• English
Friday, May 23, 2025
No Result
View All Result
NEWSLETTER

33 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle

ဆိုတေးအခြေအနေ မခန့်မှန်းနိုင်သေး

by နဒီထိုက်
15 July 2013
in Lifestyle
A A
ဆိုတေးအခြေအနေ မခန့်မှန်းနိုင်သေး

အဆိုတော် ဆိုတေး စီးလာသည့်ကား တိမ်းမှောက်ပြီးချိန်တွင် ဤသို့တွေ့ရသည် (ဓာတ်ပုံ - ဧရာဝတီ)

15.1k
VIEWS
Share on FacebookShare on Twitter

တေးသံရှင်ဆိုတေး (ခ) အောင်သက်ပိုင်ရဲ့ ကျန်းမာရေး အခြေအနေကို သေသေချာချာ ခန့်မှန်းလို့ မရသေးကြောင်းနဲ့ သတိ ပြန်မလည် သေးဘူးလို့ သူ ဆေးကုသမှုခံယူနေတဲ့ မန္တလေးတိုင်း ပြည်သူ့ဆေးရုံက တာဝန်ရှိ ဆရာဝန်တဦးက ပြောပါတယ်။

“ဆိုတေးက မနေ့တုန်းက ညနေ ၃ နာရီကျော်မှာ ကျနော်တို့ဆီ ရောက်လာပါတယ်။ ခြေထောက်၊ ခေါင်း ဒဏ်ရာရတာတွေ ရှိတယ်။ အဓိကကတော့ ခေါင်း ခိုက်မိထားတာပေါ့။ ခေါင်းနဲ့ပတ်သတ်ပြီး ဓာတ်မှန်တွေ ရိုက်တယ်။ ဦးနှောက် အာရုံကြောနဲ့ ပတ်သက်ပြီး လက်ရှိမှာတော့ အထူး ကြပ်မတ် ကုသဆောင်မှာ ကုသတယ်။ တာဝန်ယူ ကုသပေးတာက ဦးနှောက် အာရုံကြောက ခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာ ဦးခင်မောင်ဝင်းပါ။ အခု လက်ရှိ သူကတော့ အရေးပေါ် ကြပ်မတ် ကုသဆောင်ထဲမှာပဲ ရှိပါတယ်။ သတိတော့ မရသေးဘူး။ တခြား မှတ်ချက်ကတော့ ဆရာဝန် တဦးအနေနဲ့ မပေးသင့်ဘူး ထင်တယ်။ အကောင်းဆုံးတော့ ကုသနေပါတယ်။ သေချာ ကြပ်မတ်ကုသ နေဆဲရှိပါတယ်” လို့ တာဝန်ရှိ ဆရာဝန်က ဆိုပါတယ်။

RelatedPosts

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

20 May 2025
495
မဟာ အလက်ဇန္ဒား

မဟာ အလက်ဇန္ဒား

18 May 2025
857
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
1.6k

တေးသံရှင် ဆိုတေးဟာ ဇူလိုင် ၁၄ နေ့ နေ့လယ် ၁၁ နာရီက တောင်သာမြို့မှာ သီချင်းသွားဆိုဖို့ KIA အမျိုးအစား ကိုယ်ပိုင် ကားနဲ့ သူ အပါအဝင် ၄ ဦး သွားခဲ့ရာမှာ ရန်ကုန် – မန္တလေး အဝေးပြေး ကားလမ်း မိုင်တိုင် ၂၉၁/ ၃ မှာ ကားဘီးပေါက်ပြီး  ကားမှောက်ခဲ့တဲ့အတွက် နီးစပ်ရာ မိတ္ထီလာဆေးရုံကို ပို့ဆောင်ခဲ့ရတယ်လို့ ဆိုတေးနဲ့ နီးစပ်ရာ မိတ်ဆွေတွေနဲ့ ဂီတ ညီအစ်ကို မောင်နှမတွေ ဆီက သိရပါတယ်။

ဆေးရုံကို ပို့ဆောင်စဉ်မှာပဲ ဆိုတေးရဲ့ချစ်သူ မချောချော (ခ) ဝင့်ကုဋေသူ (၂၂) နှစ်ဟာ မိတ္ထီလာ ဆေးရုံမှာ ကွယ်လွန်ခဲ့ပြီး ယာဉ်မောင်း သန်းဝင်းလှိုင်နဲ့ အတူလိုက်ပါလာသူ မစံပယ်မွန်တို့ကတော့ ပွန်းပဲ့ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

တေးသံရှင် ဆိုတေးဟာ ဦးခေါင်းဒဏ်ရာ ပြင်းထန်စွာ ရရှိပြီး မိတ္ထီလာဆေးရုံကနေ မန္တလေး ဆေးရုံကို ပြောင်းတင်လိုက်ပြီး  လက်ရှိ အခြေနေမှာတော့ အထူးကြပ်မတ်ဆောင်မှာ ကုသမှု ခံယူနေတဲ့အကြောင်း၊ ဦးနှောက် အာရုံကြော ခွဲစိတ်ဆရာဝန်ကြီး ဦးခင်မောင်ဝင်းက သူ့ကို တာဝန်ယူကုသပေးနေကြောင်း မန္တလေးတိုင်း ပြည်သူ့ဆေးရုံကြီးက တာဝန်ရှိ ဆရာဝန်တဦးထံမှ သိရပါတယ်။

အခု အချိန်အထိတော့ ဆိုတေးရဲ့ အနေအထားကို ဘာမှ ပြောလို့ မရနိုင်သေးတဲ့အကြောင်း၊ ဦးခေါင်းပိုင်း၊ ဦးနှောက်နဲ့ အာရုံကျောပိုင်းတွေကို အရေးတကြီး ကြပ်မတ်ကုသနေတဲ့ အတွက် တခြား ခြေထောက်၊ ရင်ဘတ် စတဲ့ အပိုင်းတွေကိုတော့ နောက်မှ စစ်ဆေးကုသရမယ် ဆိုတဲ့အကြောင်း တာဝန်ရှိ ဆရာဝန်က ဆက်ပြောပါတယ်။

“ခေါင်းက ကောင်းမှ လူက သက်သာမှာပေါ့။ အဓိကကတော့ ခေါင်းထိလာပြီ။ ကျန်တဲ့အပိုင်းက ပြင်းပြင်းထန်ထန်မျိုး မဟုတ်ရင် ဦးနှောက်ပိုင်းပဲ အရင် ကုကြတာပေါ့။ ဦးစားပေး ကုနေရတာပေါ့။ အခု ရောက်နေတာကလည်း သတိမရသေးဘူး။ လိုအပ်တာတွေတော့ ကုသပေးနေတယ်။ ဘယ်လောက် အသက်ရှင်ဖို့ရှိမလဲ၊ သူဘယ်လိုတွေ ခံစားရဦးမလဲ ဆိုတာကတော့ ဆရာဝန် တဦးအနေနဲ့ ဘာမှမသုံးသပ်ချင်ဘူး၊ ပြောလို့မရဘူး။ ဘာကြောင့်ဆို၊ အခြေအနေက ဘယ်သူမှ မှန်းလို့မရသေးဘူး။ အတတ်နိုင်ဆုံး ကုသနေတယ်။ တခြားမှာ ပြောသလို ဘာတွေဖြစ်လာပြီ၊ အခြေအနေ ဘာဆိုတာ ဆရာဝန်တွေက ဘာမှ ပြောလို့မရဘူး။ ပြောလည်း မပြောဘူး။ အခုလက်ရှိက သူ့ကို ခွဲစိတ်ထားတယ်။ သတိမရသေးဘူး။ဦးနှောက်မှာ ဖြစ်တာကျတော့ ပြောရခက်တယ်။ သူ့ကံပေါ်မှာလည်း မူတည်တယ်။ ဆေးရုံအနေနဲ့ အတတ်နိုင်ဆုံးတော့ ကုသနေပါတယ်။ လက်ရှိကတော့ သူက ဦးခေါင်းမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရတယ်။ ခြေထောက်ပိုင်းလည်း ထိထားတယ်” လို့ သူက ဒီနေ့ ဇူလိုင် ၁၅ ရက် နေ့လယ် ၁၁ နာရီလောက်မှာ ဧရာဝတီကို ပြောပါတယ်။

သီးကုန်းရဲစခန်းမှ ရဲထွက်ချက်အရ အဆိုတော် ဆိုတေး (ခ) အောင်သက်ပိုင်ဟာ ဦးခေါင်းနောက်စေ့ ပေါက်ပြဲ၊ ယာ နားထင်ပေါက်ပြဲ၊ ယာနားစုတ်ပြဲ၊ ဝမ်းဗိုက်ယာဘက်ဟ စုတ်ပြဲ၊ ယာပေါင်စုတ်ပြဲ၊ ဝဲခြေမ ပေါက်ပြဲ ဒဏ်ရာများ၊ ယာဉ်မောင်း ကိုသန်းဝင်းလှိုင်နဲ့ နောက်တဦးတို့ကတော့ ဝဲလက်ကောက်ဝတ်၊ ယာတံတောင်ဆစ်၊ ဝဲခြေသလုံးနှင့် ယာဖနောင့်တို့မှာ ပေါက်ပြဲဒဏ်ရာများ၊ သေဆုံးသွားတဲ့ မချောချောကတော့ ဦးခေါင်းနောက်စေ့ဖူးရောင်၊ လည်ပင်းစုတ်ပြဲ၊ မေးစေ့ယာဘက် ညိုမဲ၊ ဝဲလက်မောင်း ဖူးယောင်၊ ယာခြေကျင်းဝတ် စုတ်ပြဲ ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

တေးသံရှင်ဆိုတေးကို စိုးရိမ်ကြတဲ့ မန္တလေး ပရိသတ်တွေကလည်း ဆေးရုံဝင်ပေါက်တွေမှာ သတင်းမေးချင်လို့ စောင့်နေကြ ပါတယ်။

ဆိုတေးရဲ့ အစ်ကိုဖြစ်သူက “သေဆုံးသွားတဲ့ သူက ဆိုတေးရဲ့ မိန်းမတော့ မဟုတ်ပါဘူး။ သူ့အဖော် မိန်းကလေးပါ။ နောက် ကောင်မလေး တယောက်ကလည်း သူ့အဖော် မိန်းကလေးအတွက် အဖော်အဖြစ် လိုက်လာခဲ့တဲ့သူပါ။ ပထမ ကားကို ဆိုတေး ကိုယ်တိုင် မောင်းလာတာ၊ နောက်မှ ကားဆရာကို ပေးပြီး ဆိုတေးက မောင်းခိုင်းတာ။ သူတို့သွားမယ့် တောင်သာလမ်းခွဲ ရောက်ဖို့ ၂ မိုင်လောက်ပဲ လိုတော့တယ်။ အဲဒီအချိန်မှာ ညာဘက်က ရှေ့ဘီးထကွဲပြီး လမ်းဘေး ဆွဲချသွားတာ။ ဆိုတေးက ကားနောက်ခန်းမှာ အိပ်ပြီး လိုက်လာတာ။ သူလည်း လွင့်သွားတယ်။ မချောချော ကတော့ ဆေးရုံရောက်ပေမယ့်လည်း ခေါင်းထိပြီး အသက်ဆုံးသွားတယ်။ သူလည်း ညာဘက် မျက်နှာပြင်မှာ မှန်စတွေ စိုက်ထားတယ်။ နောက်ပြီး ဘယ်ဘက် နားထင်နားမှာ တော်တော်နက်တဲ့ အပေါက်ကြီး တပေါက် ရှိတယ်။ အဲဒါကြောင့် သူ့အသက် အန္တရာယ် စိုးရိမ်နေရတာ။ ညာဘက် ခြေထောက်ကတော့ အရေပြားတွေ လန်ထွက်ကုန်တာပါ” လို့ ပြောပါတယ်။

ဆိုတေးတို့ စီးလာတဲ့ KIA ကားကို ဝယ်ယူထားတာ ၁ လကျော်ကျော်ပဲ ရှိသေးတဲ့ အကြောင်း၊ ကား မတော်တဆ ဖြစ်ချိန်မှာ ဒရိုင်ဘာဘက်က လေအိတ်နဲ့ နောက်ခန်းဘက်က လေအိတ်တွေ မထွက်ခဲ့တာကြောင့် ကားအတွင်းက လူတွေ အခြေအနေ ဆိုးခဲ့ရတာ ဖြစ်ကြောင်း ဆိုတေး၏ အစ်ကိုက ဆိုပါတယ်။

တေးသံရှင်ဆိုတေးမှာ ညီအစ်ကို မောင်နှမ ၄ ဦး ရှိပြီး ဆိုတေးက အငယ်ဆုံးသား ဖြစ်ပါတယ်။

“ကျနော်တို့အထဲမှာ သူတယောက်ပဲ မထင်မှတ်ဘဲ ပေါက်သွားခဲ့တာ။ သူ့ကိုပဲ လက်ရှိအနေထားအရ အားကိုးနေရတယ်။ ကျနော်တို့ ညီအစ်ကိုနဲ့ မိသားစုတွေရဲ့ ရှေ့ရေးက သူ့အပေါ် မူတည်တယ်။ အဲဒါကြောင့် သူ့ကို ပြန်ကောင်းစေချင်တယ်။ အရင်လိုပဲ သီချင်းတွေ ပြန်ဆိုစေချင်တယ်” လို့ ဆိုတေးရဲ့ အစ်ကိုက ပြောပါတယ်။

ဆိုတေး အခုလို ဖြစ်ရတာနဲ့ ပတ်သက်ပြီး Heaven Born တေးဂီတက လိဒ်ဂစ်တာသမား တိုးတိုးနိုင်ထွန်းက ဂီတသမားတွေ အားလုံး ဝိုင်းပြီး ဆုတောင်းပေးနေမယ်လို့ ဆိုပါတယ်။

“Rock ပဲ ဖြစ်ဖြစ်၊ POP ပဲ ဖြစ်ဖြစ်၊ သိပ်ခက်တဲ့ တခြား ဂီတပဲ ဖြစ်ဖြစ်၊ ဆိုလွယ်တေးပဲ ဖြစ်ဖြစ်၊ အောင်မြင်တဲ့ သူတယောက် ဖြစ်ဖို့ ဆိုတာ မလွယ်ပါဘူး။ အသစ် ဆယ်ယောက် ထွက်လို့ တယောက် အဆိုတော် ဖြစ်လို့လား။ အောင်မြင်တဲ့ အနုပညာရှင် တယောက် ဆုံးရှူံးသွားရင် သူ့မိသားစု အတွက်၊ သူ့ပရိသတ် အတွက်၊ သူ့ အတွက်၊ ဂီတ လောကအတွက်၊ အားလုံး အားလုံး အတွက် ဝမ်းနည်းစရာပါ၊ ညီငယ် ဆိုတေးအတွက် ဝိုင်းပြီး ဆုတောင်းပေးကြရအောင်” လို့ သူက ပြောပါတယ်။

တေးသံရှင် သိန်းလင်းစိုး (Gate Way) ကလည်း ဆိုတေးရဲ့ အခြေအနေ ကောင်းလာပြီလို့ ကြားတဲ့အကြောင်း၊ ဆက်ပြီး ဆုတောင်းပေးကြဖို့နဲ့ ကောလာဟလတွေကို မယုံကြဖို့ သူ့ရဲ့ facebook စာမျက်နှာမှာ တင်ထားပါတယ်။

ဆိုတေးရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီး မန္တလေးမှာ စင်တင်ပွဲတွေ စီစဉ်နေကျလည်းဖြစ်၊ ဆိုတေးကို တူလိုသားလို ချစ်ခင်တဲ့သူလည်း ဖြစ်တဲ့ ဦးချမ်းသာက မန္တလေးဆေးရုံကို အမြဲသွားရောက် ကြည့်ရှုပေးနေပြီး ဆိုတေးရဲ့ ကျန်းမာရေး အခြေအနေ အရမ်း မစိုးရိမ်ရတော့ကြောင်း၊ ခွဲစိတ်မှု အောင်မြင်ကြောင်း၊ နောက် ၂ ရက်ကြာရင် သတိရလာဖွယ် ရှိကြောင်း တေးသံရှင် မိစန္ဒီကို ပြောတယ်လို့ မိစန္ဒီက ဧရာဝတီကို တဆင့် ပြန်ပြောပြပါတယ်။

“သမီးတို့ဆီကို ဦးချမ်းသာက ပြောပြတာပါ။ သမီးက ကိုဆိုတေးရဲ့ ကောင်မလေးနဲ့လည်း ခင်နေတော့ မနေ့ကဆို ကြားကြားချင်း ရင်ထဲမှာ နင့်နေတာပဲ။ တနေ့လုံး ပွဲတွေဆိုရတာလည်း အဆင်မပြေခဲ့ဘူး။ အခု ခွဲစိတ်တာ အောင်မြင်ပြီးဆိုလို့ ဝမ်းသာပါတယ်။ သတိ မြန်မြန်ပြန်ရပြီး ပရိသတ်နဲ့ပြန်တွေ့ပါဦး၊ သူချစ်တဲ့ အနုပညာတွေ လုပ်ဖို့ သမီးတို့ဆီ ပြန်လာပါဦးလို့ ပြောချင်ပါတယ်” လို့ မိစန္ဒီက ဆိုပါတယ်။

တေးသံရှင်ဆိုတေးတို့ရဲ့ ကားမတော်တဆမှုကြောင့် ယာဉ်မောင်း ကိုသန်းဝင်းလှိုင်ကို သီးကုန်း အမြန်လမ်း ရဲစခန်းက ယာဉ် (ပ) ၁၃/ ၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၄ – က/ ၃၃၈ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သတင်းရရှိပါတယ်။

အမြန်လမ်းမကြီးကို ဖွင့်လှစ်ခဲ့တဲ့ ၅ နှစ်နီးပါး ကာလ အတွင်းမှာ ယာဉ်မတော်တဆမှုက နေ့စဉ်နဲ့အမျှ ဖြစ်နေပြီး အများစု ကတော့ အရှိန်လွန် ဘရိတ်ပေါက်တာ၊ လမ်းအနေအထား မမှန်ကန်တာနဲ့ ယာဉ်မောင်း အိပ်ငိုက်တာတွေကြောင့် လက်ရှိမှာတော့ သေဆုံးသူ ၁၇၀ ကျော်ရှိနေပြီလို့ ဆောက်လုပ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ သိရပါတယ်။

မြန်မာနိုင်ငံမှာ ယာဉ်မတော်တဆ ထိခိုက်မှုကြောင့် လူ ၁ သိန်းမှာ သေဆုံးသူ ၁၅ ဦးနှုန်း ရှိနေပြီး အမြန်လမ်းမှာ သေဆုံးမှု အများဆုံး ဖြစ်နိုင်ကြောင်း၊ အိမ်နီးချင်း ထိုင်းနိုင်ငံက ယာဉ်အစီးရေ ၁၀ ဆလောက် ပိုများပေမယ့် မြန်မာနိုင်ငံနဲ့ သေဆုံးနှုန်းက အတူတူနီးပါး ဖြစ်နေကြောင်းလည်း ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းက ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်လင်းက ဧရာဝတီကို ပြောခဲ့ပါတယ်။

လက်ရှိမှာတော့ လမ်းပေါ် ရေတင်တဲ့ ကိစ္စအတွက် ရေဖောက်ထုတ်တာ လုပ်နေသလို၊ ဘီးချော်မှုတွေ မဖြစ်အောင် Guard Rail တွေ တပ်နေကြောင်း၊ လမ်းဘေးတဘက်တချက် စီမှာ ရွာတွေထဲကနေ ဖြတ်တက်နေတဲ့ကားတွေ များတဲ့နေရာတွေနဲ့ ကျွဲ၊ နွားတွေ ဖြတ်သန်းမှုရှိနေတဲ့ နေရာတွေမှာ ခြံစည်းရိုးတွေ ကာနေကြောင်း သိရပါတယ်။

ရန်ကုန် – နေပြည်တော် အမြန်လမ်းပိုင်းကို ၂၀၀၅ ခုနှစ် အောက်တိုဘာ ၁၀ ရက်မှာ စတင်ဖောက်လုပ်ပြီး ၂၀၀၉ ခုနှစ် မတ်လ ၃ ရက်မှာ အပြီးသတ်ကာ ၂၀၀၉ ခုနှစ် မတ်လ ၂၅ ရက်မှာ စတင်ဖြတ်သန်းခွင့် ပေးခဲ့ပါတယ်။ နေပြည်တော် – မန္တလေး အမြန်လမ်းပိုင်းကိုတော့ ၂၀၀၈ ခုနှစ် ဇူလိုင်လမှာ စတင်ဖောက်လုပ်ပြီး ၂၀၁၁ ဒီဇင်ဘာလမှာ အပြီးသတ်ကာ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်မှာ စတင် ဖြတ်သန်းခွင့်ပြုခဲ့ပါတယ်။

လက်ရှိမှာတော့ ရန်ကုန်- နေပြည်တော်- မန္တလေး အမြန်လမ်းမကြီးမှာ တနေ့ကို ကားအစီးရေ ၅၀၀၀ ကျော် ဖြတ်သန်း သွားလာနေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ စာရင်းများအရ သိရပါတယ်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ သတ်မှတ်အရှိန်ထက် ပိုမိုမောင်းနှင်တဲ့ မော်တော်ယာဉ်တွေ မောင်းနှင်သွားတဲ့ အချိန်၊ မောင်းနှင်သွားတဲ့ အရှိန်နှုန်း၊ GPS တည်နေရာတို့ကို အရှိန်ထိန်း တိုင်းတာမယ့် စက်ကိရိယာတွေကို ၂၀၁၂ ဇွန်လမှာ အမြန်လမ်းမကြီးနဲ့ သက်ဆိုင်တဲ့ ဆောက်လုပ်ရေး ဝန်ကြီးဌာနနဲ့ ပြည်ထဲရေး ဝန်ကြီးဌာနတို့ကို တင်ပြပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာန ဘတ်ဂျက်နဲ့ တပ်ဆင်ခဲ့ကြပြီး ဖြစ်ပါတယ်။

ဆက်လက်ပြီးတော့လည်း တိုးချဲ့ တပ်ဆင်သွားမယ် ဆိုတဲ့ အကြောင်း၊ အရက်သောက်ပြီး မောင်းနှင်မှုက ကင်းဝေးဖို့ အရက်မူးတိုင်း ကိရိယာ ၁၀ စုံ၊ ယာဉ်မောင်းတွေ အိပ်ငိုက်ခြင်းကနေ ကင်းဝေးဖို့ Rest Camp ၅ ခု၊ ကော်ဖီဆိုင်နဲ့ အများသုံး အိမ်သာတွေကိုလည်း ထပ်ဆောက်မှာ ဖြစ်တဲ့အကြောင်း ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်းက ဆိုထားပါတယ်။

အမြန်လမ်းမကြီးတွေပေါ်မှာ လုံခြုံရေးအတွက် အမြန်လမ်းရဲစခန်း ၂၁ ခုကို ဖွင့်လှစ်ထားပြီး အသစ်နှစ်ခုကိုလည်း ထပ်မံ ဖွင့်လှစ်မယ်လို့ သိရပါတယ်။

ဧရာဝတီသတင်းထောက် မန်းသားလေး ပူးပေါင်းရေးသားသည်။

Your Thoughts …
Tags: EntertainEntertainmentMusic
နဒီထိုက်

နဒီထိုက်

ဧရာဝတီ

Similar Picks:

မိုးယံဇွန်

Facebook တွင် ပျံ့နေတဲ့ အသံဖိုင်များအတွက် သရုပ်ဆောင် မိုးယံဇွန် တရားစွဲဖို့ စီစဉ်

by ဧပရယ်ဆု
19 April 2016
47.5k

"ကျနော်တို့ ၂ ယောက်လုံး ကတော့ ချစ်ချစ်ခင်ခင်ပါပဲ။ ချစ်သူသက်တမ်း ၆ နှစ်ကျော်မှာ ပြသနာကြီးကြီးမားမား လည်း တစ်ခါမှ မဖြစ်ဖူးပါဘူး။ ဒီသတင်းတွေအတွက်လည်း ကျွန်တော်ကော၊ သူကော တော်တော်ကို အံ့သြနေတာပါ။ ဓာတ်ပုံတွေကတော့

ထူးအိမ်သင်

ထူးအိမ်သင်ပွဲ မကျေနပ်သံများ အကြောင်း မြင့်မိုးအောင်နဲ့ အင်တာဗျူး

by ဧရာဝတီ
15 August 2014
18.4k

ဝေဖန် ပြောဆိုနေကြ သူတွေက သူတို့ ကိုယ်တိုင်တောင် အနုပညာကို အောင်မြင် ပေါက်မြောက် အောင် ဘယ်လောက် လုပ်ထားနိုင်ခဲ့လို့လဲ။ သီချင်းတပုဒ်ကို သူတို့ရေးပြီး ဆိုပြီးတော့ ဘယ်လို အောင်မြင်အောင် လုပ်နိုင်လဲ

၁၃ နှစ်မလေး မအေးကောင်းနှင့် မအေးကောင်း များစွာ

၁၃ နှစ်မလေး မအေးကောင်းနှင့် မအေးကောင်း များစွာ

by သုရီလင်း
28 October 2014
10k

ချမ်းသာတဲ့သူ ကြိုက်မှ စီးပွားရေး လုပ်ရတာ မဟုတ်ဘူး၊ ဒေါ်အောင်ဆန်းစုကြည် အခုလာရင် အခု တောင်းလို့ ရတယ်၊ ဒေါ်အောင်ဆန်းစုကြည် သမီးတို့ ခြံနဲ့ဝိုင်းနဲ့ နေချင်တယ်၊ သူများ ခြံနဲ့ဝိုင်းနဲ့လည်း မနေချင်ဘူး” လို့ ပြောဖို့ မအေးကောင်းက...

တုမ်ယမ်ချဉ်စပ်, ဟင်းချက်နည်း

တုမ်ယမ် ဟင်းရည် ချက်ကြည့်ရအောင်

by ဝင်းနိုင်သိန်း
12 July 2014
31.9k

တုမ်ယမ် ဟင်းရည်ဟာ ကမ္ဘာတလွှား နာမည် ကျော်ကြား လာတာနဲ့ အမျှ ဆန်းသစ် တီထွင်သူတွေ အပေါ် မူတည်ပြီး အရသာ၊ အနံ့ အမျိုးမျိုး ပြောင်းလဲ သွားပါတယ် ...။ အခြေခံဖြစ်တဲ့ တုမ်ယမ် အနှစ်၊...

လေးဖြူ, ဒိုင်ယာရီ, Rock, Online, Modern Rock, Music, Creed,

လေးဖြူရဲ့ ဒိုင်ယာရီ

by ကိုမျိုး (IR)
14 February 2015
7.2k

“ကောင်းကင်ထဲ ကြိုးပြတ်သွားတဲ့ … စက္ကူစွန်လေး ဖြစ်လိုက်ချင်လည်း … နှောင်ကြိုးများ ဖမ်းဆုပ်ခဲ့ … ပြာနှမ်းနေတဲ့ အဆိပ်သုတ်ထားတဲ့ ပန်းတွေ … ငါနမ်းရှိုက်တပ်မက်ဆဲ … အသိကန်းတဲ့ အတွေးစိတ်နဲ့” ဆိုတဲ့ အားကောင်းတဲ့ စကားလုံးတွေနဲ့...

“ကမ္ဘာမကြေဘူး” ဆိုတဲ့ တေးရေး နိုင်မြန်မာနဲ့ …

“ကမ္ဘာမကြေဘူး” ဆိုတဲ့ တေးရေး နိုင်မြန်မာနဲ့ …

by မြတ်သူအောင်
15 August 2013
14.3k

ဒီသီချင်းကို ရေးတဲ့ ခံစားချက်ကတော့ ပြည်သူလူထုရဲ့ ခံစားချက်ပါပဲ။ အဓိက ဖြစ်တဲ့ စိတ်ကတော့ ဘာမှမရှိဘဲ လက်နက်မဲ့ ကိုယ့် အခွင့်အရေး ကိုယ် တောင်းဆိုနေတဲ့ ပြည်သူ လူထုကြီး လက်ထဲကို တခုခု ထည့်ပေးချင်တာပါ

Next Post

အမြင့်ပျံ ရန်ကုန် အိမ်ခြံမြေနှင့် တိုက်ခန်း ဈေးကွက်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပတ်သက်ပြီး မီဒီယာတွေကို ထိုင်း သတိပေး

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပတ်သက်ပြီး မီဒီယာတွေကို ထိုင်း သတိပေး

Please login to join discussion
No Result
View All Result

Recommended

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

3 days ago
2.8k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

4 days ago
2.7k

Most Read

  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ကရင့်တော်လှန်ရေးမှသည် နွေဦးတိုင် ဦးဆောင်ပါဝင်ခဲ့သူ စောထူးထူးလေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate