• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

မိုးရာသီက စစ်ပွဲအတွက် အရေးပါလာတော့မည်

by ဧရာဝတီ
8 May 2024
in ဆောင်းပါး
A A
မိုးရာသီက စစ်ပွဲအတွက် အရေးပါလာတော့မည်

မိုးရွာနေသည့်ကြားက ကရင်နီ အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး/AFP

5.5k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေါနတောင်တန်းများမှ တောများအတွင်းတွင် တိုင်းရင်းသားလက်နက်ကိုင် တိုက်ခိုက်ရေးသမားများသည် ထိုင်းနယ်စပ်မှ အရေးပါသော ကုန်သွယ်ရေးမြို့ မြဝတီကို ပြန်လည် သိမ်းပိုက်ရေးအတွက် စစ်ကောင်စီက စေလွှတ်လိုက်သည့် တပ်ကူစစ်ကြောင်းများကို ဟန့်တားရန် တိုက်ခိုက်နေကြသည်။

လာမည့် သီတင်းပတ် အနည်းငယ်အတွင်း မြဝတီနှင့် မြန်မာရှိ အခြားသေနင်္ဂဗျူဟာကျသည့် နေရာများမှ တိုက်ပွဲများသည် သုံးနှစ်ကျော် ကြာပြီဖြစ်သော သွေးထွက်သံယိုများသည့် ပဋိပက္ခ၏ အဆင့်သစ်ကို အဆုံးအဖြတ် ပေးနိုင်ပြီး နောက်ဆုံးတွင် စစ်ကောင်စီ၏ ကံကြမ္မာကို ဆုံးဖြတ်နိုင်သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုကြောင့် လက်နက်ကိုင်ခုခံမှု ပေါ်လာပြီးနောက် မြန်မာနိုင်ငံသည် ဖရိုဖရဲဖြစ်နေသည်။ ထိုလက်နက်ကိုင်ခုခံမှုသည် ယခုအခါတွင် စစ်ကောင်စီကို တိုက်ခိုက်နေသည်မှာ ဆယ်စုနှစ်များစွာ ကြာပြီဖြစ်သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပူးပေါင်းထားပြီး ဖြစ်သည်။

စစ်ကောင်စီနှင့် တော်လှန်ရေး အင်အားစုများသည် အနိုင်ရရန် သို့မဟုတ် နယ်မြေထိန်းချုပ်ထားရန် အခွင့်အလမ်း အကန့်အသတ်ဖြင့်သာ ရှိနေကြချိန် ဇွန်လအစောပိုင်းတွင် မိုးရေပါသော မုတ်သုန်တိမ်တိုက်များ မြန်မာနိုင်ငံတဝန်းတွင် ရောက်လာမည် ဖြစ်သည်။

စစ်ကောင်စီနှင့် တော်လှန်ရေး အင်အားစုများသည် အနိုင်ရရန် သို့မဟုတ် နယ်မြေထိန်းချုပ်ထားရန် အခွင့်အလမ်း အကန့်အသတ်ဖြင့်သာ ရှိနေကြချိန် ဇွန်လအစောပိုင်းတွင် မိုးရေပါသော မုတ်သုန်တိမ်တိုက်များ မြန်မာနိုင်ငံတဝန်းတွင် ရောက်လာမည် ဖြစ်သည်။ ထိုကဲ့သို့သော ရာသီဥတုသည် လေကြောင်းအားသာချက်ကို ဖြတ်တောက်ပြီး တနိုင်ငံလုံးမှ ရှေ့တန်းစစ်မျက်နှာများတွင် ပြန့်ကျဲနေသည့် စစ်တပ်အတွက် အထူးသဖြင့် အတားအဆီး ဖြစ်စေသည်ဟု လေ့လာသူများက ပြောသည်။

နိုင်ငံ အရှေ့တောင်ပိုင်းမှ မြဝတီ၊ အင်အားကြီးမားသော အာရက္ခတပ်တော် (AA) က စစ်တပ်ကို ချေမှုန်းနေသည့် အနောက်ပိုင်းမှ ရခိုင်ဒေသ၊ တရုတ်နှင့် ထိုင်းနယ်စပ်တလျှောက် ပြည်နယ်များမှ အခြားနေရာများ အပါအဝင် အရေးပါသည့် ကုန်သွယ်ရေးနှင့် စစ်စခန်းမြို့များသည် မရေမရာဖြစ်နေသည်။

ကရင်ပြည်နယ် မြဝတီတိုက်ပွဲနှင့် ဒေါနတောင်တိုက်ပွဲပြ မြေပုံ / ဧရာဝတီ

တော်လှန်ရေး အင်အားစုများက ၎င်းတို့၏ အရှိန်အဟုန်ကို ဆက်လက် ထိန်းထားရန် ကြိုးစားစေကာမူ ထိုနေရာများအနက် အချို့ကို မိုးရာသီ မရောက်မီ စစ်ကောင်စီက ပြန်လည်သိမ်းယူရန် ကြိုးစားမည် သို့မဟုတ် ဆက်လက် ထိန်းချုပ်ရန် ကြိုးစားမည်ဟု အမေရိကန် အမျိုးသားစစ်ကောလိပ် ပါမောက္ခနှင့် အရှေ့တောင် အာရှရေးရာ ကျွမ်းကျင်သူ ဒေါက်တာ ဇာကာရီ အဘူဇာက ပြောသည်။

“လာမယ့် အပတ်တွေထဲမှာ စစ်တပ်အတွက် အမှန်တကယ် အရေးပါတဲ့ သေနင်္ဂဗျူဟာ ဦးတည်ချက် နှစ်ခုရှိတယ်” ဟု မြဝတီနှင့် ရခိုင်ပြည်နယ်မြို့များမှ တိုက်ပွဲများ အပါအဝင် လက်ရှိဖြစ်ပွားနေသည့် အဓိက တိုက်ပွဲများကို ရည်ညွန်းပြီး ၎င်းကပြောသည်။

အောက်တိုဘာလမှ စတင်ပြီး စစ်ကောင်စီသည် စစ်မြေပြင်ရှုံးနိမ့်မှု အများအပြား ရင်ဆိုင်ရပြီး အင်အားချိနဲ့လာသည့် စီးပွားရေးအပြင် အာဏာသိမ်းပြီးနောက်ပိုင်း အကြီးမားဆုံးစိန်ခေါ်မှုကို ရင်ဆိုင်နေရသည်။

စစ်ကောင်စီသည် စခန်းများ၊ အခြေစိုက်စခန်းများနှင့် ဌာနချုပ်များ အပါဝင် ၎င်း၏ စစ်စခန်း ၅၂၈၀ အနက် ထက်ဝက်ခန့်ကို ဆုံးရှုံးပြီး ယခင်က ထိန်းချုပ်ထားသည့် တိုင်းရင်းသားဒေသများမှ နယ်မြေ ၆၀ ရာခိုင်နှုန်း ဆုံးရှုံးသည်ဟု အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျု (USIP) ၏ ခန့်မှန်းချက်အရ သိရသည်။

စစ်ကောင်စီသည် စခန်းများ၊ အခြေစိုက်စခန်းများနှင့် ဌာနချုပ်များ အပါဝင် ၎င်း၏ စစ်စခန်း ၅၂၈၀ အနက် ထက်ဝက်ခန့်ကို ဆုံးရှုံးပြီး ယခင်က ထိန်းချုပ်ထားသည့် တိုင်းရင်းသားဒေသများမှ နယ်မြေ ၆၀ ရာခိုင်နှုန်း ဆုံးရှုံးသည်ဟု အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျု (USIP) ၏ ခန့်မှန်းချက်အရ သိရသည်။

စစ်တပ်သည် လာမည့် ခြောက်လအတွင်း ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ ထိုင်းတို့နှင့် နယ်စပ်အားလုံးကို ဆုံးရှုံးသွားနိုင်ပြီး လက်ရှိအချိန်တွင် ထိုနေရာများ၌ စစ်တပ်သည် တော်လှန်ရေးအင်အားစု အမျိုးမျိုး၏ တိုက်ခိုက်ခြင်းကို ခံနေရသည်ဟု ထိုင်းအရာရှိတဦးနှင့် သံတမန်ရေးရင်းမြစ်တခုက ၎င်းတို့၏ တိုက်ပွဲအကဲဖြတ်ချက်များကို အခြေခံပြီး Reuters သို့ ပြောသည်။

စစ်ကောင်စီသည် လက်လွှတ်ဆုံးရှုံးနေရသည့် ရှေ့တန်းနယ်မြေများတွင် ပြန့်ကျဲနေသော ရင်းမြစ်များနှင့် အဓိကကျသည့် နေရာများကိုသာ ခိုင်မာအောင်လုပ်ရန် ကြိုးစားနိုင်သည်ဟု ၎င်းတို့ကပြောသည်။

မီဒီယာနှင့် စကားပြောခွင့် မရှိသောကြောင့် ထိုရင်းမြစ် နှစ်ခုလုံးက အမည်ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

အခြေမလှသည့် လက္ခဏာများရှိနေ

စစ်ကောင်စီ အင်အားချိနဲ့သွားပြီး စစ်သားများ သွေးထွက်သံယိုများနေသော်လည်း ခုခံတော်လှန်ရေး အင်အားစုများကို အထိနာအောင် လုပ်နိုင်ဆဲဖြစ်ပြီး ဗမာလူမျိုးစု အများစုနေထိုင်ရာ အလယ်ပိုင်း မြေနိမ့်ဒေသကို ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

ဝိုင်းပတ်ခံထားရသည့် အခြေအနေတွင် စစ်ကောင်စီသည် တောင့်တင်းသော ခံစစ်ဖြင့် ပဋိပက္ခကို သက်ဆိုးရှည်စေနိုင်သည်ဟု ဘန်ကောက်ရှိ ချူလာလောင်ကွန်း တက္ကသိုလ်၊ လုံခြုံရေးနှင့် နိုင်ငံတကာလေ့လာရေး အင်စတီကျုမှ ဝါရင့်သုတေသီ ဒေါက်တာ သီတင်နန် ပေါင်ဆူဒီရက်က ပြောသည်။

ထိုသို့ ဝိုင်းပတ်ခံထားရသည့် အခြေအနေတွင် စစ်ကောင်စီသည် တောင့်တင်းသော ခံစစ်ဖြင့် ပဋိပက္ခကို သက်ဆိုးရှည်စေနိုင်သည်ဟု ဘန်ကောက်ရှိ ချူလာလောင်ကွန်း တက္ကသိုလ်၊ လုံခြုံရေးနှင့် နိုင်ငံတကာလေ့လာရေး အင်စတီကျုမှ ဝါရင့်သုတေသီ ဒေါက်တာ သီတင်နန် ပေါင်ဆူဒီရက်က ပြောသည်။

“ဇာတ်က မျောနေနိုင်တယ်လို့ ကျနော်ထင်တယ်” ဟု မြန်မာမှ ဖရိုဖရဲအခြေအနေကို ရည်ညွှန်းပြီး ၎င်းကပြောသည်။ သို့သော် စစ်ကောင်စီ၏ ထိန်းချုပ်မှုသည် ရေရှည်တွင် ခုခံကာကွယ်နိုင်တော့မည် မဟုတ်ကြောင်း ပြောသည်။

“အခြေအနေက ရှင်းနေပြီ” ဟု ဒေါက်တာ သီတင်နန်က စစ်မြေပြင်ဆုံးရှုံးမှုများ၊ ပိုမိုရဲတင်းလာသည့် ခုခံတော်လှန်ရေးနှင့် လူထုထောက်ခံမှု ကင်းမဲ့ခြင်းတို့ကို ရည်ညွှန်းပြီး ပြောသည်။

မြဝတီကို ဆုံးရှုံးသွားပြီးနောက် စစ်တပ်သည် နှစ်စဉ် ဒေါ်လာ ၁ ဘီလီယံဖိုး ကုန်သွယ်မှု ဖြတ်သန်းသည့် ထိုမြို့ကို ပြန်လည် သိမ်းပိုက်ရန် တန်ပြန်ထိုးစစ်ဆင်နေသည်။

မြန်မာမှ သက်တမ်းအရှည်ဆုံး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနက် တခုဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) သည် ကနဦးတွင် စစ်တပ်ကို မြဝတီမှ အကြီးအကျယ် တိုက်ထုတ်ပြီးနောက် ယခုအခါ စစ်ကောင်စီ တန်ပြန်တိုက်ခိုက်မှုကို ဟန့်တားနေသည်။

“စစ်သား ၁,၀၀၀ ကျော်လောက် မြဝတီကို ချီတက်လာနေတယ်။ ဒါပေမယ့် KNLA (ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်) ပူးပေါင်းတပ်တွေက သူတို့ကို ကြားဖြတ်၊ ပိတ်ဆို့၊ တိုက်ခိုက်ဖို့ အပြင်းအထန် လုပ်နေတယ်” ဟု KNU ပြောခွင့်ရသူ ဖဒိုစောတောနီးက Reuters သတင်းဌာနသို့ ပြောသည်။

“ပြင်းထန်တဲ့ တိုက်ပွဲတွေ နေ့တိုင်းဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။

ရခိုင်မြောက်ပိုင်း ဘူးသီးတောင်ရှိ စကခ ၁၅ မှ စစ်သားများ AA ထံ လက်နက်ချအပြီး

မြဝတီမြို့ အနောက်ဘက် ကီလိုမီတာ ၉၀၀ ခန့်တွင် စစ်ကောင်စီသည် အရေးပါသည့် စစ်တိုင်းဌာနချုပ် တည်ရှိရာ အမ်းကို ထိန်းချုပ်ရန် ကြိုးစားနေသည့် AA အား တိုက်ခိုက်နေရသည်။

၇၉၃ ကီလိုမီတာရှည်သည့် မြန်မာ-တရုတ် ဓာတ်ငွေ့ပိုက်လိုင်းသည် အမ်းကို ဖြတ်သန်းသွားပြီး အရေးပါသည့် တွန်းအားပေးစခန်းတခု ထိုမြို့အနီးတွင် တည်ရှိသောကြောင့် စစ်တပ်သည် ထိုနေရာကို ထိန်းချုပ်ရန် မည်သည့်အရာကိုမဆို လုပ်မည်ဖြစ်ကြောင်း သုတေသီများက ပြောသည်။

၇၉၃ ကီလိုမီတာရှည်သည့် မြန်မာ-တရုတ် ဓာတ်ငွေ့ပိုက်လိုင်းသည် အမ်းကို ဖြတ်သန်းသွားပြီး အရေးပါသည့် တွန်းအားပေးစခန်းတခု ထိုမြို့အနီးတွင် တည်ရှိသောကြောင့် စစ်တပ်သည် ထိုနေရာကို ထိန်းချုပ်ရန် မည်သည့်အရာကိုမဆို လုပ်မည်ဖြစ်ကြောင်း သုတေသီများက ပြောသည်။

အနိမ့်ပိုင်း တိမ်တိုက်များက နှောင့်ယှက်သောကြောင့် စစ်ကောင်စီ၏ အဓိက အားသာချက်ဖြစ်သော လေကြောင်းအင်အား အသုံးပြုမှုကို အားနည်းစေမည်ဟု နိုင်ငံတကာ အကျပ်အတည်း လေ့လာရေးအဖွဲ့မှ မြန်မာရေးရာ ဝါရင့်အကြံပေး မစ္စတာ ရစ်ချတ်ဟိုဆေးက ပြောသည်။

“တပ်တွေ ပို့ဆောင်ဖို့၊ စစ်ကောင်စီ ဆန့်ကျင်ရေးအင်အားစုတွေက ဖြတ်တောက်ထားတဲ့ အခြေစိုက်စခန်းတွေကို ပြန်လည်ဖြည့်တင်းဖို့နဲ့ ပစ်ကူပေးဖို့ ရဟတ်ယာဉ်တွေ မိုးထဲမှာ မောင်းရတာ ပိုမိုခက်ခဲပြီး အန္တရာယ်များတယ်” ဟု မစ္စတာ ဟိုဆေးက ပြောသည်။

မကြာသေးမီလများအတွင်း တနိုင်ငံလုံးတွင် စစ်တပ်ဘက်မှ ဘက်ပြောင်းလာခြင်းများကို ကြည့်ပါက စစ်ကောင်စီသည် တပ်များကို အစားအစာ၊ ရေ၊ ခဲယမ်းနှင့် ဆေးဝါး ပြန်လည်ဖြည့်တင်း မပေးနိုင်တော့သောကြောင့် စိတ်ဓာတ်ကျဆင်းမှုများ ဖြစ်စေကြောင်း ပါမောက္ခ အဘူဇာက ပြောသည်။

အောင်ပွဲအများအပြားဖြင့် အရှိန်အဟုန်ရလာနေသည့် တော်လှန်ရေး အင်အားစုများကို မိုးရာသီက အားသာချက် ဖြစ်စေသော်လည်း ၎င်းတို့သည် အရေးပါသော ညှိနှိုင်းမှု မရှိသည့် အမျိုးမျိုးသော တိုင်းရင်းသားအင်အားစုများနှင့် အောက်ခြေ တော်လှန်ရေးသမားများ ဖြစ်နေကြောင်း သုတေသီများက ပြောသည်။

“အဖွဲ့အမျိုးမျိုးကြားမှာ သေနင်္ဂဗျူဟာ ညှိနှိုင်းမှု အဆင်ပြေ ချောမွေ့စေရေးအတွက် အချိန်ယူရလိမ့်မယ်။ ဒါပေမယ့် ဒါဟာ မြန်မာပဋိပက္ခရလဒ်ကို အဆုံးအဖြတ်ပေးမယ့် အချက်ဖြစ်တယ်” ဟု USIP မှ ကိုရဲမျိုးဟိန်းက မကြာသေးမီက အစီရင်ခံစာတစောင်တွင် ဖော်ပြသည်။

“အဖွဲ့အမျိုးမျိုးကြားမှာ သေနင်္ဂဗျူဟာ ညှိနှိုင်းမှု အဆင်ပြေ ချောမွေ့စေရေးအတွက် အချိန်ယူရလိမ့်မယ်။ ဒါပေမယ့် ဒါဟာ မြန်မာပဋိပက္ခရလဒ်ကို အဆုံးအဖြတ်ပေးမယ့် အချက်ဖြစ်တယ်” ဟု USIP မှ ကိုရဲမျိုးဟိန်းက မကြာသေးမီက အစီရင်ခံစာတစောင်တွင် ဖော်ပြသည်။

စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြောခွင့်ရသူ ဦးကျော်ဇော်က လက်ရှိအချိန်တွင် စစ်ကောင်စီသည် အလယ်ပိုင်းမှ မြို့ကြီးများကိုသာ ထိန်းချုပ်နိုင်တော့ကြောင်း ပြောသည်။

“အဲဒီနေရာတွေမှာတောင်မှ သူတို့ ခြိမ်းခြောက်ခံနေရတယ်” ဟု ၎င်းကပြောသည်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
47
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
278
စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
553

(Reuters သတင်း Next few months crucial in Myanmar war ကို ဘာသာပြန်သည်။)

You may also like these stories:

“စစ်တပ်က စစ်ပန်းနေပြီ” (ရုပ်/သံ)

အောင်ဇေယျ၊ ဒေါနတောင်နှင့် မြဝတီစစ်မျက်နှာ

စစ်ကောင်စီ ရခိုင်မြောက်ပိုင်းမှာ မွတ်စလင် ပျူစောထီး မွေးနေသည်

မံစီနှင့်မိုးမောက်ကို KIA ထိုးစစ်ဆင်ကာ ဗန်းမော်သို့ ဦးတည်လာ

၄ လကျော်ကြာ ကျင်‌ဒွေးမြို့သိမ်းတိုက်ပွဲ ဘာကြောင့် အရေးပါသလဲ

Your Thoughts …
Tags: AAKNLAKNUစစ်ကောင်စီစစ်အာဏာသိမ်းမှုတိုင်းရင်းသားလက်နက်ကိုင်များ ညီလာခံတော်လှန်ရေး အင်အားစုထိုင်းဒေါနတောင်တန်းမြဝတီမြို့သိမ်းတိုက်ပွဲလေကြောင်းတိုက်ခိုက်မှုအောင်ဇေယျစစ်ဆင်ရေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
လူငယ်တွေအပြင် ၆၀ကျော် စစ်ပင်စင်စားတွေပါ စစ်မှုထမ်းခိုင်းနေ (ရုပ်/သံ)

လူငယ်တွေအပြင် ၆၀ကျော် စစ်ပင်စင်စားတွေပါ စစ်မှုထမ်းခိုင်းနေ (ရုပ်/သံ)

ကား ၃စီး မီးရှို့ခံရမှု စစ်တပ်က ဒေသခံများကို လျော်ကြေးတောင်း

ကား ၃စီး မီးရှို့ခံရမှု စစ်တပ်က ဒေသခံများကို လျော်ကြေးတောင်း

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.7k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved