌ အင်အား ၅၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းချီလာခဲ့သည်။

ဦးကျိုးနေသည့် တပ်မ ၅၅ စစ်သားများ ထိခိုက်ကျဆုံးများနေသလို လက်နက်ချ ထွက်ပြေးသည့် သတင်းများနှင့်အတူ စစ်ကောင်စီက တပ်မ ၇၇၊ တပ်မ ၄၄ နှင့် ကော့ကရိတ်အခြေစိုက် တပ်အင်အား ထုတ်နှုတ်၍ ထပ်မံဖြည့်နေကြောင်း စစ်မြေပြင်ရှိ သတင်းရင်းမြစ်များက ဆိုသည်။

ဦးကျိုးနေသည့် တပ်မ ၅၅ စစ်သားများ ထိခိုက်ကျဆုံးများနေသလို လက်နက်ချ ထွက်ပြေးသည့် သတင်းများနှင့်အတူ စစ်ကောင်စီက တပ်မ ၇၇၊ တပ်မ ၄၄ နှင့် ကော့ကရိတ်အခြေစိုက် တပ်အင်အား ထုတ်နှုတ်၍ ထပ်မံဖြည့်နေကြောင်း စစ်မြေပြင်ရှိ သတင်းရင်းမြစ်များက ဆိုသည်။

ကော်ဘရာစစ်ကြောင်းမှ PDF ရဲဘော်တဦးက “စစ်ကြောင်း ရောက်မလာဖို့အတွက်ကို ကျနော်တို့စစ်ကြောင်းတွေ အတတ်နိုင်ဆုံး အပြင်းထန်ဆုံး ခုခံတိုက်ခိုက်နေတယ်။ ဒါပေမယ့် သူတို့က လက်နက်အင်အား၊ လူအင်အား သာလွန်တဲ့အတွက် ကိုယ့်ဘက်က ထိခိုက်ကျဆုံးရှိနေတယ် “ဟု ပြောသည်။

မြဝတီမြို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်ရေးအပါအဝင် လက်ရှိ အောင်ဇေယျစ်ကြောင်းကို ဟန့်တား တိုက်ခိုက်နေသည့် ကာလအတွင်း၌ တောင်ပိုင်းတိုင်း အမှတ် ၃၂ ဗျူဟာ အောက်ရှိ ကော်ဘရာစစ်ကြောင်းနှင့် ကျားသစ်နက်စစ်ကြောင်းတို့မှ တပ်ဖွဲ့ဝင် ၂၀ ကျော် ကျဆုံးခဲ့ရသည်။

အဆိုပါ ကျဆုံးမှုများတွင် စစ်ကြောင်းများကို ဦးဆောင်နေသူများလည်း ပါဝင်ခဲ့ပြီး ကော်ဘရာစစ်ကြောင်းတပ်ခွဲ ၃ မှ တပ်ခွဲမှူး ကိုထူးဖော၊ ဒုတပ်ခွဲမှူး ကိုဂျွန်နှင့် ကျားသစ်နက်စစ်ကြောင်းမှ တပ်ခွဲမှူး ကိုနေမင်းမိုးတို့ ပါဝင်ခဲ့သည်။

ဧပြီလ ၂၀ ရက် မြဝတီ အမှတ်၂ တံတား တိုက်ပွဲ၌ ကျဆုံးသော ကိုနေမင်းမိုးနှင့်ပတ်သက်၍ တောင်ပိုင်းတိုင်းစစ်ဒေသတာဝန်ခံ ကိုစောရှားဖောင်က “တိုက်ပွဲအနေနဲ့ ပြောရရင် မြဝတီဒေသ မဲကနယ်တိုက်ပွဲ၊ လက်ခတ်တောင်တိုက်ပွဲ၊ သင်္ဃန်းညီနောင်ရဲစခန်း တိုက်ပွဲ၊ သင်္ဃန်းညီနောင်(၃၅၅-၃၅၆-၃၅၇-ဗျူဟာ)တိုက်ပွဲ၊၂၇၅ အပါ မြဝတီ တံတားအမှတ် ၂ စတဲ့ တိုက်ပွဲတိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တောင်ပိုင်းစစ်ဒေသ (KNLA/PDF) ပူးပေါင်းစစ်ကြောင်းဖြစ်တဲ့ ကျားသစ်နက်စစ်ကြောင်း တပ်ခွဲ ၃ ရဲ့ တပ်ခွဲမှူးအဖြစ် ရွတ်ရွတ်ချွံချွံ တိုက်ပွဲဝင်ခဲ့တယ်”ဟု ပြောသည်။

ထို့ပြင် ကော်ဘရာရဲဘော်တဦးကလည်း ၎င်းတို့တပ်ခွဲမှ ကျဆုံးသွားသည့်ခေါင်းဆောင်များသည် တိုက်ပွဲများစွာကို ဦးဆောင်ခဲ့ပြီး ကော်ဘရာစစ်ကြောင်း ဗျူဟာမှူး ဗိုလ်ဒါဘော ယုံကြည်အားကိုးရသူများဖြစ်သောကြောင့် ဆုံးရှုံးမှုကြီးခဲ့ရသလို ကျဆုံးရဲဘော်များအားလုံး ပေးဆပ်ခဲ့ရမှုနှင့် ထိုက်တန်သော ရလဒ်ကို လိုချင်ကြောင်းပြောသည်။

အောင်ဇေယျစစ်ကြောင်းသည် ကော့ကရိတ်မှ မြဝတီသို့ အချိန် ၂ နာရီမျှ သွားရသောခရီးတွင် အချိန်တလနီးပါးကြာအထိ ကော့ကရိတ်ဘက်အခြမ်း ဒေါနတောင်ပေါ်၌သာ ရှိနေသေးသော်လည်း သာလွန်အင်အားဖြင့် စစ်ကြောင်းထိုးနေသောကြောင့် ဒေါနတောင်ကို လွန်ပြီး မြဝတီသို့ ရောက်သွားမည်လား

အောင်ဇေယျစစ်ကြောင်းသည် ကော့ကရိတ်မှ မြဝတီသို့ အချိန် ၂ နာရီမျှ သွားရသောခရီးတွင် အချိန်တလနီးပါးကြာအထိ ကော့ကရိတ်ဘက်အခြမ်း ဒေါနတောင်ပေါ်၌သာ ရှိနေသေးသော်လည်း သာလွန်အင်အားဖြင့် စစ်ကြောင်းထိုးနေသောကြောင့် အောင်ဇေယျစစ်ကြောင်း ဒေါနတောင်ကို လွန်ပြီး မြဝတီသို့ ရောက်သွားမည်လား မေးခွန်းထုတ်စရာ ဖြစ်လာသည်။

အောင်ဇေယျစစ်ကြောင်း ချီလာစဉ်

ထိုအခြေအနေနှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး(KNU) ပြောခွင့်ရ ပဒိုစောကလယ်ဆေးက အောင်ဇေယျစစ်ကြောင်းသည် ခံစစ်ကြောင်း၏ ၁၀ ပုံ ၁ ပုံကျော်ကျော်လောက်သာ ရောက်နေသေးသည်ဟု ပြောဆိုထားသည်။

မတ်လ ၇ မှ ဧပြီ ၅ ရက်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် PDF ပူးပေါင်းတပ်များက စစ်ဆင်ရေးဖော်ဆောင် သိမ်းပိုက်နိုင်ခဲ့သော စစ်ကောင်စီ၏ အရှေ့တောင်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ သင်္ဃန်းညီနောင်အခြေချ စစ်ဗျူဟာနှင့် ရဲစခန်း၊ ခမရ ၃၅၅ ၃၅၆၊ ၃၅၇ တပ်ရင်း နေရာများ၌ KNLA တပ်ရင်းများ သီးသန့်က နေရာယူထားကြောင်း ကာကွယ်ရေးရဲဘော်များက ပြောသည်။

လက်ရှိတွင် ဒေါနတောင်၌ တိုက်ပွဲများပြင်းထန်နေသလို အထိအခိုက် အကျဆုံးများနေသည့် အောင်ဇေယျစစ်ကြောင်းသည် ဒေါနတောင်ပေါ် တကုန်းပြီး တကုန်း သိမ်းပိုက်ထိန်းချုပ်ပြီး မြဝတီသို့ ရောက်ရှိလာနိုင်ရန် မလွယ်ကူပေ။

မုတ်သုန်မိုး ဝင်ရောက်လာတော့မည်ဖြစ်ရာ စစ်ကောင်စီ အဓိက အားကိုးရာ လေကြောင်းပစ်ကူ လျော့ကျသွားနိုင်ပြီး ရွှံ့နွံထူထပ်သော တောတောင်များထဲ စစ်ချီနိုင်စွမ်းကလည်း ပိုမိုခက်ခဲလာနိုင်သည်။

တချိန်တည်းတွင် KNLAနှင့် PDF ပူးပေါင်းတပ်ဖွဲ့များက အင်အားအပြည့်ဖြင့် စောင့်ဆိုင်းနေကြသည်။

You may also like these stories:

မိုးရာသီက စစ်ပွဲအတွက် အရေးပါလာတော့မည်

“စစ်တပ်က စစ်ပန်းနေပြီ” (ရုပ်/သံ)

အောင်ဇေယျ၊ ဒေါနတောင်နှင့် မြဝတီစစ်မျက်နှာ

အောင်ဇေယျစစ်ကြောင်း ဒေါနတောင်ပေါ် တက်လာသော်လည်း ဟန့်တားနိုင်ဆဲ ဟုဆို

စစ်ကောင်စီ ရခိုင်မြောက်ပိုင်းမှာ မွတ်စလင် ပျူစောထီး မွေးနေသည်

Your Thoughts …
Tags: KNLAPDFSliderကရင်တော်လှန်ရေးပူးပေါင်းအဖွဲ၊ စစ်ကောင်စီ၊ ကျုံဒိုး၊ ကော့ကရိတ်၊ မြဝတီကော့ကရိတ်ဒေါနတောင်မြဝတီအာရှလမ်းအောင်ဇေယျစစ်ကြောင်း
စောလွင်

စောလွင်

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.9k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

by ဧရာဝတီ
14 September 2023
48.9k

စစ်ကောင်စီအဖွဲ့ဝင် ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုအတွက် နေအိမ်တွင် အကျယ်ချုပ်ဖမ်းဆီးထားသည်။

Next Post
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘာကြောင့် ပေးမတွေ့ရဲသလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘာကြောင့် ပေးမတွေ့ရဲသလဲ (ရုပ်/သံ)

အညာ စစ်ဘေးရှောင် ၁.၂ သန်း မီးဖိုလို ပူသည့် ယာယီတဲများတွင် နေကြရ

အညာ စစ်ဘေးရှောင် ၁.၂ သန်း မီးဖိုလို ပူသည့် ယာယီတဲများတွင် နေကြရ

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.9k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved