ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အွန်လိုင်းကနေ တွေ့ခွင့်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် စစ်ကောင်စီဘက်က ရှေ့လုပ်ငန်းစဉ်တွေကို အနှောင့်အယှက်ဖြစ်စေနိုင်တယ်ဆိုပြီး ငြင်းဆိုလိုက်ပါတယ်။
အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီဟာ နိုင်ငံတော် သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် နိုင်ငံရေးခေါင်းဆောင်တွေကို ပုဒ်မတွေတပ်စွပ်စွဲတရားစီရင်ခဲ့ပြီးနောက် ဖမ်းဆီးချုပ်နှောင် ထားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်ကနေ ပြောင်းရွှေ့လိုက်တယ်လို့ စစ်ကောင်စီက ပြောဆိုထားပေမယ့် ဘယ်နေရာမှာ ဖမ်းဆီးချုပ်နှောင်ထားတယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောဆို ခဲ့ခြင်း မရှိသလို၊ နိုင်ငံတကာသံအမတ်တွေ၊ မိသားစုဝင်တွေနဲ့ လက်ခံတွေ့ဆုံခွင့် မပေးတာ ၃ နှစ်ကျော်ရှိလာခဲ့ပါပြီ။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR