• English
Monday, July 14, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

၅ နှစ်အတွင်း ရွှေဈေး အနိမ့်ဆုံး ကျဆင်းရခြင်း၏ အကြောင်းအရင်းများ

by ဧရာဝတီ
27 July 2015
in စီးပွားရေး
A A
ရွှေ , မြန်မာ့ရွှေဈေးကွက် , စီးပွားရေး , အမေရိကန်ဒေါ်လာ , ငွေလဲနှုန်း

ရန်ကုန်ဈေးကွက်မှ အကယ်ဒမီ အခေါက် ရွှေတုံးများကို တွေ့ရစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

33.1k
VIEWS
Share on FacebookShare on Twitter

နိုင်ငံတကာ ရွှေဈေးကွက်တွင် ဇူလိုင်လ ၂၁ ရက်နေ့က ရွှေတအောင်စလျှင် အမေရိကန် ဒေါ်လာ ၁၁၀ဝ အောက်အထိ ထိုးဆင်းသွားပြီး ၅ နှစ်အတွင်း အနိမ့်ဆုံး ဈေးနှုန်းကို စတင်ရောက်ရှိခဲ့ကာ ရွှေဈေးနှုန်း ဆက်လက်ကျဆင်းခဲ့သည်။ မြန်မာ နိုင်ငံ တွင်လည်း ရွှေဈေးနှုန်းများ သိသိသာသာ ကျဆင်းခဲ့သော်လည်း မြန်မာကျပ်ငွေနှင့် ငွေလဲလှယ်နှုန်းထားတွင် မြန်မာ ကျပ်ငွေ တန်ဖိုး ကျဆင်းနေခြင်းကြောင့် မြန်မာ့ရွှေဈေးနှုန်းမှာ ကမ္ဘာ့ ရွှေဈေးလောက် ထိုးကျခြင်း မရှိသေးပေ။ လတ်တ လော မြန်မာ့ရွှေဈေးကွက်တွင် အခေါက်ရွှေ တကျပ်သားလျှင် ကျပ်ငွေ ၇၃၀ဝဝဝ ဝန်းကျင် ရှိ နေပြီး အရောင်းအဝယ်မှာမူ ကျဆင်း လျက်ရှိသည်ဟု ဈေးကွက်အတွင်းမှ သိရှိရသည်။ မြန်မာ့ ရွှေဈေးနှုန်းသည် ကမ္ဘာ့ရွှေဈေးနှုန်းနှင့် ချိတ်ဆက်နေရာ ကမ္ဘာ့ရွှေဈေး ကျဆင်းမှုသည် မြန်မာ့ရွှေဈေးနှုန်းအပေါ် တိုက်ရိုက်အကျိုးသက်ရောက်မှု ရှိနေသည်။ ကမ္ဘာ့ရွှေဈေး ကျဆင်း ရသည့် အကြောင်းအရင်းများကို ဗြိတိန်နိုင်ငံ အခြေစိုက် The Telegraph အွန်လိုင်းစာမျက်နှာတွင် ဇူလိုင်လ ၂၁ ရက် နေ့ က ဖော်ပြထားသော John Ficenec Why is the gold price falling and where is it going next? ကို ဘာသာ ပြန် ဆို ဖော်ပြလိုက်ပါသည်။

အမေရိကန်ဗဟိုဘဏ်၏ ထိန်းကျောင်းမှု

RelatedPosts

မိုးထိမြင့်မား ကုန်ဈေးနှုန်းကြား ရုန်းကန်နေသော ပြည်သူများ

မိုးထိမြင့်မား ကုန်ဈေးနှုန်းကြား ရုန်းကန်နေသော ပြည်သူများ

14 July 2025
352
NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

13 July 2025
406
KNU ထိန်းချုပ်ထားသော ထီးခီးနယ်စပ်ကုန်သွယ်ရေး ထိုင်းဘက်မှ ခွင့်ပြု

KNU ထိန်းချုပ်ထားသော ထီးခီးနယ်စပ်ကုန်သွယ်ရေး ထိုင်းဘက်မှ ခွင့်ပြု

9 July 2025
712

အမေရိကန် ဗဟိုဘဏ် (Federal Reserve) က စီးပွားရေး ကောင်းမွန်လာစေရေးအတွက် ယခု နှစ်အတွင်းတွင် အတိုးနှုန်း များမြှင့်တင်ရန် စီစဉ်လာသည့်အတွက် ရွှေဈေးကွက်ကို ထိခိုက်စေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ရွှေသည် ရင်းနှီးမြှုပ်နှံသူတို့၏ ချမ်းသာကြွယ်ဝမှုကို စုဆောင်းသည့်နေရာဖြစ်သည်။ သို့သော်လည်း ပုံမှန်အတိုးနှုန်း သို့မဟုတ် ရှယ်ယာအမြတ်အစွန်း ပြန်မရနိုင်သည့် အရာလည်း ဖြစ်သည်။ လွန်ခဲ့သည့် ၆ နှစ် ကာလအတွင်းတွင် အခြားသော ရင်းနှီးမြှုပ်နှံမှုများသည် အမြတ်နှင့် မူလငွေကြေးအရင်းအနှီး ပြန်လည်ရရန် နည်းပါးပြီး စီးပွားရေး အခြေအနေ မကောင်း ခဲ့သည့်အတွက် ရင်းနှီးမြှုပ်နှံသူများက သူတို့ ငွေကြေးများကို ရွှေဝယ်ယူစုဆောင်းရာတွင် အသုံးချခဲ့ကြသည်။ သို့သော် လည်း အတိုးနှုန်းများ မြင့်တက်လာသည့်အခါ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများ တဖန် လုပ်ဆောင် ကြခြင်းကြောင့် ရွှေကဲ့သို့ ကုန်ပစ္စည်းများအပေါ် အလေးပေးမှု လျော့ကျလာခဲ့သည်။

အင်္ဂလန်နိုင်ငံတွင် ဘဏ်တိုးနှုန်းက ဝ ဒသမ ၅ ရာခိုင်နှုန်းဖြစ်ပြီး အမေရိကန်နိုင်ငံတွင် Federal Reserve က သတ်မှတ် သည့် အတိုးနှုန်းက ဝ ဒသမ ၂၅ ရာခိုင်နှုန်း ဖြစ်သည်။ အမေရိကန် Federal Reserve ဥက္ကဋ္ဌ Janet Yellen က ယခုနှစ် ကုန်ပိုင်းတွင် အတိုးနှုန်းများကို မြှင့်တင်သင့်ကြောင်း အကြံပြုခဲ့သည့်အချိန်တွင် အင်္ဂလန်ဘဏ် အုပ်ချုပ်ရေးမှူး Mark Carney ကလည်း ၂၀၁၆ ခုနှစ် အစောပိုင်းတွင် အင်္ဂလန်မှ အတိုးနှုန်းများကို မြှင့်တင်နိုင်ကြောင်း အရိပ်လက္ခဏာ ပြသခဲ့ သည်။ ယင်းအတိုးနှုန်းများ သတ်မှတ်ရန် ပြင်ဆင်လာခြင်း သည် ရွှေဝယ်လိုအား လျော့ကျစေပြီး ရွှေဈေးကွက် အပေါ် တိုက် ရိုက်အကျိုးသက်ရောက်မှု တခုပင် ဖြစ်သည်။

အမေရိကန် ဒေါ်လာ တန်ဖိုးတက်လာခြင်း

အမေရိကန်စီးပွားရေး အနည်းငယ် ပြန်လည် ကောင်းမွန်လာခြင်းနှင့် လာမည့်လများအတွင်း ငွေ တိုးနှုန်းများ မြင့်တက် နိုင်သည့် အလားအလာများ ကြောင့် အမေရိကန်ဒေါ်လာ ပိုမိုခိုင်မာလာခဲ့သည်။ ကမ္ဘာ့ငွေကြေးများနှင့် အမေရိကန်ဒေါ်လာ တန်ဖိုး တို့၏ ဆက်သွယ်မှုကို ဖော်ပြသည့် အမေရိကန် ဒေါ်လာ ညွှန်းကိန်းက ပြီးခဲ့သည့် နှစ်အတွင်းတွင် ၂၀ ရာခိုင်နှုန်း ကျော် တက်လာခဲ့သည်။

ပုံမှန်အားဖြင့် အမေရိကန်ဒေါ်လာ တန်ဖိုးက ကုန်စည်များ၏တန်ဖိုးနှင့် ပြောင်းပြန်ဆက်သွယ်မှု ရှိသည်။ အခြား ခိုင်မာ သည့် ငွေကြေးများနှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာတန်ဖိုး တက်လာသည့်အချိန်တွင် ရွှေကဲ့သို့သော ကုန်စည်များ၏ ဈေးနှုန်း ကျဆင်းသွားတတ်သည်။ ဒေါ်လာတန်ဖိုး ကျသွားသည့်အချိန်တွင် ကုန်စည်များ၏ဈေးတက်လေ့ရှိသည်။ ထိုသို့ ဖြစ်ရသည့် အဓိကအကြောင်းမှာ ကုန်စည်အများစုသည် နိုင်ငံတကာဈေးကွက်တွင် လွတ်လပ်စွာ ရောင်းဝယ် ဖောက်ကား နေကြ ပြီး ဈေးနှုန်းများကို အမေရိကန်ဒေါ်လာနှင့် သတ်မှတ်ကြသောကြောင့် ဖြစ်သည်။

နိုင်ငံခြား ဝယ်လက်များက ကုန်စည်များကို ဒေါ်လာငွေဖြင့် ဝယ်ယူကြမည်ဖြစ်သည်။ ထို့ကြောင့် ဒေါ်လာဈေးကျသည့် အချိန်တွင် သူတို့ကိုဝယ်ယူ နိုင်စွမ်း ပိုများလာပြီး ဝယ်လိုအားလည်း တိုးလာ သည်။ အလားတူပင် ဒေါ်လာတန်ဖိုး တက် လာ သည့်အချိန်တွင် ဝယ်နိုင်စွမ်းနည်းသွားသလို ကုန် ပစ္စည်းဈေးနှုန်းလည်း တက်လာမည်ဖြစ်သည်။ ဝယ် လိုအား နည်းသွား ခြင်းကြောင့် ကုန်စည်ဈေးနှုန်း ကျဆင်းသွားစေသည်။

ဂရိစီးပွားရေး အကျပ်အတည်း

လူသားတို့က မိမိတို့၏ ကြွယ်ဝမှုကို ရွှေအဖြစ် စုဆောင်းသိမ်းဆည်းခဲ့ကြသည်မှာ နှစ်ပေါင်း ထောင်နှင့်ချီခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ဂရိစီးပွားရေး အကျပ်အတည်းကို ဖာထေးဖြေရှင်းနေခြင်းက အကျပ်အတည်းနှင့် ရင်ဆိုင်နေရသော ဂရိ နိုင်ငံ က ဥရောပဇုန်ကို စွန့်ခွာလိမ့်မည်ဆိုသော စိုးရိမ်မှုများကို လျော့ပါးစေသည့် အသွင်ဖြစ်သည်။ ငွေကြေး လိုအပ် နေ သည့် ဂရိနိုင်ငံအတွက် ချေးငွေကို ယူရိုငွေ ၆ ဒသမ ၅ ဘီလီယံအထိ တတိယအကြိမ်မြောက် တိုးပေးလိုက်ပြီးနောက် ဇူလိုင်လ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ဂရိဘဏ်များ ပြန်ဖွင့်နေကြပြီဖြစ်သည်။

ဥရောပဇုန်ပြိုကွဲမည်ကို စိုးရိမ်နေမှုများ လျော့ကျသွားသည့် အချိန်တွင် ရင်းနှီးမြှုပ်နှံသူများမှာလည်း ပိုမို၍ အမြတ် အစွန်း ပြန်ရနိုင်မည့် စွန့်စားမှုကြီးသော အလုပ်များကို ဆက်လက်လုပ်ကိုင်ရန် နောက်တကြိမ် ပြန်ပြီး အားတက်လာကြသည်။ ထို့ကြောင့် စပိန်၊ အီတလီနှင့် ပေါ်တူဂီနိုင်ငံ အစိုးရများက ထုတ်ပြန်သော အတိုးနှုန်းမြင့်သည့် ငွေချေးစာချုပ်များကလည်း ရွှေဈေးကျဆင်းသည့်အချိန်တွင် အလုပ်ဖြစ်လာပါလိမ့်မည်။

တရုတ်စီးပွားရေး ကျဆင်းခြင်း

ကမ္ဘာပေါ်တွင် ကုန်ပစ္စည်းသုံးစွဲသူ အများဆုံး ဈေးကွက်ဖြစ်သည့် တရုတ်နိုင်ငံ၏ စီးပွားရေး ကျဆင်းခြင်းကလည်း ၂၀၁၁ ခု နှစ်မှစ၍ ရွှေဈေးနှုန်း မှန်မှန်ကျဆင်းစေခဲ့သည့် အကြောင်းတခုဖြစ်သည်။ တရုတ်နိုင်ငံက ၎င်း၏ အရန်ရွှေပိုင်ဆိုင်မှုကို ၂၀ဝ၆ ခုနှစ်မှစ၍ ၆၀ ရာခိုင်နှုန်း တိုးမြှင့်ခဲ့သည်။ သို့သော်လည်း တရုတ်ပြည်သူ့ဘဏ် (People’s Bank of China) က ၎င်းတို့သည် ရွှေများကို မျှော်လင့်ထားသည်ထက် များစွာနည်း၍ ဝယ်ယူနေခဲ့ကြောင်း ဇူလိုင်လ ၁၇ ရက်နေ့တွင် ထုတ်ပြန် ခဲ့သည်။ ထို့ပြင် တရုတ်နိုင်ငံက ၎င်း၏ အရန်ရွှေ ပမာဏကို ၂၀ဝ၉ ခုနှစ်နောက်ပိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ယခင် အပတ် က ထုတ်ပြန်ခဲ့ရာတွင် အရန်ရွှေပမာဏ က ၁၆၅၈ မက်ထရစ်တန်အထိ ၅၇ ရာခိုင်နှုန်း တိုးလာခဲ့သော်လည်း လေ့လာ ဆန်းစစ်သူများ မျှော်လင့်ထားသည့် ၃၅၀ဝ မက်ထရစ်တန်ထက် နည်းနေသည်ကို တွေ့ရသည်။

ကုန်သည်များက ရှန်ဟိုင်းနှင့် နယူးယောက်တွင် ရွှေ ၅၇တန် ရောင်းထုတ်ခဲ့ပြီးနောက် ရွှေဈေးက ၁ အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၀၆၈ အထိ ၄ ရာခိုင်နှုန်းကျော် ချက်ချင်း ကျဆင်းသွားခဲ့သည်။ ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် ရွှေဈေးက ၁ အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၉၀ဝ အထိ အမြင့်ဆုံးရှိခဲ့ရာမှ တဖြည်းဖြည်း ကျဆင်းလာခဲ့သည်။ ဈေးနှုန်းက ၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဒေါ်လာ၁၁၀ဝ အောက်သို့ ကျဆင်းသွားရသည့်အတွက် (Stop-loss Orders) ခေါ် အလိုအလျောက် ရောင်းထုတ်မှုများကို ဖြစ်စေခဲ့သည်။

ထိုစနစ်အရ ကုန်သည်များ၏ ဆုံးရှုံးမှုနည်းစေရန်အတွက် ဈေးနှုန်းက ကြိုတင်သတ်မှတ်ထားသည့် ပမာဏသို့ ရောက်လာပြီး အလိုအလျောက် ရောင်းထုတ်ပေးခြင်းဖြစ်သည်။ ထို့ကြောင့်လည်း ဈေးနှုန်းများ ပိုမိုကျဆင်းစေခဲ့သည်။

တရုတ်နိုင်ငံ၏ စီးပွားရေးမှာ အလျင်အမြန် ပြန်လည် တိုးတက်လာမည့် အရိပ်အယောင် မတွေ့ရတော့ဘဲ အတိုးနှုန်းများ စတင်မြင့်တက်လာတော့မည့် အချိန်တွင် ရင်းနှီးမြှုပ်နှံသူများက သူတို့၏ ငွေကြေးကို ရွှေဖြင့်စုဆောင်းခြင်းအစား အတိုးနှုန်း ကောင်းသည့် ငွေစာရင်းများဆီသို့ ပြောင်းလဲလိုက် ကြသည်။

ရွှေတူးဖော်ရေးလုပ်ငန်းများ ထိခိုက်နစ်နာခြင်း

ရွှေဈေးနှုန်းများ အလျင်အမြန် ကျဆင်းလာသည့် အချိန်ကတည်းက ရွှေတူးဖော်ရေးလုပ်ငန်းများ ထိခိုက်နေခဲ့ပြီဖြစ်သည်။ အမေရိကန်တွင် စာရင်းသွင်းထားသည့် ကမ္ဘာ့အကြီးဆုံး သတ္တုတူးဖော်ရေး ကုမ္ပဏီဖြစ်သည့် Barrick Gold ၏ ရှယ်ယာ ဈေးနှုန်းက ၁၅ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ရသည်။ London Randgold Resources သည်လည်း ဇူလိုင်လ ၂၀ ရက်နေ့ ဈေးကွက်ပိတ်သည့် အချိန်တွင် ၄ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ မက္ကဆီကိုမှ အဖိုးတန်သတ္တုများ တူးဖော်သည့် ကုမ္ပဏီဖြစ်သော Fresnillo ၏ ရှယ်ယာများလည်း ၄ ဒသမ ၄ ရာခိုင်နှုန်း ဈေးကျသွားခဲ့သည်။

အငယ်စား ရွှေတူးဖော်ရေး လုပ်ငန်းများမှာ အခက်အခဲများနှင့် ပိုမိုရင်ဆိုင်ခဲ့ကြရသည်။ တန်ဇန်းနီးယားမှ Acacia Mining ၏ ရှယ်ယာတန်ဖိုး ၁၃ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ရပြီး အီဂျစ်နိုင်ငံတွင် ရွှေတူးဖော်နေသည့် Centamin ၏ ရှယ်ယာ တန်ဖိုး က ၉ ရာခိုင်နှုန်းနှင့် ရုရှားကုမ္ပဏီ Petropavlovsk ၏ ရှယ်ယာဈေးနှုန်းက ဈေးကွက်ပိတ်ချိန်တွင် ၉ ဒသမ ၁ ရာခိုင်နှုန်း ကျသွားခဲ့သည်။

Randgold Rresources မှ အမှုဆောင်ချုပ် Mark Bristowက “ရွှေလုပ်ငန်း ကဏ္ဍမှာ တအောင်စကို ဒေါ်လာ ၁၁၄၀ လောက်မှ အလုပ်ဖြစ်မယ်။ တအောင်စကို ဒေါ်လာ ၁၀ဝ၀ လောက်ဆိုရင်တော့ အားလုံး ဒုက္ခရောက်လိမ့်မယ်” ဟု ယခင်ကတည်းက ပြောထားခဲ့ပြီး ဖြစ်သည်။

ထို့ကြောင့် အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည့် ရွှေတူးဖော်သည့် ကုမ္ပဏီများက ၎င်းတို့၏ လုပ်ငန်းများကို လျှော့ချခြင်း အားဖြင့် ဈေးကွက်တွင် ရောင်းလိုအား ကျဆင်းစေပြီး ရေရှည်တွင် ဈေးနှုန်းအတွက် အထောက်အကူ ဖြစ်စေလိမ့်မည်ဟု မျှော်လင့်ရပါသည်။

Your Thoughts …
Tags: Business
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ငွေကြေးဖောင်းပွမှုဒဏ် ပြည်သူတွေခံနေရ (ရုပ်/သံ)

ငွေကြေးဖောင်းပွမှုဒဏ် ပြည်သူတွေခံနေရ (ရုပ်/သံ)

by ဧရာဝတီ
21 February 2025
372

မြန်မာနိုင်ငံရဲ့ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး (GDP) တိုးတက်မှုနှုန်းဟာ ဒေသတွင်းနိုင်ငံတွေနဲ့ အာဆီယံနိုင်ငံတွေထက် နည်းပါးနေတယ်လို့ စစ်ခေါင်းဆောင်က ဖေဖော်ရီ ၁၁ ရက်က တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ တွေ့ဆုံပွဲမှာ ဝန်ခံ ပြောဆိုခဲ့ပါတယ်။

အမေရိကန်

အမေရိကန်ပိတ်ဆို့မှုအပြောင်းအလဲမှ စတီဗင်လော အကျိုးအမြတ်ရဖွယ်ရှိ

by Reuters
24 May 2016
13.2k

“အရေးယူပိတ်ဆို့မှုတွေက တနိုင်ငံလုံးအပေါ် လွှမ်းမိုးဖို့ ရည်ရွယ်တာမဟုတ်ပေမယ့် သူတို့ရဲ့ ပစ်မှတ်တွေ ဖြစ်တဲ့ ပိတ်ဆို့မှု စာရင်းဝင် လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေ က ကုန်သွယ်ရေးနဲ့ စီးပွားရေး အပေါ် သက်ရောက်မှုရှိတဲ့ အခြေခံ အဆောက်အဦ ကဏ္ဍကို ထိန်းချုပ်ခြင်းလိုမျိုး နေရာတွေကနေ...

ဦးတေဇ, ယူရေနီယမ် , နျူကလီးယား

ယူရေနီယမ် သတ္တု ရရှိကြောင်း ဦးတေဇ ထုတ်ဖော်ပြောဆို

by သစ်နေမိုး
20 January 2015
11.3k

နျူကလီးယား ထုတ်လုပ်မှုတွင် အသုံးဝင်သော အဖိုးတန်ရှားပါး သတ္တု ယူရေနီယံဟု ယူဆရသည့် သတ္တု အနည်းငယ်ကို ယခုလ အတွင်း ဦးတေဇက ရရှိခဲ့ပြီး အစိုးရသို့ လွှဲပြောင်း ပေးအပ် ခဲ့ကြောင်း သိရသည်။

စက်သုံးဆီဆိုင်

စက်သုံးဆီဆိုင် ဖွင့်လှစ်ရန် ဆိုင်နေရာဝန်းကျင်ရှိ ပြည်သူ ထောက်ခံချက်ရရှိရေး ခက်ခဲဟုဆို

by မေစိုးစံ
3 May 2016
5.1k

စက်သုံးဆီဆိုင်များ ဖွင့်လှစ်ရာတွင် ဆိုင်ဖွင့်လှစ်မည့်နေရာရှိ ပတ်ဝန်းကျင်ပြည်သူများ၏ ထောက်ခံချက် မရရှိခြင်းကြောင့် စက်သုံး ဆီဆိုင် ဖွင့်လှစ်နိုင်သည့် အရေအတွက်အောက် ၁၀ ပုံ ၁ ပုံသာ ဖွင့်နိုင်ကြောင်း သိရသည်

ကမ္ဘာကျော် G-Shock နာရီ တီထွင်သူ ပညာရှင် မစ္စ္စတာ ကီကူအို အီဘေးနှင့်တွေ့ဆုံခြင်း

ကမ္ဘာကျော် G-Shock နာရီ တီထွင်သူ ပညာရှင် မစ္စ္စတာ ကီကူအို အီဘေးနှင့်တွေ့ဆုံခြင်း

by ဧရာဝတီ
9 March 2015
5.9k

G-Shock နာရီက ကိုယ်ထည် ပိုထူနေပေမယ့် ကျနော့်အဓိက ရည်ရွယ်ချက်က ခိုင်ခံ့မာကျောပြီး အမြင့်က ပြုတ်ကျလည်း မကွဲတဲ့ နာရီကို တီထွင်ဖို့ ဖြစ်တဲ့အတွက် အခုအချိန်မှာ မရောင်းရဘူး ဆိုရင်တောင် အနာဂါတ်မှာ ရောင်းရလိမ့်မယ်

မိုးရာသီပါ ဆောင်းနိုင်မည့် ပုသိမ်ထီး

မိုးရာသီပါ ဆောင်းနိုင်မည့် ပုသိမ်ထီး

by ဆလိုင်းသန့်စင်
6 May 2015
5.7k

အရည်အသွေး ကောင်းမွန်သည့် ပုသိမ်ထီးများ ထုတ်လုပ်ဖို့ ဆိုလျှင် ထီးပြုလုပ်ရန် လိုအပ်သည့် သရကူဝါးနှင့် တည်သီးတို့ကို ၃ နှစ်ခန့် ကြိုတင်ဝယ်ယူ စုဆောင်းရပြီး ၀ါးကို ပိုးမထိုးရန် ရွှံ့ထဲတွင် နှစ်ထား ရခြင်း၊ တည်သီးများကို ထောင်း၍...

Next Post

ကျွန်းလှ - ဘိုရားတမံ စိုးရိမ်ရ

အိန္ဒိယထုတ် တိုက်လေယာဉ်များ မြန်မာလေတပ် ဝယ်ဦးမှာလား

No Result
View All Result

Recommended

NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

3 days ago
4.1k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

5 days ago
3.2k

Most Read

  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate