ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် လူငယ်တွေကို အဓမ္မ စစ်မှုထမ်းခိုင်းနေတဲ့ စစ်တပ်ဟာ အငြိမ်းစားယူထားတဲ့ သက်ပြည့်ပင်စင်စားတွေ၊ Non CDM ဝန်ထမ်းတွေနဲ့ ဧည့်နိုင်ငံသားတွေကိုပါမချန် စစ်မှုထမ်း ခိုင်းဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
စစ်ကောင်စီက စစ်မှုထမ်းဟောင်းတွေ အနေနဲ့ အသက် ၆၇ နှစ် မကျော်လွန်ရင် စစ်မှုပြန်ထမ်းရမယ်ဆိုပြီး ပြီးခဲ့တဲ့ ဧပြီလက အမိန့်ညွှန်ကြား စာထုတ်ပြန် ခဲ့တာပါ။
စစ်အာဏာသိမ်းပြီး ၃ နှစ်ကျော်အကြာမှာ တပ်ရင်း တပ်ဖွဲ့လိုက် လက်နက်ချ အလင်းဝင်တာတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေဆီ ထွက်ပြေးနေရတဲ့ အာဏာသိမ်း စစ်တပ်ဟာ စစ်ရေးရှုံးနိမ့်မှု လူအင်အားပြန်းတီးမှုတွေကို ပြန်လည် အစားထိုး နိုင်ဖို့ ဘက်ပေါင်းစုံကနေ နည်းလမ်းပေါင်းစုံနဲ့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR











