• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ယူရေနီယမ် သတ္တု ရရှိကြောင်း ဦးတေဇ ထုတ်ဖော်ပြောဆို

by သစ်နေမိုး
20 January 2015
in သတင်း
A A
ဦးတေဇ, ယူရေနီယမ် , နျူကလီးယား

ဦးတေဇ ကို ၂၀၁၃ ခုနှစ်အတွင်းက သူ၏ ရုံးခန်းတွင် တွေ့ရစဉ်(ဓာတ်ပုံ - ygnutd.com)

11.3k
VIEWS
Share on FacebookShare on Twitter

နျူကလီးယား ထုတ်လုပ်မှုတွင် အသုံးဝင်သော အဖိုးတန်ရှားပါး သတ္တု ယူရေနီယံဟု ယူဆရသည့် သတ္တုအနည်းငယ်ကို ယခုလ အတွင်း ဦးတေဇ က ရရှိခဲ့ပြီး အစိုးရသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

အစိုးရဝန်ကြီးဌာန ဘက်မှ ဓာတ်ခွဲစစ်ဆေးထားသည့်အဖြေအရဆိုပါက ယူရေနီယံသတ္တုဟုပင် ယူဆရကြောင်း၊ အစိုးရသို့ မအပ်ခင် အချိန်တွင်လည်း တရုတ်နိုင်ငံမှ သိနားလည်သူ ၂ဦးနှင့် ယူရေနီယံသတ္တု ဟုတ်မဟုတ် စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း ဦးတေဇက ပြောသည်။

၎င်းက“ကျနော် တရုတ်ပြည်က ၂ယောက်ကိုခေါ်ပြီး နိုင်ငံတော်မအပ်ခင်မှာ ပစ္စည်းမှန်မမှန် စစ်ပါတယ်။ စစ်တော့ သူတို့ သတ်မှတ် တာ အဆင့် ၁၃ ဆို တော်တော် ပြင်းနေပြီ ပြောပါတယ်။ နိုင်ငံတော်ကို အပ်လိုက်တာက ၃ ရက်၊ ၄ ရက် ရှိပါပြီ။ သိပ္ပံနည်းပညာ ဌာန ကို အပ်တာ။ မပို့ခင်တုန်းကလည်း ဓာတ်ခွဲခန်းပို့ပြီး စမ်းတယ်။ သူတို့အဖြေနဲ့ ကျနော်တို့အဖြေ အတူတူပဲ။ ဓာတ်ခွဲခန်း ရလဒ်ကြည့်တော့ ယူရေနီယမ်ပဲထင်တာ”ဟုလည်း ပြောသည်။

ဇန်နဝါရီ ၁၉ ရက်က အင်းလျားလမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်း ထောင့်ရှိ ၎င်း၏နေအိမ်တွင် မီဒီယာများနှင့် တွေ့ဆုံပြီး ဦးတေဇက အထက်ပါအတိုင်း ပြေားကြားခြင်း ဖြစ်သည်။

အဆိုပါ သတ္တုကို

မန္တလေးတိုင်း မိုးကုတ်မြို့မှ ၃ နာရီခန့် သွားရသော အုန်ဒန်ရွာ အနီးတဝိုက်တွင် ဒေသခံတချို့က တွေ့ရှိခဲ့ပြီး ဦးတေဇ က ၎င်းတို့ထံမှ ရရှိခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့ လာရောင်းတာတောင် အမည်မသိ ဓာတ်သတ္တုတမျိုး ဆိုပြီး လာရောင်းတာ သူတို့တောင် ၂ကြိမ်ပဲရှိသေးတယ် တွေ့တာ”ဟု ၎င်းက ပြောပြသည်။

လက်ရှိ ရရှိထားသည့် ပမာဏမှာ ၃ ပိဿာ ခွဲခန့်ရှိပြီး နိုင်ငံတော်သို့ အကုန်နီးပါး အပ်ထားပြီးဖြစ်ကြောင်း၊ ၎င်းထံတွင် နမူနာ အဖြစ် ချန်ထားသည်သာ ရှိတော့ကြောင်း သိရသည်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
147
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
105
တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
63

ဦးတေဇက ယခုကဲ့သို့သော သတ္တုမျိုးအတွက် ၎င်းအနေဖြင့် နောင်တွင် ဆက်လက် ရှာဖွေပေးသွားရန်ရှိကြောင်းနှင့် အမျိုးသားလုံခြုံရေးနှင့် ဆက်စပ်ပြီးလည်း ပြောဆိုသွားခဲ့သည်။

၎င်းက“ဒါက အစသဘောပဲ ရှိပါသေးတယ်။ ပွင့်လင်းရာသီကျရင် တကယ် Primary ရှိမရှိ ကျနော်တို့စမ်းပေးပါမယ်။ ကျနော်က National security မျိုးတော့ဖြစ်ချင်ပါတယ်။ ကျနော်တို့နိုင်ငံက ဘင်္ဂလားဒေ့ရှ်လို နိုင်ငံမျိုးကအစ ရန်စခံရတဲ့ပုံစံမျိုးဖြစ်နေတာ။ နိုင်ငံ တိုင်း နိုင်ငံတိုင်းက ကိုယ့်နိုင်ငံအတွက် National security က အရမ်းအရေးကြီးပါတယ်”ဟု ပြောသည်။

ထို့အပြင် လက်ရှိအခြေအနေတွင် အစိုးရက ၎င်းအား ခရိုနီဆိုသည့် သဘောနှင့် သိပ်မသုံးချင်သည့် အခြေအနေရှိကြောင်း၊ တချိန် က နာမည်ကြီးခဲ့သည့် သစ်ထုတ်ယူမှုများနှင့် ပတ်သက်၍လည်း ၎င်းတို့ ခိုးရောင်းခဲ့ဖူးသည်မှာ မရှိခဲ့ကြောင်း၊ အစိုးရ ဥပဒေအတိုင်း သစ်တောဝန်ကြီးဌာန ခွင့်ပြုချက်နှင့် တရားဝင် ခုတ်ယူခဲ့ခြင်း ဖြစ်ကြောင်းလည်း ပြောဆိုသည်။

“သစ်ဆိုလည်း ကိုယ်တို့စထုတ်ကတည်းက သစ်တောဦးစီးဌာန ဝန်ကြီးတွေ တယောက်မှ မသေသေးပါဘူး။ ရုံးအဖွဲ့မှူးတွေ အကုန် လုံး ရှိပါသေးတယ်။ ထုတ်တဲ့နေရာက နယ်မြေဒေသခံတွေ အကုန်ရှိပါသေးတယ်။ လိုက်ပြီးတော့ အကုန်မေးလိုက်ပါ”ဟု ဦးတေဇ က ပြောဆိုသွားသည်။

Your Thoughts …
Tags: BusinessCrony
သစ်နေမိုး

သစ်နေမိုး

ဧရာဝတီ

Similar Picks:

ခရိုနီဝါဒ ဘာလဲ

ခရိုနီဝါဒ ဘာလဲ

by သစ္စာနီ
30 May 2013
8.6k

Carpet Beggar ဟူသော စကားရှိ၏။ ခေတ်ပျက် သူဌေးများကို ခေါ်ခြင်းဖြစ်သည်။ တိုင်းပြည် ဒုက္ခရောက်နေတာကို အခွင့်ကောင်းယူကာ စီးပွားရှာနေသူများပင်။

ပတ္တမြားမြေက တိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင် ဦးယောဆက်နှင့် တွေ့ဆုံခြင်း

ပတ္တမြားမြေက တိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင် ဦးယောဆက်နှင့် တွေ့ဆုံခြင်း

by ဧရာဝတီ
18 July 2015
12.6k

ကျနော်တို့ ကျောက်ဝယ် သလိုပေါ့၊ ကျောက်ကို အသေအချာ ကျွမ်းကျွမ်းကျင်ကျင် နားမလည်ရင် ရှုံးမှာပဲ၊ မပူနဲ့။ အဓိကက ဘယ်အလုပ်ပဲဖြစ်ဖြစ် ဒီလုပ်ငန်းပေါ်မှာ Expert (ကျွမ်းကျင်သူ) ဖြစ်ဖို့တော့ လိုတာပေါ့။

ငွေကြေးဖောင်းပွမှုဒဏ် ပြည်သူတွေခံနေရ (ရုပ်/သံ)

ငွေကြေးဖောင်းပွမှုဒဏ် ပြည်သူတွေခံနေရ (ရုပ်/သံ)

by ဧရာဝတီ
21 February 2025
387

မြန်မာနိုင်ငံရဲ့ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး (GDP) တိုးတက်မှုနှုန်းဟာ ဒေသတွင်းနိုင်ငံတွေနဲ့ အာဆီယံနိုင်ငံတွေထက် နည်းပါးနေတယ်လို့ စစ်ခေါင်းဆောင်က ဖေဖော်ရီ ၁၁ ရက်က တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ တွေ့ဆုံပွဲမှာ ဝန်ခံ ပြောဆိုခဲ့ပါတယ်။

အမေရိကန်

အမေရိကန်ပိတ်ဆို့မှုအပြောင်းအလဲမှ စတီဗင်လော အကျိုးအမြတ်ရဖွယ်ရှိ

by Reuters
24 May 2016
13.2k

“အရေးယူပိတ်ဆို့မှုတွေက တနိုင်ငံလုံးအပေါ် လွှမ်းမိုးဖို့ ရည်ရွယ်တာမဟုတ်ပေမယ့် သူတို့ရဲ့ ပစ်မှတ်တွေ ဖြစ်တဲ့ ပိတ်ဆို့မှု စာရင်းဝင် လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေ က ကုန်သွယ်ရေးနဲ့ စီးပွားရေး အပေါ် သက်ရောက်မှုရှိတဲ့ အခြေခံ အဆောက်အဦ ကဏ္ဍကို ထိန်းချုပ်ခြင်းလိုမျိုး နေရာတွေကနေ...

စက်သုံးဆီဆိုင်

စက်သုံးဆီဆိုင် ဖွင့်လှစ်ရန် ဆိုင်နေရာဝန်းကျင်ရှိ ပြည်သူ ထောက်ခံချက်ရရှိရေး ခက်ခဲဟုဆို

by မေစိုးစံ
3 May 2016
5.1k

စက်သုံးဆီဆိုင်များ ဖွင့်လှစ်ရာတွင် ဆိုင်ဖွင့်လှစ်မည့်နေရာရှိ ပတ်ဝန်းကျင်ပြည်သူများ၏ ထောက်ခံချက် မရရှိခြင်းကြောင့် စက်သုံး ဆီဆိုင် ဖွင့်လှစ်နိုင်သည့် အရေအတွက်အောက် ၁၀ ပုံ ၁ ပုံသာ ဖွင့်နိုင်ကြောင်း သိရသည်

ကမ္ဘာကျော် G-Shock နာရီ တီထွင်သူ ပညာရှင် မစ္စ္စတာ ကီကူအို အီဘေးနှင့်တွေ့ဆုံခြင်း

ကမ္ဘာကျော် G-Shock နာရီ တီထွင်သူ ပညာရှင် မစ္စ္စတာ ကီကူအို အီဘေးနှင့်တွေ့ဆုံခြင်း

by ဧရာဝတီ
9 March 2015
6k

G-Shock နာရီက ကိုယ်ထည် ပိုထူနေပေမယ့် ကျနော့်အဓိက ရည်ရွယ်ချက်က ခိုင်ခံ့မာကျောပြီး အမြင့်က ပြုတ်ကျလည်း မကွဲတဲ့ နာရီကို တီထွင်ဖို့ ဖြစ်တဲ့အတွက် အခုအချိန်မှာ မရောင်းရဘူး ဆိုရင်တောင် အနာဂါတ်မှာ ရောင်းရလိမ့်မယ်

Next Post
ဗိုလ်ကြင်မောင်, ဗမာပြည်ကွန်မြူနစ်ပါတီ,

ဗကပ အတွင်းရေးမှူး ဗိုလ်ကြင်မောင် ကွယ်လွန်

၆ ပွင့်ဆိုင် , လွှတ်တော် , သမ္မတ , ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ , ဦးရွှေမန်း , ပြည်ထောင်စု လွှတ်တော် , လစာ , ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ , လွှတ်တော်ကိုယ်စားလှယ်

၂၀၁၅ လွှတ်တော် စတင်သည့်နေ့တွင် သမ္မတနှင့် လွှတ်တော် ထိပ်တိုက်တွေ့ပြန်

Please login to join discussion
No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved