• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Obituary

ဘိန်းဘုရင်ဟောင်း သူဌေးကြီး ဦးလော်စစ်ဟန် ကွယ်လွန်

by ရန်ပိုင်
8 July 2013
in Obituary
A A
ဘိန်းဘုရင်ဟောင်း သူဌေးကြီး ဦးလော်စစ်ဟန် ကွယ်လွန်

ဦးလော်စစ်ဟန်ရဲ့ ရုပ်ကလပ်ကို ဇူလိုင်လ ၁၇ ရက်နေ့ မနက် ၁၁ နာရီမှာ ယူနန် သုသာန်မှာ ကျင်းပ ဂူသွင်းသဂြိုလ်မှာ ဖြစ်ပါတယ်။

7k
VIEWS
Share on FacebookShare on Twitter

အမေရိကန်ပြည်ထောင်စုက “ဘိန်းဖြူရာဇာ”လို့ နာမည်တပ်ပြီး ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ အသက် ၈၀ အရွယ်ရှိ ကိုးကန့်တိုင်းရင်းသားခေါင်းဆောင် စီးပွားရေးသမား သူဌေးကြီး ဦးလော်စစ်ဟန်က ဇူလိုင်လ ၆ ရက်နေ့  ည ၁၀နာရီ ခွဲခန့် က ရန်ကုန်မြို့ နေအိမ်မှာ ကွယ်လွန်သွားပြီဖြစ်ပါတယ်။

ကွယ်လွန်ချိန်မှာ မြန်မာနိုင်ငံရဲ့ ထိပ်တန်းစီးပွားရေးကုမ္ပဏီ အေးရှားဝေါလ် (Asia World) ကို တာဝန်ယူလုပ်ကိုင်နေတဲ့ သားဖြစ်သူ စတီဗင်လော ခေါ် ဦးထွန်းမြင့်နိုင် အပါအဝင် သားသမီး၈ ဦး၊ မြေး ၁၆ ဦး ကျန်ရစ်ခဲ့ပါတယ်။

ကိုးကန့် စော်ဘွားရဲ့ ကာကွယ်ရေးတပ် အရာရှိဟောင်းတဦးဖြစ်တဲ့ ဦးလော်စစ်ဟန်ဟာ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)ကို ဖြိုခွဲရာမှာ အဓိက အခန်းကဏ္ဍကပါဝင်ခဲ့သူ ဖြစ်ပြီး  မြန်မာစစ်တပ်အရာရှိကြီးတွေနဲ့ နီးစပ်ခဲ့သူလည်းဖြစ်ပါတယ်။

အရှေ့မြောက် ဒေသကို ရောက်ရှိလာတဲ့ စစ်တိုင်းမှူး အဆက်ဆက်ဟာ ဦးလော်စစ်ဟန်နဲ့ ရင်းရင်းနှီးနှီး ပေါင်းသင်းခဲ့တယ် ဆိုတာ နဝတခေတ် သစ်တော ရေး ရာ ဝန်ကြီးဟောင်း၊ ဒု ဗိုလ်ချုပ်ကြီးဟောင်း ချစ်ဆွေ (နောင်စစ်သည်) ရဲ့ ဘဝအတွေ့အကြုံကို ရေးသားထားတဲ့ “သေတနေ့ မွေးတနေ့” စာအုပ်မှာတွေ့နိုင်ပါတယ်။

၁၉၆၈ ခုနှစ်တဝိုက် အရှေ့မြောက်ဒေသကို ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)ထိုး ဖောက်ဝင်ရောက် လာချိန်မှာ ဦးလော်စစ်ဟန်ဟာ  မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် အစိုးရ ကျော ထောက်နောက်ခံပေးထားတဲ့ ကွန်မြူနစ် ဆန့်ကျင်ရေး ကိုးကန့် ကာကွယ်ရေးတပ် ခေါင်းဆောင်တဦးပါ။

RelatedPosts

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

10 January 2026
173
စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

10 January 2026
55

Walk for Peace မှာ ပါတဲ့ မြန်မာဆရာတော် (ရုပ်/သံ)

10 January 2026
80

၁၉၇၁ ခုနှစ် လားရှိုး- မိုင်းရယ်- တန့်ယန်း ဒေသကို ဗကပ ထိုးစစ်ဆင်ချိန်၊ နာမည်ကြီး ကွမ်းလုံ တိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့ သလို တဖက်ကလည်း ဘိန်းကုန်ကူးမှုကို အကြီးအကျယ် လုပ်ခဲ့သူလည်းဖြစ်ပါတယ်။

၁၉၇၃ ခုနှစ်မှာတော့  မြန်မာဆို ရှယ်လစ်လမ်းစဉ် အစိုးရက ကြီးထွားလာတဲ့ ကိုးကန့်ကာကွယ်ရေးအဖွဲ့ကို ဖျက်သိမ်းလိုက်တဲ့ အတွက် တောခိုခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ ထိုင်းနိုင်ငံက ဖမ်းဆီးပြီး မြန်မာအစိုးရ လက်ထဲလွှဲအပ်ခဲ့ရာမှာ သေဒဏ်ချမှတ်ခံရပါတယ်။ ဒါပေမယ့် ၁၉၈၀ခုနှစ် အထွေထွေလွတ်ငြိမ်းသာခွင့်အရ ပြန်လည်လွတ်မြောက်လာပြီး ညီဖြစ်သူ လော်စစ်မင်းလည်း လက်နက်ချ အလင်းဝင်လာခဲ့ပါတယ်။

၁၉၈၈ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီး အပြီးမှာတော့ တိမ်မြုပ်နေတဲ့  ဦးလော်စစ်ဟန် ရဲ့ အခန်းကဏ္ဍ ပြန်လည်ပေါ် ထွက်လာ ပါတယ်။

၁၉၈၉ ခုနှစ် ဗမာပြည်ကွန်မြူနစ်ပါတီက ဦးဖုန်ကြားရှင်ဦးဆောင်တဲ့ ကိုးကန့်အုပ်စု ခွဲထွက်ဖို့ လော်စစ်ဟန်က ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ကြီး၊ ကိုးကန့် စော်ဘွားသမီး အော်လစ်ယန်း နဲ့ အတူ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ သားဖြစ်သူ ဦးအောင်နိုင်ဟာ တရုတ်နိုင်ငံကို ဖြတ်ပြီး ကိုးကန့်နယ်ထဲသို့ အကြိမ်ကြိမ် ဝင်ရောက်ကာ ဖုန်ကြားရှင် အဖွဲ့နဲ့ ဆက်သွယ် ခဲ့ပါတယ်။

စစ်အစိုးရရဲ့ ရန်သူ ဗမာပြည်ကွန်မြူနစ်ပါတီ ပြိုကွဲပြီးတဲ့ နောက် ၁၉၉၂ခုနှစ် လော်စစ်ဟန်နဲ့ သားဖြစ်သူ ဦးထွန်းမြင့်နိုင် (ခ) စတီဗင်လောတို့ဟာ Asia World  ကုမ္ပဏီကို တည်ထောင်ခွင့်ရရှိခဲ့ပါတယ်။

အရှေ့မြောက်တိုင်း တိုင်းမှူးဟောင်း ဗိုလ်ချုပ် သီဟသူရ တင်အောင်မြင့်ဦး ကုန်သွယ်ရေးမူဝါဒ ကောင်စီဥက္ကဋ္ဌ ဖြစ်လာချိန် မှာတော့ အေးရှားဝေါလ် ကုမ္ပဏီက  မူဆယ်-လားရှိုး- မန္တလေး လမ်းကို ပြုပြင်ပြီး လမ်းခွန်ကောက်ခံခွင့်၊ အပြည်ပြည်ဆိုင်ရာ သီလဝါဆိပ်ကမ်း လုပ်ငန်း လုပ်ကိုင်ခွင့်၊ ကချင်ပြည်နယ် မြစ်ဆုံရေကာတာစီမံကိန်း၊ တာဆန်းရေအားလျှပ်စစ် ထုတ်လုပ်ရေးအပါအဝင် ရေအား လျှပ်စစ်စီမံကိန်းများ၊ ရန်ကုန်ဆိပ်ကမ်းသစ် တည်ဆောက်ရေးလုပ်ငန်း၊ နေပြည်တော် လေဆိပ် တည်ဆောက်ရေး လုပ်ငန်း အပြင် Ground Handling လို့ ခေါ်တဲ့ လေဆိပ်ဝန်ဆောင်မှု လုပ်ငန်းတွေ၊ ကျောက်ဖြူ ရေနက် ဆိပ်ကမ်း တည်ဆောက်ရေး၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်း သယ်ယူရေး လုပ်ငန်း လုပ်ကိုင်ခွင့်တွေပါ ကို လုပ်ကိုင်ခွင့် ရရှိခဲ့ပါတယ်။

လက်ရှိအချိန်မှာ တော့ ဦးလော်စစ်ဟန် ထူထောင်ခဲ့တဲ့ Asia World အမည်ခံ စီးပွားရေးကုမ္ပဏီက  မြန်မာပြည်ရဲ့ အကြီးဆုံး စီးပွားရေး လုပ်ငန်း အုပ်စုကြီး တွေထဲမှာ တခုအဖြစ် ပါဝင်နေပြီဖြစ်ပါတယ်။

ဦးလော်စစ်ဟန်ရဲ့ ရုပ်ကလပ်ကို တာမွေမြို့နယ် မွန်မြတ်မေတ္တာအိမ်ရာ ပင်ရွှေညောင်လမ်း အမှတ် F 1 မှာရှိတဲ့ နေအိမ်မှာ ၁၀ ရက်တိတိ ထားရှိမှာဖြစ်ပြီး အသုဘ အခမ်းအနားကို ဇူလိုင်လ ၁၇ ရက်နေ့  မနက် ၁၁ နာရီမှာ ယူနန် သုသာန်မှာ ကျင်းပ ဂူသွင်းသဂြိုလ်မှာ ဖြစ်ပါတယ်။

Your Thoughts …
Tags: Drug
ရန်ပိုင်

ရန်ပိုင်

ဧရာဝတီ

Similar Picks:

ချောင်းဆိုးပျောက်ဆေး, မူးယစ်ဆေး , Dextro Tablet , ကျောင်းသား လူငယ် , ပုသိမ်

ချောင်းဆိုးပျောက် ဆေးကို မူးယစ်ဆေးအဖြစ် ပုသိမ်က လူငယ်တချို့ သုံးစွဲနေ

by ဆလိုင်းသန့်စင်
21 August 2014
9.2k

Dextro Tablet ခေါ် ချောင်းဆိုး ပျောက်ဆေး လုံးများကို မူးယစ်ရီဝေ စေရန်အတွက် အလုံးရေများစွာ သောက်သုံး၍ မူးယစ်ဆေး သဖွယ် အသုံးပြု နေခြင်းများ တွေ့ရှိရကြောင်း

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

by မေစစ်ပိုင်
7 March 2013
27.5k

ဖမ်းဆီးထားသူ အမျိုးသမီးနှစ်ဦး၏ အမည်၊ ၎င်းတို့ကို စွဲဆိုမည့် တရားရုံး၊ ရှေ့နေ ငှားထားခြင်း ရှိမရှိ စသည့် အသေး စိတ်အချက်အလက်များကို ယခုအထိ စုံစမ်း၍ မရသေးပေ။

ထိုင်းရဲ အရာရှိ , မူးယစ်ဆေးဝါးများ, မယ်ဆိုင်မြို့, မြန်မာ-ထိုင်း နယ်စပ်

ထိုင်း ရဲအရာရှိကြီး တဦး မြန်မာ နယ်စပ်က သယ်လာတဲ့ မူးဆစ်ဆေးများနဲ့အတူ ဖမ်းမိ

by လင်းသန့်
19 August 2014
13.4k

မူးယစ်ဆေး ဖမ်းဆီးမှု၌ နာမည် အလွန်ကြီးခဲ့ပြီး မှတ်တမ်း ကောင်းတွေ ရရှိထားတဲ့ ထိုင်း ရဲအရာရှိကြီး ချမ်နန် (Chamnarn Poompaijit) ကို ဘတ်ငွေ သန်း ၁၆ဝ ကျော် (ကျပ်ငွေ သန်း ၄၈ဝဝ...

မူးယစ်ရာဇာ နော်ခမ်းကို ကွပ်မျက်ပြီ

မူးယစ်ရာဇာ နော်ခမ်းကို ကွပ်မျက်ပြီ

by ရန်ပိုင်
1 March 2013
47.2k

၂၀၁၁ ခုနှစ် အောက်တိုဘာလ အတွင်း မဲခေါင်မြစ်တွင်း တရုတ်ကုန်တင် သင်္ဘော နှစ်စီးမှ တရုတ် သင်္ဘောသား ၁၃ ဦး သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး ထိုင်းနှင့် တရုတ် အစိုးရတို့က နော်ခမ်းနှင့် အဖွဲ့က ပြုလုပ်သည်ဟု...

လွိုင်ကော်မြို့အရှေ့ဘက် ၁၀ မိုင်ခန့် အကွာတွင်ရှိသော ကျတ်ဂူ ရှိရာ တောင်ပေါ် အတက်လမ်း

ကယားပြည်နယ်က ထူးဆန်းတဲ့ ကျတ်ဂူ

by ကျော်ခ
3 February 2014
18.3k

ကယားပြည်နယ် လွိုင်ကော်မြို့နယ်ထဲမှာ ဝိညာဉ်တွေ ခိုအောင်းတယ်ဆိုပြီး ဒေသခံတွေကြားမှာ ပြောစမှတ်ဖြစ်နေတဲ့“ကျတ်ဂူ”လို့ခေါ်တဲ့ သဘာဝ မြေအောက် လိုဏ်ဂူကြီးထဲမှာ ရုပ်အလောင်းတွေထည့်တဲ့ အခေါင်းသဏ္ဌာန် ထူးဆန်းတဲ့

လားဟူ ပြည်သူ့စစ် ခေါင်းဆောင်ကို ထိုင်း ဘတ် ၅ သန်း ဆုငွေထုတ်ရန် စီစဉ်နေ

လားဟူ ပြည်သူ့စစ် ခေါင်းဆောင်ကို ထိုင်း ဘတ် ၅ သန်း ဆုငွေထုတ်ရန် စီစဉ်နေ

by လင်းသန့်
26 July 2013
5.8k

မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုများနှင့် ပတ်သက်သည် ဟူသော စွပ်စွဲချက်ဖြင့် မြန်မာနိုင်ငံ ရှမ်းပြည်နယ် တာချီလိတ်မြို့နယ်အတွင်း အခြေစိုက် လားဟူ ပြည်သူ့စစ်ခေါင်းဆောင် ဦးယင်ဆေးအား ဖမ်းမိရေး အတွက် ထိုင်း အစိုးရက ဘတ် ငွေ ၅...

Next Post
ဂျောက်ဂျက်နဲ့ ကျော်ထွဋ်ဆွေတို့ အဖွဲ အုပ်စုလိုက် ရိုက်မှု တရားလိုဘက်က မကျေအေးပေးသေး

ဂျောက်ဂျက်နဲ့ ကျော်ထွဋ်ဆွေတို့ အဖွဲ အုပ်စုလိုက် ရိုက်မှု တရားလိုဘက်က မကျေအေးပေးသေး

မြစ်ဆုံနဲ့ လက်ပံတောင်း ပြန်စရေး သမ္မတ ဦးသိန်းစိန်ကို တရုတ် တောင်းဆိုချင်

မြစ်ဆုံနဲ့ လက်ပံတောင်း ပြန်စရေး သမ္မတ ဦးသိန်းစိန်ကို တရုတ် တောင်းဆိုချင်

Please login to join discussion
No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.7k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved