• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

“ခရိုနီ”ဟု လက်ညိုးထိုးနေခြင်းကို မကြိုက်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

by ထက်နိုင်ဇော်
28 August 2018
in သတင်း
A A
သြဂုတ်လ ၂၇ ရက်နေ့က နေပြည်တော်၊ MICC – 1 တွင် ပြုလုပ်ခဲ့သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် စီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံပွဲ / ထက်နိုင်ဇော် / ဧရာဝတီ

သြဂုတ်လ ၂၇ ရက်နေ့က နေပြည်တော်၊ MICC – 1 တွင် ပြုလုပ်ခဲ့သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် စီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံပွဲ / ထက်နိုင်ဇော် / ဧရာဝတီ

21.8k
VIEWS
Share on FacebookShare on Twitter

နိုင်ငံ ဖွံ့ဖြိုးရေး အားလုံးက ညီညီညွှတ်ညွှတ် လက်တွဲ အလုပ်လုပ်ရန် လိုအပ်သဖြင့် “ခရိုနီ၊ ခရိုနီ”ဟု လက်ညိုးထိုးနေခြင်းကို မကြိုက်ဘဲ မည်သည့်အချိန်မဆို ပြုပြင်ပြောင်းလဲရန် အခွင့်အရေး ရှိကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြော သည်။
သြဂုတ်လ ၂၇ ရက်နေ့က နေပြည်တော်၊ MICC – 1 တွင် ကျင်းပ ပြုလုပ်ခဲ့သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် စီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က“ကျမရှေ့တည့်တည့်မှာ ထိုင်နေတဲ့ တချို့ စီးပွားရေး လုပ်ငန်းရှင်တွေက ခရိုနီဆိုတဲ့ စကားကိုကြားကို မ ကြားချင်ပါဘူး။ ဒါပေမယ့် မပြောမဖြစ်လို့ ပြောလိုက်ရဦးမယ်။ ခရိုနီ၊ ခရိုနီဆိုပြီးတော့ လက်ညိုးထိုးတာတွေ ရှိပါတယ်။ ကျမ ဒီလိုဟာ မျိုးကို မကြိုက်ပါဘူး။ ဖြစ်ပြီးတာတွေက ဖြစ်ပြီးပြီပေါ့နော်။ နောက်ပြီးတော့လည်း ဘယ်တော့မဆို ပြုပြင်ပြောင်းလဲဖို့ အခွင့်အရေးတွေ ဆိုတာ ရှိပါတယ်”ဟု ပြောသည်။

နိုင်ငံဖွံဖြိုးတိုးတက်ရေး လက်တွဲ အလုပ်လုပ်ရာတွင် ခရိုနီများ၊ ခရိုဝါများဟု အရောင်မျိုးစုံ တွဲပြီး ပြောနေစရာ မလိုဘဲ ယခု အချိန်တွင် ရှေ့ဆက် အလုပ်လုပ်နိုင်ရန် တဦးနှင့်တဦး ယုံယုံကြည်ကြည်ဖြင့် သစ္စာစောင့်သိရန် လိုကြောင်း၊ ယင်းသို့ သစ္စာစောင့်သိခြင်းမှာ နိုင်ငံအပေါ်တွင် သစ္စာစောင့်သိခြင်း ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ယခင်ခေတ်အဆက်ဆက်က အာဏာရှင်သူများနှင့် ပူးပေါင်းကာ စီးပွားရေး အခွင့်အလမ်းများစွာကို မျှတစွာ ယှဉ်ပြိုင်ခြင်း မရှိဘဲ ရ ယူခဲ့ကြပြီးနောက် အလွန် ကြီးပွားချမ်းသာသွားကြသူများကို အခွင့်ထူးခံအဖြစ် “ခရိုနီ”ဟု ပြည်သူလူထုက ကင်ပွန်းတပ်ခဲ့ကြခြင်း ဖြစ် သည်ဟု ရန်ကုန်မြို့မှ တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က ပြောသည်။

“စီးပွားရေးမှာ အခွင့်ထူးခံနေတဲ့သူတွေကို ခရိုနီလို့ ပြည်သူလူထုက သတ်မှတ်လိုက်တဲ့ နာမည် ဖြစ်တယ်။ ပြည်သူထက် ဘယ်သူမှ မကြီးဘူး။ သူတို့ရင်ထဲမှာ တိုက်ကွန်းတွေ ဘာတွေလည်း မရှိဘူး။ ပြည်သူ့ရဲ့ ဆုံးဖြတ်ချက်ကို ဒေါ်အောင်ဆန်းစုကြည်သော်လည်း ကောင်း သူ့ထက်ကြီးတဲ့သူကသော်လည်းကောင်း ပယ်ဖျက်မယ်ဆိုရင် ပြည်သူ့အသံနဲ့ မကိုက်ညီဘူး”ဟု ၎င်းက ဆိုသည်။

ခရိုနီဆိုသည့် စကားလုံးကို သုံးနှုန်းခြင်းသည် နိုင်ငံတော်အပေါ်တွင် စေတနာထားသူများ၏ စိတ်ဓာတ် မဖြစ်ကြောင်း၊ လူတဦး၊ တယောက် ကြီးပွားချမ်းသာသွားခြင်းကို မခံချင်ဖြစ်ကြခြင်း ဖြစ်ကြောင်း၊ စီးပွားရေး လုပ်ငန်းရှင်များ မည်သည့် အစိုးရနှင့် မဆို ပူးပေါင်း လုပ်ဆောင်ရမည်သာ ဖြစ်ကြောင်း တော်ဝင် ဆောက်လုပ်ရေး ကုမ္ပဏီ ဥက္ကဋ္ဌ ဦးကိုကိုထွေးက ပြောသည်။

RelatedPosts

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

10 January 2026
173
စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

10 January 2026
55

Walk for Peace မှာ ပါတဲ့ မြန်မာဆရာတော် (ရုပ်/သံ)

10 January 2026
80

ဦးကိုကိုထွေးက“စဉ်းစားကြည့်ရင် နာဂစ်တုန်းက အဲဒီခရိုနီတွေချည်းပဲ ကတောင်းကျိုက်ပြီး မိုးထဲရေထဲမှာ သက်စွန့်စံဖျား သွား ပြီးတော့ ငွေတွေ အလုံး အရင်း ထုတ်ပြီး ကယ်လာခဲ့ကြတာ။ ဒီနေ့ ရေကြီးရင်လည်း ဒီလူတွေပဲ။ မီးလောင်ရင်လည်း ဒီလူတွေ ပဲ။ ကျောင်းဆောက်မယ်၊ လမ်းပြင်မယ်၊ ဆေးရုံလှူမယ်။ နောက်ဆုံး သွေးလှူတာကအစ ဒီလူတွေပဲ လုပ်နေကြတာပါ”ဟု ပြောသည်။

ခရိုနီဆိုသည့် စကားလုံးကို ရှောင်ရန် ပြောနေရခြင်းမှာ တချိန်က ဘူဇွာဆိုသည့် စကားကို သုံးပြီး ဖယ်ရှားရန် ကြိုးစားခဲ့၍ နိုင်ငံ၏ စီးပွားရေး ပျက်ခဲ့ရကြောင်း၊ ယခုလည်း ခရိုနီကို မဖယ်ထားသင့်ဘဲ လက်တွဲဆောင်ရွက်ရန် လိုကြောင်း ၎င်းက ဆက်လက် ပြော ဆိုသည်။

တချို့စီးပွားရေးသမားများသည် NLD အစိုးကို မအောင်မြင်စေချင်ကြောင်း၊ ထို့ကြောင့် ယခုလို စိတ်ထားမျိုး မထားသင့်ဘဲ အစိုး ရအောင်မြင်အောင် ဆောင်ရွက်နေခြင်း မဟုတ်ဘဲ နိုင်ငံအောင်မြင်အောင်သာ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ အစိုးရကလည်း အတိတ်ကို ကြည့်၍ မည်သူ့ကိုမျှ အညိုးအတေးဖြင့် ဆက်ဆံလိုစိတ် မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က မနေ့က တွေ့ဆုံပွဲတွင် ပြောသည်။

“ကျမတို့ အစိုးရဟာ ဘယ်စီးပွားရေးလုပ်ငန်းရှင်ကိုမှ အတိတ်က ကိစ္စတွေနဲ့တွဲကြည့်ပြီးတော့ သုံးသပ်တာ မရှိပါဘူး။ အတိတ်က အတိတ်ပဲ၊ ပစ္စုပ္ပန်က အရေးအကြီးဆုံးပဲ။ အခု ပစ္စုပ္ပန်မှာ ဘယ်လိုလုပ်နေကြတယ်၊ ဘယ်ကို ဦးတည်နေကြတယ်၊ နိုင်ငံ တိုးတက် ရေးအတွက် ဘာတွေထောက်ပံ့နေကြသလဲ၊ အဲဒါကို အဓိက ကြည့်တာဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

မနေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် တွေ့ဆုံပွဲတွင် တနိုင်ငံလုံးမှ စီးပွားလုပ်ငန်းရှင် ၂၀၀ ကျော် တက်ရောက်ခဲ့ကြပြီး အခွန် ထမ်းဆောင်မှု အများဆုံးသူများ၊ UEHRD အလှူရှင်များကို အတိုင်ပင်ခံပုဂ္ဂိုလ်က သီးသန့် တွေ့ဆုံခွင့် ပြုခဲ့သေးသည်။ ကျန်သူများမှာ စီးပွားရေးဌာနဆိုင်ရာများမှ ဝန်ကြီးများ၊ ဒုဝန်ကြီးများ၊ ဗဟိုဘဏ် ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် ရရှိသူများမှာ Asia World ကုမ္ပဏီ ဥက္ကဋ္ဌ ဦးထွန်းမြင့်နိုင်၊ ရွှေသံလွင် ကုမ္ပဏီ ဥက္ကဌ ဦးကျော်ဝင်း၊ Bone Kyaw San ကုမ္ပဏီ ဥက္ကဋ္ဌ ဦးအောင်ကျော်ဆန်း၊ သမဝါယမဘဏ် ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ KBZ အုပ်စုမှ ဒေါ်နန်းခမ်းနောင်၊ Diamond Star ကုမ္ပဏီမှ ဒေါက်တာ ကိုကိုကြီး၊ မက်စ် ကုမ္ပဏီ ဥက္ကဋ္ဌ ဦးဇော်ဇော်၊ UAB ဘဏ် ဥက္ကဋ္ဌ ဦးနေအောင်၊ MEC မှ ဦးသန်းဝင်းနှင့် City Mart မှ ဒေါ်ဝင်းဝင်းတင့်တို့ ဖြစ်သည်။

Your Thoughts …
Tags: ခရိုနီဒေါ်အောင်ဆန်းစုကြည်
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

by ဧရာဝတီ
15 May 2024
31.4k

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေပြည်တော်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆) ဝင်းအတွင်းရှိ အဆောက်အဦသို့ မကြာသေးမီရက်ပိုင်းက ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

စစ်လက်နက်ပစ္စည်းစက်ရုံများ တည်ဆောက်ခဲ့သူ ဦးကျော်ဟိန်း

စစ်လက်နက်ပစ္စည်းစက်ရုံများ တည်ဆောက်ခဲ့သူ ဦးကျော်ဟိန်း

by ဧရာဝတီ
31 August 2024
28.5k

မြန်မာစစ်တပ်အတွက် စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းများကို အဓိက ထောက်ပံ့ပေးနေသူ မန္တလေးသားတဦး ရှိသည်။

ခြောက်လုံးတန်း “ခွင့်တိုင်ရပြီ”

ခြောက်လုံးတန်း “ခွင့်တိုင်ရပြီ”

by ဧရာဝတီ
21 April 2025
28.1k

မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအဝင် အခြား ထိပ်ပိုင်း ဗိုလ်ချုပ်ကြီးများ ဖြစ်သော ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး၊ ဗိုလ်ချုပ်ကြီး တင်အေး၊ ဗိုလ်ချုပ်ကြီး ရွှေမန်း နှင့်...

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

Next Post
အမုန်းစကားနဲ့ လွတ်လပ်စွာ ပြောဆိုရေးသားထုတ်ဖော်ခြင်း ဆက်စပ်မှုရှိနေပါတယ်

အမုန်းစကားအကြောင်း ပြောရအောင်

ဖုန်းဖြင့် Airbnb အသုံးပြုစဉ် / landlordlawblog

မဲခေါင်ဒေသတွင်း နိုင်ငံများ၌ Airbnb ကို သုံး၍ ခရီးသွားသူ တိုးလာ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.7k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved