• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

by ဧရာဝတီ
28 August 2014
in ဆောင်းပါး
A A
ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း

မြို့သစ်စီမံကိန်း သတင်း ထွက်ပေါ်လာပြီး နောက်ပိုင်း မြင်တွေ့ရသည့် တွံတေး-လှိုှုင်သာယာ ကားလမ်းနံဘေးရှိ မြင်ကွင်းတခု (ဓာတ်ပုံ-စိုင်းဇော် / ဧရာဝတီ)

18.1k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်တိုင်းဒေသကြီး အစိုးရက ရန်ကုန်မြို့သစ် စီမံကိန်းတခုကို ပုဂ္ဂလိကပိုင် အများပိုင်ကုမ္ပဏီတခုဖြစ်တဲ့ မြန်မာ့စေတနာ မြို့သစ်ကုမ္ပဏီကို တရားဝင် လုပ်ဆောင်ခွင့်ပေးလိုက်ပြီလို့ တရားဝင်ကြေညာလိုက်ပေမယ့် ဒီစီမံကိန်းကို လုပ်ကိုင်ခွင့်ရမယ့် မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီအကြောင်း သေချာရှင်းလင်းစွာ ထုတ်ဖော်ပြောဆိုခြင်း မရှိသလို ဘယ်လိုစံချိန်စံညွှန်းတွေကြောင့် ရန်ကုန်မြို့သစ် စီမံကိန်းအတွက် အဲဒီကုမ္ပဏီကို ရွေးချယ်ခဲ့သလဲဆိုတာကို ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

ရန်ကုန်မြို့သစ်စီမံကိန်းအတွက် မြန်မာ့စေတနာ မြို့သစ် ကုမ္ပဏီတခုတည်းက တာဝန်ယူမယ်ဆိုတာရယ်၊ ရင်းနှီးမြှုပ်နှံမယ့် ငွေကြေးပမာဏဖြစ်တဲ့  အမေရိကန် ဒေါ်လာ ၈ ဘီလီယံဆိုတာက အင်မတန်မှ များပြားလှတဲ့ ငွေကြေးပမာဏဖြစ်ပြီး ဒီငွေကြေး တွေကဘယ်ကလာတဲ့ ငွေကြေးတွေလဲ ဆိုတာရယ်က အင်မတန် စိတ်ဝင်စားစရာကောင်းလှပါတယ်။ ဒါကြောင့် ဧရာဝတီက စုံစမ်းလေ့လာခဲ့ပါတယ်။

မြန်မာ့စေတနာမြို့သစ်ဟာ အများပိုင်ကုမ္ပဏီအဖြစ် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ မှတ်ပုံတင်ရရှိခဲ့ပြီး မှတ်ပုံတင်အမှတ် က ၄၅၀၆/၁၃-၁၄ ဖြစ်ပါတယ်။ မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီရဲ့ လိပ်စာအဖြစ် တိုက်အမှတ် ၂၊ ဦးရွှေပင်လမ်းနှင့် မြတ်အိမ်ရာလမ်းသွယ်၊ ရွှေပြည်သာစက်မှုဇုန် ၃၊ ရွှေပြည်သာမြို့နယ်လို့ အစိုးရထံမှာ တရားဝင် မှတ်ပုံတင်ထားပေမယ့် အဲဒီနေရာကို ဧရာဝတီက သွားရောက်ရှာဖွေရာမှာတော့ အမှန်တကယ် ကုမ္ပဏီရုံးခန်း ဖွင့်လှစ်ထားတာမျိုး မတွေ့ခဲ့ရပါဘူး။

ရန်ကုန်မြို့သစ် စီမံကိန်းကြီးတခုမှာ အမေရိကန်ဒေါ်လာ ဘီလီယံချီ ရင်းနှီးမြှုပ်နှံမယ့် မြန်မာ့ စေတနာကုမ္ပဏီက ရုံးခန်းရယ်လို့ ထည်ထည်ဝါဝါ မရှိဘဲ အင်မတန် ဝေးလံခေါင်သီလှတဲ့ ရွှေပြည်သာ စက်မှုဇုန် ၃ လို နေရာမျိုးက လိပ်စာထည့်သွင်းပြီး ကုမ္ပဏီမှတ်ပုံတင်ခဲ့တာက အင်မတန် အံ့ဩစရာပါပဲ။ မြန်မာ့စေတနာ မြို့သစ်ကုမ္ပဏီ အများပိုင်ကုမ္ပဏီရဲ့ မတည်ရင်းနှီးငွေက ကျပ်သန်း ၁၀ဝ၀ ဖြစ်ပြီး ကနဦး ထည့်ဝင်ငွေက ကျပ်သန်း ၇၀ ဖြစ်တယ်လို့ ဝန်ကြီးဌာနကရရှိတဲ့ အချက်အလက်တွေအရ သိရှိရပါတယ်။ လုပ်ငန်းဆောင်ရွက်ခွင့်အမှတ် လတ်တလော မရှိသေးဘူးလို့ သိရှိရပါတယ်။

မြန်မာ့စေတနာမြို့သစ် ကုမ္ပဏီရဲ့ မန်နေဂျင်းဒါရိုက်တာအဖြစ် ဦးသက်ဦးဆိုသူက တာဝန်ယူထား ပြီး ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်မယ့်နေရာမှာ ကျရောက်နေတဲ့  ကျေးရွာတွေက ဒေသခံ ၁၁ ဦးကို ကုမ္ပဏီဒါရိုက်တာတွေအဖြစ် ခန့်အပ်ထားပါတယ်။

ဦးသက်ဦးက ရန်ကုန်မြို့သစ် စီမံကိန်းအတွက် ကြည့်မြင်တိုင်မြို့နယ် အလတ်ချောင်းကျေးရွာဒေသခံ တွေနဲ့ မကြာသေးမီက တွေ့ဆုံခဲ့ပြီး လှိုင်မြစ်နဲ့တဖက် ကမ်းစီဖြစ်နေတဲ့ အလတ်ချောင်းကျေးရွာနဲ့ ကြည့် မြင်တိုင် ဗားကရာကို တံတားထိုးဖို့ ပထမဦးဆုံးခြေလှမ်း လုပ်ဆောင်မယ့်အကြောင်း ဒေသခံတွေကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
76
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
312
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
116

တံတားထိုးဖို့ မလွတ်ကင်းတဲ့ အိမ်တွေကို ဖယ်ရှားပြီး စေတနာအိမ်ရာလို့ အမည်တွင်မယ့် အိမ်ရာမှာ လုံးချင်းအိမ်တွေ တည်ဆောက်ပေးမယ်လို့ ဦးသက်ဦးက ဆိုပါတယ်။ အစားပြန်ပေးမယ့် အိမ်တွေက ပေ ၄၀၊ ပေ ၆၀ မြေကွက်တွေပေါ်မှာ တည်ဆောက်ထားတဲ့ အိမ်တွေဖြစ်ပြီး ပရိဘောဂတွေနဲ့ အကောင်းဆုံးဆိုတဲ့ မစ်ဆူဘီရှီ အဲယားကွန်းတွေ ထည့်သွင်းပေးမယ်လို့လည်း ဆိုပါတယ်။ ဒေသခံတွေရဲ့ မေးမြန်းချက်တွေကို ဦးသက်ဦးက ဖြေကြားပေမယ့် ရင်းနှီးမြှုပ်နှံမယ့် ငွေကြေးတွေက ဘယ်ကလာတယ်ဆိုတာ ဦးသက်ဦးက ဒေသခံတွေကို ပြောဆိုသွားခြင်း မရှိပါဘူး။ ဧရာဝတီသတင်းဌာနက မြန်မာ့စေတနာ ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးသက်ဦးကိုဆက်သွယ် မေးမြန်းခဲ့ပေမယ့် မီဒီယာတွေကို အသိပေးစရာ လတ်တလော သတင်းအချက်အလက်မရှိသေးကြောင်း၊ မြန်မာ့စေတနာကုမ္ပဏီ ဥက္ကဋ္ဌက သူသာလျှင် ဖြစ်ကြောင်း ပြောဆိုပါတယ်။

ဒါပေမယ့် ဧရာဝတီက မေးမြန်းစုံစမ်းခဲ့တဲ့ စီးပွားရေးအသိုင်းအဝိုင်းနဲ့ လုပ်ငန်းရှင်တွေက မြန်မာ့ စေတနာကုမ္ပဏီရဲ့ နောက်ကွယ်မှာ ဆောက်လုပ်ရေးလုပ်ငန်းရှင် တရုတ်နွယ်ဖွား ရှောက်ပန်းနဲ့ ရှောက်စန်း ဆိုတဲ့ ညီအစ်ကို ၂ ဦးရှိနေတယ်လို့ ဆိုကြပါတယ်။ သူတို့ဟာ အရင်စစ်အစိုးရ ဝန်ကြီးတွေ၊ ဗိုလ်ချုပ်တွေနဲ့ ရင်းနှီးလှသူတွေလည်းဖြစ်တဲ့အပြင် ရန်ကုန် တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ စစ်တပ်မှာ ဒုတိယဗိုလ်ချုပ်ကြီးအဖြစ် ရှိစဉ်ကတည်းက ဆက်ဆံရေးပြေလည်မှုရှိကြောင်း စုံစမ်းသိရှိရပါတယ်။ အရင် မြို့တော်ဝန် ဦးအောင်သိန်းလင်းနှင့် ရင်းနှီးသူဖြစ်တာကြောင့် အခုပြည်သူ့ရင်ပြင်အတွင်းမှာ စီးပွားရေးလုပ်ငန်းများစွာ လုပ်ကိုင်ဖွင့်လှစ်ခွင့်ရရှိခဲ့တယ်လို့ ရန်ကုန် စီးပွားရေးလုပ်ငန်းရှင် တဦးကလည်း ပြောဆိုပါတယ်။

ရန်ကုန်အခြေစိုက် ဟိုတယ်လုပ်ငန်းရှင်တဦး ကတော့ ရှောက်ပန်းအနေနဲ့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ဆောက်လုပ်ရေးဝန်ကြီးတို့နဲ့ အလွန်နီးစပ်သူဖြစ်ပြီး ယခုစီမံကိန်း လုပ်ပိုင်ခွင့်ရရှိ အောင် ဦးမြင့်ဆွေက လုပ်ပိုင်ခွင့် ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ဝန်ကြီးချုပ် ဦးမြင့်ဆွေက ရန်ကုန်မြို့သစ် စီမံကိန်းအတွက် သမ္မတ ဦးသိန်းစိန်ထံသွားပြီး စည်းရုံးပြောဆို ဖျောင်းဖျခဲ့ရာမှ အခု စီမံကိန်းကို သမ္မတက မီးစိမ်းပြခဲ့တယ်လို့ ပြောဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရနဲ့ နီးစပ်သူတဦးက ရန်ကုန်မြို့သစ် စီမံကိန်းနောက်ကွယ်မှာ တရုတ် လုပ်ငန်းရှင်တွေ အများအပြား ပါဝင်ပတ်သက်နေတယ်ဆိုပြီး ပြောပါတယ်။

]]အခု လုပ်ငန်းရှင်ညီအစ်ကို ၂ ယောက်လုံးက အရမ်းချမ်းသာတာ မပြောနဲ့၊ သူတို့နောက်မှာ တရုတ်တွေ ရှိတယ်။ တရုတ်အစိုးရ အေးဂျင့်တွေလို့တောင် ပြောလို့ရတယ်}}လို့ သူကပဲ မှတ်ချက်ပြုပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရက ရန်ကုန်မြို့သစ် စီမံကိန်းအတွက် သိုသိပ်စွာ လုပ်ဆောင်ခဲ့ကြောင်း ပြောဆိုပေမယ့် သတင်းကြိုထွက်ခဲ့လို့ စစ် ဗိုလ်ချုပ်ကြီးတွေနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်း၊ စီးပွားရေး အသိုင်းအဝိုင်းက ၂၀၁၄ ခုနှစ် မတ်လကတည်းက စီမံကိန်းလုပ်ဆောင်မယ့် နေရာတွေမှာ မြေကွက်တွေ အလုအယက် ဝယ်ယူခဲ့ကြတယ်လို့ စုံစမ်းသိရှိရပါတယ်။ မြေကွက်ဝယ်ယူထားသူတွေထဲမှာအငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ သမီးတွေလည်း ပါဝင်တယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်းကို ခွင့်ပြုခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ဆိပ်ကြီး ခနောင်တိုမြို့နယ်က တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တဦးလည်းဖြစ်တာမို့ မြို့သစ်စီမံကိန်းကြောင့် သူ့မဲဆန္ဒနယ်မှာ ထောက်ခံမှုနှုန်း မြင့်တက်နိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

ဒီလို လျှို့ဝှက်ချက်တွေများနေတဲ့ ရန်ကုန်မြို့ သစ် စီမံကိန်းက မမြင်နိုင်တဲ့နိုင်ငံရေး ရည်ရွယ်ချက်နဲ့ စီးပွားရေးခြယ်လှယ်မှုတွေရှိနေတာမို့ ပွင့်လင်း မြင်သာပြီး ကောင်းမွန်တဲ့အုပ်ချုပ်ရေးနဲ့ လူထုလူတန်းစား အားလုံးပါဝင်တဲ့ ဒီမိုကရေစီစနစ်ကို တည်ဆောက်နေပါတယ်ဆိုတဲ့ လက်ရှိ နေပြည်တော်အစိုးရရဲ့ ပြောဆိုချက်များနဲ့ မိုးနဲ့မြေလို ကွာဟလွန်းနေကြောင်းပါ။

ဆက်စပ်သတင်း

  • ရန်ကုန်မြို့သစ် စီမံကိန်း မြေယာများ တရားဝင်သတင်း မထွက်မီ ကြိုတင်ဝယ်ယူမှုများရှိ
  • ပွင့်လင်းမြင်သာမှု လုံးဝမရှိတဲ့ ရန်ကုန်မြို့သစ် စီမံကိန်း

 

Your Thoughts …
Tags: Rule of Law
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

ဖိုးလပြည့်၏ စော်ကားခံရခြင်း မှန်ကန်ဟု ကာယကံရှင် ပြောပြီ

by ထက်နိုင်ဇော်
11 April 2013
171.3k

တပ်သား စံသိန်းထွေးကိစ္စကို တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသို့ ကာယကံရှင် ကိုယ်တိုင် တင်ပြလာပါက တရားဥပဒေ စိုးမိုးရေး ရှိစေရန် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ကြောင်း

ရန်ကုန်တိုင်း, လူဆိုးလူမိုက်, မြန်မာနိုင်ငံ ရဲတပ်ဖွဲ့

ရန်ကုန်တွင် လူဆိုးလူမိုက်များ ရှာဖွေဖမ်းဆီးမှု ဆက်လက်လုပ်ဆောင်နေ

by မေစစ်ပိုင်
1 February 2016
16.1k

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်အတွင်း၌ ပြည်သူများကို အနိုင်ကျင့်ခြိမ်းခြောက်နေသည့် လူဆိုးလူမိုက်များ၊ နာမည်ဆိုးဖြင့် ကျော်ဇောသတင်း ရှိနေသူများကို ရှာဖွေဖမ်းဆီး စစ်ဆေးမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ သိရ သည်

ရန်ကုန်တွင် လူမိုက်များ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူနေ

ရန်ကုန်တွင် လူမိုက်များ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူနေ

by မေစစ်ပိုင်
21 January 2016
42.4k

ပြည်သူတွေဘက်ကလည်း ပြောလာတယ်။ သောင်းကျန်းလည်း သောင်းကျန်း၊ ငွေကြေးတောင်းတာ တွေဆိုတော့ ဖမ်းတာ။ အထူးအဖွဲ့တွေ ဖွဲ့စည်းပြီးတော့ စီမံချက်နဲ့ မြောက်ပိုင်းခရိုင် ကို အဓိကထားလုပ်ဆောင်တာပါ။ တိုင်းရဲတပ်ဖွဲ့ကနေ အဓိက ကိုင်တွယ်ဖမ်းဆီးတယ်

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

by မေစစ်ပိုင်
7 March 2013
27.5k

ဖမ်းဆီးထားသူ အမျိုးသမီးနှစ်ဦး၏ အမည်၊ ၎င်းတို့ကို စွဲဆိုမည့် တရားရုံး၊ ရှေ့နေ ငှားထားခြင်း ရှိမရှိ စသည့် အသေး စိတ်အချက်အလက်များကို ယခုအထိ စုံစမ်း၍ မရသေးပေ။

ခွန်ဆာ

ကျားထောင်ချောက်နဲ့ ခွန်ဆာ

by အောင်မြို့
4 June 2016
19.1k

၁၉၉၆ မှာတော့ အမေရိကန်တွေကို အံ့အားသင့်စေတဲ့ အကွက်ရွှေ့မှုအဖြစ် မြန်မာ န၀တ အစိုးရဆီမှာ လက်နက်အပ်ပြီး ခွန်ဆာနဲ့ သူ့ဇနီးတွေ၊ သားသမီးတွေက ရန်ကုန်မှာ အစိုးရရဲ့ အစောင့်အရှောက်နဲ့ နေလိုက်ကြပါတော့တယ်။

ကိုအောင်နေမျိုး

Facebookမှာ တပ်မတော် သရော်ပုံတင်မိတဲ့ ဓာတ်ပုံဆရာတဦး အဖမ်းခံရ

by ကျော်ခ
27 February 2015
8.8k

လူမှု ဆက်သွယ်ရေး ကွန်ရက် Facebook စာမျက်နှာမှာ တပ်မတော်ကို သရော်ထားတဲ့ ဖြတ်ညှပ်ကပ် ပြုပြင်ထားတဲ့ ဓာတ်ပုံ တခု ကို တင်မိလို့ မုံရွာမြို့ခံ ဓာတ်ပုံဆရာ ကိုအောင်နေမျိုးကို အရေးပေါ် စီမံမှု အက်ဥပဒေနဲ့ မုံရွာမြို့မ...

Next Post

အစ္စရေး ဒု နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်လာမည်

လူငယ်ရုပ်ရှင်ပွဲတော်, မြန်မာနိုင်ငံ လူငယ်များ အစည်းအရုံး, Parami Energy Company

လူငယ် ရုပ်ရှင်ပွဲတော် ဆုရ ဒါရိုက်တာများကို Parami Energy Company ထပ်မံ ဂုဏ်ပြုဆု ချီးမြှင့်

Please login to join discussion
No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved