မြန်မာနိုင်ငံရဲ့ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး (GDP) တိုးတက်မှုနှုန်းဟာ ဒေသတွင်းနိုင်ငံတွေနဲ့ အာဆီယံနိုင်ငံတွေထက် နည်းပါးနေတယ်လို့ စစ်ခေါင်းဆောင်က ဖေဖော်ရီ ၁၁ ရက်က တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ တွေ့ဆုံပွဲမှာ ဝန်ခံ ပြောဆိုခဲ့ပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ ၂၀၂၄ အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ အခြေခံ ကုန်စျေးနှုန်း ဟာ ၂၀၂၁ နဲ့ နှိုင်းယှဥ်ရင် ၇ ဆ ဝန်းကျင်လောက် မြင့်တက်သွားတာပါ။ တိုင်းပြည်မှာ ပြည်တွင်းထုတ်လုပ်မှု တန်ဖိုး ကျဆင်းတာ၊ မတည်ငြိမ်မှု ပဋိပက္ခတွေကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ထွက်ခွာတာနဲ့ နိုင်ငံတကာရဲ့ အရေးယူ ဒဏ်ခတ် ပိတ်ဆို့ခံရတာကြောင့် နိုင်ငံခြားငွေ ရရှိမှုနှုန်းဟာ သိသိသာသာ ကျဆင်းသွားခဲ့တာလို့လည်း ဆိုပါတယ်။
အာဏာသိမ်းပြီးကတည်းက စစ်တပ်ဟာ တိုင်းပြည် ဖွံဖြိုးရေးလုပ်ငန်းတွေထက် စစ်အသုံးစရိတ်ကို အမြောက်အမြား အသုံးပြုနေခဲ့တာပါ။ တဖက်မှာလည်း နိုင်ငံတကာက အထောက်အပံ့တွေနဲ့ ချေးငွေ ထုတ်ပေးတဲ့ အစီအစဥ်တွေကို အာဏာသိမ်းပြီးနောက်ပိုင်းမှာ ရပ်ဆိုင်းသွားခဲ့ပါတယ်။
ဒီလို အခြေအနေတွေအပြင် နိုင်ငံရေး၊ စစ်ရေး မတည်ငြိမ်မှုတွေကြောင့် မြန်မာနိုင်ငံဟာ ကဏ္ဍပေါင်းစုံမှာ ပိုမို ကျဆင်းလာမယ့် အခြေအနေမှာ ရှိနေတယ်လို့ စီးပွားရေးပညာရှင်တွေက သုံးသပ်နေကြပါတယ်။
#မြန်မာ #ဧရာဝတီ #ငွေကြေးဖောင်းပွမှု #GDP #Business
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR