• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာ ရေလုပ်သား ၆၀၀ ခန့် အိန္ဒိယတွင် အကျဉ်းကျနေ

by ဆလိုင်းသန့်စင်
20 January 2015
in သတင်း
A A
မြန်မာ ရေလုပ်သား, အိန္ဒိယ ပို့ဘလဲယား အကျဉ်းထောင်

အိန္ဒိယမှ ပြန်လည် ရောက်ရှိလာသော ရေလုပ်သားများကို လူဝင်မှုကြီးကြပ်ရေးဌာန (လဝက) က ကိုယ်ရေးအချက်များ စစ်ဆေး ကောက်ယူနေစဉ် (ဓာတ်ပုံ - ဆလိုင်းသန့်စင် / ဧရာဝတီ)

1.9k
VIEWS
Share on FacebookShare on Twitter

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
88
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
32
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
98

အိန္ဒိယနိုင်ငံ အက်ဒမန်နှင့် နီကိုးဘားကျွန်းရှိ ပို့ဘလဲယား အကျဉ်းထောင်တွင် ရေပိုင်နက် ကျူးကျော် ဝင်ရောက်မှုဖြင့် မြန်မာရေ လုပ်သား ၆၀၀ ခန့် ပြစ်ဒဏ် ကျခံနေရဆဲ ဖြစ်ကြောင်း သိရသည်။

“အခုလွတ်လာတဲ့ လူပေါင်း ၄၀၀ လောက် ရှိတယ်။ အဲဒီ ၄၀၀ ကို ၃ သုတ်ခွဲပြီး မြန်မာပြည်ကို ပြန်ပို့ပေးတာပေါ့။ ပို့ဘလဲယား ထောင်ထဲမှာ ပြစ်ဒဏ်ကျခံပြီး ကျန်နေတာက လူပေါင်း ၆၀၀ လောက် ရှိသေးတယ်။ သူတို့က ပြစ်ဒဏ် မစေ့သေးဘူး”ဟု အိန္ဒိယနိုင်ငံ ရှိ အဆိုပါထောင်တွင် ပြစ်ဒဏ်ကျခံပြီး မြန်မာနိုင်ငံသို့ ပြန်ရောက်လာသည့် ငပုတောမြို့နယ်မှ ကိုစောဒိုဆေးက ဧရာဝတီကို ပြောသည်။

ရေပိုင်နက် ကျူးကျော်မှုဖြင့် မြန်မာရေလုပ်သားများကို အိန္ဒိယရေတပ်က ၂၀၁၀ ခုနှစ်မှစ၍ ဆက်တိုက် ဖမ်းဆီးခဲ့ပြီးနောက် အိန္ဒိယ အစိုးရက မြန်မာရေလုပ်သား ၁ ဦးလျှင် အနည်းဆုံး ထောင်ဒဏ် ၃ နှစ်မှ အများဆုံး ၉ နှစ် အထိ ပြစ်ဒဏ်ချမှတ်၍ ပို့ဘလဲယား ထောင် တွင် အကျဉ်းချထားခဲ့ခြင်း ဖြစ်သည်ဟု ယင်းထောင်မှ လွတ်မြောက်၍ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာသူများက ပြော သည်။

“အဲဒီနေ့က လှိုင်းတအားကြီးတော့ စက်လှေကို စက်ရပ်ပြီး ရေစီးနဲ့ မျှောနေတုန်း အိန္ဒိယရေတပ် သင်္ဘောက လာဖမ်းသွားတာ။ ကျနော်နဲ့ အတူလူ ၉ ယောက် အဖမ်းခံခဲ့ရတယ်။ ထောင်ထဲမှာနေတုန်း မြန်မာရေလုပ်သားတွေ နေ့စဉ်နဲ့အမျှ ထောင်ထဲ ရောက်လာ တာ တွေ့ရတယ်။ ရောက်လာသမျှကလည်း ကျနော်တို့လို အိန္ဒိယ ရေပိုင်နက်ထဲ ကျူးကျော် ဝင်ရောက်မှုနဲ့ပေါ့”ဟု ငပုတောမြို့နယ် မှ ရေလုပ်သား ကိုစောခူရေး က ပြောသည်။

ပို့ဘလဲယား အကျဉ်းထောင်တွင် ရေပိုင်နက် ကျူးကျော်မှုဖြင့် ပြစ်ဒဏ်ကျခံပြီး ရက်စေ့သဖြင့် လွတ်မြောက်လာသူ မြန်မာနိုင်ငံသား ၃၉၆ ဦးကို အိန္ဒိယ အစိုးရနှင့် မြန်မာ အစိုးရတို့ ပူးပေါင်းပြီး အက်ဒမန်ကျွန်းမှ မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ခဲ့ရာ ဇန်နဝါရီလ ၁၇ ရက်၊ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ပြန်လည် ရောက်ရှိလာခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသူများတွင် ဧရာဝတီတိုင်း ဒေသကြီးမှ ရေလုပ်သား အများဆုံးပါဝင်ပြီး ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးမှ ရေ လုပ်သားများလည်း ပါဝင်ကြောင်း သိရသည်။

လက်ရှိတွင် ဧရာဝတီတိုင်းသို့ ပြန်ရောက်လာသူ ရေလုပ်သား ၃၃၅ ဦး ရှိပြီး အများစုမှာ လပွတ္တာ၊ ငပုတောနှင့် ပုသိမ်မြို့နယ်ရှိ ငွေဆောင်နှင့် ရွှေသောင်ယံ ဒေသမှ ရေလုပ်သားများ ဖြစ်သည်။

ရေလုပ်သားများ ပြန်လည်ခေါ်ယူရာတွင် အိန္ဒိယနိုင်ငံ ပို့ဘလဲယားမြို့မှ ဧရာဝတီတိုင်း ရောက်သည်အထိ လေယာဉ်စရိတ်၊ ပြည် တွင်း၌ သွားလာစရိတ် အားလုံးကို ဧရာဝတီတိုင်း ဒေသကြီး အစိုးရက အကုန်အကျခံ တာဝန်ယူခဲ့ကြောင်း သိရသည်။

“ရေလုပ်သားတွေရဲ့ လေယာဉ်စရိတ်၊ ပြည်တွင်းသွားလာ စရိတ်တွေနဲ့ သူတို့ရပ်ရွာ ပြန်ရောက်တဲ့ အထိ ကျနော်တို့ တာဝန်ယူ စီစဉ်ပေးခဲ့ပါတယ်။ နောက်နောင် အခုလို အခြေအနေတွေ မဖြစ်ဖို့အတွက် ရေလုပ်သားတွေကို မြန်မာ့ ရေပိုင်နက် ဥပဒေရော အိန္ဒိယနိုင်ငံရဲ့ ရေပိုင်နက် ဥပဒေတွေကိုပါ ပညာပေး ဟောပြောမှုတွေ ပြုလုပ်ပေးသွားမှာပါ”ဟု ဧရာဝတီတိုင်း ဒေသကြီး အစိုးရ အဖွဲ့ဝင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးဝင်းကိုကိုက ပြောသည်။

နေရပ်သို့ ပြန်ရောက်လာသူ ရေလုပ်သားများကို မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ ငွေကျပ် ၁ သောင်း၊ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ပင်လယ်ငါးဖမ်း လုပ်ငန်းရှင်များ အသင်းမှ ငွေကျပ် ၁ သောင်း၊ ဧရာဝတီ တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ငွေကျပ် ၁ သောင်းစီ ထောက်ပံ့ ပေးအပ်ခဲ့ပြီး မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းက စောင် ၁ ထည်စီနှင့် ဧရာဝတီတိုင်း အမျိုးသမီးရေးရာ အဖွဲ့တို့က စားသောက်စရာများ ကူညီထောက်ပံ့ ပေးခဲ့ကြောင်း သိရသည်။

 

Your Thoughts …
Tags: Rule of Law
ဆလိုင်းသန့်စင်

ဆလိုင်းသန့်စင်

ဧရာဝတီ

Similar Picks:

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

by ထက်နိုင်ဇော်
11 April 2013
171.3k

တပ်သား စံသိန်းထွေးကိစ္စကို တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသို့ ကာယကံရှင် ကိုယ်တိုင် တင်ပြလာပါက တရားဥပဒေ စိုးမိုးရေး ရှိစေရန် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ကြောင်း

ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

by ဧရာဝတီ
28 August 2014
18.1k

မြန်မာ့ စေတနာ ကုမ္ပဏီရဲ့ နောက်ကွယ်မှာ ဆောက်လုပ်ရေး လုပ်ငန်းရှင် တရုတ်နွယ်ဖွား ရှောက်ပန်းနဲ့ ရှောက်စန်း ဆိုတဲ့ ညီအစ်ကို ၂ ဦးရှိနေပါတယ်။ သူတို့ဟာ ရန်ကုန် တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ တပ်မှာ ဒုတိယ ဗိုလ်ချုပ်ကြီး...

ရန်ကုန်တိုင်း, လူဆိုးလူမိုက်, မြန်မာနိုင်ငံ ရဲတပ်ဖွဲ့

ရန်ကုန်တွင် လူဆိုးလူမိုက်များ ရှာဖွေဖမ်းဆီးမှု ဆက်လက်လုပ်ဆောင်နေ

by မေစစ်ပိုင်
1 February 2016
16.1k

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်အတွင်း၌ ပြည်သူများကို အနိုင်ကျင့်ခြိမ်းခြောက်နေသည့် လူဆိုးလူမိုက်များ၊ နာမည်ဆိုးဖြင့် ကျော်ဇောသတင်း ရှိနေသူများကို ရှာဖွေဖမ်းဆီး စစ်ဆေးမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ သိရ သည်

ရန်ကုန်တွင် လူမိုက်များ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူနေ

ရန်ကုန်တွင် လူမိုက်များ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူနေ

by မေစစ်ပိုင်
21 January 2016
42.4k

ပြည်သူတွေဘက်ကလည်း ပြောလာတယ်။ သောင်းကျန်းလည်း သောင်းကျန်း၊ ငွေကြေးတောင်းတာ တွေဆိုတော့ ဖမ်းတာ။ အထူးအဖွဲ့တွေ ဖွဲ့စည်းပြီးတော့ စီမံချက်နဲ့ မြောက်ပိုင်းခရိုင် ကို အဓိကထားလုပ်ဆောင်တာပါ။ တိုင်းရဲတပ်ဖွဲ့ကနေ အဓိက ကိုင်တွယ်ဖမ်းဆီးတယ်

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

by မေစစ်ပိုင်
7 March 2013
27.5k

ဖမ်းဆီးထားသူ အမျိုးသမီးနှစ်ဦး၏ အမည်၊ ၎င်းတို့ကို စွဲဆိုမည့် တရားရုံး၊ ရှေ့နေ ငှားထားခြင်း ရှိမရှိ စသည့် အသေး စိတ်အချက်အလက်များကို ယခုအထိ စုံစမ်း၍ မရသေးပေ။

ခွန်ဆာ

ကျားထောင်ချောက်နဲ့ ခွန်ဆာ

by အောင်မြို့
4 June 2016
19.1k

၁၉၉၆ မှာတော့ အမေရိကန်တွေကို အံ့အားသင့်စေတဲ့ အကွက်ရွှေ့မှုအဖြစ် မြန်မာ န၀တ အစိုးရဆီမှာ လက်နက်အပ်ပြီး ခွန်ဆာနဲ့ သူ့ဇနီးတွေ၊ သားသမီးတွေက ရန်ကုန်မှာ အစိုးရရဲ့ အစောင့်အရှောက်နဲ့ နေလိုက်ကြပါတော့တယ်။

Next Post
KIA , ဖားကန့်, ဒုက္ခသည်

ဖားကန့် တိုက်ပွဲများ အတွင်း ဒေသခံ တထောင် ကျော် ပိတ်မိနေ

ရှမ်းပြည်နယ်မြောက်ပိုင်း, မူဆယ်, မုဒိန်း

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စေတနာ့ဝန်ထမ်း ကျောင်းဆရာမနှစ်ဦး သတ်ဖြတ်ခံရ

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved