• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ထိုင်း ရဲအရာရှိကြီး တဦး မြန်မာ နယ်စပ်က သယ်လာတဲ့ မူးဆစ်ဆေးများနဲ့အတူ ဖမ်းမိ

by လင်းသန့်
19 August 2014
in သတင်း
A A
ထိုင်းရဲ အရာရှိ , မူးယစ်ဆေးဝါးများ, မယ်ဆိုင်မြို့, မြန်မာ-ထိုင်း နယ်စပ်

ထိုင်း ရဲမှူးကြီး ချမ်နန်၏ ကိုယ်ပိုင်ကား အတွင်းတွေ့ရသည့် မူးယစ်ဆေးဝါးများ အပြည့် ထည့်ထားသော သေတ္တာတလုံး (ဓာတ်ပုံ - ဘန်ကောက်ပို့စ်)

13.4k
VIEWS
Share on FacebookShare on Twitter

ထိုင်း ရဲအရာရှိကြီး တဦးကို မြန်မာနယ်စပ်ကနေ ကိုယ်တိုင်သယ်လာတဲ့ မူးယစ်ဆေး အများအပြားနဲ့အတူ ထိုင်းနိုင်ငံ ချင်းရိုင် ဒေသ မှာ သြဂုတ်လ ၁၈ ရက်က ဖမ်းဆီးရမိကြောင်း ဘန်ကောက်ပို့စ် သတင်းတရပ်မှာ ဖော်ပြထားပါတယ်။

မူးယစ်ဆေး ဖမ်းဆီးမှု၌ နာမည်အလွန်ကြီးခဲ့ပြီး မှတ်တမ်းကောင်းတွေ ရရှိထားတဲ့ ထိုင်း ရဲအရာရှိကြီး ချမ်နန် (Chamnarn Poompaijit) ကို ဘတ်ငွေ သန်း ၁၆ဝ ကျော်(ကျပ်ငွေ သန်း ၄၈ဝဝ ဝန်းကျင်) တန်ဖိုးရှိတဲ့ မက်သာအဖက်တမင်း စိတ်ကြွဆေးပြား တွေနဲ့ အတူ ဖမ်းဆီးရမိခြင်းဖြစ်တယ်လို့ သတင်းမှာ ရေးသားထားပါတယ်။

ရဲမှူးကြီး ချမ်နန်ဟာ မြန်မာ-ထိုင်း နယ်စပ် မယ်ဆိုင်မြို့က ထွက်ခွာလာစဉ် သူစီးလာတဲ့ တိုယိုတာအမျိုးအစား ကားထဲမှာ မက်သာ အဖက်တမင်း စိတ်ကြွဆေးပြားတွေကို ခရီးဆောင် အိတ်တွေထဲ အပြည့်ထည့် တင်ဆောင်လာခဲ့ပြီး မယ်ဆိုင်အထွက် ချင်းရိုင်ဒေသ က စစ်ဆေးရေး ဂိတ်တခုမှာ ဖမ်းဆီးခံရတာပဲ ဖြစ်တယ်လို့ သိရပါတယ်။

စစ်ဆေးရေးဂိတ်က ရဲမှူးကြီး ချမ်နန်ရဲ့ ကားကို စစ်ဆေးရာမှာ ကားနောက်ခန်းထဲမှာ ပါလာတဲ့ ခရီးဆောင်အိတ်ကြီး ၂ လုံးထဲမှာ စိတ်ကြွဆေးလုံး ၈ သိန်း၊ စိတ်ကြွဆေး ခရစ္စတယ်လ်(Crystal meth) ၁ ကီလို ဂရမ်တို့ကို တွေ့ရှိခဲ့ရတယ်လို့ ဘန်ကောက်ပို့စ် သတင်း မှာ ပါရှိ ပါတယ်။

ဖမ်းဆီးမိတဲ့ မူးယစ်ဆေးဝါး ပမာဏဟာ တရားမဝင် အသုံးပြုနေကြတဲ့ သူတွေအကြား ဝယ်ယူနေရတဲ့ ဈေးနှုန်းနဲ့ တွက်ကြည့်ရင် ဘတ်သန်း ၁၆၄ သန်း တန်ဖိုးရှိတယ်လို့ ဆိုပါတယ်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
5
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
16
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
32

မယ်ဆိုင် ရဲတပ်ဖွဲ့က ထောက်လှမ်းရေး ကြိုတင် သတင်းပေးပို့ချက်အရ မူးယစ်ဆေးဝါးတွေ သယ်လာတဲ့ ရဲမှူးကြီး ချမ်နန်ရဲ့ ကားကို ၎င်းတို့ တာဝန်ကျ နယ်မြေအတွင်းမှာပဲ ဖမ်းဆီးရမိခဲ့တာလို့ ပြောဆိုပါတယ်။

ရဲမှူးကြီး ချမ်နန်က မယ်ဆိုင်စစ်ဆေးရေးဂိတ်ရှိ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေကို ပြောဆိုရာမှာ သူဟာ အစိုးရရဲ့အရေးကြီး စစ်ဆင်ရေး တခုနဲ့ တရားမဝင် ပစ္စည်းတွေ ရှာဖွေဖို့ ညွှန်ကြားခံထားရတယ်ဆိုပြီး လိမ်ညာပြောတယ်လို့လည်း မယ်ဆိုင်ရဲတပ်ဖွဲ့က ပြောပါတယ်။

သူ့ကို မြန်မာနိုင်ငံက ရှမ်းလူမျိုး မူးယစ်ဆေးဂိုဏ်း တခုက မူးယစ်ဆေးဝါးများ သယ်ယူပို့ဆောင်ပေးဖို့ ထိုင်း ဘတ်ငွေ ၆ သန်းနဲ့ ကမ်းလှမ်းခဲ့တယ်လို့ ရဲမှူးကြီး ချမ်နန်က ဖြောင့်ချက်ပေး ဝန်ခံ ပြောဆိုထားပါတယ်။ သူ့အနေနဲ့ အကြွေး ဘတ်ငွေ ၃ သန်းလောက် ရှိနေတာကြောင့် အဲဒီကမ်းလှမ်းချက်ကို လက်ခံခဲ့တယ်လို့ ပြောပါတယ်။

ရဲမှူးကြီး ချမ်နန်ဟာ ရဲတပ်ဖွဲ့ သမဝါယမအသင်းက အကြွေးနဲ့ ဝယ်ယူထားတဲ့ အိမ် ၂ လုံးအတွက် လစဉ်ကြေး သွင်းနေခဲ့ရတယ်လို့လည်း ဆိုပါတယ်။

ရဲမှူးကြီး ချမ်နန်ကို ရာထူးက ယာယီဖယ်ရှားထားပြီး မူးယစ်ဆေးဝါး တင်သွင်းရောင်းချမှု ကွန်ရက်မှာ ဘယ်သူတွေ ပါဝင် ပတ်သက် တယ်ဆိုတာ စုံစမ်းစစ်ဆေးသွားဖို့ကို ခေတ္တ ဆိုင်းငံ့ထားတယ်လို့ သူ့ကို စစ်ဆေးနေတဲ့ လက်ထောက် ရဲမှူးချုပ် Damrongsak Kittiprapas က ဘန်ကောက်ပို့စ်ကို ပြောဆိုထားပါတယ်။

ယခင်က ရဲမှုးကြီး ချမ်နန်ဟာ စစ်ဆေးရေးဂိတ်က တာဝန်ကျ ရဲတွေကို မူးယစ်ဆေး သယ်ယူမှုတွေကို ဖော်ထုတ်ဖို့ ဘယ်လို လုပ်ရ တယ်၊ မူးယစ်ဆေးတွေ သယ်လာနိုင်တဲ့ နည်းလမ်းတွေ ဘယ်လိုရှိသလဲ ဆိုတာတွေကို ပုံမှန် ပို့ချသင်ကြား ပေးလေ့ ရှိသူလို့လည်း သိရပါတယ်။

Your Thoughts …
Tags: DrugThai
လင်းသန့်

လင်းသန့်

Contributor

Similar Picks:

ထိုင်းအစိုးရရဲ့ မသန်စွမ်းသူတွေ အပါအဝင် လူ ၄၅ သန်းခန့် ဒစ်ဂျစ်တယ် ငွေကြေး ထောက်ပံ့ အစီအစဉ် စတင်

ထိုင်းအစိုးရရဲ့ မသန်စွမ်းသူတွေ အပါအဝင် လူ ၄၅ သန်းခန့် ဒစ်ဂျစ်တယ် ငွေကြေး ထောက်ပံ့ အစီအစဉ် စတင်

by ဧရာဝတီ
28 September 2024
1.1k

ထိုင်းနိုင်ငံသားတွေ လက်ထဲ ငွေသားတွေ ထည့်ပေးပြီး သုံးစွဲမှုကို အရှိန်အဟုန်နဲ့ အားကောင်းစေမယ်လို့ အဆိုပါ အစီအစဉ် စတင်ခြင်း အထိမ်းအမှတ်ပွဲမှာ လက်ရှိ ဝန်ကြီးချုပ် ဖေထုန်ထန် ရှင်နာဝပ်ထရာ ကလည်း…

ထိုင်းနဲ့ ကမ္ဘောဒီယား နယ်စပ်တိုက်ပွဲ ထိုင်းတော်ဝင်ရေတပ် ပါဝင်လာ (ရုပ်/သံ)

ထိုင်းနဲ့ ကမ္ဘောဒီယား နယ်စပ်တိုက်ပွဲ ထိုင်းတော်ဝင်ရေတပ် ပါဝင်လာ (ရုပ်/သံ)

by ဧရာဝတီ
26 July 2025
730

ထိုင်းနဲ့ ကမ္ဘောဒီးယားနှစ်နိုင်ငံ နယ်စပ်မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲဟာ တတိယမြောက်နေ့ဖြစ်တဲ့ ဒီကနေ့ ဇူလိုင် ၂၆ ရက်မှာတော့ စစ်မျက်နှာ ပိုမိုကျယ်ပြန့်လာပြီး ထိုင်းရဲ့ တော်ဝင်ရေတပ်ပါ ပါဝင်လာတယ်လို့ နှစ်ဖက် သတင်းဖော်ပြချက်တွေ အရသိရပါတယ်။

ချောင်းဆိုးပျောက်ဆေး, မူးယစ်ဆေး , Dextro Tablet , ကျောင်းသား လူငယ် , ပုသိမ်

ချောင်းဆိုးပျောက် ဆေးကို မူးယစ်ဆေးအဖြစ် ပုသိမ်က လူငယ်တချို့ သုံးစွဲနေ

by ဆလိုင်းသန့်စင်
21 August 2014
9.2k

Dextro Tablet ခေါ် ချောင်းဆိုး ပျောက်ဆေး လုံးများကို မူးယစ်ရီဝေ စေရန်အတွက် အလုံးရေများစွာ သောက်သုံး၍ မူးယစ်ဆေး သဖွယ် အသုံးပြု နေခြင်းများ တွေ့ရှိရကြောင်း

ဘိန်းဘုရင်ဟောင်း သူဌေးကြီး ဦးလော်စစ်ဟန် ကွယ်လွန်

ဘိန်းဘုရင်ဟောင်း သူဌေးကြီး ဦးလော်စစ်ဟန် ကွယ်လွန်

by ရန်ပိုင်
8 July 2013
7k

ကိုးကန့် စော်ဘွားရဲ့ ကာကွယ်ရေး တပ်အရာရှိဟောင်း တဦးဖြစ်တဲ့ ဦးလော်စစ်ဟန်ဟာ ဗမာ ပြည်ကွန်မြူနစ်ပါတီ (ဗကပ)ကို ဖြိုခွဲရာမှာ အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့သူ ဖြစ်ပြီး မြန်မာစစ်တပ် အရာရှိကြီးတွေနဲ့ နီးစပ်ခဲ့သူ လည်းဖြစ်ပါတယ်။

ထိုင်းဘုရင်ဟောင်း အုတ်ဂူ နှစ်နိုင်ငံ ယဉ်ကျေးမှု ဌာနများ ညှိနှိုင်း လေ့လာတော့မည်

ထိုင်းဘုရင်ဟောင်း အုတ်ဂူ နှစ်နိုင်ငံ ယဉ်ကျေးမှု ဌာနများ ညှိနှိုင်း လေ့လာတော့မည်

by ရန်ပိုင်
25 March 2014
4k

မန္တလေးတိုင်း အမရပူရ လင်းဇင်းကုန်း သင်္ချိုင်းမှာရှိတဲ့ ထိုင်း ဘုရင်ဟောင်း ဥတွန်ပုံ အုတ်ဂူနဲ့ ပတ်သက်ပြီး ထိုင်း အစိုးရ ယဉ်ကျေးမှု ၀န်ကြီးဌာနက မြန်မာ ယဉ်ကျေးမှု ၀န်ကြီးဌာနနဲ့ ညှိနှိုင်းပြီး တရားဝင် လေ့လာမှုတွေ ပြုလုပ်တော့မယ်လို့...

ED visa နဲ့  ကျောင်းတက်နေသူတွေကို passport သက်တမ်းတိုးမှု ရပ်ဆိုင်း (ရုပ်/သံ)

ED visa နဲ့ ကျောင်းတက်နေသူတွေကို passport သက်တမ်းတိုးမှု ရပ်ဆိုင်း (ရုပ်/သံ)

by ဘုန်းအောင်
18 September 2024
496

Non-ED Visa နဲ့ ထိုင်းဘာသာစကားသင်တန်း၊ အင်္ဂလိပ်စာနဲ့ တရုတ်စာ သင်တန်း စတဲ့ ကာလတို သင်တန်း တတ်ရောက်နေတဲ့ ကျောင်းသားတွေ များလာတာကြောင့် ဒီသင်တန်းတက်ရောက် နေသူတွေရဲ့ နိုင်ငံကူး လက်မှတ်သက်တမ်းတိုးတာကို မြန်မာသံရုံး ဘန်ကောက်မြို့ နဲ့...

Next Post
လူငယ်ရုပ်ရှင်ပွဲတော်

လူငယ် ရုပ်ရှင်ပွဲတော် ဆုကြေးငွေကိစ္စ အရှုပ်အရှင်း ဖြစ်ပွား

NCCT နှင့် လူမှုအဖွဲ့များ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆိုင်ရာ ဆွေးနွေး

NCCT နှင့် လူမှုအဖွဲ့များ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆိုင်ရာ ဆွေးနွေး

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved