• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Investigation

ဘိန်းဘုရင်မှသည် စစ်တပ်ခရိုနီဆီသို့ အပိုင်း-၁

by အောင်သစ်
8 May 2024
in Investigation
A A
ဘိန်းဘုရင်မှသည် စစ်တပ်ခရိုနီဆီသို့ အပိုင်း-၁
9.7k
VIEWS
Share on FacebookShare on Twitter

မြန်မာပြည်၏ လုပ်ငန်းကဏ္ဍစုံ၌ နေရာယူထားကြသည့် ချမ်းသာကြွယ်ဝသူ ထိပ်သီး ခရိုနီကြီးများကို ကြည့်လျှင် စစ်တပ်နှင့် ကင်းခဲ့သည်ဆိုသောသူက မရှိသလောက် ရှားသည်။

အာဏာသိမ်းမှုများနှင့် စစ်အုပ်ချုပ်ရေး သက်တမ်း ကြာရှည်ခဲ့သည့်နိုင်ငံတွင် အာဏာရှိသူ စစ်တပ်နှင့် ပေါင်းကာ စီးပွားရှာသည့် အလေ့အထက စီးပွားရေးပုံစံ တခုအဖြစ်ပင် ရှိလာခဲ့သည်။

ထို စီးပွားရေးပုံစံနှင့်ပင် ခရိုနီများက စစ်တပ်နှင့် ပေါင်းကာ နိုင်ငံ့သယံဇာတများကို တူးဖော် ထုတ်လုပ် ရောင်းချခဲ့ကြသည်။

အထူးသဖြင့် ကျောက်စိမ်းနှင့် အဖိုးတန် သတ္တုတူးဖော်ရေး၊ သစ်ထုတ်လုပ်ရေးတို့တွင် စစ်တပ်ထံမှ အခွင့်အလမ်းများရကာ ထုတ်လုပ် ရောင်းချခဲ့ကြသကဲ့သို့ ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေး၊ လျှပ်စစ်ထုတ်လုပ်ရေး တို့တွင်လည်း စစ်တပ်ထံ ချဉ်းကပ်ကာ နိုင်ငံခြား ကုမ္ပဏီများနှင့် ပူးပေါင်း လုပ်ကိုင်ခွင့်များ ရခဲ့ကြသည်။

ထိုသယံဇာတ များသာမက နိုင်ငံတွင်း အမြတ်အစွန်းများသော လုပ်ငန်းကဏ္ဍ အစုံတွင်လည်း ခရိုနီများက ချယ်လှယ်နေရာယူ လုပ်ကိုင်ကြသည်။ စက်သုံးဆီလုပ်ငန်း၊ စားအုံးဆီလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ ဆိပ်ကမ်း ဝန်ဆောင်မှု၊ ဆက်သွယ်ရေး ဝန်ဆောင်မှု၊ ဆောက်လုပ်ရေး စသည့် ကဏ္ဍများတွင် မြန်မာ့ထိပ်သီး ခရိုနီ လူအုပ်စု တစုက ကြီးစိုး ချယ်လှယ်ခွင့် ရထားကြသည်။

စစ်တပ်နှင့် ပေါင်းကာ လုပ်ကိုင်ခွင့်များ ရခဲ့ကြသည့် ခရိုနီများကြားတွင် ခရိုနီများ၏ ထိပ်သီးဟု ပြော၍ရသည့် ကိုးကန့်သူဌေးကြီးတဦး ရှိသည်။ သူက လမ်း၊ ဆိပ်ကမ်း၊ လေဆိပ်အဆုံး မြန်မာပြည်၏ လုပ်ငန်းစုံတွင် ထိန်းချုပ် လုပ်ကိုင်ခွင့် ရထားသည့် အေးရှားဝေါလ် ကုမ္ပဏီ၏ ပိုင်ရှင် ဦးထွန်းမြင့်နိုင် (ခ) လော်ပင်ကျုံး (ခ) Steven Law ဖြစ်သည်။

ထိုသို့ စစ်တပ်နှင့် ပေါင်းကာ လုပ်ကိုင်ခွင့်များ ရခဲ့ကြသည့် ခရိုနီများကြားတွင် ခရိုနီများ၏ ထိပ်သီးဟု ပြော၍ရသည့် ကိုးကန့်သူဌေးကြီးတဦး ရှိသည်။ သူက လမ်း၊ ဆိပ်ကမ်း၊ လေဆိပ်အဆုံး မြန်မာပြည်၏ လုပ်ငန်းစုံတွင် ထိန်းချုပ် လုပ်ကိုင်ခွင့် ရထားသည့် အေးရှားဝေါလ် ကုမ္ပဏီ၏ ပိုင်ရှင် ဦးထွန်းမြင့်နိုင် (ခ) လော်ပင်ကျုံး (ခ) Steven Law ဖြစ်သည်။

အေးရှားဝေါလ် ကုမ္ပဏီနှင့် ပိုင်ရှင် ဦးထွန်းမြင့်နိုင်၏ လုပ်ပိုင်ခွင့်များ အကြောင်းကို ပြောကြမည်ဆိုလျှင် အေးရှားဝေါလ် ကုမ္ပဏီ၏ မြစ်ဖြားခံရာ Kokang Export-Import And Construction Co., Ltd. နှင့် ထိုကုမ္ပဏီကို တည်ထောင်သူ ဦးထွန်းမြင့်နိုင်၏ ဖခင် ဦးလော်စစ်ဟန်တို့ အကြောင်းက စရမည် ဖြစ်သည်။

ဦးလော်စစ်ဟန်နှင့် ဦးထွန်းမြင့်နိုင်တို့ သားအဖ

၁၉၈၉ ခုနှစ်၊ အောက်တိုဘာလ (ကိုးကန့်တို့ မြန်မာ စစ်တပ်နှင့် ငြိမ်းချမ်းရေးယူအပြီး ရှစ်လအကြာ) တွင် Kokang Export-Import And Construction Co., Ltd. ကို ဦးလော်စစ်ဟန်က တည်ထောင်ခဲ့ပြီး နောင် သုံးနှစ်အကြာ ၁၉၉၂ ခုနှစ်၊ ဇွန်လတွင် အေးရှားဝေါလ် ကုမ္ပဏီကို တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

တချိန်က ဘိန်းဘုရင်

ဘိန်းဘုရင်ဟု တင်စားခံရသည့် ဦးလော်စစ်ဟန်ကို မြန်မာပြည်မြောက်ပိုင်း ကိုးကန့် ဒေသ၌ ၁၉၃၅ ခုနှစ်တွင် တရုတ် မိသားစုက မွေးဖွားခဲ့သည်။

ငယ်စဉ်က ကိုးကန့်စော်ဘွား ယန်ကျင်စိုင်နှင့် ၎င်း၏ ညီမ ယန်ကျင်ရှုံ(အော်လစ်ယန်း) တို့ ဖွင့်လှစ်ပေးခဲ့သည့်  စစ်သင်တန်းတွင် တက်ရောက် ခဲ့သည်။ အခြားသော ထင်ပေါ်ကျော်ဇောသူများ ဖြစ်ကြသည့် ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင်၊ ဘိန်းဘုရင် ဦးခွန်ဆာ နှင့်  မူးယစ်ရာဇာ ဦးလူကွယ်ရှိ တို့သည်လည်း ထိုစစ်သင်တန်းဆင်းများ ဖြစ်ကြသည်။

၁၉၅၈-၅၉ ခုနှစ်များအတွင်း စော်ဘွားများကို အာဏာစွန့်ခိုင်းရာမှ ဖြစ်ပေါ်လာသည့် ပုန်ကန်မှုများ ရှိလာချိန်၊ တဖက်တွင်လည်း ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) နှင့် တိုက်ပွဲများ ရှိနေဆဲကာလဖြစ်သော ၁၉၆၀ ပြည့်နှစ်တွင် ဗိုလ်ချုပ်ကြီး နေဝင်းက ပြည်သူ့ကွယ်ရေးအဖွဲ့များကို ဖွဲ့ပေးခဲ့သည်။

ဦးလော်စစ်ဟန်သည် ထို ကာကွယ်ရေး အဖွဲ့များ အတွင်းမှ လားရှိုးမြို့နယ်အခြေစိုက် ကာကွယ်ရေး အဖွဲ့ခေါင်းဆောင် ဖြစ်လာခဲ့သည်။ ထိုအချိန်က ဦးခွန်ဆာသည် လွယ်မော်အခြေစိုက် ကာကွယ်ရေး အဖွဲ့ ခေါင်းဆောင် ဖြစ်သည်။

ကိုးကန့်စော်ဘွား ယန်ကျင်စိုင်၊ လော်စစ်ဟန်၊ ဖုန်ကြားရှင်၊ ခွန်ဆာနှင့် လူကွယ်ရှိ

ထိုကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းသည့်အချိန် ၁၉၆၀ ပြည့်နှစ်တွင် မြန်မာ-တရုတ်နယ်စပ်၌ ကူမင်တန် (တရုတ်ဖြူ) ကျူးကျော်မှုများ ရှိနေသေးသကဲ့သို့ တဖက်တွင်လည်း ဗိုလ်ချုပ်ကြီး နေဝင်း တရုတ်သို့ သွား၍ တရုတ်ကွန်မြူနစ်ပါတီနှင့် တွေ့ဆုံကာ တရုတ်-မြန်မာ နယ်နိမိတ်စည်း သတ်မှတ်ချက်များ ပြန်လည် လုပ်ဆောင်နေသည့် ကာလဖြစ်သည်။

တရုတ်ပြည် ကွန်မြူနစ်ပါတီခေါင်းဆောင် မော်စီတုန်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ကြောင်း ၁၉၄၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ကြေညာခဲ့အပြီး စစ်ရှုံးခဲ့သော ကူမင်တန်တပ်များ နိုင်ငံတွင်းမှ ဆုတ်ခွာ ရှောင်တိမ်းကြရာမှ မြန်မာပြည်တွင် ကူမင်တန် (တရုတ်ဖြူ) ကျူးကျော်မှု စခဲ့ခြင်းဖြစ်ပြီး ၁၉၆၁ ခုနှစ်တွင် အဆုံးသတ်ခဲ့သည်။

ထိုကာလ ၁၉၆၀ ပြည့်နှစ်မှစကာ ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ဖြစ်လာခဲ့သော ဦးလော်စစ်ဟန်သည် ဘိန်းရောင်းဝယ်မှုကို လွတ်လပ်စွာ လုပ်ကိုင်ခွင့် ရနေခဲ့ပြီး ရွှေတြိဂံဒေသ၌ Double UO Globe တံဆိပ်ကိုအသုံးပြု၍ ဘိန်းဖြူ ဖြန့်ချိခဲ့သည်။ “China White” ဟုလည်း ခေါ်ဝေါ်သည့် Double UO Globe တံဆိပ်သည် ပထမ အင်ဒိုချိုင်းနား စစ်ပွဲကာလများ (၁၉၄၆-၅၄) အတွင်း ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ပြီး မူရင်း စတင်ထုတ်လုပ်သည့် နိုင်ငံမှာ လာအိုနိုင်ငံ ဖြစ်သည်။

ထိုင်ဝမ်မှ ဘိန်းသန့်စင် ချက်လုပ်သူများကို ခေါ်ယူကာ တောတွင်း၌ ဘိန်းချက်လုပ်စေခဲ့ပြီး ထိုင်းငါးဖမ်းလှေများကို အဦးဆုံး ငှားကာ ဟောင်ကောင်သို့ ဘိန်းများတင်ပို့ခဲ့သူမှာလည်း ဦးလော်စစ်ဟန်ပင်။

ထိုင်ဝမ်မှ ဘိန်းသန့်စင် ချက်လုပ်သူများကို ခေါ်ယူကာ တောတွင်း၌ ဘိန်းချက်လုပ်စေခဲ့ပြီး ထိုင်းငါးဖမ်းလှေများကို အဦးဆုံး ငှားကာ ဟောင်ကောင်သို့ ဘိန်းများတင်ပို့ခဲ့သူမှာလည်း ဦးလော်စစ်ဟန်ပင် ဖြစ်ခဲ့သည်။

Double UO Globe တံဆိပ် ဘိန်းဖြူ

စပ်တပ်နှင့် တွဲကာ ရရှိလာသည့် ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်ဆိုသည့် အာဏာ အခွင့်အရေးတခုနှင့်အတူ ဘိန်းအရောင်းအဝယ်တွင် ဦးလော်စစ်ဟန်က တဖြည်းဖြည်း နာမည်ကြီးလာသကဲ့သို့ ၎င်း၏ ကာကွယ်ရေး အဖွဲ့သည့်လည်း အင်အားကောင်းလာခဲ့သည်။

RelatedPosts

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
110
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
1.5k
သဇင်ပန်း

သဇင်ပန်း

10 January 2026
101

သို့သော် ထိုသို့ အားကောင်းလာသော ကာကွယ်ရေး အဖွဲ့များကို ပြန်လည် ထိန်းချုပ်ရန် ကြိုးပမ်းမှုကို စစ်တပ်က ၁၉၇၃ ခုနှစ်တွင် လုပ်ဆောင်ခဲ့ပြီး ထိုနှစ် ဧပြီလတွင် လက်နက်များ အပ်ကာ စစ်တပ်နှင့် ပူးပေါင်းရေး ညွှန်ကြားခဲ့သည်။ ထိုညွှန်ကြားချက်ကို ဦးလော်စစ်ဟန်က လက်မခံခဲ့ဘဲ ရှမ်းပြည်တိုးတက်ရေးပါတီ / ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် ယာယီ မဟာမိတ်ပြုကာ ပူးပေါင်း သွားခဲ့သည်။

ဘိန်းကုန်ကူးမှုများဖြင့် နာမည်ကျော်နေသော ဦးလော်စစ်ဟန်သည် ထိုနှစ် ၁၉၇၃၊ ဩဂုတ်လတွင် ထိုင်းနိုင်ငံ၌ အဖမ်းခံရပြီး မြန်မာနိုင်ငံသို့ ပြန်လည် လွှဲပြောင်းခြင်း ခံခဲ့ရသည်။ ထိုစဉ်က တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး နေဝင်းက ၎င်းကို ဘိန်းကုန်ကူးမှုဖြင့် မဟုတ်ဘဲ နိုင်ငံတော်ပုန်ကန်မှုဖြင့် ထောင်ချခဲ့သည်။ သို့သော် ၁၉၈၀ ပြည့်နှစ်တွင် အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ဦးလော်စစ်ဟန် ပြန်လည် လွတ်မြောက်ခဲ့သည်။

ဗကပ ပုန်ကန်မှုနှင့် ငြိမ်းချမ်းရေးပွဲစား ဦးလော်စစ်ဟန်

၁၉၈၉ ခုနှစ် ဗကပ ပုန်ကန်မှုက ဦးလော်စစ်ဟန် မူးယစ်အင်ပါယာ ပြန်လည် ထူထောင်နိုင်ရန် အခွင့်အရေးကောင်း ဖြစ်စေခဲ့သည်ဟု မြန်မာပြည် မြောက်ပိုင်းအရေး နှံ့စပ်သည့် ဝါရင့် သတင်းစာဆရာ ဘာတေးလ် လစ်တနာက ၎င်း၏ “ရွေတြိဂံဒေသ ဘိန်းကုန်သွယ်မှု ခြုံငုံ သုံးသပ်ချက်” ထဲတွင် ထည့်သွင်း ရေးသားခဲ့သည်။

ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင်နှင့် နောက်လိုက်များ ၁၉၈၉ ခုနှစ်၊ မတ်လတွင် ဗမာပြည်ကွန်မြူနစ်ပါတီမှ အဦးဆုံး ခွဲထွက်ခဲ့ကြသည်။ ထိုခွဲထွက်မှုအပြီး စစ်တပ်နှင့် ကိုးကန့်တို့ ငြိမ်းချမ်းရေး ညှိနှိုင်းရာတွင် ဗိုလ်ချုပ် ခင်ညွန့်က ကိုးကန့်သား ဦးလော်စစ်ဟန်ကို ကြားဝင် ညှိနှိုင်းပေးသူ အဖြစ် အသုံးချခဲ့သည်။

အပြန်အလှန်အနေဖြင့် ငြိမ်းချမ်းရေးပွဲစား လုပ်ခဲ့သူ ဦးလော်စစ်ဟန်အား ဘိန်းထုတ်လုပ်ခြင်းနှင့် ရောင်းဝယ်ခြင်းတို့ကို ဗိုလ်ချုပ်ခင်ညွန့်က အခွင့်အလမ်းတခုအဖြစ် ပေးခဲ့သည်ဟု အမေရိကန် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဌာန-ရန်ကုန်ရုံး (DEA–Rangoon) က ဆိုခဲ့သည်။

ထိုကာလများတွင် ကိုးကန့်ဒေသထွက် ဘိန်းများကို လားရှိုး၊ မန္တလေး၊ ရန်ကုန်အထိ သယ်ယူပို့ဆောင်ရေး ဦးလော်စစ်ဟန်က ၎င်း၏ စစ်တပ် အဆက်အသွယ်များကို အသုံးပြုခဲ့ကြောင်းနှင့် ထိုလမ်းကြောင်းများ အဆင်ပြေစွာ ဖြတ်သန်းနိုင်ရန် ထိုစဉ်က အရှေ့မြောက်ပိုင်းတိုင်း တိုင်းမှုး ဗိုလ်မှူးချုပ် မောင်သင့်က ကူညီခဲ့သည်ဟု သတင်းစာဆရာ ဘာတေးလ် လစ်တနာက ၎င်း၏ The Rise and Fall of the Communist Party of Burma (CPB) စာအုပ်ထဲတွင် ထည့်သွင်းရေးသားခဲ့သည်။ ၎င်းက ၁၉၈၉ ခုနှစ်၊ စက်တင်ဘာလထုတ် ထောက်လှမ်းရေး အစီရင်ခံစာတခုကို ကိုးကား ဖော်ပြထားခြင်း ဖြစ်သည်။

ဦးလော်စစ်ဟန်သည် ကိုးကန့် ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းသူအဖြစ် လုပ်ဆောင်ခဲ့အပြီး နောက်ပိုင်းတွင်လည်း ဗိုလ်ချုပ် ခင်ညွန့်၏ တိုင်းရင်းသားရေးရာ အကြံပေးအဖြစ် ဆက်၍ ရှိနေခဲ့သည်။

ဦးလော်စစ်ဟန်သည် ကိုးကန့် ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းသူအဖြစ် လုပ်ဆောင်ခဲ့အပြီး နောက်ပိုင်းတွင်လည်း ဗိုလ်ချုပ် ခင်ညွန့်၏ တိုင်းရင်းသားရေးရာ အကြံပေး အဖြစ် ဆက်၍ ရှိနေခဲ့သည်။

ဦးလော်စစ်ဟန်သည် ဗိုလ်ချုပ် ခင်ညွန့်၏ တိုင်းရင်းသားရေးရာ အကြံပေးဖြစ်ခဲ့သည်။

၎င်းက အာဏာရှင် စစ်တပ်ကို ချဉ်းကပ်ရာတွင် ဗိုလ်ချုပ် ခင်ညွှန့် တဦးတည်းသာ မဟုတ်၊ အခြား အာဏာရှိ ဗိုလ်ချုပ်မှူးကြီးများနှင့်လည်း နီးကပ် ခိုင်မာသည့် ဆက်ဆံရေးကို တည်ဆောက်ခဲ့သူ ဖြစ်သည်။

ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် နီးကပ်သည့် ဆက်ဆံရေး ရှိခဲ့ပြီး အာဏာရှင် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ နေပြည်တော်ရှိ အိမ်ကိုလည်း ဆောက်လုပ်ခွင့် ရခဲ့သူ ဖြစ်သည်။

၁၉၉၆ ခုနှစ်တွင် ကျင်းပသည့် ၎င်း၏သား ဦးထွန်းမြင့်နိုင်နှင့် စင်ကာပူနိုင်ငံသူ Cecilia Ng တို့၏ မင်္ဂလာပွဲတွင် ထိုစဉ်က ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး ကျော်ဘ အပါအဝင် အခြားဗိုလ်ချုပ် သုံးဦးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီး လေးဦးတို့ တက်ရောက်ခဲ့သည်ဟု ဟောင်ကောင် အခြေစိုက် Asia Sentinel မီဒီယာက ရေးသားခဲ့ဖူးသည်။

ထို့ပြင် ၂၀၀၆ ခုနှစ်တွင် ပြုလုပ်သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သမီး မင်္ဂလာဆောင် ပါတီ အကျွေးအမွေးကဏ္ဍကို တာဝန်ယူ စီစဉ်ပေးခဲ့သူသည်လည်း ဦးလော်စစ်ဟန်ပင် ဖြစ်သည်။

ထိုသို့ စစ်တပ် ထိပ်သီး ဦးဆောင်ပိုင်းများနှင့် နီးကပ်သည့် ဆက်ဆံရေးကို တည်ဆောက်ထားခြင်းကြောင့်ပင် ၂၀၀၄ ခုနှစ် ဗိုလ်ချုပ်ခင်ညွန့် နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးခံရသည့် နောက်ပိုင်းတွင်လည်း ဦးလော်စစ်ဟန်က ဟန်မပျက် စီးပွားမပျက် စစ်ခေါင်းဆောင်တို့နှင့် ရှေ့ဆက် လက်တွဲ နေနိုင်ခဲ့ခြင်း ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် သမ္ပတ ဦးသိန်းစိန်တို့၏ တရုတ်ပြည် ခရီးစဉ်များတွင်လည်း ဦးလော်စစ်ဟန်၏သား ဦးထွန်းမြင့်နိုင်က လိုက်ပါခွင့် ရရှိခဲ့သည်။

ဖခင်နှင့် သား စီးပွားရေးအစ

အေးရှားဝေါလ် ကုမ္ပဏီဟု မဖြစ်လာခင်အချိန် ၁၉၈၉ ခုနှစ်၊ အောက်တိုဘာလတွင် Kokang Export-Import And Construction Co., Ltd. ကို ဦးလော်စစ်ဟန်က စတင် တည်ထောင်ခဲ့သည်။

ထိုနှစ် မတ်လနှင့် ဧပြီလများတွင် ဦးလော်စစ်ဟန်က ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင်နှင့် မြန်မာစစ်တပ်တို့ကြား ငြိမ်းချမ်းရေးပွဲစား လုပ်ခဲ့ပြီး အောက်တိုဘာတွင် အဆိုပါ ကုမ္ပဏီကို စတင် တည်ထောင်ခြင်း ဖြစ်သည်။

ထို့နောက် ၁၉၉၂ ခုနှစ်၊ ဇွန်လတွင် မြန်မာပြည်၏ ထိပ်သီးကုမ္ပဏီ အုပ်စုကြီး ဖြစ်လာမည့် အေးရှားဝေါလ်ကုမ္ပဏီ (Asia World Company) ကို တည်ထောင်သည်။ မွေးချင်း ရှစ်ယောက် ရှိပြီး ၁၉၆၀ ပြည့်နှစ်တွင် မွေးခဲ့သည့် ဦးထွန်းမြင့်နိုင်သည် အေးရှားဝေါလ်ကုမ္ပဏီကို တည်ထောင်ချိန်တွင် အသက် ၃၂ နှစ် ဖြစ်ပြီး ထိုစဉ်က ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဖြစ်သည်။

အမေရိကန် အစိုးရက ဦးထွန်းမြင့်နိုင်သည် ဖခင်၏ မူးယစ်အင်ပါယာသို့ ၁၉၉၀ ပြည့်နှစ်မှ စတင် ဝင်ရောက်ခဲ့ပြီး ထိုမှ စတင်ကာ မြန်မာပြည်၌ အချမ်းသာဆုံးသူတဦး ဖြစ်လာခဲ့သည်ဟု ဆိုခဲ့သည်။

အမေရိကန် အစိုးရက ဦးထွန်းမြင့်နိုင်သည် ဖခင်၏ မူးယစ်အင်ပါယာသို့ ၁၉၉၀ ပြည့်နှစ်မှ စတင် ဝင်ရောက်ခဲ့ပြီး ထိုမှ စတင်ကာ မြန်မာပြည်၌ အချမ်းသာဆုံးသူတဦး ဖြစ်လာခဲ့သည်ဟု ဆိုခဲ့သည်။

အေးရှားဝေါလ်ကုမ္ပဏီ ထောင်ပြီး နောက်တနှစ် ၁၉၉၃ ခုနှစ်၊ ဧပြီလတွင် အေးရှားဝေါလ် မိသားစုက Kokang Import and Export Corporation ကို အမေရိကန်နိုင်ငံ၊ အရီဇိုးနားပြည်နယ် Scottsdale လိပ်စာဖြင့် မှတ်ပုံတင် တည်ထောင်ခဲ့သည်။ ထိုကုမ္ပဏီ၏ ဒါရိုက်တာမှာ ဦးလော်စစ်ဟန်၏ သမီး Daisy Lo ဖြစ်သည်။

ထပ်မံ၍ ထိုနှစ် ဇူလိုင်မှာပင် စင်ကာပူ၌ Kokang Singapore Pte. Ltd. ကို SHENTON HOUSE လိပ်စာဖြင့် မှတ်ပုံတင် တည်‌ထောင်ခဲ့သည်။ ထိုကုမ္ပဏီကို အမေရိကန်ဒေါ်လာ ၄ ဒသမ ၆ သန်းဖြင့် စတင် လည်ပတ်ခဲ့သည်ဟု THE BURMA SINGAPORE AXIS: GLOBALIZING THE HEROIN TRADE Spring, 1998 တွင် ဖော်ပြထားသည်။

၁၉၉၄ ခုနှစ်တွင်မူ အေးရှားဝေါလ် မိသားစုက Asia Light Company ကို မြန်မာပြည်၌ တည်ထောင်၍ Asia Light Supermarket ကို ဖွင့်လှစ်ခဲ့သည်။ ရန်ကုန်၊ တောင်ကြီးနှင့် နေပြည်တော်တို့တွင် Asia Light ဈေးဝယ် စင်တာများ ရှိသည်။

ငြိမ်းချမ်းရေးပွဲစား လုပ်သည့်နှစ်တွင် ကုမ္ပဏီ စထောင်ခဲ့ပြီး လေးနှစ်တာအတွင်း အမေရိကန်၊ စင်ကာပူတို့ အထိပါ ကုမ္ပဏီများ ထောင်ကာ ငွေကြေးကွန်ရက်များ ချဲ့ထွင်နိုင်ခဲ့မှုကို ကြည့်လျှင် ထိုငွေကြေး စီးဆင်းမှုများ မည်သည့် နေရာမှ လာသနည်းဆိုသည့် မေးခွန်းများရှိမည် ဖြစ်သည်။

မူးယစ်ရာဇာတို့ ထွက်ပေါက်

ထိုစဉ်က ဗမာ ဗိုလ်ချုပ်ကြီးများနှင့် မူးယစ်ရာဇာများသည် စင်ကာပူ၏ ဘဏ်လုပ်ငန်း ဥပဒေကို သဘောကျနှစ်ခြိုက်ခဲ့ကြပြီး ၎င်းတို့ ငွေကြေးခဝါချမှုများ လုပ်ဆောင်နိုင်ရန် အခွင့်အလမ်း ဖြစ်စေခဲ့သည်ဟု အမေရိကန် မဂ္ဂဇင်း ConvertAction Quarterly တွင် ဖော်ပြခဲ့သည်။

ထိုကာလ မြန်မာပြည်တွင် ဝင်သည့် စင်ကာပူ ရင်းနှီးမြှုပ်နှံမှုများကလည်း မူးယစ်ကုန်သွယ်သူများအတွက် ဘဏ်နှင့် ဘဏ္ဍာရေးစနစ်များ အသုံးပြုခွင့်ကို ရစေခဲ့သည်ဟု ရေးသားခဲ့သည်။

ဦးလော်စစ်ဟန်၏ အေးရှားဝေါလ် ကုမ္ပဏီနှင့် စင်ကာပူကြား ဆက်နွယ်မှုက မူးယစ် ကုန်သွယ်မှုများမှ ထွက်ပေါ်လာသည့် ငွေကြေးများကို တရားဝင် ရင်းနှီးမြှုပ်နှံမှုများအဖြစ်သို့ ရောက်စေခဲ့သည်ဟု အမေရိကန် ဂျာနယ်လစ်များ ဖြစ်သည့် Leslie Kean နှင့် Dennis Bernstein တို့ကရေးသားခဲ့သည်။

ဦးထွန်းမြင့်နိုင်၏ ဇနီး စင်ကာပူ နိုင်ငံသူ Cecilia Ng သည် တရားမဝင် ဘဏ်စနစ်တခုကို လုပ်ဆောင်ခဲ့ပြီး မြန်မာပြည်မှ မူးယစ်ဆေးဝါး ရောင်းဝယ်မှုနှင့် ဆက်စပ်သည့် ငွေကြေးများ စင်ကာပူသို့ ရောက်ရှိနိုင်ရေး လမ်းကြောင်းတခု ဖြစ်‌စေခဲ့သည်

ဦးထွန်းမြင့်နိုင်၏ ဇနီး စင်ကာပူ နိုင်ငံသူ Cecilia Ng သည် တရားမဝင် ဘဏ်စနစ်တခုကို လုပ်ဆောင်ခဲ့ပြီး မြန်မာပြည်မှ မူးယစ်ဆေးဝါး ရောင်းဝယ်မှုနှင့် ဆက်စပ်သည့် ငွေကြေးများ စင်ကာပူသို့ ရောက်ရှိနိုင်ရေး လမ်းကြောင်းတခု ဖြစ်‌စေခဲ့သည်ဆိုသော အမေရိကန် အစိုးရ အရာရှိတဦး၏ ပြောဆိုချက်ကို ကိုးကား ရေးသားချက်လည်း ပါဝင်ခဲ့သည်။

Cecilia Ng ကို ဦးထွန်းမြင့်နိုင်က ၁၉၉၆ ခုနှစ်တွင် လက်ထပ်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်၌ ကျင်းပသည့် မင်္ဂလာပွဲတွင် စင်ကာပူမှ ဧည့်သည်များ စင်းလုံးငှားလေယာဉ် နှစ်စီးဖြင့် လာရောက်ခဲ့ကြသည်ဟု အထက်ပါ ဆောင်းပါးတွင် ရေးသားဖော်ပြထားသည်။

ယခင် ကုန်သည်ကြီးများ ဟိုတယ် (ယခု ဆူးလေရှန်ဂရီလာဟိုတယ်)

ဦးထွန်းမြင့်နိုင်သည် ၎င်း အိမ်ထောင်ပြုခဲ့သည့် ၁၉၉၆ ခုနှစ်မှာပင် Asia World Port Management Co., Ltd. ကို တည်ထောင်ပြီး အေးရှားဝေါလ် ဆိပ်ကမ်းကို လုပ်ကိုင်ခွင့် ရရှိခဲ့သည်။

တဆက်တည်း ဆိုသလို ထိုနှစ်မှာပင် Trader Hotel (ကုန်သည်ကြီးများ ဟိုတယ်) ယခု ဆူးလေရှန် ဂရီလာ ဟိုတယ်ကိုလည်း တဆင့်ခံ ကန်ထရိုက်တာ Sub-Contractor အနေဖြင့် ပါဝင် လုပ်ကိုင်ခွင့် ရရှိခဲ့သည်။

စင်ကာပူအစိုးရ ဖြေရှင်းခဲ့ရသည့် Trader Hotel

၁၉၉၆ ခုနှစ်၊ အောက်တိုဘာလအတွင်း ဩစတြေးလျ ရုပ်သံလိုင်း SBS က “Singapore Sling” ဆိုသည့် အမည်ဖြင့် ရုပ်သံ အစီအစဉ်တခုကို ထုတ်လွှင့်ခဲ့သည်။

ထို ရုပ်သံထုတ်လွှင့်မှုတွင် စင်္ကာပူအစိုးရပိုင် Government of Singapore Investment Corporation (GIC) ၏ မြန်မာရန်ပုံငွေသည် မူးယစ်ရောင်းဝယ်မှုများနှင့် ဆက်စပ်နေသော ဦးလော်စစ်ဟန်နှင့် ဦးထွန်းမြင့်နိုင်တို့ သားအဖ ပိုင်ဆိုင်သည့် ကုမ္ပဏီများတွင် အစုရှယ်ယာများ ရှိနေသည်ဟု ဆိုခဲ့သည်။

ယင်းအကြောင်းအရာနှင့် ဆက်စပ်၍ စင်ကာပူ အစိုးရက မြန်မာနိုင်ငံရှိ မူးယစ်ဆေး အဓိက ထုတ်လုပ်သူ၊ ရောင်းဝယ်သူများကို ငွေကြေးခဝါချမှုများ လုပ်ဆောင်နိုင်ရန် တိတ်တဆိတ် ပူးပေါင်းဆောင်ရွက်နေသည် ဆိုသည့်သဘော ရုပ်သံထုတ်လွှင့်မှုတွင် ပါရှိခဲ့သည်။

ထို့အတွက် စင်ကာပူအစိုးရက မြန်မာပြည်ရှိ GIC ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ ချက်ချင်း ဆိုသကဲ့သို့ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရသည်။ အဆိုပါ ရင်းနှီးမြှုပ်နှံမှု ထည့်ဝင်ထားသည့် ကုမ္ပဏီအမည်မှာ ၁၉၉၄ ခုနှစ် ဇွန်လတွင် မှတ်ပုံတင်ထားသည့် Trader Yangon Company Limited ဖြစ်သည်။

ယင်းကုမ္ပဏီကို အဓိက ဦးဆောင် စီမံခန့်ခွဲသူမှာ မလေးရှား ဘီလျံနာ Robert Kuok ၏ ကုမ္ပဏီ Kuok Group ပိုင်ဆိုင်သော Kerry Investment Management (Jersey) Limited (KIMJ) ဖြစ်ပြီး GIC က ရှယ်ယာ ၂၁ ဒသမ ၅ ရာခိုင်နှုန်း (ထိုစဉ်က အမေရိကန်ဒေါ်လာ ၁၀ သန်း) ထည့်ဝင် ပိုင်ဆိုင်သည်ဟု စင်ကာပူအစိုးရက ဆိုခဲ့သည်။ အခြား ရှယ်ယာရှင်နှင့် အကျိုးအမြတ် ခံစားခွင့်ရှိသည့် ငွေကြေးထည့်ဝင် ထားသူများတွင် Air Liquid International, ဗြိတိသျှ ပုဂ္ဂလိကဘဏ် Coutts & Co နှင့် Swiss Bank Corporation တို့ ပါဝင်ခဲ့သည်။

စင်္ကာပူ အစိုးရက ပြန်လည် ဖြေရှင်းခဲ့သည်မှာ GIC  အရာရှိက ထိုစီမံကိန်း ရင်းနှီးမြှုပ်နှံမှု ကော်မတီတွင်သာ ပါဝင်ကြောင်းနှင့် စီမံခန့်ခွဲမှု ဆုံးဖြတ်ချက်များကို ဦးဆောင် ကုမ္ပဏီ KIMJ ကသာ ဆုံးဖြတ်ကြောင်း၊ GIC သည် အဆိုပါ စီမံကိန်း Board of Directors အဖြစ် ကိုယ်စား မပြုကြောင်း ထုတ်ပြန် ဖြေရှင်းခဲ့သည်။

၁၉၉၆ ခုနှစ်၊ နိုဝင်ဘာလတွင် ပြုလုပ်ခဲ့သည့် Trader Hotel ဖွင့်ပွဲ အခမ်းအနားတွင် ထိုစဉ်က စင်ကာပူ သံအမတ်ကြီး အပါအဝင် Kuok Singapore ၏ ဥက္ကဋ္ဌနှင့် ဦးလော်စစ်ဟန်တို့ သားအဖ တက်ရောက်ခဲ့ကြပြီး ဖွင့်ပွဲတက်ရောက်သူ ဝန်ကြီးက ဦးထွန်းမြင့်နိုင်နှင့် စင်ကာပူ အစိုးရတို့ကို ကျေးဇူးတင်ကြောင်း ဆိုခဲ့သည်။

၁၉၉၆ ခုနှစ်၊ နိုဝင်ဘာလတွင် ပြုလုပ်ခဲ့သည့် Trader Hotel ဖွင့်ပွဲ အခမ်းအနားတွင်မူ ထိုစဉ်က စင်ကာပူ သံအမတ်ကြီး အပါအဝင် Kuok Singapore ၏ ဥက္ကဋ္ဌနှင့် ဦးလော်စစ်ဟန်တို့ သားအဖ တက်ရောက်ခဲ့ကြပြီး ဖွင့်ပွဲတက်ရောက်သူ ဝန်ကြီးက ဦးထွန်းမြင့်နိုင်နှင့် စင်္ကာပူ အစိုးရတို့ကို ကျေးဇူးတင်ကြောင်း ဆိုခဲ့သည်။

ဦးလော်စစ်ဟန် အကြောင်း ပါရှိသည့် Southeast Asian Personalities of Chinese Descent: A Biographical Dictionary-1 စာအုပ်တွင် Trader Hotel ရင်းနှီးမြှုပ်နှံမှုတွင် အေးရှားဝါး(လ်) ကုမ္ပဏီက ၁၀ ရာခိုင်နှုန်း ပါဝင်သည် ဟု ရေးသား ဖော်ပြထားသည်။

အခြားသော စင်ကာပူ ရင်းနှီးမြှုပ်နှံမှုကြီး တခုအဖြစ် Sinmardev International Pte. Ltd ကလည်း ထိုနှစ် ၁၉၉၆ ခုနှစ်မှာပင် သီလဝါ၌ စက်မှုဖွံ့ဖြိုးရေး ဇုန်ထောင်ရန် လုပ်ဆောင်ခဲ့ပြီး အေးရှားဝေါလ် ကုမ္ပဏီကို ချိတ်ဆက်ခဲ့သည်ဟု အမေရိကန် ဂျာနယ်လစ် Leslie Kean နှင့် Dennis Bernstein တို့က ရေးသားခဲ့သည်။ ၁၉၉၆ ခုနှစ် ဇွန် ၂၉ ရက်နေ့ထုတ် စင်္ကာပူ သတင်းစာ The Straits Times တွင်မှု အဆိုပါ စီမံကိန်း ရင်းနှီးမြှုပ်နှံမှု သတင်း ပါရှိခဲ့သည်။

(ဆက်လက်ဖော်ပြပါမည်)

You may also like these stories:

ဘိန်းဘုရင်မှသည် စစ်တပ်ခရိုနီဆီသို့ အပိုင်း-၂

“ခရိုနီ”ဟု လက်ညိုးထိုးနေခြင်းကို မကြိုက်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

အမေရိကန်ပိတ်ဆို့မှုအပြောင်းအလဲမှ စတီဗင်လော အကျိုးအမြတ်ရဖွယ်ရှိ

ဘိန်းဘုရင်ဟောင်း သူဌေးကြီး ဦးလော်စစ်ဟန် ကွယ်လွန်

ဒဏ်ခတ်ပိတ်ဆို့မှု ဆူးကြားက ဗူးခါး ခရိုနီများ

ကိုးကန့် အင်ပါယာနှင့် ပျောက်ကွယ်နေသည့် မျိုးဆက်များ (၁)

ကိုးကန့်နှင့် နွေဦးတော်လှန်ရေး အပိုင်း ၁

Your Thoughts …
Tags: ခင်ညွန့်ခရိုနီခွန်ဆာငွေကြေးခဝါချမှုစင်ကာပူစစ်ကောင်စီစစ်အာဏာသိမ်းမှုစတီဗင်လောစီးပွားရေးထွန်းမြင့်နိုင်ဖုန်ကြားရှင်ဗကပမူးယစ်ဆေးဝါးရေနံနှင့်သဘာဝဓာတ်ငွေ့ရွှေတြိဂံဒေသလော်စစ်ဟန်လျှပ်စစ်ထုတ်လုပ်ရေးသစ်ထုတ်လုပ်ရေးသတ္တုတူးဖော်ရေးသဘာဝသယံဇာတအေးရှားဝေါလ်
အောင်သစ်

အောင်သစ်

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
မိုးရာသီက စစ်ပွဲအတွက် အရေးပါလာတော့မည်

မိုးရာသီက စစ်ပွဲအတွက် အရေးပါလာတော့မည်

လူငယ်တွေအပြင် ၆၀ကျော် စစ်ပင်စင်စားတွေပါ စစ်မှုထမ်းခိုင်းနေ (ရုပ်/သံ)

လူငယ်တွေအပြင် ၆၀ကျော် စစ်ပင်စင်စားတွေပါ စစ်မှုထမ်းခိုင်းနေ (ရုပ်/သံ)

No Result
View All Result

Recommended

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

11 hours ago
1.5k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved