သတင်း

မဲခေါင်ဒေသတွင်း နိုင်ငံများ၌ Airbnb ကို သုံး၍ ခရီးသွားသူ တိုးလာ

Want create site? Find Free WordPress Themes and plugins.

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်း မဟာမဲခေါင်ဒေသ၌ Airbnb အွန်လိုင်းတည်းခိုနေရာ ရှာဖွေရေးစနစ် ဖြင့် နေထိုင်ခဲ့သူ ခရီးသည်ပေါင်း ၅ သန်းရှိခဲ့ပြီး အမေရိကန်ဒေါ်လာ ၁ဒသမ၆၇ ဘီလီယံ( ဘတ်ငွေ ၅၅ ဘီလီယံ) ရရှိခဲ့ကြောင်း Bangkok Post သတင်းကဆိုသည်။

အဆိုပါတည်းခိုဝန်ဆောင်မှုဖြင့် နေထိုင်ခဲ့သည့်ခရီးသည်အများစုမှာ ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်တို့မှ ဖြစ်ပြီး တနှစ်ထက်တနှစ် ၁၄၇ ရာခိုင်နှုန်းတိုးလာခဲ့သည်ဟု သိရသည်။

ခရီးသည်များအနေဖြင့် ဒေသတဝန်းရှိ တည်းခိုဝန်ဆောင်ရေး စွန့်ဦးတီထွင်သူများနှင့် ဒေသခံစီးပွား လုပ်ငန်းများ ကို အကျိုးဖြစ်ထွန်းစေခဲ့ကြောင်း အရှေ့တောင်အာရှ မူဝါဒရေးရာအကြီးအကဲ မစ်ချ်ဂို့က ပြောသည်။

အပြန်အလှန်အားဖြင့် မဟာမဲခေါင်ဒေသရှိ Airbnb စနစ်သုံးစွဲ၍ တည်းခိုနေထိုင်ခဲ့သည့် ခရီးသည် အရေ အတွက်အပြင် အခြားခရီးသည် ၇ သန်းကျော်မှာ နယ်စပ်ဖြတ်ကျော်၍ လည်ပတ်ခဲ့ကြကြောင်း တွေ့ရသည်။

မဲခေါင်ဒေသတွင်းရှိ ခရီးသည် ၆ သောင်းမှာ ၂၀၁၇ ခုနှစ်အတွင်း နှစ်နိုင်ငံသို့မဟုတ် ယင်းထက်ပို၍ ဆက်တိုက် သွားရောက်လည်ပတ်ခဲ့ကြကြောင်း မစ္စ မစ်ချ်ဂို့က ပြောသည်။

ယင်းခရီးသည် ဦးရေအနက်မှ တဝက်နီးပါးမှာ ထိုင်းနိုင်ငံအတွင်း လည်ပတ်ခဲ့သူများဖြစ်ကြသည်။

ရေပန်းအစားဆုံး ခရီးစဉ်မှာ ထိုင်း-ဗီယက်နမ်ခရီးစဉ်များဖြစ်ပြီး ယင်းတို့နောက်မှ ထိုင်း-ကမ္ဘောဒီးယား၊ ဗီယက်နမ်-ကမ္ဘောဒီးယားနှင့် ထိုင်း-တရုတ်ခရီးစဉ်များ ရှိနေသည်။

နိုင်ငံအလိုက်ကြည့်လျှင် Airbnd ၏ တရုတ်ဈေးကွက်တွင် ဒေသတွင်းမှခရီးသည်လာရောက်မှုမှာ တနှစ်ထက်ထက် ၂၀၅ ရာခိုင်နှုန်းတိုးတက်လာပြီး ဒေသပြင်ပမှ ခရီးသည်လာရောက်မှု ၁၀၃ ရာခိုင်နှုန်းတိုးတက်လာသည်။

တရုတ်ပြီးလျှင် ဒုတိယအကြီးဆုံးဈေးကွက်ဖြစ်သည့် ထိုင်းနိုင်ငံတွင် Airbnd ဖြင့် လာရောက်သူ ခရီးသည်ပေါင်း ၁ဒသမ၂ သန်းရှိခဲ့သည်။

မြန်မာနှင့်လာအိုနိုင်ငံတို့တွင် ဒေသခံပြည်သူများမှာ Airbnb ဖြင့် ခရီးသွားလာရန် လိုလားမှုတိုးပွား လာ လျက်ရှိသည်။ ဒေသတွင်း ပြင်ပမှ မြန်မာနိုင်ငံသို့ ခရီးသည်လာရောက်မှုမှာ ၁၆၉ ရာခိုင်နှုန်းတိုး တက်လာပြီး ကမ္ဘာလှည့်ခရီးသည်များအတွက် ဒေသခံအိမ်ရှင်များ ကြိုဆိုမှုမှာ တနှစ်ထက်တနှစ် ၈၅ ရာခိုင်နှုန်း တိုးလာခဲ့ သည်။ အလားတူ လာအိုနိုင်ငံတွင်လည်း ဒေသတွင်းပြင်ပမှ ခရီးသည်ရောက်ရှိမှု နှစ်ဆတိုး တက်လာခဲ့သည်။

ဒေသတွင်းရှိ Airbnb စနစ်ဖြင့်လာရောက်သူခရီသည်အားလုံး၏ ၆၈ ရာခိုင်နှုန်းမှာ အသက် ၃၀ အောက်အရွယ် ရှိသူများဖြစ်ပြီး ၃၁ ရာခိုင်နှုန်းမှာ အသက် ၃၀ မှ အသက် ၆၀ အတွင်းဖြစ်ကြောင်း စာရင်းဇယားများအရ သိရသည်။ ကျား/မအချိုးအစားခွဲလျှင် ဧည့်သည်အားလုံး၏ ၅၄ ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်ပြီး ၄၆ ရာခိုင်နှုန်းမှာ အမျိုးသားများဖြစ်ကြသည်။

Airbnd ဝန်ဆောင်ဖြင့် လာရောက်ကြသည့်ခရီးသည်များ၏ မူလနေထိုင်ရာထိပ်တန်း ၁၀ နိုင်ငံများမှာ တရုတ်၊ အမေရိကန်၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ထိုင်း၊ ဗြိတိန်၊ သြစတြေးလျ၊ ဟောင်ကောင်၊ မလေးရှားနှင့် ပြင်သစ်နိုင်ငံတို့ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading