• English
Sunday, May 18, 2025
No Result
View All Result
NEWSLETTER

34 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ကမ္ဘာကျော် G-Shock နာရီ တီထွင်သူ ပညာရှင် မစ္စ္စတာ ကီကူအို အီဘေးနှင့်တွေ့ဆုံခြင်း

by ဧရာဝတီ
9 March 2015
in စီးပွားရေး
A A
ကမ္ဘာကျော် G-Shock နာရီ တီထွင်သူ ပညာရှင် မစ္စ္စတာ ကီကူအို အီဘေးနှင့်တွေ့ဆုံခြင်း

မစ္စတာ ကီကူအို အီဘေး

5.9k
VIEWS
Share on FacebookShare on Twitter

G-Shock ဆိုတဲ့ နာရီ အမျိုးအစားဟာ နိုင်ငံအသီးသီးက လူငယ်တွေ ကြားထဲမှာ အချိန်ကိုသိဖို့ သက်သက်အတွက် မဟုတ် ဘဲ ဖက်ရှင်သင်္ကေတ တခုအဖြစ် အမွှမ်းတင်ခံနေရပါတယ်။ ဒါတင် မကသေးပါဘူး။ G-Shock နာရီတွေဟာ အမြင့် ၁၀ မီတာကနေ ပြုတ်ကျတဲ့ ဒဏ်ကို ခံနိုင်ရည် ရှိပြီး နာရီ ဘက်ထရီဟာလည်း ၁၀နှစ်အထိ အသုံးခံတယ်လို့ ဆိုပါတယ်။ အဲဒီလို ပြောစမှတ် ပြုရလောက်အောင် အကြမ်းလည်းခံ၊ ဖက်ရှင်လည်းကျတဲ့ G-Shock နာရီကို Casio ကုမ္ပဏီရဲ့ Research and Development Chief Engineer မစ္စတာ ကီကူအို အီဘေးက ၁၉၈၃ ခုနှစ်မှာ စတင် တီထွင် ခဲ့တာ ဖြစ်ပါတယ်။

G-Shock ရဲ့ ပထမဦးဆုံး Model အမျိုးအစား DW- 5000 ဟာ ၁၉၈၃ ခုနှစ်မှာ အသက်ဝင်လာခဲ့ပြီး၊ ပါးပါးသေးသေး နာရီတွေ ခေတ်စားနေတဲ့ ခေတ်ရေစီးကြောင်းကို ဖောက်ထွက်ပြီး တီထွင်ခဲ့တဲ့ ကိုယ်ထည်ကြီးကြီး “G-Shock” နာရီ တွေဟာ ဖက်ရှင်လိုက်စားတဲ့ လူငယ်တွေ အသည်းစွဲ ဖြစ်လာပါပြီ။

RelatedPosts

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
1.1k
ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

13 May 2025
1.7k
တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

11 May 2025
1.7k

ဆယ်စုနှစ်ပေါင်း ၃ ခုကျော် ကျော်ဖြတ်ခဲ့တဲ့ G-Shock နာရီတွေကို တီထွင်ခဲ့သူ မစ္စတာ အီဘေး ဒါမှမဟုတ် “Father of G-Shock” ဟာ ယခု မတ်လဆန်းမှာ “Shock The World Tour” ဆိုတဲ့ အစီအစဉ်နဲ့အတူ ရန်ကုန်ကို ရောက်လာ ခဲ့ပါပြီ။ G-Shock ကို ဘယ်လိုစိတ်ကူးစိတ်သန်းတွေနဲ့ ဘယ်လိုစမ်းသပ်တီထွင်ခဲ့တယ် ဆိုတဲ့ အကြောင်းတွေကို ဧရာဝတီ သတင်းထောက် တင်ထက်ပိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။

မေး။      ။ ပထမဦးဆုံး G- Shock ဟာ ၁၉၈၃ ခုနှစ်မှာ တီထွင်ခဲ့တာ ဖြစ်တဲ့အတွက် အခုဆိုရင် ဆယ်စုနှစ် ၃ ခုကျော် ရပ်တည်ခဲ့ပြီးပြီလို့ ပြောလို့ရပါတယ်။ အဲဒီတော့ ပထမဦးဆုံး G- Shock နာရီကို တီထွင်ဖို့ စိတ်ကူးရခဲ့ပုံကို ပြောပြပေး ပါ။

ဖြေ။      ။ G- Shock နာရီ စတင်ဖြစ်ပေါ်လာတာက ကျနော့်အဖေဆီကနေ လက်ဆောင်အဖြစ် ရခဲ့တဲ့ လက်ပတ်နာရီ လေးဟာ အလုပ်ထဲမှာ အောက်ကိုပြုတ်ကျ၊ ကြမ်းပြင်နဲ့ထိပြီး တစစီ ကွဲပျက်သွားတယ်။ အဲဒီအချိန်က စပြီးတော့ ကျနော်က အောက်ကိုပြုတ်ကျလည်း မကွဲ၊ မပျက်တဲ့ နာရီမျိုးကို စတင်တီထွင်ချင်တယ် ဆိုတဲ့ စိတ်ကူးစိတ်သန်း ရပြီးတော့ တီထွင်ခဲ့တာ ဖြစ်ပါတယ်။

မေး။      ။ အဲဒီ့ ပထမဆုံး G-Shock နာရီကို စတင်တီထွင်ခဲ့တဲ့ အချိန်တုန်းက Casio နာရီ ကုမ္ပဏီမှာ အလုပ်လုပ်နေ ခဲ့ပြီလား။

ဖြေ။      ။ ၁၉၇၆ ခုနှစ်မှာ ကျနော် Casio ကုမ္ပဏီမှာ စပြီး အလုပ်လုပ်ခဲ့ပါတယ်။ အလုပ်ဝင်ပြီး ၅ နှစ်လောက် အကြာ ၁၉၈၁ ခုနှစ်မှာ ကျနော့်အဖေဆီက လက်ဆောင်ရခဲ့တဲ့ နာရီလေး ကျကွဲသွားတဲ့ အဖြစ်အပျက်ကနေ စပြီးတော့ G-Shock နာရီကို တီထွင်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

မေး။      ။ G- Shock နာရီကို တီထွင်ဖို့ စိတ်ကူးရပြီးတဲ့နောက် အဆင့်ဆင့် ဘယ်လို စမ်းသပ်တီထွင်ခဲ့တာလဲ ဆိုတာလေး ပြောပြပေးပါ။

ဖြေ။      ။ ကျနော် G-Shock ကို တီထွင်ရခြင်း ရည်ရွယ်ချက်က အောက်ပြုတ်ကျလည်း မကွဲတဲ့ နာရီကို တီထွင် ချင်တဲ့အတွက် အဲဒီလိုမျိုး အောက်ကို ပြုတ်ကျတဲ့ အရှိန် ဘယ်လောက်အားပြင်းလဲ ဆိုတာကို အဆင့် ၅ ဆင့် ခွဲပြီးတော့ မကွဲနိုင်တဲ့ အဆင့်အထိ ၅ ဆင့် ထားထားပြီး အဲဒီ ၅ ဆင့်လုံးကို ဖြတ်ပြီးတော့မှ ဘယ်လိုပဲဖြစ်ဖြစ် မကွဲဘူး ဆိုတဲ့ နာရီကို တီထွင်ဖို့အတွက် စမ်းသပ်ခဲ့ပါတယ်။

မေး။      ။ အဆင့် ၅ ဆင့်ဆိုတာ ဘယ်လိုမျိုး အဆင့် ၅ ဆင့်လဲ။ ဘယ်လိုမျိုး စမ်းသပ်ခဲ့တာလဲ။

ဖြေ။      ။ စမ်းသပ်ခဲ့ပုံ အဆင့်ဆင့်ကတော့ ဘယ်လောက်အထိ အထိအခိုက် ခံနိုင်လဲဆိုတာ သိနိုင်ဖို့အတွက် တိုက် အမြင့်ပေါ်ကနေ ပစ်ချပြီး စမ်းသပ်ခဲ့ပါတယ်။ ပထမဆုံး ၁ ထပ်ကနေ ပစ်ချကြည့်တယ်။ ကွဲတယ်။ မရသေးဘူး။ ပြန်လုပ်တယ်။ တိုက် ၂ ထပ်ကနေ ပစ်ချကြည့်တယ်။ ကွဲလား။ ပြီးတော့ ၃ ထပ်၊ ၄ထပ်ပေါ့။ ထပ်ပစ်ချပြီး စမ်းတယ်။ အဲဒီလိုနဲ့ လုံးဝမကွဲတဲ့ အနေအထားအထိ ရောက်မှ G-Shock နာရီကို စပြီး တီထွင်ခဲ့ပါတယ်။ တီထွင်ဖို့အတွက် စမ်းသပ် ခဲ့တဲ့ အချိန်က ၁၉၈၁ ခုနှစ် ပတ်ဝန်းကျင်လောက်ကဆိုတော့ အဲဒီလိုမျိုး တိုက်အမြင့်ပေါ်ကနေ တကယ်ကို ပစ်ချပြီး စမ်းသပ် ခဲ့ရပေမယ့် အခုနောက်ပိုင်းထွက်လာတဲ့ G-Shock နာရီတွေ အကုန်လုံးကတော့ ကုမ္ပဏီမှာရှိတဲ့ ဘယ်လောက် အရှိန်၊ ဘယ်လောက်အမြင့်ဆိုတာတွေကို ချိန်လို့ရတဲ့ ပစ်တဲ့စက်တွေနဲ့ အရည်အသွေးကို သေချာထိန်းသိမ်းပြီး စမ်းသပ် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

မေး။      ။ G-Shock ရဲ့ ပထမဦးဆုံး Model DW 5000 ကို စပြီး တီထွင်တဲ့ အချိန်တုန်းက နာရီသေးသေး ပါးပါးလေး တွေက ခေတ်စားနေတာ ဖြစ်တယ်၊အဲဒီလို ခေတ်အချိန်အခါမျိုးမှာ G-Shock DW 5000 လို ကိုယ်ထည်ပိုကြီး တဲ့ နာရီကို တီထွင်ဖို့ ကြိုးစားတဲ့အခါ ဈေးကွက်ထဲမှာ ပေါက်ပါ့မလားဆိုတဲ့ အတွေးမျိုးတွေ ရှိခဲ့လား။

ဖြေ။      ။ ကျနော်စပြီး တီထွင်ခဲ့တဲ့ အချိန်က နာရီပါးပါးလေးတွေ ခေတ်စားခဲ့တယ်။ ဒါပေမဲ့ ကျနော်တီထွင်ခဲ့တဲ့ G-Shock နာရီက ကိုယ်ထည် ပိုထူနေပေမယ့် ကျနော့်အဓိက ရည်ရွယ်ချက်က ခိုင်ခံ့မာကျောပြီး အမြင့်က ပြုတ်ကျလည်း မကွဲတဲ့ နာရီကို တီထွင်ဖို့ ဖြစ်တဲ့အတွက် အခုအချိန်မှာ မရောင်းရဘူး ဆိုရင်တောင် အနာဂါတ်မှာ ရောင်းရလိမ့်မယ် ဆိုတဲ့ ယုံကြည် ချက်နဲ့ G-Shock ကို ပြုလုပ်ခဲ့တာ ဖြစ်ပြီး အမှန်အတိုင်း ပြောရရင်တော့ အဲဒီ အချိန်တုန်းက ဈေးကွက်ထဲမှာ ရောင်းရ ပါ့မလားဆိုတဲ့ စိုးရိမ်ပူပန်မှုတော့ ရှိခဲ့ပါတယ်။

မေး။      ။ G-Shock ကို စတီထွင်ခဲ့တုန်းက ဘယ်လိုလူတန်းစား အမျိုးအစားတွေအတွက် ရည်ရွယ်ခဲ့တာပါလဲ။

ဖြေ။      ။ G-Shock ဟာ အမြင့်က ပြုတ်ကျရင်တောင် မကွဲ၊ မပျက်နိုင်တဲ့ ရည်ရွယ်ချက်နဲ့ တီထွင်ထုတ်လုပ်ခဲ့တာ ဖြစ်တဲ့အတွက် ဆောက်လုပ်ရေး လုပ်ငန်းခွင်လိုမျိုးတွေမှာ အလုပ်ကြမ်း လုပ်ရတဲ့ အလုပ်သမားတွေအတွက် အဓိက ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။

မေး။      ။ ဒါပေမဲ့လည်း တကယ်တမ်း G-Shock နာရီ ထွက်လာတဲ့အခါ လူငယ်တွေက အရမ်းကြိုက်ကြတယ်။ နောက်ပိုင်းမှာဆို ဖက်ရှင် Trend တခုလိုတောင် ဖြစ်လာခဲ့တယ်။ G-Shock ကို တီထွင်ခဲ့တဲ့ အဓိက Concept က အမြင့်က ပြုတ်ကျတဲ့ ဒဏ်ကို ခံနိုင်ဖို့ ဖြစ်တဲ့အတွက် ရည်ရွယ်တာက အလုပ်ခွင်မှာ အလုပ်ကြမ်းလုပ်ရတဲ့ သူတွေအတွက်ဆိုတဲ့ စိတ်ကူး၊ ဒါပေမဲ့ တကယ်တမ်း ပေါက်သွားတာက လူငယ်လောကနဲ့ ဖက်ရှင်လောကမှာ။ အဲ့ဒီအပေါ်မှာ ဘယ်လိုယူဆပါသလဲ။

ဖြေ။      ။ စပြီး ရည်ရွယ်ထုတ်လုပ်ခဲ့တုန်းက ပြုတ်ကျလည်း မကွဲတဲ့ နာရီဖြစ်ပေမဲ့ G-Shock မှာ လူငယ်တွေ ကြိုက်မယ့် အရောင်တွေ၊ ဒီဇိုင်းတွေ ထည့်ထားတဲ့အတွက် ဒီလိုမျိုး လူငယ်တွေနဲ့ နာမည်ကြီးတဲ့ အဆိုတော် တွေကြားထဲမှာ ဖက်ရှင်တံဆိပ်တခုအဖြစ် ရပ်တည်လာနိုင်တာ ဖြစ်တယ်လို့ ကျနော် ယူဆပါတယ်။ တကယ်တမ်း ရည်ရွယ်ခဲ့တာက ဆောက်လုပ်ရေး လုပ်ငန်းခွင်လို နေရာမျိုးတွေမှာ အလုပ်လုပ်ရတဲ့ သူတွေအတွက်ဆိုပြီး တီထွင်ထုတ်လုပ်ခဲ့တာ ဖြစ်ပေမဲ့ ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းတို့ အရောင်တို့ ထပ်ပေါင်းလိုက်တဲ့အခါ လူငယ်တွေကလည်း ကြိုက်ကြတယ်။ ဖက်ရှင်ဒီဇိုင်းတခု အနေနဲ့ပါ သုံးလာတဲ့အတွက် သုံးစွဲသူ ပမာဏက ကျနော် မှန်းထားခဲ့တာထက် ပိုများလာခဲ့တဲ့အတွက် အရမ်း ကျေနပ်မိပါတယ်။

မေး။      ။ အလုပ်ကြမ်းလုပ်ရတဲ့ အလုပ်သမားတွေအတွက် အကြမ်းခံနိုင်တဲ့ G-Shock နာရီတွေ ရည်ရွယ် တီထွင်ခဲ့ တယ် ဆိုတော့ တကယ်တမ်း ဈေးကွက်ထဲ ရောက်တဲ့အခါ သာမာန်နာရီတွေထက် ဈေးပိုပေးရတဲ့ G-Shock နာရီတွေ ကို အလုပ်ကြမ်းသမားတွေက ဝယ်ယူသုံးစွဲနိုင်ရဲ့လား။

ဖြေ။      ။ G-Shock နာရီတွေက ပုံမှန်လူတန်းစားတွေအတွက် နည်းနည်းလေး ဈေးကြီးတယ်ဆိုပေမဲ့ ပုံမှန် လူတန်း စားက ဝယ်တဲ့ သာမာန်နာရီတလုံးဟာ အောက်ပြုတ်ကျသွားလို့ ကွဲသွားမယ်ဆိုရင် အဓိပ္ပါယ်မရှိဘူး။ ဒီ G-Shock က တခါဝယ်ထားပြီး တသက်လုံး ကိုယ်သုံးမယ်ဆိုရင်လည်း သုံးလို့ရတယ်။ ခိုင်ခံ့မာကျောတဲ့အတွက် အောက်ပြုတ် ကျ လည်း စိတ်ပူစရာ မရှိဘူး။ အဲဒါကြောင့် သာမာန်လူတန်းစားတွေလည်း နှစ်သက်ပြီး ဝယ်ယူတဲ့သူတွေ ရှိပါတယ်။

မေး။      ။ အဲဒီတော့ G-Shock နာရီဟာ တန်ဖိုးရှိတဲ့ ခိုင်ခံ့တဲ့ နာရီတလုံး အနေနဲ့ရော၊ လူငယ်တွေအတွက် ဖက်ရှင် ဒီဇိုင်း တခုအနေနဲ့ပါ ရပ်တည်နေနိုင်ပြီဆိုတော့ G-Shock ရဲ့ ဈေးကွက်တွေထဲက ပြိုင်ဘက်တွေနဲ့ အနေအထား လေးကို ပြောပြပေးပါ။

ဖြေ။      ။ ဈေးကွက်ထဲမှာ နာရီ တံဆိပ်တွေကတော့ အများကြီး ရှိပါတယ်။ နာရီ ကုမ္ပဏီတွေ အများကြီး ရှိပေမဲ့ ဒီလို မျိုး ခိုင်ခံ့မာကျောတဲ့အပြင် ဖက်ရှင်ဒီဇိုင်း အနေနဲ့ပါ သုံးလို့ရတယ်ဆိုတဲ့ နာရီတွေ အနေနဲ့က ဒီ G-Shock လိုမျိုး တခြား မရှိဘူးလို့ ထင်တဲ့အတွက် G-Shock အတွက် ပြိုင်ဘက်ဆိုတာ မရှိဘူးလို့ ကျနော်က သတ်မှတ်ထားပါတယ်။

မေး။      ။ G-Shock က လောလောဆယ် အမျိုးအစားပေါင်း ဘယ်နှစ်မျိုးလောက် တီထွင်ပြီးပြီလဲ။

ဖြေ။      ။ ကျနော်စပြီး တီထွင်ခဲ့တဲ့ အချိန်ကစပြီး G-Shock အမျိုးအစားတွေ အများကြီး တီထွင်ခဲ့ပြီး သေသေချာချာ ရေတွက်ကြည့်ထားတာမျိုး မရှိပေမဲ့ Limited Editions တွေ အပါအဝင် အားလုံးပေါင်း အမျိုးပေါင်း ၂၀၀၀ ကျော် ရှိပါတယ်။

မေး။      ။ အဲဒီ အမျိုးအစားပေါင်း ၂၀၀၀ ကျော်ထဲက ဘယ်အမျိုးအစားကို အကြိုက်နှစ်သက်ဆုံး၊ အားအရဆုံး ဖြစ်မလဲ။

ဖြေ။      ။ ကျနော် ပထမဦးဆုံး တီထွင်ခဲ့တဲ့ DW 5000 အမျိုးအစားကို အကြိုက်နှစ်သက်ဆုံးပါပဲ။ ကျနော့်အဖေဆီက ရခဲ့တဲ့ နာရီလေး ကျကွဲသွားတာကို ခံပြင်းပြီးတော့ ပြုလုပ်ခဲ့တာ ဖြစ်တဲ့အတွက် ပထမဆုံးနဲ့ အခက်ခဲဆုံး ဖြစ်လို့ အကြိုက်ဆုံး ဖြစ်ပါတယ်။

မေး။      ။ G-Shock နာရီတွေမှာ အကြိုက်ဆုံး Function က ဘာဖြစ်မလဲ။

ဖြေ။      ။ ကျနော့်အတွက်ကတော့ အလုပ်ကိစ္စနဲ့ နိုင်ငံခြားခရီး မကြာခဏ သွားရတဲ့အတွက် Alarm နဲ့ Stop Watch functions တွေကို အကြိုက်ဆုံးပါပဲ။

မေး။      ။ G-Shock နာရီမှာ နောက်ထပ် function တခု ထပ်ဖြည့်လို့ ရမယ်ဆို ဘယ် function ကို ထပ်ဖြည့်ချင်လဲ။

ဖြေ။      ။ အခုလောလောဆယ်မှာ G-Shock က နောက်ဆုံးတီထွင်ထားတာက GPS system နဲ့ ဘယ်နိုင်ငံပဲ သွားသွား နာရီကို အလိုအလျောက် ချိန်လို့ရတာ ဖြစ်ပြီး နောက်ကျရင် စမတ်ဖုန်းနဲ့ ချိတ်ပြီး သုံးလို့ရတဲ့ နည်းပညာကို ဆက်ပြီးတော့ တီထွင်သွားမယ်လို့ စဉ်းစားထားပါတယ်။

မေး။      ။ G-Shock အတွက်  မြန်မာပြည်ရဲ့ ဈေးကွက်က ဆွဲဆောင်မှု ဘယ်လောက်ရှိသလဲ။

ဖြေ။      ။ ကျနော် မြန်မာနိုင်ငံကိုလာတာ ပထမဆုံး အကြိမ်ဆိုပေမဲ့ ရောက်တဲ့အချိန်မှာ ကျနော်လေ့လာကြည့်ရ သလောက် မြန်မာနိုင်ငံက ပတ်ဝန်းကျင်နဲ့ အသိုင်းအဝိုင်း အနေအထားအရဆိုရင် G-Shock ဟာ မြန်မာနိုင်ငံက လူတွေအတွက် အရမ်းကို အထောက်အကူ ပြုမယ်လို့ မျှော်လင့်ထားပြီး အရမ်းစိတ်လှုပ်ရှားနေပါတယ်။

G Shock 2မေး။      ။ အခု “Shock The World Tour Yangon” အပေါ် အမြင်လေး သိချင်ပါတယ်။

ဖြေ။      ။ အာရှကို အဓိက ဈေးကွက်အဖြစ် သတ်မှတ်ထားပြီးတော့ အခုလက်ရှိ ဖွံ့ဖြိုးဆဲ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံ က မျှော်လင့်ချက် အများကြီး ရှိတဲ့အတွက် မြန်မာနိုင်ငံမှာ G-Shock နာရီကို လူသိပိုများလာအောင် Shock The World Tour ကို လုပ်ဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

မေး။      ။ ကမ္ဘာပေါ်မှာ G-Shock အတွက် ဈေးကွက် အတွင်ကျယ်ဆုံးနေရာက ဘယ်နိုင်ငံ ဖြစ်မလဲ။

ဖြေ။      ။ ကျနော်တို့ ဂျပန်နိုင်ငံပါ။

မေး။      ။ ဘာများထပ်ဖြည့်ပြီး ပြောချင်ပါသေးသလဲ။

ဖြေ။      ။ မြန်မာနိုင်ငံမှာ G-Shock ရဲ့ တကယ့်အားသာချက်နဲ့ ပိုပြီးကောင်းတဲ့ အချက်တွေကို မသိသေးတဲ့သူတွေ အများ ကြီး ရှိတဲ့အတွက် ဒီ “Shock The World Tour Yangon” အစီအစဉ်ကနေ အဲဒီအားသာချက်တွေကို သိသွားကြ မယ်ဆိုရင် G-Shock အနေနဲ့ ဒီထက်ပိုမြင့်မားတဲ့ နည်းပညာတွေ တီထွင်တဲ့အခါ ပိုပြီး အားဖြစ်စေပါလိမ့်မယ်လို့ ပြော ချင်ပါတယ်။

Your Thoughts …
Tags: Business
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ငွေကြေးဖောင်းပွမှုဒဏ် ပြည်သူတွေခံနေရ (ရုပ်/သံ)

ငွေကြေးဖောင်းပွမှုဒဏ် ပြည်သူတွေခံနေရ (ရုပ်/သံ)

by ဧရာဝတီ
21 February 2025
368

မြန်မာနိုင်ငံရဲ့ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး (GDP) တိုးတက်မှုနှုန်းဟာ ဒေသတွင်းနိုင်ငံတွေနဲ့ အာဆီယံနိုင်ငံတွေထက် နည်းပါးနေတယ်လို့ စစ်ခေါင်းဆောင်က ဖေဖော်ရီ ၁၁ ရက်က တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ တွေ့ဆုံပွဲမှာ ဝန်ခံ ပြောဆိုခဲ့ပါတယ်။

အမေရိကန်

အမေရိကန်ပိတ်ဆို့မှုအပြောင်းအလဲမှ စတီဗင်လော အကျိုးအမြတ်ရဖွယ်ရှိ

by Reuters
24 May 2016
13.2k

“အရေးယူပိတ်ဆို့မှုတွေက တနိုင်ငံလုံးအပေါ် လွှမ်းမိုးဖို့ ရည်ရွယ်တာမဟုတ်ပေမယ့် သူတို့ရဲ့ ပစ်မှတ်တွေ ဖြစ်တဲ့ ပိတ်ဆို့မှု စာရင်းဝင် လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေ က ကုန်သွယ်ရေးနဲ့ စီးပွားရေး အပေါ် သက်ရောက်မှုရှိတဲ့ အခြေခံ အဆောက်အဦ ကဏ္ဍကို ထိန်းချုပ်ခြင်းလိုမျိုး နေရာတွေကနေ...

ဦးတေဇ, ယူရေနီယမ် , နျူကလီးယား

ယူရေနီယမ် သတ္တု ရရှိကြောင်း ဦးတေဇ ထုတ်ဖော်ပြောဆို

by သစ်နေမိုး
20 January 2015
11.3k

နျူကလီးယား ထုတ်လုပ်မှုတွင် အသုံးဝင်သော အဖိုးတန်ရှားပါး သတ္တု ယူရေနီယံဟု ယူဆရသည့် သတ္တု အနည်းငယ်ကို ယခုလ အတွင်း ဦးတေဇက ရရှိခဲ့ပြီး အစိုးရသို့ လွှဲပြောင်း ပေးအပ် ခဲ့ကြောင်း သိရသည်။

စက်သုံးဆီဆိုင်

စက်သုံးဆီဆိုင် ဖွင့်လှစ်ရန် ဆိုင်နေရာဝန်းကျင်ရှိ ပြည်သူ ထောက်ခံချက်ရရှိရေး ခက်ခဲဟုဆို

by မေစိုးစံ
3 May 2016
5.1k

စက်သုံးဆီဆိုင်များ ဖွင့်လှစ်ရာတွင် ဆိုင်ဖွင့်လှစ်မည့်နေရာရှိ ပတ်ဝန်းကျင်ပြည်သူများ၏ ထောက်ခံချက် မရရှိခြင်းကြောင့် စက်သုံး ဆီဆိုင် ဖွင့်လှစ်နိုင်သည့် အရေအတွက်အောက် ၁၀ ပုံ ၁ ပုံသာ ဖွင့်နိုင်ကြောင်း သိရသည်

ရွှေ , မြန်မာ့ရွှေဈေးကွက် , စီးပွားရေး , အမေရိကန်ဒေါ်လာ , ငွေလဲနှုန်း

၅ နှစ်အတွင်း ရွှေဈေး အနိမ့်ဆုံး ကျဆင်းရခြင်း၏ အကြောင်းအရင်းများ

by ဧရာဝတီ
27 July 2015
33.1k

ရင်းနှီးမြှုပ်နှံ မှုများသည် အမြတ်နှင့် မူလငွေကြေး အရင်းအနှီး ပြန်လည်ရရန် နည်းပါးပြီး စီးပွားရေး အခြေအနေ မကောင်း ခဲ့သည့်အတွက် ရင်းနှီးမြှုပ်နှံသူများက သူတို့ ငွေကြေးများကို ရွှေဝယ်ယူ စုဆောင်းရာတွင် အသုံးချခဲ့ကြသည်။

မိုးရာသီပါ ဆောင်းနိုင်မည့် ပုသိမ်ထီး

မိုးရာသီပါ ဆောင်းနိုင်မည့် ပုသိမ်ထီး

by ဆလိုင်းသန့်စင်
6 May 2015
5.7k

အရည်အသွေး ကောင်းမွန်သည့် ပုသိမ်ထီးများ ထုတ်လုပ်ဖို့ ဆိုလျှင် ထီးပြုလုပ်ရန် လိုအပ်သည့် သရကူဝါးနှင့် တည်သီးတို့ကို ၃ နှစ်ခန့် ကြိုတင်ဝယ်ယူ စုဆောင်းရပြီး ၀ါးကို ပိုးမထိုးရန် ရွှံ့ထဲတွင် နှစ်ထား ရခြင်း၊ တည်သီးများကို ထောင်း၍...

Next Post
အမျိုးသမီး,့ ပြုပြင်ပြောင်းလဲရေး

မြန်မာ့ ပြုပြင်ပြောင်းလဲရေး အမျိုးသမီးတွေ ပါဝင်နိုင်မှုကို စိန်ခေါ်နေဆဲ

ပဋိပက္ခ, Conflict of interest

အကျိုးစီးပွားချင်း ပဋိပက္ခဖြစ်ခြင်း

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

6 days ago
7.3k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

6 days ago
3.4k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ၃၇ မင်းကစတဲ့ ဇာတ်လမ်း

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate