• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

စက်သုံးဆီဆိုင် ဖွင့်လှစ်ရန် ဆိုင်နေရာဝန်းကျင်ရှိ ပြည်သူ ထောက်ခံချက်ရရှိရေး ခက်ခဲဟုဆို

by မေစိုးစံ
3 May 2016
in စီးပွားရေး
A A
စက်သုံးဆီဆိုင်

ရန်ကုန်မြို့တွင်းရှိ မြဝတီ စက်သုံးဆီ အရောင်းဆိုင် တဆိုင်(ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

5.1k
VIEWS
Share on FacebookShare on Twitter

စက်သုံးဆီဆိုင်များ ဖွင့်လှစ်ရာတွင် ဆိုင်ဖွင့်လှစ်မည့်နေရာရှိ ပတ်ဝန်းကျင်ပြည်သူများ၏ ထောက်ခံချက် မရရှိခြင်းကြောင့် စက်သုံး ဆီဆိုင် ဖွင့်လှစ်နိုင်သည့် အရေအတွက်အောက် ၁၀ ပုံ ၁ ပုံသာ ဖွင့်နိုင်ကြောင်း သိရသည်။

“စက်သုံးဆီဆိုင် ဖွင့်လှစ်ဖို့ ဆောင်ရွက်တဲ့အခါမှာ အခက်အခဲက သက်ဆိုင်ရာဌာနက ကန့်သက်ထားတဲ့ အခက်အခဲကြောင့် မဟုတ် ဘဲနဲ့ အချက်တချက်ဖြစ်တဲ့ ပတ်ဝန်းကျင်ပြည်သူတွေရဲ့ ထောက်ခံချက်ရမှဆိုတဲ့ အချက်က ဒီနေ့စက်သုံးဆီဆိုင် ဖွင့်တဲ့ အနေအထားထက်စာရင် ၁၀ ပုံ ၁ ပုံလောက်ပဲ စက်သုံးဆီဆိုင် ဖွင့်ခွင့်ရတယ်”ဟု မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း အတွင်းရေးမှူး ဒေါက်တာ ဝင်းမြင့်က ပြောသည်။

မေ ၂ ရက်က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ရုံးတွင် ပြုလုပ်သည့် ရန်ကုန် တိုင်း ဒေသကြီး မြန်မာနိုင်ငံ ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း (MPPE) နှင့် မြန်မာနိုင်ငံ စက်သုံးဆီအသင်း အစည်းအဝေးတွင် ၎င်းက ပြောဆိုခြင်း ဖြစ်သည်။

စက်သုံးဆီ အရောင်းဆိုင်၊ သိုလှောင်ကန်အသစ်များ တည်ဆောက်ဖွင့်လှစ်ရာတွင် Layout Plan တင်ပြရမည်ဖြစ်ပြီး အသုံးပြုမည့် မြေအမျိုးအစားသည် လယ်မြေမဖြစ်ရန် လိုအပ်ကြောင်း၊ ထို့အပြင် လျှပ်စစ်၊ မီးသတ်၊ ပြည်ထဲရေး၊ သတ္တုတွင်း၊ မြို့နယ်နှင့် ခရိုင် အုပ်ချုပ်ရေး ဌာန စသည့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များကိုလည်း တိုင်းဒေသကြီး အစိုးရဖွဲ့သို့ တင်ပြရကြောင်း မြန်မာနိုင်ငံ ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်း (MPPE) က ထုတ်ပြန် ကြေညာထားသည်။

ထို့အပြင် စက်သုံးဆီဆိုင် ဖွင့်လှစ်ခွင့်တွင် ပတ်ဝန်းကျင်ပြည်သူ၏ ထောက်ခံချက်ကို စွမ်းအင် ဝန်ကြီးဌာနက တောင်းခံထားခြင်း မဟုတ်ဘဲ တိုင်းဒေသကြီး အစိုးရအဖွဲ့က တောင်းခံခြင်း ဖြစ်ကြောင်း သိရသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
1.9k
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
235
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
164

ဦးဝင်းမြင့်က“စက်သုံးဆီဆိုင်ဖွင့်လှစ်ရာတွင် ပတ်ဝန်းကျင် ထောက်ခံချက်ဆိုတာထက် သတ်မှတ်တဲ့စည်းကမ်းချက်နဲ့ ဆောင်ရွက် ပေးနိုင်မယ်ဆိုရင် မီးဘေးလုံခြုံရေးနဲ့ စက်သုံးဆီအနံ့အသက် မထွက်အောင် ဆောင်ရွက်လို့ရပါပြီ။ ဒါကြောင့် စက်သုံးဆီဆိုင် ဖွင့် လှစ်ခွင့် မူဝါဒကိုတော့ စဉ်းစားပေးစေချင်ပါတယ်”ဟု ပြောသည်။

ထိုအချက်နှင့် ပတ်သက်ပြီး တိုင်း ရေနံရောင်းဝယ်ရေး အရာရှိ ဦးတင်နိုင်စိုးက“ထောက်ခံချက်နဲ့ ပတ်သက်ရင် တချို့က မသိလို့၊ ကြောက်လို့ တချို့ကတော့ မသမာမှုလုပ်တာ ရှိလာတယ်။ ဆိုင်တဆိုင်ကို ပြည်သူက ဖွင့်ပါဆိုလို့လည်း ဖွင့်ခိုင်းလို့မရဘူး။ သတ်မှတ် ထားတဲ့ စည်းကမ်းအတိုင်း စစ်ဆေးပြီးမှ ဖွင့်ရတာ။ ဆီဆိုင်တွေ လာတင်တာ ရှိတယ်။ တိုးဂိတ်လို နေရာမျိုး၊ ပဲခူးမြစ် လမ်းပေါ် နေ ရာမျိုး၊ ဈေးပေါက်ဝလို နေရာမျိုး၊ စက်မှုဇုန်လို နေရာမျိုးမှာ ဖွင့်ခွင့်မပြုခဲ့တာ ရှိတယ်။ အခုတင်ပြတဲ့ ပတ်ဝန်းကျင်ထောက်ခံချက် ကလည်း ထည့်သွင်းစဉ်းစားရမယ့် အချက်ထဲမှာတော့ ပါပါတယ်”ဟု ပြောဆိုသည်။

မီးလောင်မှုဖြစ်စဉ်များတွင် လိုင်စင်ရယူပြီး တရားဝင်လုပ်ကိုင်နေသည့် ဆီဆိုင်များကြောင့် ဖြစ်ပေါ်ခဲ့ခြင်းမရှိဘဲ တရားမဝင် လုပ် ကိုင် နေသည့် စက်သုံးဆီလုပ်ငန်း လုပ်ကိုင်နေသူများက ဆီသိုလှောင်ခြင်းနဲ့ ဆီတင်ယာဉ်များကြောင့် မီးလောင်မှု ဖြစ်ပေါ်နေခြင်းဖြစ် ကြောင်း ဦးတင်နိုင်စိုးက ဆက်ပြောသည်။

စက်သုံးဆီဆိုင် အကျယ်အဝန်းနှင့် ပတ်သက်၍ ယခင်က စက်သုံးဆီဆိုင် ဖွင့်လှစ်ခွင့်ပြုရာတွင် စတုရန်းပေ ၁၀,၀၀၀ ဧရိယာအကျယ်အဝန်းရှိမှသာ ရောင်းချခွင့်ပြုရာမှ ယခုနှစ် ဇန်နဝါရီလဆန်းပိုင်းမှ စတင်၍ အနည်းဆုံး စတုရန်းပေ ၃,၂၀၀ နှင့်အထက် ရှိရုံမျှဖြင့် ဖွင့်လှစ်ခွင့် ပြုခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်း စက်သုံးဆီဆိုင် ၁၃၂ ဆိုင်မှ ဓာတ်ဆီ ဂါလန်ပေါင်း  ၉၅,၀၀၀ ကျော်၊ ၉၂ ဆီ အမျိုးအစားတွင် ဂါလန် ပေါင်း ၆ သန်း ၁၁ သိန်းကျော်၊ ဒီဇယ်ဆီ အမျိုးအစားတွင် ဂါလန်ပေါင်း ၂၄ သိန်းကျော်၊ ပရီမီယံဆီ အမျိုးအစားတွင် ဂါလန် ပေါင်း ၁၇ သိန်းကျော် ဖြန့်ဖြူးရောင်းချပေးနေပြီး ယခင်နှစ် ပမာဏထက် ပိုများလာသည့် အခြေအနေကို တွေ့ရကြောင်း MPPE စာရင်းများတွင် ဖော်ပြထားသည်။

မြန်မာတနိုင်ငံလုံး အတိုင်းအတာဖြင့် ဖြန့်ဖြူးရောင်းချနေသည့် ပုဂ္ဂလိက စက်သုံးဆီ ဆိုင်ပေါင်း ၁,၇၁၈ ဆိုင်နှင့် ဆီသိုလှောင် ကန် စခန်း စုစုပေါင်း ၆ ခုရှိပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်သုံးဆီဆိုင်ပေါင်း ၁၃၂ ဆိုင် ရှိကြောင်း MPPE စာရင်းများအရ သိရ သည်။

Your Thoughts …
Tags: Business
မေစိုးစံ

မေစိုးစံ

Similar Picks:

ပတ္တမြားမြေက တိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင် ဦးယောဆက်နှင့် တွေ့ဆုံခြင်း

ပတ္တမြားမြေက တိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင် ဦးယောဆက်နှင့် တွေ့ဆုံခြင်း

by ဧရာဝတီ
18 July 2015
12.6k

ကျနော်တို့ ကျောက်ဝယ် သလိုပေါ့၊ ကျောက်ကို အသေအချာ ကျွမ်းကျွမ်းကျင်ကျင် နားမလည်ရင် ရှုံးမှာပဲ၊ မပူနဲ့။ အဓိကက ဘယ်အလုပ်ပဲဖြစ်ဖြစ် ဒီလုပ်ငန်းပေါ်မှာ Expert (ကျွမ်းကျင်သူ) ဖြစ်ဖို့တော့ လိုတာပေါ့။

ငွေကြေးဖောင်းပွမှုဒဏ် ပြည်သူတွေခံနေရ (ရုပ်/သံ)

ငွေကြေးဖောင်းပွမှုဒဏ် ပြည်သူတွေခံနေရ (ရုပ်/သံ)

by ဧရာဝတီ
21 February 2025
387

မြန်မာနိုင်ငံရဲ့ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး (GDP) တိုးတက်မှုနှုန်းဟာ ဒေသတွင်းနိုင်ငံတွေနဲ့ အာဆီယံနိုင်ငံတွေထက် နည်းပါးနေတယ်လို့ စစ်ခေါင်းဆောင်က ဖေဖော်ရီ ၁၁ ရက်က တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ တွေ့ဆုံပွဲမှာ ဝန်ခံ ပြောဆိုခဲ့ပါတယ်။

အမေရိကန်

အမေရိကန်ပိတ်ဆို့မှုအပြောင်းအလဲမှ စတီဗင်လော အကျိုးအမြတ်ရဖွယ်ရှိ

by Reuters
24 May 2016
13.2k

“အရေးယူပိတ်ဆို့မှုတွေက တနိုင်ငံလုံးအပေါ် လွှမ်းမိုးဖို့ ရည်ရွယ်တာမဟုတ်ပေမယ့် သူတို့ရဲ့ ပစ်မှတ်တွေ ဖြစ်တဲ့ ပိတ်ဆို့မှု စာရင်းဝင် လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေ က ကုန်သွယ်ရေးနဲ့ စီးပွားရေး အပေါ် သက်ရောက်မှုရှိတဲ့ အခြေခံ အဆောက်အဦ ကဏ္ဍကို ထိန်းချုပ်ခြင်းလိုမျိုး နေရာတွေကနေ...

ဦးတေဇ, ယူရေနီယမ် , နျူကလီးယား

ယူရေနီယမ် သတ္တု ရရှိကြောင်း ဦးတေဇ ထုတ်ဖော်ပြောဆို

by သစ်နေမိုး
20 January 2015
11.3k

နျူကလီးယား ထုတ်လုပ်မှုတွင် အသုံးဝင်သော အဖိုးတန်ရှားပါး သတ္တု ယူရေနီယံဟု ယူဆရသည့် သတ္တု အနည်းငယ်ကို ယခုလ အတွင်း ဦးတေဇက ရရှိခဲ့ပြီး အစိုးရသို့ လွှဲပြောင်း ပေးအပ် ခဲ့ကြောင်း သိရသည်။

ကမ္ဘာကျော် G-Shock နာရီ တီထွင်သူ ပညာရှင် မစ္စ္စတာ ကီကူအို အီဘေးနှင့်တွေ့ဆုံခြင်း

ကမ္ဘာကျော် G-Shock နာရီ တီထွင်သူ ပညာရှင် မစ္စ္စတာ ကီကူအို အီဘေးနှင့်တွေ့ဆုံခြင်း

by ဧရာဝတီ
9 March 2015
6k

G-Shock နာရီက ကိုယ်ထည် ပိုထူနေပေမယ့် ကျနော့်အဓိက ရည်ရွယ်ချက်က ခိုင်ခံ့မာကျောပြီး အမြင့်က ပြုတ်ကျလည်း မကွဲတဲ့ နာရီကို တီထွင်ဖို့ ဖြစ်တဲ့အတွက် အခုအချိန်မှာ မရောင်းရဘူး ဆိုရင်တောင် အနာဂါတ်မှာ ရောင်းရလိမ့်မယ်

ရွှေ , မြန်မာ့ရွှေဈေးကွက် , စီးပွားရေး , အမေရိကန်ဒေါ်လာ , ငွေလဲနှုန်း

၅ နှစ်အတွင်း ရွှေဈေး အနိမ့်ဆုံး ကျဆင်းရခြင်း၏ အကြောင်းအရင်းများ

by ဧရာဝတီ
27 July 2015
33.1k

ရင်းနှီးမြှုပ်နှံ မှုများသည် အမြတ်နှင့် မူလငွေကြေး အရင်းအနှီး ပြန်လည်ရရန် နည်းပါးပြီး စီးပွားရေး အခြေအနေ မကောင်း ခဲ့သည့်အတွက် ရင်းနှီးမြှုပ်နှံသူများက သူတို့ ငွေကြေးများကို ရွှေဝယ်ယူ စုဆောင်းရာတွင် အသုံးချခဲ့ကြသည်။

Next Post
လမ်းလျှောက်သင်တုန်း

လမ်းလျှောက်သင်တုန်း

Nissan March

Mini ကြိုက်သူတွေအတွက် Nissan March

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
1.9k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved