• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Politics

၂၀၁၅ လွှတ်တော် စတင်သည့်နေ့တွင် သမ္မတနှင့် လွှတ်တော် ထိပ်တိုက်တွေ့ပြန်

by ဘုန်းမြတ်
20 January 2015
in Politics
A A
၆ ပွင့်ဆိုင် , လွှတ်တော် , သမ္မတ , ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ , ဦးရွှေမန်း , ပြည်ထောင်စု လွှတ်တော် , လစာ , ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ , လွှတ်တော်ကိုယ်စားလှယ်

၂၀၁၄ ခုနှစ်အတွင်း သမ္မတ ဦးသိန်းစိန် လွှတ်တော်သို့ လာရောက် မိန့်ခွန်းပြောခဲ့စဉ်က ဦးရွှေမန်းနှင့် အတူ တွေ့ရစဉ် (ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)

7.4k
VIEWS
Share on FacebookShare on Twitter

၂၀၁၅ ခုနှစ် ပြည်ထောင်စုလွှတ်တော် ပြန်လည် စတင်သည့် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် သမ္မတ ဦးသိန်းစိန် က လွှတ်တော် ၏ အတည်ပြုချက်ဖြင့် ပေးပို့ထားသည့် ဥပဒေကြမ်း ၂ ခု ကို သဘောတူ လက်မှတ် ရေးထိုးခြင်းမရှိဘဲ သဘော ထား မှတ်ချက်များဖြင့် ပြန်လည်ပေးပို့သည့်အပြင် လွှတ်တော်က တောင်း ဆိုထားသော ၆ ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေး ရေး ကို လည်း သတိပေးချက်များဖြင့် ပြန်လည် အကြောင်းကြားခြင်းဖြင့် သမ္မတနှင့်လွှတ်တော်အကြား ထိပ်တိုက် တွေ့ဆုံမှု များ ပြန်လည်ဖြစ်ပွားလာကြောင်း သတင်းရရှိသည်။

ပြည်ထောင်စုလွှတ်တော်က ဆွေးနွေး အတည်ပြု ဆုံးဖြတ်ထားသော ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ တိုင်း ဒေသ ကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရဒေသဦးစီးအဖွဲ့ဝင်များ၏ ချီးမြှင့်ငွေနှင့်စရိတ်များဆိုင်ရာ ဥပဒေကို ပြင်ဆင် သည့် ဥပဒေကြမ်း နှင့် ပြည်ထောင်စု သမ္မတ နိုင်ငံ  ဖွဲ့စည်ပုံအခြေခံဥပဒေ (၂၀၀၈)ကို ပြင်ဆင်သည့် ဥပဒေကြမ်း အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေ ကြမ်း ၂ ရပ်လုံးကို သမ္မတက လက်မှတ်ရေးထိုးခြင်း မရှိဘဲ သဘောထားမှတ်ချက်များဖြင့် ပြည်ထောင်စု လွှတ် တော် သို့ ပြန်လည်ပေးပို့ခဲ့သည်။

ထို့ပြင် အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် အနာဂတ် မြန်မာနိုင်ငံတွင် အခြေအနေ ကောင်းများ ဖြစ်ထွန်းရေး လွှတ်တော်က တောင်းဆိုထားသည့် ၆ ပွင့်ဆိုင် တွေ့ဆုံရေးကိုလည်း လုပ်ထုံးလုပ်နည်းများကို ကျော်လွန်၍ လုပ်ဆောင်ပါက တရား ဥပဒေ စိုးမိုးရေးကို ကျော်လွန်လုပ်ဆောင်သကဲ့သို့ ဖြစ်နိုင်သည်ကို သတိပြုရမည်ဟူသော သတိပေးချက်ပါ သဝဏ်လွှာကို လွှတ်တော်သို့ ပေးပို့ခဲ့သည်။

သမ္မတဦးသိန်းစိန်က လွှတ်တော်ကိုယ်စားလှယ်များ ချီးမြှင့်ငွေ တိုးမြှင့်ခြင်းဆောင်ရွက်ရာတွင် ဥပဒေပြု အဖွဲ့ အစည်း ဖြစ်သော လွှတ်တော်က ဆောင်ရွက်ခြင်းထက် အုပ်ချုပ်ရေးအဖွဲ့အစည်းများက အခြေခံဥပဒေနှင့်အညီ ဘဏ္ဍာရေး ဆိုင်ရာ လုပ်ငန်းစဉ်များအတိုင်း ကြိုတင်တွက်ချက်ပြီးမှသာ ထိုက်သင့်သည့်ပမာဏ တိုးမြင့်ရေး ဆောင် ရွက်သင့်သည်ဟု သဘော ထားမှတ်ချက်ပေး၍ ဥပဒေကြမ်းကို လက်မှတ်ထိုးခြင်းမပြုပေ။

“သမ္မတ ကတော့ ဥပဒေပြုရေးအဖွဲ့တခုအနေနဲ့ ဒါမျိုးတွေမလုပ်သင့်ဘူးပေါ့နော်။ဒီကိစ္စက အစိုးရ   အဖွဲ့က လုပ်မယ်ပေါ့။ အစိုးရ အဖွဲ့က လုပ်မယ်ဆိုရင်တောင် လာမယ့်ဘတ်ဂျက်ကျမှ လုပ်မယ်။ လုပ်မယ့် အခါမှာလည်း ဘတ်ဂျက်လိုငွေနဲ့ ဘတ်ဂျက် အခြေအနေ ကို ကြည့်ပြီးချိန်မယ့် သဘောမျိုး လွှတ်တော်ကို သဝဏ်လွှာ ပေးပို့တာ” ဟု အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် ကပြောသည်။

လွှတ်တော်က အတည်ပြု ပြဋ္ဌာန်းထားသော ဥပဒေကြမ်းအရ ပြည်ထောင်စုအဆင့် လွှတ်တော်အမတ်တဦးလျှင် လစာနှင့် ခံစားခွင့် တလလျှင် ၁၆ သိန်း အထိ ရရှိမည်ဖြစ်ပြီး နှင့် ပြည်နယ်/ တိုင်းဒေသကြီး လွှတ်တော်အမတ်များ၏ လစာနှင့် ခံစား ခွင့်များလည်း တိုးမြှင့်သွားမည်ဖြစ်ကြောင်း၊ သမ္မတ ပေးပို့သော သဘောထား မှတ်ချက်များကို လွှတ်တော်က ပယ်ချ လိုက်ရာ လွှတ်တော်က မူလ အတည်ပြုထားသည့် အတိုင်း ဥပဒေ အသက်ဝင်လာမည်ဖြစ် ကြောင်း သိရှိရ သည်။

“သမ္မတက ဒီဥပဒေကြမ်းအပေါ် သဘောမတူတဲ့ သဘောပေါ့။ ဒါပေမယ့် ဒီနေ့ ဥပဒေကြမ်းကော်မ တီရဲ့အစီရင်ခံစာ သဘော ထား မှတ်ချက်မှာ အဲ့ဒါကိုပယ်လိုက်တယ်။ဒါတွေက ပြည်တောင်စု လွှတ်တော်မှာ အကျေအလည် ဆွေးနွေး ထားပြီးသား ဖြစ်တဲ့အတွက် ပြည်ထောင်စုလွှတ်တော်ရဲ့ အတည်ပြုချက် အတိုင်းသာဆောင်ရွက် ပြဋ္ဌာန်းသင့်တယ်လို့ပဲ သဘော တူပြီး သမ္မတ သဘောထားမှတ်ချက်တွေကို ပယ်ချလိုက်တယ်” ဟု သီပေါမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးရဲထွန်းက ဧရာဝတီသို့ ပြောသည်။

အလားတူ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေး ဥပဒေကြမ်း အတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒံခံယူပွဲ ဥပဒေကြမ်းနှင့် ပတ် သက်၍လည်း သမ္မတက ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်ရေး  ဥပဒေပါ ပြဋ္ဌာန်းချက်များကို မလိုက်နာဘဲ လုပ်ထုံး လုပ်နည်း ကျော်လွန်၍ လုပ်ဆောင် ပါက တရားဥပဒေ စိုးမိုးရေး (Rule of Law) ကို ကျော်လွန်လုပ်ဆောင် သကဲ့သို့ ဖြစ်နိုင်သည်ကို သတိပြုရန် လိုသည်ဟု သမ္မတက သဝဏ်လွှာတွင် မှတ်ချက်ပြုထားသည်။

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရေးနှင့် ဆက်စပ်သော သမ္မတ၏ သဘောထားမှတ်ချက်နှင့်ပတ်သက်၍ ပြည်ထောင်စု လွှတ်တော် တွင် ထပ်မံဆွေးနွေးမှုများ ပြုလုပ်မည်ဟု သိရှိရသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
1.9k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
69
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
51

“လွှတ်တော်ဘက် တောင်းဆိုထားတာက ဖွဲ့စည်းပုံအရဆို သမ္မတက နိုင်ငံအကြီးအကဲဖြစ်တော့ စစ်တပ်ပေါ် သြဇာ လွမ်းမိုး တယ် ဆိုတော့ လွှတ်တော်မှာရှိတဲ့ ၂၅ရာခိုင်နှုန်းကို ဖွဲ့စည်ပုံပြင်ဖို့ သမ္မတက တိုက်တွန်းပေးဖို့ပေါ့နော်။  ဒါကို သမ္မတ က ပြင်ဆင် မယ်ဆိုရင် ဖွဲ့စည်ပုံအတိုင်းဆောင်ရွက်ပေါ့ ။ အဓိက လုပ်ရမှာလွှတ်တော်ပဲ ဆိုတဲ့သဘောနဲ့ သဝဏ် လွှာ ပြန်ပို့တယ်”ဟု လွှတ်တော်အမတ် ဦးရဲထွွန်းက ဆိုသည်။

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို လာမည့် ဧပြီလတွင် ကျင်းပသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

ထို့ပြင် လွှတ်တော်က အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် အနာဂတ်မြန်မာနိုင်ငံအတွက် အခြေအနေကောင်းများ ဖန်တီးရေး အတွက် တောင်းဆိုထားသော သမ္မတဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဦးစီးချုပ်၊ တိုင်းရင်းသားကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် တဦး ပါဝင်သော ၆ ပွင့်ဆိုင် တွေ့ဆုံရေး ကိုလည်း တိုင်းရင်းသား ပြည်သူအားလုံး၊ လူထုလူတန်းစား အဖွဲ့အစည်းများနှင့် နိုင်ငံရေး အင်အားစု များက လက်ခံ သောကိုယ်စားပြုမှုဖြစ်ရေး  အလားတူ ယင်းတို့၏ လိုလားတောင့်တချက်များ ပါရှိမည့် မူဘောင် များ ကြိုတင် ချမှတ်ရေး တွေ့ဆုံ ဆွေးနွေးမှုဖြစ်စေရေး မည်သို့ ဆောင်ရွက်ရမည်ကို လွှတ်တော်ဘက်က ပြန်ကြား ပေးစေ လိုသည်ဟု သမ္မတ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။

၆ ပွင့်ဆိုင် တွေ့ဆုံရေးအတွက် အကြောင်းပြန်ကြားသော သမ္မတ၏ သဝဏ်လွှာသည် ၆ ပွင့်ဆိုင်ရုံဖြင့် မပြီးနိုင်ဘဲ အားလုံး ပါဝင်စေရေး တောင်းဆိုထားသည့်အတွက် ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ကို သွယ်ဝိုက်၍ ငြင်းပယ်မှု အဖြစ် သတ် မှတ် နိုင်ကြောင်း လွှတ်တော် ကိုယ်စားလှယ်တချို့က သုံးသပ်ပြောဆိုသည်။

Your Thoughts …
ဘုန်းမြတ်

ဘုန်းမြတ်

Contributor

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
မြန်မာ ရေလုပ်သား, အိန္ဒိယ ပို့ဘလဲယား အကျဉ်းထောင်

မြန်မာ ရေလုပ်သား ၆၀၀ ခန့် အိန္ဒိယတွင် အကျဉ်းကျနေ

KIA , ဖားကန့်, ဒုက္ခသည်

ဖားကန့် တိုက်ပွဲများ အတွင်း ဒေသခံ တထောင် ကျော် ပိတ်မိနေ

Please login to join discussion
No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
1.9k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved