• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Crime

ဂျောက်ဂျက်နဲ့ ကျော်ထွဋ်ဆွေတို့ အဖွဲ အုပ်စုလိုက် ရိုက်မှု တရားလိုဘက်က မကျေအေးပေးသေး

by နဒီထိုက်
8 July 2013
in Crime
A A
ဂျောက်ဂျက်နဲ့ ကျော်ထွဋ်ဆွေတို့ အဖွဲ အုပ်စုလိုက် ရိုက်မှု တရားလိုဘက်က မကျေအေးပေးသေး

ဂျောက်ဂျက်၊ ကျော်ထွဋ်ဆွေနဲ့ ဟစ်ပ်ဟော့ပ်အဖွဲ့သားများ (ဓာတ်ပုံ - ဂျောက်ဂျက် facebook မှ)

17.3k
VIEWS
Share on FacebookShare on Twitter

ဟစ်ပ်ဟော့ပ် သမားတွေဖြစ်တဲ့ ဂျောက်ဂျက်နဲ့ ကျော်ထွဋ်ဆွေတို့အုပ်စုက လူငယ် တဦးတည်းကို ၇ ယောက် ဝိုင်းရိုက်ခဲ့ကြ တယ်လို့ စွဲချက်တင်ပြီး အမှု ဖြစ်ခဲ့တာ အခု ၁ နှစ်ကျော်ကြာလာတဲ့ အချိန်မှာ စွဲချက်အတင်ခံရတဲ့ ဘက်က ကျေအေးခိုင်း ပေမယ့် တရားလိုဘက်က မကြေအေးနိုင်ဘူးလို့ ပြောလာပါတယ်။

၂၀၁၂ ဇန်နဝါရီ ၁၆ မှာ ဂျောက်ဂျက်၊ ကျော်ထွဋ်ဆွေ၊ ရွှေဇံ၊ ဘုန်းမောင်၊ ဆန်နီအောင်၊ ညီညီလွင်နဲ့ လှိုင်ကြွယ်တို့ ၇ ဦး အုပ်စုက အသက် ၂၂ နှစ်အရွယ် ညိုဝင်းထွန်း ဆိုတဲ့ လူငယ်တဦးကို အုပ်စုလိုက် ဝိုင်းရိုက်ကြလို့ ညိုဝင်းထွန်း သတိလေစ် မေ့မြောပြီး ဆေးရုံမှာ ၃ ရက်လောက် ဆေးကုသမှု ခံခဲ့ရတယ်လို့ ညိုဝင်းထွန်းရဲ့ ဖခင် ဦးထွန်းဝင်းက ပြောပါတယ်။

ဦးထွန်းဝင်းက အဲဒီကိစ္စကို မကျေနပ်တာကြောင့် ရဲစခန်းတွင် ပုဒ်မ ၃၂၅/ ၂၉၄ (၁၁၄) (ကြိုတင် ပြင်ဆင်ထားသော လက်နက်ဖြင့် နာကျင်စေမှု၊ ပြင်းထန်ဒဏ်ရာရစေမှု) နဲ့ ဆွဲချက်တင်ခဲ့ပေမယ့် ပန်းပဲတန်း တရားရုံး ရောက်တဲ့အခါမှာ ပုဒ်မ ၃၂၃/၂၉၄ (မိမိအလိုအလျောက် နာကျင်စေမှု) နဲ့ အမှုဖွင့်ထားတာ သိခဲ့ရကြောင်း၊ ဒါပေမယ့်လည်း ၁ နှစ်ကျော်ကြာတဲ့ အထိ အမှုက ထူးခြားခြင်း မရှိသေးကြောင်း ဦးထွန်းဝင်းက ဆိုပါတယ်။

စွဲချက်အတင်ခံခဲ့ရသူ တွေထဲက တဦးဖြစ်တဲ့ ကျော်ထွဋ်ဆွေကတော့ သူတို့ ရန်ဖြစ်ခဲ့ကြတာ မှန်ကန်ပေမယ့်လည်း ညိုဝင်းထွန်း တဦးတည်းကို သူတို့ တဖွဲ့လုံးက ဝိုင်းရိုက်ကြတာ မဟုတ်တဲ့အကြောင်း၊ လူငယ်သဘာဝ တဖွဲ့နဲ့တဖွဲ့ ရန်ဖြစ်ကြတာ ဖြစ်တဲ့အကြောင်း ဧရာဝတီကို ပြောပြ ပါတယ်။

ကျော်ထွဋ်ဆွေက “လူငယ်တွေ ဆိုတာတော့ အရင်ကတည်းက ရန်ဖြစ်တာတွေဘာညာတော့ ရှိတာပါပဲ။ ကျနော်တို့မှ မဟုတ်ပါဘူး၊ လူငယ်တိုင်း ရန်ဖြစ်တတ်ကြတာပဲလေ။ သူ့ဘက်က မတရားခံရတယ် ဆိုတာကတော့ မဟုတ်ပါဘူး။ သူတို့သာ လက်မြန်ရင် ကျနော်တို့ ခံရမှာပေါ့။ ကျနော်တို့က အန္တရာယ် ကာကွယ်နိုင်ခဲ့တာပေါ့။ တယောက်တည်းကို ဝိုင်း ရိုက်တာတော့ မဟုတ်ဘူး။ ကျန်တဲ့သူတွေ ထွက်ပြေးသွားလို့ပါ။ သူတို့ဘက်မှာလည်း လူတွေပါပါတယ်” လို့ ရှင်းပြပါတယ်။

ဦးထွန်းဝင်းရဲ့သား ညိုဝင်းထွန်းဟာ ဟစ်ပ်ဟော့ပ်အဆိုတော် ရဲနောင်နဲ့ သူငယ်ချင်း ဖြစ်ခဲ့ပြီး ညိုဝင်းထွန်း အလုပ်ရသွား ချိန်မှာ ရဲနောင်နဲ့ သိပ် မတွဲဖြစ်တော့ကြောင်း၊ နောက် ၆ လလောက် ကြာသွားချိန်မှာ ရဲနောင်နဲ့ ဟစ်ပ်ဟော့ပ် အဆိုတော် ရွှေဇံ (ခ) SZ တို့ နှစ်ဦး ရှိုးပွဲတခုမှာ စကားများခဲ့ကြကြောင်း၊ ရွှေဇံက ဂျောက်ဂျက်၊ ကျော်ထွဋ်ဆွေ၊ ဘုန်းမောင်မောင်၊ ဆန်နီအောင် တို့နဲ့ သူငယ်ချင်းတွေ ဖြစ်တဲ့အတွက် အခုလို ရန်ပွဲထဲမှာ အုပ်စုလိုက် ပါလာခဲ့ခြင်း ဖြစ်ကြောင်း ဦးထွန်းဝင်းဆီက သိရပါတယ်။

“အဲဒီမှာ ရှိုးပွဲပြီး နောက်ရက် လူ ၁၅ ယောက်ခေါ်၊ သူတို့အိမ်က ဟိုင်းလတ်ကား တစီးရှိတယ်၊ နံပါတ်ပြားဖြုတ်ပြီး ရဲနောင်ကို လိုက်ရှာတယ်။ ရဲနောင် အိမ်ရှေ့ပတ်နေကြ တာပေါ့။ ခြိမ်းခြောက်တာတွေပါ အော်ဟစ် ပြောတော့ ရဲနောင်အမေက ရဲကို ဖုန်းဆက် တိုင်တယ်။ အဲဒီမှာ သူတို့က ဗိုလ်ဆွန်ပက် လမ်းကို ပတ်တာမှာ ဦးသားက အဲဒီလမ်းပေါ်မှာ လက်ဘက်ရည် ထိုင်သောက်နေတာ။ သူတို့က တွေ့သွားပြီး ဦးသားဆိုတာလည်းသိ၊ သူတို့ သူငယ်ချင်းလည်းဖြစ်တဲ့ လှိုင်ကြွယ်က ခေါ်ခိုင်းလို့ ဆိုပြီး ပြောခေါ်တော့ ဦးသား လိုက်သွားတယ်။ သူတို့ကားနားလည်း ရောက်ကော ပါလာတဲ့သူတွေက ထိုးကြ ကန်ကြတယ်။ ဆေးရုံကြီးမှာ ၂ ည ၃ ရက်နေခဲ့ရတယ်။ ကွဲပြဲဖူးရောင်ပြီး သတိပါ လစ်ခဲ့တော့တာပေါ့” လို့ ဦးထွန်းဝင်းက ပြောပါတယ်။

ညိုဝင်းထွန်း ဗိုလ်ဆွန်ပက်လမ်းထဲမှာ အရိုက်ခံနေရချိန် လမ်းထဲက ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့က ရဲ စခန်းကို ခေါ်ခဲ့ကြောင်း၊ အရိုက်ခံရတဲ့ တုတ်တွေ၊ သတင်းစာ ပတ်ထားတဲ့ အုတ်ခဲကျိုးတွေကို ရဲစခန်းက သိမ်းမိကြောင်း၊ တရားရုံးရောက်တော့ သတင်းစာ ပတ်ထားတဲ့ အုတ်ခဲကျိုးကို မပြဘဲ ရိုးရိုး အုတ်ခဲကိုပဲ သက်သေအဖြစ် ပြခဲ့ကြောင်း၊ ရဲစခန်းမှာ ပုဒ်မ ၃၂၅/ ၂၉၄/ ၁၁၄ နဲ့ ဆွဲချက်တင်ခဲ့ပေမယ့် တရားရုံးတင်တော့ မိမိအလိုအလျောက် နာကျင်စေမှု ဆိုပြီးဖြစ်သွားကြောင်း၊ ပုဒ်မ ပြောင်းသွားတာ ကိုလည်း မကျေနပ်ကြောင်း ဦးထွန်းဝင်းက ဆိုပါတယ်။

“အခု ရွှေဇံ၊ ကျော်ထွဋ်ဆွေ၊ ဂျောက်ဂျက်၊ ဘုန်းမောင်၊ ဆန်နီအောင်တို့ကို ၃၂၃/ ၂၉၄ နဲ့ ဆွဲတယ်၊ ညီညီလွင်နဲ့ လှိုင်ကြွယ် တို့ကိုတော့ ၁၁၄ ပုဒ်မ ချတယ်။ ဒါကိုမကျေနပ်ဘူး။ ရုံးချိန်းကလည်း ၃၁ ချိန်းရှိပြီ။ ဒီမှာလည်း ရုံးချိန်း ၂၀ လောက်ကို အကြောင်းမဲ့ ပျက်တာတွေ ရှိတယ်၊ ခွင့်ကြိုက်သလို တင်တယ်၊ ခွင့်ပေးတယ်။ အမှုဖြစ်တာက ၂၀၁၂ ဇန်နဝါရီ ၁၆ မှာ ဖြစ်တာပါ။ ၁ နှစ်ကျော်ပါပြီ။ နောက် သက်ဆိုင်ရာကို ထပ်တက်မလို့ပါ။ အမှန်က သူတို့ကကြိုတင်ကြံရွယ်ချက်နဲ့ လုပ်တယ်၊ ရန်ညှိုးမရှိဘဲ လုပ်တယ်။ သူတို့တပ်တာ ၂၉၄ ဆိုတာ ဆဲဆိုတဲ့အမှု၊ ဒါက သွားလာရင်း အခန့်မသင့် ဖြစ်တတ်တာ။ အခုက အဲဒီလို မဟုတ်ဘူး။ တရားရုံးက ပန်ပဲတန်း တရားရုံးမှာပါ။ တရားသူကြီး နာမည်က ဦးနန္ဒမျိုးပါ။ သူတို့ဘက်က ကျေအေးဖို့ ပြောတယ်၊ မောက်မာလို့ မကျေအေးပါဘူး” လို့ ဦးထွန်းဝင်းက ဆက်ပြောပါတယ်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
400
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
141
တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
63

ကျော်ထွဋ်ဆွေကလည်း အဲဒီကိစ္စနဲ့ ပတ်သက်ပြီး တနှစ်ကျော် ကြာသွားပြီ ဖြစ်တဲ့အတွက် အမှုနဲ့ ပတ်သက်ပြီး ဘာမှ မပြောချင်တော့ဘူးလို့ ဆိုပါတယ်။

“အမှုနဲ့ ပတ်သက်ပြီး ကတော့ ဘာမှ မပြောချင်ပါဘူး။ လူငယ်အချင်းချင်း ရန်ဖြစ်တဲ့ သဘောပါ။ ပြီးတော့ အမှုက တနှစ်လောက် ရှိနေပြီ။ အခုမှ ထည့်တာ ဘာသဘောလဲတော့ မသိဘူး။ အဓိကကတော့ အခုမှ ပိုသိသွားတဲ့ သဘောပါ။  ပြဿနာက လူငယ်ဆိုတော့ ကိုယ့်ကိုကြည့်ရင်တောင် ဒီကောင် ဘာကြည့်တာလဲဆိုတဲ့ စိတ်တွေရှိပါတယ်။ လူငယ် ပြဿနာ ဖြစ်တာပါ။ ကျန်တာတော့ ဘာမှ မပြောလိုပါဘူး။ လူငယ်တိုင်း ရန်ဖြစ်ဖူးကြ ပါတယ်။ ဒီလိုပါပဲ။ နာမည်တွေသုံးပြီး သတင်းစာ တွေမှာ ရှင်းလင်းတဲ့ အတွက်ကတော့ ကောင်းပါတယ်။ မဟုတ်ရင် ကိုယ့်ဘာသာကိုယ် ပရိုမိုးရှင်း လုပ်နေရဦးမယ်” လို့ ကျော်ထွဋ်ဆွေက ဧရာဝတီကို ပြောပါတယ်။

တရားလို ညိုဝင်းထွန်းဘက်က ရှေ့နေ ဦးခင်ဇော် (ဟင်္သာတ) ဆီကို အမှုပုဒ်မတွေနဲ့ ပတ်သက်ပြီး မေးမြန်းကြည့်ရာမှာ တရားရုံးက ပုဒ်မပြောင်းတပ်တဲ့ အတွက် တရားလိုဘက်က နစ်နာတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ ဆွဲထားတဲ့ ပုဒ်မတွေက တရားရုံးမှာ ဆွဲချက်တင်တော့ ပြောင်းသွားတယ်။ တရားလိုဘက်ခြမ်း စစ်ပြီးချိန်မှာ ဆွဲချက် တင်တယ်ပေါ့။ တရားရုံးကဆွဲချက် ပုဒ်မ ပြောင်းလိုက်တာပေါ့။ တရားရုံးကို တင်တော့ ၃၂၅/ ၂၉၄ (၁၁၄) နဲ့ တင်တာမှာ ဆွဲချက် တကယ်တင်တော့ ပုဒ်မက ၃၂၃ ဖြစ်သွားတာပေါ့။ အခုတင်ထားတဲ့ ၃၂၃ က မိမိအလိုအလျောက် နာကျင်စေမှုပေါ့ဗျာ။ ပြောရရင် ထက်ထက်မိုးဦး အမှုပေါ့။ ဒဏ်ငွေ ၁၀၀၀ လောက်နဲ့ ကျေနပ်ရတဲ့ အမှုပေါ့။ အခုက ဂျောက်ဂျက်တို့က ကားနံပါတ်ပြား ဖြုတ်လာတယ်၊ တိုင်ချက်မှာလည်း ပေါ်တယ်။ စစ်ချက်မှာလည်း ပေါ်တယ်။ ၇ ယောက် ကနေ တယောက်တည်းကို ဝိုင်းရိုက်တာ။ ပထမ တရားရုံးတင်တဲ့ ဆွဲထားတဲ့ပုဒ်မ ၃၂၅ က ရန်ဖြစ်ဖို့အတွက် ကြိုတင်ပြင်ဆင် လာတဲ့ လက်နက်ပါတယ်။ ပြင်းထန် ဒဏ်ရာရစေခဲ့တဲ့ အတွက် ဒီပုဒ်မနဲ့ ဖွင့်တာပါ။ အခု တရားရုံးက သတ်မှတ်ထားတဲ့ ပုံက တရားခံလို့ သတ်မှတ်ခံထားရသူတွေ အတွက်တော့ သက်သာသွားတာပေါ့။ သူ့ပုဒ်မ အရက ငွေသားဆို ၁၀၀၀ ထပ် ပိုရိုက်လို့ မရဘူးလေ။ တဘက် ခံရတဲ့ ကလေးမှာက ကားပေါ်မှာ ရိုက်ဖို့အတွက် အုတ်ခဲတွေ၊ တုတ်တွေ တင်လာတယ်၊ တကယ်လည်း အရိုက်ခံ ခဲ့ရတယ်။ အခုကျတော့ ပုဒ်မ ၃၂၃ အပြောင်းခံခဲ့ရတာ ဆိုတော့ တရားမျှတမှု မရှိဘူးပေါ့။ နစ်နာတယ်လို့ သတ်မှတ်တာပေါ့။ ဒီအပေါ်မှာတော့ ဘာမှ ထင်မြင်ချက် မပေးလိုပါဘူး” လို့ တရားလိုရှေ့နေ ဦးခင်ဇော် (ဟင်္သာတ) က ဧရာဝတီကို ရှင်းပြပါတယ်။

Your Thoughts …
Tags: CelebrityEntertainment
နဒီထိုက်

နဒီထိုက်

ဧရာဝတီ

Similar Picks:

မိုးယံဇွန်

Facebook တွင် ပျံ့နေတဲ့ အသံဖိုင်များအတွက် သရုပ်ဆောင် မိုးယံဇွန် တရားစွဲဖို့ စီစဉ်

by ဧပရယ်ဆု
19 April 2016
47.6k

"ကျနော်တို့ ၂ ယောက်လုံး ကတော့ ချစ်ချစ်ခင်ခင်ပါပဲ။ ချစ်သူသက်တမ်း ၆ နှစ်ကျော်မှာ ပြသနာကြီးကြီးမားမား လည်း တစ်ခါမှ မဖြစ်ဖူးပါဘူး။ ဒီသတင်းတွေအတွက်လည်း ကျွန်တော်ကော၊ သူကော တော်တော်ကို အံ့သြနေတာပါ။ ဓာတ်ပုံတွေကတော့

လေးဖြူ, ဒိုင်ယာရီ, Rock, Online, Modern Rock, Music, Creed,

လေးဖြူရဲ့ ဒိုင်ယာရီ

by ကိုမျိုး (IR)
14 February 2015
7.3k

“ကောင်းကင်ထဲ ကြိုးပြတ်သွားတဲ့ … စက္ကူစွန်လေး ဖြစ်လိုက်ချင်လည်း … နှောင်ကြိုးများ ဖမ်းဆုပ်ခဲ့ … ပြာနှမ်းနေတဲ့ အဆိပ်သုတ်ထားတဲ့ ပန်းတွေ … ငါနမ်းရှိုက်တပ်မက်ဆဲ … အသိကန်းတဲ့ အတွေးစိတ်နဲ့” ဆိုတဲ့ အားကောင်းတဲ့ စကားလုံးတွေနဲ့...

ဆိုတေးအခြေအနေ မခန့်မှန်းနိုင်သေး

ဆိုတေးအခြေအနေ မခန့်မှန်းနိုင်သေး

by နဒီထိုက်
15 July 2013
15.2k

သူကတော့ အရေးပေါ် ကြပ်မတ် ကုသဆောင်ထဲမှာပဲ ရှိပါတယ်။ သတိတော့ မရသေးဘူး။ တခြား မှတ်ချက်ကတော့ ဆရာဝန် တဦးအနေနဲ့ မပေးသင့်ဘူး ထင်တယ်။ အကောင်းဆုံးတော့ ကုသနေပါတယ်

ထူးအိမ်သင်

ထူးအိမ်သင်ပွဲ မကျေနပ်သံများ အကြောင်း မြင့်မိုးအောင်နဲ့ အင်တာဗျူး

by ဧရာဝတီ
15 August 2014
18.5k

ဝေဖန် ပြောဆိုနေကြ သူတွေက သူတို့ ကိုယ်တိုင်တောင် အနုပညာကို အောင်မြင် ပေါက်မြောက် အောင် ဘယ်လောက် လုပ်ထားနိုင်ခဲ့လို့လဲ။ သီချင်းတပုဒ်ကို သူတို့ရေးပြီး ဆိုပြီးတော့ ဘယ်လို အောင်မြင်အောင် လုပ်နိုင်လဲ

၁၃ နှစ်မလေး မအေးကောင်းနှင့် မအေးကောင်း များစွာ

၁၃ နှစ်မလေး မအေးကောင်းနှင့် မအေးကောင်း များစွာ

by သုရီလင်း
28 October 2014
10.1k

ချမ်းသာတဲ့သူ ကြိုက်မှ စီးပွားရေး လုပ်ရတာ မဟုတ်ဘူး၊ ဒေါ်အောင်ဆန်းစုကြည် အခုလာရင် အခု တောင်းလို့ ရတယ်၊ ဒေါ်အောင်ဆန်းစုကြည် သမီးတို့ ခြံနဲ့ဝိုင်းနဲ့ နေချင်တယ်၊ သူများ ခြံနဲ့ဝိုင်းနဲ့လည်း မနေချင်ဘူး” လို့ ပြောဖို့ မအေးကောင်းက...

စန္ဒီ (၁၅၀၀), အဆိုတော်

အဆိုတော် စန္ဒီ (၁၅၀၀) ကွယ်လွန်

by မြတ်သူအောင်
18 October 2013
10.7k

(၁၅၀၀) လို့ အမည်ရတဲ့ တကိုယ်တော် စီးရီး ထွက်ရှိထားပြီး လတ်တလော မှာလည်း ဒုတိယ တေးစီးရီးကို ထွက်နိုင်ဖို့ ကြိုးစားနေရင်း ကွယ်လွန်ခဲ့ခြင်း ဖြစ်ကြောင်း

Next Post
မြစ်ဆုံနဲ့ လက်ပံတောင်း ပြန်စရေး သမ္မတ ဦးသိန်းစိန်ကို တရုတ် တောင်းဆိုချင်

မြစ်ဆုံနဲ့ လက်ပံတောင်း ပြန်စရေး သမ္မတ ဦးသိန်းစိန်ကို တရုတ် တောင်းဆိုချင်

ထိုင်း PTTEP မြန်မာ့ ကမ်းလွန်တွင် သဘာ၀ ဓာတ်ငွေ့ ရှာဖွေတွေ့ရှိ

Please login to join discussion
No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved