• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

အမေရိကန်ပိတ်ဆို့မှုအပြောင်းအလဲမှ စတီဗင်လော အကျိုးအမြတ်ရဖွယ်ရှိ

by Reuters
24 May 2016
in စီးပွားရေး
A A
အမေရိကန်

မေလ ၁၈ ရက်နေ့က ရုရှားခရီးစဉ် သွားရောက်မည့် သမ္မတဦးထင်ကျော်ကို လိုက်ပါ ပို့ဆောင်သည့် စတီဗင်လော(ညာအစွန်)။

13.2k
VIEWS
Share on FacebookShare on Twitter

မြန်မာအစိုးရသမ္မတသစ် ဦးထင်ကျော် မေလ ၁၈ ရက်နေ့ ရုရှား နိုင်ငံသို့ သွားရောက်ချိန် လေဆိပ်သို့ လိုက်ပါပို့ဆောင် သူများတွင် ထိပ်တန်း စီးပွားရေး သမားတဦး ဖြစ်သော ဦးထွန်းမြင့်နိုင်(ခေါ်) စတီဗင်လောပါ လိုက်ပါ ပို့ဆောင်သည်ကို မြင်တွေ့ရသည်။

ထိုနေ့မတိုင်ခင် မေလ ၁၇ ရက်နေ့တွင် အမေရိကန်အစိုးရက  စတီဗင်လော၏ ကုမ္မဏီ ၆ခုကို စီးပွားရေးပိတ်ဆို့အရေးယူမှု စာရင်းတွင် ထည့်သွင်းခဲ့ပြီး ထိုသု့ိ ဆောင်ရွက်ခြင်းက သူ၏  စီးပွားရေးအင်ပါယာကို သိသိသာသာ ထိခိုက်သွားဖွယ်ရာ မရှိဟု ဆိုရပေမည်။

မေလ ၁၇ရက်နေ့တွင် ထပ်မံ ပြင်ဆင်မှုပြုလုပ်ခဲ့သော အမေရိကန် သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှု မူဝါဒက တိုင်းပြည်၏ ဖွံ့ဖြိုးရေးကို ထိခိုက်စေမှု မရှိဘဲ လူပုဂ္ဂိုလ် အလိုက် ဦးတည်ချက်ထား၍ တားမြစ် ခြင်း သို့ မဟုတ် ကမ္ဘာသို့ ကုန်သွယ်မှု လမ်းဖွင့်လာသော မြန်မာနိုင်ငံတွင် အခွင့်အရေးရှာဖွေနေသည့် အမေရိကန် စီးပွားရေး လုပ်ငန်း များ အဟန့် အတား မဖြစ်စေခြင်းတို့ကြားတွင် ဟန်ချက် ညီမျှစေရန် ရည်ရွယ်ချက်များ ပါဝင်သည်။ အမေရိကန် စီးပွားရေးပိတ်ဆို့မှု မူဝါဒသည် ထိုသို့ ချိန်ညှိရန် ခက်ခဲလှသည်။

စတီဗင်လော အနေဖြင့် နိုင်ငံတကာက လက်ခံထားသည့် ဒီမိုကရေစီအစိုးရသစ်နှင့် နီးကပ်မှုရှိသော စီးပွားရေး သမားတဦးအဖြစ် သူ့ကိုယ်သူ ပုံဖော်ရာတွင် ခက်ခဲစေရန် အမေရိကန်က လုပ်ဆောင်နေသည့်တိုင် လက်တွေ့တွင် စတီဗင်လောအနေဖြင့် နောက်ဆုံးပေါ် ပြုပြင်ပြောင်းလဲမှုများမှ စီးပွားရေးအရ အမြတ်ရကောင်း ရနိုင် နေခြင်းပင် ဖြစ်သည်။

“အရေးယူပိတ်ဆို့မှုတွေက တနိုင်ငံလုံးအပေါ် လွှမ်းမိုးဖို့ ရည်ရွယ်တာမဟုတ်ပေမယ့် သူတို့ရဲ့ ပစ်မှတ်တွေ ဖြစ်တဲ့  ပိတ်ဆို့မှု စာရင်းဝင် လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေ က ကုန်သွယ်ရေးနဲ့ စီးပွားရေး အပေါ် သက်ရောက်မှုရှိတဲ့ အခြေခံ အဆောက်အဦ ကဏ္ဍကို ထိန်းချုပ်ခြင်းလိုမျိုး နေရာတွေကနေ မကြာခဏ ပါဝင်လာတတ် ပါတယ်။” ဟု ရန်ကုန်မြို့မှ အတိုင်ပင်ခံလုပ်ငန်း တခုဖြစ်သည် Vriens & Partners၏ မန်နေဂျင်းဒါရိုက်တာ ဉာဏ်သာမော်လင်း ကပြောသည်။

မေလ ၁၇၇က်နေ့တွင် အမေရိကန်က မြန်မာနိုင်ငံအား ကန့်သတ်မှု အချို့ကို ဖြေလျော့ခဲ့သော်လည်း စတီဗင်လော နှင့် သူ၏ Asia World ကုမ္ပဏီတို့ နှင့် ပတ်သက်မှုရှိသော ကုမ္ပဏီ ၆ခုကို ဘဏ္ဍာရေး ဌာန၏ အရေးယူပိတ်ဆို့မှု စာရင်းတွင်  ထည့်သွင်းခဲ့သည်။

စတီဗင်လောသည် စစ်အစိုးရ ခေါင်းဆောင်များနှင့် ပတ်သက်မှု ရှိခဲ့သည်ဟုဆိုကာ  ၂၀၀၈ခုနှစ်မှ စတင်၍ အမေရိကန် အစိုးရက စီးပွားရေးအရ  အရေးယူပိတ်ဆို့ခဲ့ခြင်းဖြစ်သည်။ စတီဗင်လောအတွက် ပို၍ အရေးကြီးသည်မှာ ဒီဇင်ဘာလတွင် အမေရိကန်အစိုးရက ၆လ သက်တမ်း ယာယီ ပိတ်ဆို့မှု ဖြေလေ ျှာ့ခဲ့သော အေးရှားဝေါလ်ဆိပ်ကမ်းမှ ကုန်သွယ်ခွင့် ခွင့်ပြုမှု ထပ်မံ သက်တမ်းတိုးနိုင်ရေးပင်ဖြစ်သည်။

စတီဗင်လောသည် မြန်မာနိုင်ငံတွင် သြဇာ ရှိ၍ အဆက်အသွယ်ကောင်းသော စီးပွားရေးသမားဖြစ်၍ တရုတ် နိုင်ငံ နှင့်လည်း နီးကပ်မှုှရှိသည်။ သို့သော်လည်း ပြည်တွင်းနှင့် ပြည်ပတွင် လူကြိုက်များသူ တယောက်တော့ မဟုတ်ပါ။  အဘယ်ကြောင့်ဆိုသော် ၂၀၁၁ ခုနှစ် အထိ မြန်မာနိုင်ငံကို တင်းကျပ်စွာ အုပ်ချုပ်ခဲ့သော စစ်တပ်နှင့် သံသယဖြစ်ဖွယ်ရာ ပတ်သက်မှုှများကြောင့် ဖြစ်သည်။

RelatedPosts

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
153
အာရှ တနှစ်တာ ၂၀၂၅ အကောင်းဆုံး နှင့် အဆိုးဆုံး

အာရှ တနှစ်တာ ၂၀၂၅ အကောင်းဆုံး နှင့် အဆိုးဆုံး

30 December 2025
482
မွန် လုပ်ငန်းရှင် ၁၅ ဦးကို အခွန်ရှောင်မှုဖြင့် စစ်ကော်မရှင် ဖမ်းဆီးစစ်ဆေး

မွန် လုပ်ငန်းရှင် ၁၅ ဦးကို အခွန်ရှောင်မှုဖြင့် စစ်ကော်မရှင် ဖမ်းဆီးစစ်ဆေး

24 December 2025
2.7k

သမ္မတဦးထင်ကျော်နှင့်အတူ ဓာတ်ပုံရိုက်ခံခြင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)နှင့် ဆက်ဆံရေး တည် ဆောက်ရန် သူ၏လှုပ်ရှားမှုမှ တစိတ်တပိုင်း ဖြစ်ပါသည်။ ပြီးခဲ့သည့်နှစ်က စတီဗင်လော၏ ဆိပ်ကမ်းလုပ်ငန်းကို အမေရိကန် အရေးယူပိတ်ဆို့မှု ယာယီဖြေလျော့ ပေးခဲ့သည့် အတွက် လူ့အခွင့်အရေးအဖွဲ့အစည်းများက မကျေ မနပ်ဖြစ်ခဲ့ကြသည်။

အမေရိကန် ယာယီပိတ်ဆို့မှု ဖြေလေ ျှာ့သည့်တိုင် သင်္ဘောလိုင်းများက အေးရှားဝေါလ်ဆိပ်ကမ်းကို ပြန်လည် အသုံးပြု ရေးအတွက် အဆင်သင့်မဖြစ်ကြပေ။  အဘယ်ကြောင့်ဆိုသော် ယာယီခွင့်ပြုချက် ၆လ ကုန်ဆုံးလျှင် မည်သို့ ဖြစ်လာမည်ကို မှန်းဆမရနိုင်သောကြောင့်ဖြစ်ည်။

“ကျနော်တို့ရဲ့ ဖောက်သည် လုပ်ငန်းရှင်တွေက အရေးယူပိတ်ဆို့တာမှုတွေနဲ့ မပတ်သက်ချင်ကြတဲ့အတွက် စတီဗင်လော ဒါမှမဟုတ် အေးရှားဝေါလ်တို့လို လူတွေနဲ့ အလုပ်လုပ်လို့ မရဘူး။ ဒါပေမဲ့ အေးရှားဝေါဆိပ်ကမ်းကို အရေးယူပိတ်ဆို့မှု အကန့် အသတ်မရှိ လျော့ချခဲ့ရင်တော့ ကျနော်တို့ လုပ်ငန်းအတွက် ပိုမိုလွယ်ကူသွားမှာပါ။ ကျနော်တို့လည်း အဲဒီဆိပ်ကမ်း ကိုရွေ့ပြောင်းလုပ်ကိုင်ဖို့ စဉ်းစားလို့ရသွားပါပြီ”ဟု  MOL Myanmar သင်္ဘောကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ Tatsuya “Ricky” Ueki ကပြောသည်။

ဆိပ်ကမ်းအသုံးပြုခွင့် သက်တမ်း အမေရိကန် ထပ်မံ တိုးပေးလျှင် အေးရှားဝေါလ်  ကုမ္ပဏီအတွက် အကျိုးရှိ လိမ့်မည်ဖြစ်ကြောင်း အေးရှားဝေါလ် ကုမ္ပဏီက မေလ ၁၇ရက်နေ့ အရေးယူပိတ်ဆို့မှု ကြေညာချက် မထုတ်ပြန်မီ ပြောကြားခဲ့သည်။

“ဆိပ်ကမ်းက အလွန်အရေးပါတဲ့ သယ်ယူပို့ဆောင်ရေးအခြေခံ အဆောက်အအုံတခုအဖြစ် ဆက်လက်တည် ရှိနေပြီး ကြီးမားတဲ့ လိုအပ်ချက်နဲ့ ကိုက်ညီမှုရှိစေရန် နောက်ထပ် ဖွံ့ဖြိုးတိုးတက်မှုများနဲ့ ရင်းနှီးမြှုပ်နှံမှု တွေလိုအပ် နေ ပါတယ်။ သက်တမ်းရှည်တဲ့ လိုင်စင် သို့မဟုတ် အချိန်ကန့်သတ်မှုမရှိ ခွင့်ပြုတယ်ဆိုရင်   လုပ်ငန်းရှင် တွေအနေနဲ့ အစီ အစဉ်တွေ ဆက်လက်ဆောင်ရွက်ဖို့ သေချာစေပါလိမ့်မယ်”ဟု Asia World ကုမ္ပဏီ တာဝန်ရှိသူတဦးက အီးမေးလ်ဖြင့်ပြောသည်။

NLD နှင့် နီးစပ်သော ဆက်ဆံရေး

မေလ ၁၇ရက်နေ့ သတင်းစာရှင်းလင်းပွဲတခုအတွင်း NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို အရေးယူပိတ်ဆို့မှု များ ထပ်မံသက်တမ်းတိုးခြင်းနှင့် ပတ်သက်သည့် အမေရိကန်၏ ဆုံးဖြတ်ချက်အပေါ် မေးမြန်းသောအခါ အမေရိကန် အနေဖြင့် တချိန်တွင် ပိတ်ဆို့မှုများ ဖယ်ရှားသွားလိမ့်မည်ဟု ယုံကြည်ကြောင်း ၎င်းကပြောသည်။

“အရေးယူပိတ်ဆို့မှုတွေကို မစိုးရိမ်ပါဘူး ဘာလို့လည်းဆိုတော့ ဒီ အရေးယူပိတ်ဆို့မှုတွေက တိကျတဲ့ အကြောင်းပြချက် တခုနဲ့ ချမှတ် ခဲ့တာ ဖြစ်ပါ တယ်။ ဒီ အကြောင်း ပြချက်တွေကလည်း တချိန်မှာ ဖယ်ရှားသွားပါလိမ့်မယ်။ ကျမတို့ကိုလည်း ထိခိုက်နစ်နာစေမှာ မဟုတ်ပါဘူး”ဟု ဒေါ်အောင် ဆန်းစုကြည်ကပြောသည်။

ကွယ်လွန်သူ ဘိန်းဘုရင်ဟောင်း လော်စစ်ဟန်မှာ စတီဗင်လော၏ ဖခင်ဖြစ်သည်။

စတီဗင်လောသည် နေပြည် တော်တွင်  လေဆိပ်တခု တည်ဆောက်ခဲ့ပြီး ရန်ကုန်မြို့တွင်လည်း Asia World က တာဝန်ယူ ဆောက် လုပ် ခဲ့သည့် အမေရိကန်ဒေါ်လာ သန်း၆၆၀တန်ဖိုးရှိသော လေဆိပ်သစ် ကို မကြာသေးမီက ဖွင့်လှစ်ခဲ့သည်။

ပြီးခဲ့သည့်လက ပြုလုပ်ခဲ့သည့် Asia World ဆိပ်ကမ်းဖွင့်လှစ်ခြင်း နှစ် ၂၀ပြည့် အထိမ်းအမှတ်ပွဲတွင် တက်ရောက်လာသူ များသည် ပင်လယ်ခရုများဖြင့် ညစာစားရင်း Rudyard Kipling ကဗျာကောက်နုတ်ချက်များဖြင့် တန်ဆာဆင်ထားသည့်  ရန်ကုန်ဆိပ်ကမ်း သမိုင်းကြောင်း ဗီဒီယိုကို ကြည့်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် ထိပ်ဆုံးစားပွဲ မှ စတီဗင်လောအနီး တွင် ထိုင်နေသူမှာ NLDပါတီ နာယက ဦးတင်ဦး  ဖြစ်သည်။ ညစာစားပွဲမစမီ သီးသန့် အခန်းတခန်းတွင် သူတို့ ၂ ဦးက ဧည့်သည်များကို အတူတွေ့ဆုံခဲ့ပါသေးသည်။ NLD  ပါတီဝင်လည်းဖြစ်၊ ရန်ကုန်တိုင်းလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီဥက္ကဌဖြစ်သူ ဒေါ်စန္ဒာမင်းလည်း အဆိုပါ ညစာစားပွဲတွင် စကားပြောကြားခဲ့သည်။

သို့သော် ဒေါ်စန္ဒာမင်းက ထိုပွဲသို့ တက်ရောက်လာခြင်းမှာ လုပ်ရိုးလုပ်စဉ်သာ ဖြစ်ကြောင်း၊ သူကိုယ်တိုင်နှင့် NLD ပါတီက  စတီဗင်လောနှင့် ပတ်သက်ခြင်း မရှိကြောင်း ပြောသည်။

“ကျမတို့ကြားမှာ ဘာဆက်ဆံရေးမှ မရှိပါဘူး”ဟု ဒေါ်စန္ဒာမင်း ကဆိုသည်။

(Reuters  မှ TIMOTHY McLAUGHLIN ရေးသားသည့် Targeted Burmese Tycoon May Profit From US Sanctions Changes ကို ဆီလျှော်အောင် ဘာသာပြန်ဆိုသည်)

Your Thoughts …
Tags: Business
Reuters

Reuters

Agency

Similar Picks:

ပတ္တမြားမြေက တိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင် ဦးယောဆက်နှင့် တွေ့ဆုံခြင်း

ပတ္တမြားမြေက တိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင် ဦးယောဆက်နှင့် တွေ့ဆုံခြင်း

by ဧရာဝတီ
18 July 2015
12.6k

ကျနော်တို့ ကျောက်ဝယ် သလိုပေါ့၊ ကျောက်ကို အသေအချာ ကျွမ်းကျွမ်းကျင်ကျင် နားမလည်ရင် ရှုံးမှာပဲ၊ မပူနဲ့။ အဓိကက ဘယ်အလုပ်ပဲဖြစ်ဖြစ် ဒီလုပ်ငန်းပေါ်မှာ Expert (ကျွမ်းကျင်သူ) ဖြစ်ဖို့တော့ လိုတာပေါ့။

ငွေကြေးဖောင်းပွမှုဒဏ် ပြည်သူတွေခံနေရ (ရုပ်/သံ)

ငွေကြေးဖောင်းပွမှုဒဏ် ပြည်သူတွေခံနေရ (ရုပ်/သံ)

by ဧရာဝတီ
21 February 2025
387

မြန်မာနိုင်ငံရဲ့ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး (GDP) တိုးတက်မှုနှုန်းဟာ ဒေသတွင်းနိုင်ငံတွေနဲ့ အာဆီယံနိုင်ငံတွေထက် နည်းပါးနေတယ်လို့ စစ်ခေါင်းဆောင်က ဖေဖော်ရီ ၁၁ ရက်က တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ တွေ့ဆုံပွဲမှာ ဝန်ခံ ပြောဆိုခဲ့ပါတယ်။

ဦးတေဇ, ယူရေနီယမ် , နျူကလီးယား

ယူရေနီယမ် သတ္တု ရရှိကြောင်း ဦးတေဇ ထုတ်ဖော်ပြောဆို

by သစ်နေမိုး
20 January 2015
11.3k

နျူကလီးယား ထုတ်လုပ်မှုတွင် အသုံးဝင်သော အဖိုးတန်ရှားပါး သတ္တု ယူရေနီယံဟု ယူဆရသည့် သတ္တု အနည်းငယ်ကို ယခုလ အတွင်း ဦးတေဇက ရရှိခဲ့ပြီး အစိုးရသို့ လွှဲပြောင်း ပေးအပ် ခဲ့ကြောင်း သိရသည်။

စက်သုံးဆီဆိုင်

စက်သုံးဆီဆိုင် ဖွင့်လှစ်ရန် ဆိုင်နေရာဝန်းကျင်ရှိ ပြည်သူ ထောက်ခံချက်ရရှိရေး ခက်ခဲဟုဆို

by မေစိုးစံ
3 May 2016
5.1k

စက်သုံးဆီဆိုင်များ ဖွင့်လှစ်ရာတွင် ဆိုင်ဖွင့်လှစ်မည့်နေရာရှိ ပတ်ဝန်းကျင်ပြည်သူများ၏ ထောက်ခံချက် မရရှိခြင်းကြောင့် စက်သုံး ဆီဆိုင် ဖွင့်လှစ်နိုင်သည့် အရေအတွက်အောက် ၁၀ ပုံ ၁ ပုံသာ ဖွင့်နိုင်ကြောင်း သိရသည်

ကမ္ဘာကျော် G-Shock နာရီ တီထွင်သူ ပညာရှင် မစ္စ္စတာ ကီကူအို အီဘေးနှင့်တွေ့ဆုံခြင်း

ကမ္ဘာကျော် G-Shock နာရီ တီထွင်သူ ပညာရှင် မစ္စ္စတာ ကီကူအို အီဘေးနှင့်တွေ့ဆုံခြင်း

by ဧရာဝတီ
9 March 2015
6k

G-Shock နာရီက ကိုယ်ထည် ပိုထူနေပေမယ့် ကျနော့်အဓိက ရည်ရွယ်ချက်က ခိုင်ခံ့မာကျောပြီး အမြင့်က ပြုတ်ကျလည်း မကွဲတဲ့ နာရီကို တီထွင်ဖို့ ဖြစ်တဲ့အတွက် အခုအချိန်မှာ မရောင်းရဘူး ဆိုရင်တောင် အနာဂါတ်မှာ ရောင်းရလိမ့်မယ်

ရွှေ , မြန်မာ့ရွှေဈေးကွက် , စီးပွားရေး , အမေရိကန်ဒေါ်လာ , ငွေလဲနှုန်း

၅ နှစ်အတွင်း ရွှေဈေး အနိမ့်ဆုံး ကျဆင်းရခြင်း၏ အကြောင်းအရင်းများ

by ဧရာဝတီ
27 July 2015
33.1k

ရင်းနှီးမြှုပ်နှံ မှုများသည် အမြတ်နှင့် မူလငွေကြေး အရင်းအနှီး ပြန်လည်ရရန် နည်းပါးပြီး စီးပွားရေး အခြေအနေ မကောင်း ခဲ့သည့်အတွက် ရင်းနှီးမြှုပ်နှံသူများက သူတို့ ငွေကြေးများကို ရွှေဝယ်ယူ စုဆောင်းရာတွင် အသုံးချခဲ့ကြသည်။

Next Post
သီပေါတွင် တကျော့ပြန် တိုက်ပွဲများကြောင့် စစ်ဘေးဒုက္ခသည် ၁၀၀၀ ကျော် တိမ်းရှောင်နေရ

သီပေါတွင် တကျော့ပြန် တိုက်ပွဲများကြောင့် စစ်ဘေးဒုက္ခသည် ၁၀၀၀ ကျော် တိမ်းရှောင်နေရ

ဖားကန့်ဒေသ

ဖားကန့် မြေစာပုံပြိုကျမှုကြောင့် သေဆုံးသူများကို ဆက်လက် တူးဖော်နေဆဲ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.7k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved