• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မူးယစ်ရာဇာ နော်ခမ်းကို ကွပ်မျက်ပြီ

by ရန်ပိုင်
1 March 2013
in သတင်း
A A
မူးယစ်ရာဇာ နော်ခမ်းကို ကွပ်မျက်ပြီ

တရုတ်အစိုးရက ဆေးထိုးသုတ်သင်ရန် ခေါ်ထုတ်လာသည့် မူးယစ်ရာဇာ နော်ခမ်း (ဓာတ်ပုံ - Reuters)

47.2k
VIEWS
Share on FacebookShare on Twitter

မြန်မာမူးယစ်ရာဇာ စိုင်းနော်ခမ်းနှင့် အပေါင်းအပါ သုံးဦးကို တရုတ်သင်္ဘောသား ၁၃ဦးအား သတ်ဖြတ်မှုနှင့် ပတ်သက်၍ တရုတ်အစိုးရက ယနေ့ ကွပ်မျက်လိုက်ပြီ ဖြစ်ပြီး တရုတ် ရုပ်သံလိုင်း CCTV တွင် ထုတ်လွှင့်ပြသခဲ့သည်။

တရုတ်နိုင်ငံ၏ ပြည်သူ့တရားရုံးချုပ်က အယူခံကို ပြန်လည်စစ်ဆေးပြီးနောက် ထိုသို့ ချမှတ်လိုက်ခြင်းဖြစ်ကြောင်း၊ နော်ခမ်းနှင့်အတူ ထိုင်နိုင်ငံသား ဆန်ခမ်း၊ လာအိုနိုင်ငံသား တျာဇီခါ နှင့် နိုင်ငံမဲ့တဦးဖြစ်သည့် ယီလိုင်တို့လည်း သေဒဏ်စီရင်ခဲ့ကြောင်း သိရသည်။

တရားခံများကို ၎င်းတို့၏ ဆွေမျိုးသားချင်းများနှင့် တွေ့ဆုံနိုင်ရန် ယူနန်ပြည်နယ်တရားရုံးက ကူမင်းမြို့ရှိ ထိုင်း၊ မြန်မာ ကောင်စစ် ဝန်ရုံးများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး၊ သေဒဏ်စီရင်ပြီးနောက် ၎င်းတို့၏ ရုပ်အလောင်းများကို ပြန်လည် သယ်ယူခွင့်ကိုပါ စီစဉ်ပေးကြောင်း သိရသည်။

ရွှေတြိဂံဒေသတွင် Godfather ဟု လူသိများသူ မူးယစ်ရာဇာ နော်ခမ်းသည် ယခင် ဦးခွန်ဆာ ခေါင်းဆောင်သည့် မော်ထိုင်းတပ်မတော် (MTA) တပ်ဖွဲ့ဝင်ဟောင်းတဦးဖြစ်ပြီး၊ ၂၀၀၆ ခုနှစ်တွင် ဒေသတွင်းရှိ လားဟူ၊ ရှမ်း၊ အခါ စသည့် တိုင်းရင်းသားများကို စုစည်းကာ လက်နက်ကိုင် လှုပ်ရှားနေသည့်အဖွဲ့ ဖြစ်သည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
49
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
802
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
226

မြန်မာ၊ လာအို၊ ထိုင်း ဆက်စပ်နယ်မြေ ရွှေကြိဂံဒေသ၌  လှည့်လည်ကာ မဲခေါင်မြစ်အတွင်း သွားလာနေသည် လှေ၊ သင်္ဘောများကို ဆက်ကြေးကောက်ခံခြင်း၊ မူးယစ်ဆေးဝါး ကုန်ကူးခြင်း၊ ဒေသတွင်းရှိ အစိုးရတပ်ဖွဲ့များကို ခြောင်းမြောင်း တိုက်ခိုက်ခြင်းများကို နော်ခမ်းနှင့်အဖွဲ့က ပြုလုပ်ကြောင်း  စွပ်စွဲပြောဆိုမှုများ ရှိခဲ့သည်။

၂၀၁၁ ခုနှစ် အောက်တိုဘာလအတွင်း မဲခေါင်မြစ်တွင်း တရုတ်ကုန်တင်သင်္ဘော နှစ်စီးမှ တရုတ်သင်္ဘောသား ၁၃ ဦး သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး ထိုင်းနှင့် တရုတ်အစိုးရတို့က နော်ခမ်းနှင့် အဖွဲ့က ပြုလုပ်သည်ဟု စွပ်စွဲပြောဆိုခဲ့သည်။

ထို တရုတ်သင်္ဘောနှစ်စီးကို မူးယစ်ဆေးဝါး သယ်ဆောင်လာသည်ဟု ထင်မြင်ယူဆသည့်အတွက် ထိုင်းတပ်ဖွဲ့ဝင်များက စီးနင်းတိုက်ခိုက်ရာ လက်ပြန်ကြိုး တုတ်ထားသည့် သေဆုံးနေသော တရုတ်သင်္ဘောသားများကို တွေ့ရှိခြင်းဖြစ်ကြောင်း၊ မူးယစ်ရာဇာ နော်ခမ်း၏ လက်ချက်ဖြစ်နိုင်ကြောင်း ထိုင်းရဲဗိုလ်ချုပ် Prakarn Chonlayuth က ထိုစဉ်က ပြောဆိုခဲ့သည်။

သို့သော် ထိုင်းသတင်းစာများတွင်မူ တရုတ်သဘောၤသား ၁၃ ဦး အသတ်ခံရမှုနှင့် ပတ်သက်ပြီး ထိုင်း စစ်သား ၉ ဦးသည် ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် ချင်းစန်မြို့နယ် ရဲဌာန၌ လာရောက် အဖမ်းခံခဲ့ကြောင်း ရေးသားမှုများလည်း ရှိခဲ့သည်။

နောက်ပိုင်းတွင် တရုတ်နိုင်ငံက နော်ခမ်းနှင့် အဖွဲ့လက်ချက်ဟု ဆိုကာ  မြန်မာ၊ ထိုင်း၊ လာအို နိုင်ငံများနှင့် ပူးပေါင်း၍ ဥပဒေကြောင်းအရ အရေးယူ ဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။

ပြီးခဲ့သည့်နှစ်တွင် နော်ခမ်းနှင့်အဖွဲ့ လာအိုနိုင်ငံတွင် ဖမ်းဆီးခံရပြီး တရုတ်နိုင်ငံသို့ လွှဲပြောင်းခံရကာ ယခုကဲ့သို့ သေဒဏ်စီရင် ခံရခြင်းဖြစ်သည်။

နော်ခမ်းနှင့် အဖွဲ့သည် ရွှေကြိဂံဒေသတွင် လွတ်လပ်စွာ လှုပ်ရှားနိုင်ရန်အတွက် ရှမ်းပြည်နယ် ကျိုင်းတုံ၊ တာချီလိတ် စသည့် ဒေသ အခြေစိုက် စစ်တပ်အရာရှိကြီးများနှင့် အဆက်အဆံရှိခဲ့ကြောင်း၊ နော်ခမ်း အဖမ်းခံရပြီးနောက် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နယ် အတွင်းရှိ ၎င်းပိုင် နေအိမ်များနှင့် ပစ္စည်းဥစ္စာများကို ထိုင်းအာဏာပိုင်များက သိမ်းဆည်းခဲ့ကြောင်း  အတည်မပြုနိုင်သော ဒေသတွင်း သတင်းများအရ သိရသည်။

အခုအချိန်တွင် တရုတ်၊ မြန်မာ၊ လာအို၊ ထိုင်း လေးနိုင်ငံပူးတွဲ၍ မဲခေါင်မြစ်အတွင်း ကင်းလှည့်မှုများ ပြုလုပ်လျက်ရှိသည်။

Your Thoughts …
Tags: ChinaDrugThai
ရန်ပိုင်

ရန်ပိုင်

ဧရာဝတီ

Similar Picks:

ထိုင်းအစိုးရရဲ့ မသန်စွမ်းသူတွေ အပါအဝင် လူ ၄၅ သန်းခန့် ဒစ်ဂျစ်တယ် ငွေကြေး ထောက်ပံ့ အစီအစဉ် စတင်

ထိုင်းအစိုးရရဲ့ မသန်စွမ်းသူတွေ အပါအဝင် လူ ၄၅ သန်းခန့် ဒစ်ဂျစ်တယ် ငွေကြေး ထောက်ပံ့ အစီအစဉ် စတင်

by ဧရာဝတီ
28 September 2024
1.1k

ထိုင်းနိုင်ငံသားတွေ လက်ထဲ ငွေသားတွေ ထည့်ပေးပြီး သုံးစွဲမှုကို အရှိန်အဟုန်နဲ့ အားကောင်းစေမယ်လို့ အဆိုပါ အစီအစဉ် စတင်ခြင်း အထိမ်းအမှတ်ပွဲမှာ လက်ရှိ ဝန်ကြီးချုပ် ဖေထုန်ထန် ရှင်နာဝပ်ထရာ ကလည်း…

ထိုင်းနဲ့ ကမ္ဘောဒီယား နယ်စပ်တိုက်ပွဲ ထိုင်းတော်ဝင်ရေတပ် ပါဝင်လာ (ရုပ်/သံ)

ထိုင်းနဲ့ ကမ္ဘောဒီယား နယ်စပ်တိုက်ပွဲ ထိုင်းတော်ဝင်ရေတပ် ပါဝင်လာ (ရုပ်/သံ)

by ဧရာဝတီ
26 July 2025
730

ထိုင်းနဲ့ ကမ္ဘောဒီးယားနှစ်နိုင်ငံ နယ်စပ်မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲဟာ တတိယမြောက်နေ့ဖြစ်တဲ့ ဒီကနေ့ ဇူလိုင် ၂၆ ရက်မှာတော့ စစ်မျက်နှာ ပိုမိုကျယ်ပြန့်လာပြီး ထိုင်းရဲ့ တော်ဝင်ရေတပ်ပါ ပါဝင်လာတယ်လို့ နှစ်ဖက် သတင်းဖော်ပြချက်တွေ အရသိရပါတယ်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင် ပြောတဲ့ တရုတ်နဲ့ဆက်ဆံရေး ( ရုပ်/သံ )

ဗိုလ်ချုပ်ထွန်းမြတ်နိုင် ပြောတဲ့ တရုတ်နဲ့ဆက်ဆံရေး ( ရုပ်/သံ )

by ဧရာဝတီ
11 September 2024
670

မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ အာရက္ခတပ်တော် (AA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းဟာ အရှိန်အဟုန်မြင့်လာခဲ့ပြီး မြို့တွေကို ဆက်တိုက်သိမ်းပိုက် လာနိုင်ချိန်မှာ အိမ်နီးချင်း...

ချောင်းဆိုးပျောက်ဆေး, မူးယစ်ဆေး , Dextro Tablet , ကျောင်းသား လူငယ် , ပုသိမ်

ချောင်းဆိုးပျောက် ဆေးကို မူးယစ်ဆေးအဖြစ် ပုသိမ်က လူငယ်တချို့ သုံးစွဲနေ

by ဆလိုင်းသန့်စင်
21 August 2014
9.2k

Dextro Tablet ခေါ် ချောင်းဆိုး ပျောက်ဆေး လုံးများကို မူးယစ်ရီဝေ စေရန်အတွက် အလုံးရေများစွာ သောက်သုံး၍ မူးယစ်ဆေး သဖွယ် အသုံးပြု နေခြင်းများ တွေ့ရှိရကြောင်း

ဘိန်းဘုရင်ဟောင်း သူဌေးကြီး ဦးလော်စစ်ဟန် ကွယ်လွန်

ဘိန်းဘုရင်ဟောင်း သူဌေးကြီး ဦးလော်စစ်ဟန် ကွယ်လွန်

by ရန်ပိုင်
8 July 2013
7k

ကိုးကန့် စော်ဘွားရဲ့ ကာကွယ်ရေး တပ်အရာရှိဟောင်း တဦးဖြစ်တဲ့ ဦးလော်စစ်ဟန်ဟာ ဗမာ ပြည်ကွန်မြူနစ်ပါတီ (ဗကပ)ကို ဖြိုခွဲရာမှာ အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့သူ ဖြစ်ပြီး မြန်မာစစ်တပ် အရာရှိကြီးတွေနဲ့ နီးစပ်ခဲ့သူ လည်းဖြစ်ပါတယ်။

ထိုင်းဘုရင်ဟောင်း အုတ်ဂူ နှစ်နိုင်ငံ ယဉ်ကျေးမှု ဌာနများ ညှိနှိုင်း လေ့လာတော့မည်

ထိုင်းဘုရင်ဟောင်း အုတ်ဂူ နှစ်နိုင်ငံ ယဉ်ကျေးမှု ဌာနများ ညှိနှိုင်း လေ့လာတော့မည်

by ရန်ပိုင်
25 March 2014
4k

မန္တလေးတိုင်း အမရပူရ လင်းဇင်းကုန်း သင်္ချိုင်းမှာရှိတဲ့ ထိုင်း ဘုရင်ဟောင်း ဥတွန်ပုံ အုတ်ဂူနဲ့ ပတ်သက်ပြီး ထိုင်း အစိုးရ ယဉ်ကျေးမှု ၀န်ကြီးဌာနက မြန်မာ ယဉ်ကျေးမှု ၀န်ကြီးဌာနနဲ့ ညှိနှိုင်းပြီး တရားဝင် လေ့လာမှုတွေ ပြုလုပ်တော့မယ်လို့...

Next Post
တာဆန်း ရေးအားလျှပ်စစ် စီမံကိန်း ပွင့်လင်းမြင်သာမှု မရှိ

တာဆန်း ရေးအားလျှပ်စစ် စီမံကိန်း ပွင့်လင်းမြင်သာမှု မရှိ

စာဟောရာသီ စစ်တမ်း

စာဟောရာသီ စစ်တမ်း

Please login to join discussion
No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved